ထွက်လာခဲ့ ဇီကျီ ငါ့လက်တွဲဖော်
Vol. 45 Ch. 891
ပြင်းထန်မည့်တိုက်ပွဲသည် ရှောင်လွှဲမရသဖြင့် ထိုက်ယိနန်းတော်မှ ကိုယ်ရံတော်များသည် သည်တစ်ကြိမ်တွင် သူတို့၏သားရဲများကို တစ်ကောင် ပြီးတစ်ကောင် ဆင့်ခေါ်ကြသည်။ သူတို့၏အဖွဲ့မှာလည်း အားမနည်းလှဟု ဆို ရမည်။ အားအနည်းဆုံးသားရဲသည် ဝိညာဉ်သားရဲဖြစ်သည်။
ချပ်ဝတ်တန်ဆာအလင်းတန်းအတွဲလိုက် လင်းလာသည်မှာ အားလုံး၏ မျက်လုံးများကို စူးသွားစေသည်။ ၎င်းသည် ပင်မတိုက်ကြီးတွင် ဒုတိယအဆင့် အင်အားစုဖြစ်ထိုက်သည်။ ထိုခက်ထန်သောသားရဲများကိုကြည့်ပြီး ပွဲကြည့် လာပရိသတ်၏မျက်လုံးများသည် စိတ်လှုပ်ရှားမှု၊ တောက်လောင်မှုများနှင့် ပြည့်နေကြသည်။ ဝိညာဉ်သားရဲများ၊ သန့်စင်သောသားရဲများမှာ မည်သူမှ မခံ နိုင်သောအရာဖြစ်သည်။
“ဘုရားရေ မိုက်လိုက်တာ အားကောင်းလိုက်တဲ့သားရဲပါလား ထိုက်ယိ နန်းတော်က ထိုက်ယိနန်းတော်ပါပဲ”
“ဟုတ်တယ် မဟုတ်ရင် ဒုတိယတန်းစားအင်အားစုပါလို့ ဘယ်သူပြော မလဲ”
“မှော်သားရဲဒီလောက်များတာ အခြေခံအားဖြင့် တစ်ယောက်ကို တစ် ကောင်စီရှိကြတာပဲ၊ သေလိုက်စမ်း ငါ့မှာဘာလို့ အဲလိုကောင်းတဲ့ဘဝမရှိရတာ လဲ၊ ငါလည်း မှော်သားရဲတစ်ကောင်လောက်လိုချင်လိုက်တာ”
ဆွေးနွေးမှုများစွာရှိနေကာ အားလုံးသည် ထိုက်ယိနန်းတော်မှလူများကို အားကျသံများဖြစ်ကြသည်။ သူတို့၏ခွန်အားကို ချီးကျူးနေသည်များကို ကြား သောအခါ ချင်းရှီ၏ ယုံကြည်ချက်ရှိမှုသည် ရုတ်တရက် ပေါက်ကွဲလာသည် “ဘာလဲ ကြောက်လို့လား၊ ငါ့နန်းတော်သခင်က ခွေးလည်းမဟုတ် ကြောင် လည်းမဟုတ်ဘူး၊ အလိုရှိရင် နေလို့ရတယ်”
သူမသည် သံမဏိသွေး၏မျက်လုံးထဲမှ သနားမှုကို နားမလည်သည့်ပုံပင်။ ချူဖုန်းသည် ချပ်ဝတ်တန်ဆာအပြည့်ဝတ်ဆင်ထားသော ပြိုင်ဘက်ကိုကြည့် ပြီးနောက် လူအုပ်ထဲကိုအာရုံစိုက်ထားသော ပေထင်းဟွမ်အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ သူသည် မြင်သာထင်သာရှိအောင် မနေခဲ့ဖူးပေ။ သို့သော် ပြိုင်ဘက်သည် အမှန်တကယ်သန်မာနေသည်။ ကောင်းကင်အဆင့်တစ်ဝက် ထက်ကျော်နေသဖြင့် သူ၏ရဲဘော်ရဲဘက်များ၏ အသက်ကို မနောက်ပြောင်ရဲ ပေ။
ထားလိုက်ပါတော့ သူတို့ကို နောက်ဆုံးအခွင့်အရေးပေးလိုက်တာပေါ့။ ချူဖုန်း၏ အေးစက်သောအသံသည် ရေခဲပြင်မှပေါ်ထွက်လာသည်။ သူ၏ ချောမောသောမျက်နှာတွင် နှစ်ပေါင်းတစ်ထောင်လောက် မပြောင်းမလဲရှိနေ တုန်းပင်။ သူ၏ ဖျော့တော့သောမျက်လုးများသည် ချင်းရှီဆီသို့ ဝေ့ဝဲသွားသည် “နောက်ဆုံးတစ်ခါပြောမယ် ယွိရုန်းကယ်ကိုထုတ်ပေး၊ မင်းတို့ ဒီကနေထွက် သွားနိုင်ဖို့ကို ကတိပေးတယ်”
သူတို့သည် ခေါင်းဆောင်လက်ထဲမှ လွတ်မြောက်နိုင်ခြင်းရှိမရှိမှာ ထိုလူ များ၏ အစွမ်းအစပေါ်တွင်မူတည်သည်။
“ဟင်း မင်းတို့လုပ်ချင်ရင် လုပ်လိုက်လေ၊ မဟုတ်တာတွေ အရမ်းပြော တာပဲ၊ မင်းတို့က ယောက်ျားရောဟုတ်သေးရဲ့လား” ချူဖုန်းသည် သူတို့၏ ခွန်အားကြောင့် လွှမ်းမိုးခြင်းခံလိုက်ရသည်ဟု ချင်းရှီတွေးပြီး မေးစေ့ကို မော့ ထားသည်။ သူမ၏လှောင်ပြောင်သောမျက်လုံးများသည် အထင်သေးခြင်း အပြည့်ပင်။
ချူဖုန်းသည် အနည်းငယ်ခေါင်းညိတ်လေသည်။ နတ်ဘုရားသည် အားလုံးအပေါ်တွင် မျှတသည်။ သူမကို အသွင်အပြင်ပေးသနားလျှင် ဦးနှောက် မရှိခြင်းနှင့်တွဲဖက်ပေးသည်။ သို့သော် ဤကမ္ဘာတွင် ချွင်းချက်တစ်ခုရှိသည်။ သူမသည် သူတို့၏ခေါင်းဆောင်ဖြစ်သည်။ သို့သော် သူတို့၏ခေါင်းဆောင်နှင့် ယှဉ်ပြိုင်နိုင်သူ ဤကမ္ဘာတွင် မည်သူရှိသနည်း။
“ထွက်လာခဲ့ ဇီကျီ ငါ့လက်တွဲဖော်”
ချူဖုန်း၏လက်မြှောက်လိုက်သည်နှင့် အပြာရောင်အလင်းတန်းသည် သူ့ ခန္ဓာကိုယ်မှထွက်လာပြီး ခြေထောက်အောက်တွင် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်း၏ ဖန်တီးမှုဖြစ်သည့် ပဉ္စဂံငွေရောင်ကြက်ခြေခတ်ဓား ၇ ချောင်း သည် ယပ်တောင်ပုံစံပေါ်လာပြီး ချူဖုန်း၏လက်ရှိခွန်အားကို ပြသလေသည်။ ဓား ၇ လက်ကြယ် ဝိညာဉ်သခင်ဖြစ်သည်။
ကျွတ်
လူအုပ်တစ်ခုလုံးထဲမှ ကျွတ်သပ်သံများထွက်ပေါ်လာသည်။ အားလုံး၏ မျက်လုံးများသည် ပြူးထွက်မတတ်ပင်။ ဂေါင်ကျန်းရှင်းချန်းလင်းရှီ.. ဤတိုက် ကြီးတွင် စစ်မှန်သော ပထမတန်းစား ကျင့်ကြံသူပင်။ သူ့တွင် အားကောင်း သော သားရဲရှိပါက အဆင့်နိမ့်ဓားကြယ်ဂိုဏ်းနှင့် ယှဉ်နိုင်သည့်ခွန်အားရှိသည်။
သူမ၏ဘေးတွင်မရှိသည့်အချိန်တွင် ဝမ်းကွဲချူဖုန်း၏ခွန်အားသည် တိုးတက်နေလိမ့်ဦးမည်ဟု ပေထင်းဟွမ်ထင်မထားပေ။ သူသည် သူမကို စိတ်မပျက်စေပေ။
ချူဖုန်း၏ခြေထောက်အောက်မှ ကြယ်ပုံစံတည်ဆောက်ပုံကိုကြည့်ပြီး ထိုက်ယိနန်းတော်မှလူများသည် ခြေလှမ်းတစ်လှမ်းနောက်ဆုတ်မိကြသည်။ သူတို့သည် ပြိုင်ဘက်ကိုလုံးဝမသိသည်မှာ ထင်ရှားလွန်းသည်။ သံမဏိသွေး သည်ကျော်ကြားသည်၊ သံမဏိသွေး၏တည်ထောင်သူ ပေထင်းဟွမ်သည် ကျော်ကြားသည်ကိုသာ ကြားခဲ့သည်။ သို့သော် ပေထင်းဟွမ်ရှိသည့်တိုင်အောင် သံမဏိသွေး၏ခွန်အားသည် ထိတ်လန့်စရာကောင်းလိမ့်မည်ဟု ထင်မထားကြ ပေ။