အလဲအလှယ်
Vol. 45 Ch. 894
ချင်းရှီသည် စိတ်သက်သာရာရစွာနှင့် သက်ပြင်းချလိုက်သည်။ ကံကောင်းစွာပင် ယွိရုန်းကယ်ကို ဖမ်းမိပြီးနောက် သူ့ကိုဘာမှမလုပ်ခဲ့ပေ။ မဟုတ်လျှင် ယခုအချိန်ရှင်းပြရန်ခက်သွားမည်။ သူမ လှည့်ပတ်ကြည့်ရာ အိမ်ခြေရာမဲ့စခန်းမှထွက်လာပြီး ပွဲကြည့်သည့်လူအနည်းငယ်ရှိနေသည်။ သားရဲတောအနားတွင် သွားလာနေကြသည့်လူများသည် အမဆိုသည်ကို များများစားစားမသိကြပေ။ သို့သော် ထိုလူများတွင် အကြီးဆုံးစရိုက်လက္ခဏာ ရှိသည်။ ထိုအရာသည် နှစ်မြှုပ်ထားခြင်းပင်။
သူတို့ကို ဘေးကင်းကင်းနှင့် ထွက်သွားခွင့်ပြုမည်ဟု ချူဖုန်းပြောခဲ့သဖြင့် သေချာပေါက်လုပ်ပေးမည်ဖြစ်သည်။ ချင်းရှီသည် ထိုအကြောင်းကို မစိုးရိမ် ပေ။ သို့သော် သူမ၏မျက်လုံးများသည် နဂိုကဆွဲဆောင်မှုရှိသည့် ပေထင်းဟွမ် ပေါ်သို့ ကျရောက်သွားသည်။ သို့သော် ၎င်းသည် သူမ၏အသွင်အပြင်သာဖြစ် သည်။ ပြီးနောက် ဤမိန်းကလေးသည် သူမ၏တင်ပါးကို ပွတ်သပ်သွားသည် ကို မမေ့နိုင်ပေ။
သူတို့သည် နဂိုကတည်းက တစ်ဖွဲ့တည်းဖြစ်သည်။ လူရမ်းကားတစ်စု သည် ကတိတည်လိမ့်မည်ဟု ချင်းရှီမထင်ပေ။ သူမသည် ပေထင်းဟွမ်အား လက်ညှိုးထိုးကာ ချူဖုန်းအားပြောလေသည် “ကျွန်မတို့ ထွက်မသွားခင် ဒီမိန်းမကိုမသွားခိုင်းပါဘူးလို့ ကတိပေးရမယ်၊ ကျွန်မတို့ ဒီကနေမသွားခင် ကျွန်မတို့ကို မထိရဘူး”
ချူဖုန်းသည် ထိုအချက်ကို အာမမခံနိုင်ပေ။ သူသာ ပေထင်းဟွမ်အတွက် အာမခံလျှင် ခံနိုင်သည်။ သို့သော် တခြားယောက်ျားကို သူ မသိပေ။ ချူဖုန်း သည် ချင်းရှီကဲ့သို့ လူသစ်မဟုတ်သဖြင့် ယန်ယဲ့၏ခန္ဓာကိုယ်မှ အားကောင်း သော ရောင်ဝါကိုခံစားနိုင်သည်။ ဤကဲ့သို့လူများသည် သူ့စကားကို နားထောင် မည်မဟုတ်ပေ။
ချူဖုန်းသည် ခေါင်းခါတော့မည်အပြုတွင် ပေထင်းဟွမ်၏အသံကို ကြားလိုက်ရသည် “ရတယ် ပြဿနာမရှိဘူး မင်းတို့ထွက်သွားရင် မတိုက်ခိုက် ပါဘူးလို့ အာမခံနိုင်တယ်”
ထွက်သွားပြီးနောက် ပေထင်းဟွမ်မှ သူတို့ကိုလက်စားမချေရန် ပေထင်းဟွမ်အား ကတိမတောင်းရလောက်အောင် ချင်းရှီ မတုံးအပေ။ ဤနေရာမှထွက်သွားပြီးနောက် ပေထင်းဟွမ်သည် သူမကိုမရှာလျှင်တောင် သူမ ပေထင်းဟွမ်ကိုရှာမည်ဖြစ်သည်။ ပေထင်းဟွမ်ကြောင့် သူမခံစားခဲ့ရသည့် အရှက်ကွဲမှုကြောင့် အဆပေါင်းထောင်ချီသောင်းချီ ပြန်ပေးဆပ်ရမည်ဟု သူမ စိတ်ပိုင်းဖြတ်ထားသည်။
နှစ်ဦးနှစ်ဖက်ဆွေးနွေးပြီးဖြစ်သော်လည်း သားရဲများသည် မိုးပေါ်တွင်ရှိ နေဆဲဖြစ်ကာ ချင်းရှီတို့အား ကြောက်စရာကောင်းသောမျက်လုံးများဖြင့် ကြည့်နေတုန်းပင်။ တစ်စုံတစ်ရာလုပ်ချင်လျှင်တောင် ဤအချိန်တွင် လုပ်မရ ပေ။
ချင်းရှီသည် အသက်ပြင်းပြင်းရှူကာ စိတ်ထဲမှ အရှက်ရမှုနှင့် မလိုလားမှု များကို မျိုချလေသည်။ သူမသည်လက်မြှောက်ကာ လေထဲကိုလွှဲလိုက်သည်။ ရွှေရောင်အလင်းတန်းသည် အိမ်ခြေရာမဲ့စခန်းဆီသို့ ရောက်သွားသည်။ ထို ဦးတည်ဘက်မှ ရိုက်သံထွက်လာသည်။
“အာ့”
နာကျင်စွာအော်သံတစ်ခုထွက်လာကာ အားလုံးသည် အသံလာရာသို့ ကြည့်လိုက်ကြသည်။ ဒါ ယွိရုန်းကယ်မလား။ သူ့ခန္ဓာကိုယ်ကို ဆန်ဖက်ထုပ် ကဲ့သို့ ရွှေရောင်ကြိုးဖြင့်ချည်ထားသည်။ သူသည် ခေါင်းနှင့်အရင်ကျရာ မြေကြီး ပေါ်သို့ ခပ်ပြင်းပြင်းကျသွားကာ နာကျင်စွအော်သံကိုဖြစ်စေသည် “ချင်းရှီ မိန်းမပျက် မင်းမှာသာ အစွမ်းအစရှိရင် ငါ့ကိုတစ်သက်လုံးချုပ်ထားလိုက်လေ၊ ငါ့ကိုလွှတ်ရဲရင် မင်းကိုအရင်စော်ကားပြီး သတ်လိုက်မှာ”
“သွားမယ်”
သည်တစ်ကြိမ်တွင် ချင်းရှီသည် ယွိရုန်းကယ်၏ ကျိန်ဆဲခြင်းကိုခံလိုက်ရ သဖြင့် ထပ်မနေရဲတော့ပေ။ သူမသည် ဦးဆောင်ကာ သံမဏိသွေးဝိုင်းထား သည့်ထဲမှခုန်ထွက်ကာ သူမ၏ကိုယ်ရံတော်များနှင့်အတူ ဝိညာဉ်ခွဲတောင်ဆီသို့ သွားလေသည်။
သံမဏိသွေးသည် မိုးပေါ်တွင် ကြီးမားသောသားရဲအုပ်၊ မြေပေါ်တွင် ထိုက်ယိ နန်းတော်ထက် အားကောင်းသော ဝိညာဉ်သခင်နှင့် ဓားသခင်တို့ရှိ သည့်အဖွဲ့ဖြစ်သည်။ သူတို့သာ ထိုက်ယိနန်းတော်ကို ဤနေရာတွင်ဆွဲထားချင် လျှင် ချွေးမထွက်လိုက်ရဘဲ လုပ်နိုင်မည်ဖြစ်သည်။ သို့သော် သူသည် ကတိ တည်သဖြင့် ချင်းရှီတို့ကို မတိုက်ခိုက်ခဲ့ပေ။
ဟူး..
အားလုံးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ဤ တိုက်ပွဲမှာဖြစ်မလာသဖြင့် စိတ်လှုပ်ရှားစွာကြည့်မည့်သူများအဖို့ အနည်းငယ် စိတ်ပျက်စေသည်။ သို့သော် သံမဏိသွေးတွင် ကြီးစွာသောခွန်အားရှိသည်။ သို့သော် သူသည် ကတိတည်ပြီး လွှတ်ပေးမည်ဟုပြောပြီးသည်နှင့် လွှတ်ပေးခဲ့ သည်။ ထိုအရာကြောင့် အားလုံး၏စိတ်ထဲတွင် သံမဏိသွေး၏ပုံရိပ်သည် ပိုပို၍ ထောင်တက်လာခဲ့သည်။