လူသားတွေက နေ့တိုင်းအပူတက်နေတာ
Vol. 45 Ch. 892
ပဉ္စဂံအလင်းတန်းထွက်လာသည်နှင့် ခရမ်းရောင်တောက်တောက် ကြေးခွံများနှင့် ဖုံးအုပ်ထားသည့်ခြင်္သေ့တစ်ကောင်သည် ငွေရောင်အလင်းတန်း ထဲမှထွက်ပေါ်လာသည်။ သူသည် ခေါင်းကိုမြင့်မြင့်မော့ထားကာ သူ၏ တောက်ပသောခရမ်းရောင်မျက်လုံးများသည် လူကြီးတစ်ဘောက်၏ လက်သီး ဆုပ်စာကြီးမားကာ လည်ဂုတ်မှ လည်ဆံမွေးများသည် သံအပ်ကဲ့သို့ချွန်ထက် နေပြီး အေးစက်စွာတောက်ပနေသည်။ ခြေထောက်လေးချောင်းသည် ထူထဲပြီး လက်သည်းများသည် အနည်းငယ်ကွေးကောက်ကာ ဓားသွားကဲ့သို့ချွန်ကာ ပြိုင်ဘက်များကို တဖြည်းဖြည်းဝေ့ဝဲကြည့်လေသည်။ မျက်လုံးများထဲတွင် ခရမ်းရောင်တောက်ပြီး လှိုင်းများသည် ပြိုင်ဘက်ဆီသို့ ပွတ်တိုက်မှုများဖြစ်စေ သည်။
“သခင် ဒီလူတွေပဲလား”
အသံသည် မိုးကြိုးပစ်လိုက်သလို လူများ၏နားစည်ကို လှုပ်ခါသွားစေပြီး ကွဲသွားစေလောက်သည်။ အားနည်းသောဝိညာဉ်သခင်နှင့် ဓာသခင်များသည် လျင်မြန်စွာပင် လက်နှစ်ဖက်နှင့် နားများကိုကာကာ နွားငယ်လောက်ကြီးမား သော ထိုခြင်္သေ့အားကြည့်လေသည်။ သံသယဝင်စရာမလိုအောင်ပင် ၎င်းသည် နတ်သားရဲ၏ ပုံစံငယ်ဖြစ်သည်။ နတ်သားရဲအဆင့်ရှိသော မှော်သားရဲများသာ စကားပြောနိုင်ခြင်းဖြစ်သည်။
နတ်သားရဲ... ၎င်းသည် နတ်သားရဲဖြစ်နေသည်။ ချင်းရှီ၏ အသားရောင် သည် ရုတ်တရက်ပြောင်းသွားသည်။ နဖူးတွင် ချွေးများထွက်လာသည်။ သို့သော် သူမ၏လက်ထဲတွင် ဝှက်ဖဲမရှိသည်ကို စဉ်းစားပြီးနောက် အနည်းငယ် စိတ်ငြိမ်အောင်လုပ်ကာ အေးစက်စွာပြောလိုက်သည် “ဒါက မင်းရဲ့ခွန်အားလား အဲလိုဆိုရင်တော့ ငါတောင်းပန်ပါတယ် မင်းတို့ ငါ့တို့ကိုမတားနိုင်ဘူး”
“ဟင်း ကောင်းကင်နဲ့မြေကြီး ဘယ်လောက်မြင့်လဲဆိုတာ တကယ်မသိ တာလဲ”
ချူဖုန်းသည် ထပ်ပြီးတော့ ဘာမှမပြောချင်တော့ပေ။ သသည် လက်မြှောက်ပြီး ဇီကျီ၏ဦးခေါင်းကိုအုပ်လိုက်သည်နှင့် ဇီကျီ၏ကိုယ်ထည်ကို အပြာနုရောင်စွမ်းအား လွှမ်းခြုံသွားလေသည်။ ချက်ချင်းဆိုသလိုပင် အားလုံး ၏ ကြောက်ရွံ့သောမျက်လုံးများအောက်တွင် ဇီကျီ၏ကိုယ်ထည်သည် တဒင်္ဂ အတွင်း ကြီးမားလာသည်။ ကြီးပြီးရင်းကြီးလာကာ ရုတ်တရက် မိုးပေါ်ထိ တဖြည်းဖြည်းတက်သွားပြီး အားလုံး၏ဦးခေါင်းကို တောင်တစ်လုံးနှင့် ဖိလိုက် သကဲ့သို့ သားရဲကြီး၏ဖိအားကျရောက်လာသည်။ ထိုအချိန်မှသာ ထိုက်ယိ နန်းတော်မှလူများသည် ပြဿနာ၏လေးနက်မှုကို သိတော့သည်။
တောက် တောက် တောက် တောက်
တောက် တောက် တောက် တောက်
တောက် တောက် တောက် တောက်
အသံတစ်သံပြီးထွက်ပေါ်လာရာ လူများသည် အသံလာရာနောက်သို့ ကြည့်ကြလေသည်။ နဂိုက တောက်ပသော ကြေးနီ သို့မဟုတ် ငွေရောင် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားကြသောလူများ၏ ခန္ဓာကိုယ်မှ မှော်သားရဲ ချပ်ဝတ်တန်ဆာများသည် ကွာကျကာ နောက်ပြန်လဲကျကြသည်။ မြေပေါ် တွင် ဝပ်ကာ ခေါင်းကိုခြေလေးချောင်းဖြင့်အုပ်ကာ ဇီကျီရှိရာဘက်သို့ မျက်နှာ မူကာ အသနားခံသည့်အနေအထားဖြစ်နေသည်။
နတ်သားရဲများ၏အကျပ်ကိုင်မှု၊ အထူးသဖြင့် အဆင့်မြင့်နတ်သားရဲများ ၏ အကျပ်ကိုင်မှုသည် လူသားများအပေါ် သက်ရောက်မှုရှိချင်မှရှိမည်၊ သို့သော် သားရဲများအပေါ်တွင် တင်းကြပ်လွန်းသည်။
ဇီကျီပေါ်လာသည့်တိုင်အောင် ချင်းရှီနျင့်တခြားသများသည် သူတို့၏ သားရဲများ၏ စွမ်းအားကိုထုတ်ရန် အကောင်းဆုံးကြိုးစားကြသည်။ သို့သော် ဇီကျီသည် သားရဲ၏ကြီးမားသောခန္ဓာကိုယ်ကို ထုတ်ဖော်ပြရာ သူတို့၏ ချပ်ဝတ်တန်ဆအခြေအနေကို ထိန်းသိမ်းရန် စွမ်းအားပမာဏမရှိပေ။ ကြောက်ရွံ့မှုသည် သူတို့ကို အလိုလိုအညံ့ခံစေချင်အောင်လုပ်နေသည်။
ဇီကျီ၏အသွင်အပြင်သည် ထိတ်လန့်မှုကိုဖြစ်စေသည်။ သို့သော် သံမဏိ သွေးအဖွဲ့သားများသည် တာဝန်ကိုလွဲမှားမခံပေ။ အထူးသဖြင့် ပြိုင်ဘက်လက် ထဲတွင် သူတို့၏ရဲဘော်ရဲဘက်ရှိနေချိန်တွင်ဖြစ်သည်။ သားရဲများဆင့်ခေါ်သံ များသည် တစ်သံပြီးတစ်သံထွက်ပေါ်လာသည်။ ရုတ်တရက်ဆိုသလိုပင် သားရဲ များသည် ကောင်းကင်ပေါ်တွင်ပေါ်လာသည်။ သားရဲများမှာ ကြီးမားလှသည်။ ၎င်းပေါ်လာချိန်တွင် ဆွေးနွေးသံများသည် တစ်သံပြီးတစ်သံထွက်ပေါ်လာပြီး မြေပေါ်တွင် စိတ်လှုပ်ရှားစွာကြည့်နေကြသောလူများသည် ၎င်းသည် စိတ်လှုပ်ရှားစရာမဟုတ်ကြောင်းကို နောက်ဆုံးတွင် နားလည်သွားကြသည်။ ၎င်းသည် တစ်ဖက်သတ် ချေမွခြင်းပင်ဖြစ်သည်။
လူသားအသွင်အပြင်သားရဲများသည် သန်မာသောတိုက်ခိုက်ရေးစွမ်း အားရှိသည့် အကြေးခွံပါမျောက်ဝံ၊ ရေခဲနှင်းဝံပုလွေများ၊ ရှာပါးသောလေသားရဲ နဂါးများဖြစ်ကြသည်။ သူတို့သည် တစ်ကောင်ထက်တစ်ကောင်ကြီးမားကာ စစ်ပွဲတွင် ဝင်ပါလိုစိတ်မရှိကြပေ။ ဆင့်ခေါ်ခံရပြီးနောက် သူတို့သည် လေပေါ် တွင်ပေါလောပေါ်ပြီး နောက်ပြောင်သည့်မျက်လုံးအစုံသည် ထိုက်ယိနန်းတော် မှလူများဆီသို့ဖြတ်ပြေးသွားပြီး လှောင်ပြောင်သံများထွက်ပေါ်လာသည်။
“ဒီကောင်တွေက သခင်ကြီးယွိရုန်းကယ်ကို ဖမ်းသွားတဲ့သူတေါလား”
“ဒါနဲ့ သခင်ကြီးယွိရုန်းကယ်က ဒီမိန်းမရဲ့တဏှာကို လှုံ့ဆော်လိုက်တာ တော့မဟုတ်ဘူးမလား”
“ထျန်းယါင်ကျုံးနဲ့ ထိုက်ယိနန်းတော်က ထာဝရရန်သူတွေလို့ပြောကြ တယ်၊ တိုက်ခိုက်ချင်လည်း ပေါ်ပေါ်ထင်ထင်တိုက်ခိုက်ကြတာမဟုတ်ဘူး၊ အလှအပနဲ့လှည့်စားဖို့လိုလို့လား”
“အိုး မင်းက လူသားတွေကိုနားမလည်လို့လေ လူသားတွေက နေ့တိုင်း အပူတက်နေတာလေ တချို့မိန်းကလေးတွေဆို ကိုယ့်တံခါးရှေ့ရောက်လာပြီး အပူတက်တာ၊ သူတို့လည်းမတတ်နိုင်ကြဘူး”
ပေထင်းဟွမ်သည် မှင်တက်မိသည်။ ဒါကသူမ ပြန်ခေါ်လာတဲ့ သားရဲတွေ လား။ ဘယ်အချိန်ရှိနေပြီလဲ မိုးပေါ်မှာစကားပြောနိုင်သေးတာလား။