← Chapters

မင်းက ဖြည်ချင်သေးတာလား

Vol. 45 Ch. 895

မင်းက ဖြည်ချင်သေးတာလား

Vol. 45 Ch. 895

သံမဏိသွေးအဖွဲ့ဝင်များ ဆင့်ခေါ်ထားသောသားရဲများသည် ယွိရုန်းကယ်ကို ထူပေးထား၏။ သူသည် ငေးငိုင်စွာဖြင့် လှည့်ပတ်ကြည့်လေ သည်။ သံမဏိသွေးအဖွဲ့ဝင်များကိုမြင်သည်နှင့် ရင်ထဲထိကာ ငိုတော့မည့် အတိုင်းပင် “မင်းတို့ကို ထပ်မတွေ့ရတော့ဘူးလို့ထင်နေတာ၊ မင်းတို့ပေါ် မူတည်နေတာမလား”

ချူဖုန်းသည် ရုတ်တရက်ခေါင်းကိုက်လာကာ သူ့ကိုသွားပြီး ကြိုးဖြည်ပေး ၏။ ထိုအချိန်မှသာ ယွိရုန်းကယ်ကို ချည်ထားသည့်ကြိုးသည် သာမန်ကြိုး မဟုတ်ဘဲ ဝိညာဉ်လက်နက်ဖြစ်သည်ကို သိလိုက်ရပြီး ကြိုးထုံးကို ရှာမတွေ့ ပေ။ ထို့ကြောင့် သူလက်ဖြန့်ကာ ပြောလိုက်သည် “ဒါဆို တခြားနည်းလမ်းမရှိ တော့ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းပြန်လာပြီဆိုတော့ မင်းကို အဆာလွန်ပြီး အသေမခံပါဘူး”

“အာ.. ငါဘာလုပ်ရမလဲ၊ မရဘူး ငါ့ကိုလွှတ်ပေးဖို့ မင်း နည်းလမ်းတစ်ခုခု ရှာရမယ်၊ ငါဂရုမစိုက်ဘူး ဂရုမစိုက်ဘူး၊ ဒါမှမဟုတ်ရင် မင်းကို အဆာငတ်ခံ ဆန္ဒပြမှာ” ယွိရုန်းကယ်သည် မြေကြီးပေါ်တွင် လူးလှိမ်းသည်။ မည်သို့ပင်ဖြစ် စေကာမူ သူသည် ဖြတ်သွားမိ၍ အဖမ်းခံရခြင်းပင်။ ထို့နောက်တွင် စကားပြော ရန်လူရိပ်ယောင်ပင် မတွေ့ခဲ့ရပေ။ ထို့အပြင် သူ ပေထင်းဟွမ်နှင့်တွေ့ပြီး ကတည်းကပင် အိမ်ထောင်ပြု၊ ကလေးယူမည့်စိတ်ကူးကို လက်လျှော့ကာ ပေထင်းဟွမ်နှင့် တစ်သက်လုံး လှည့်ပတ်သွားလာချင်သည်။

ပေထင်းဟွမ်နှင့် ယန်ယဲ့တို့လျှောက်လာသည်။ ယွိရုန်းကယ်၏ ခန္ဓာကိုယ် ပေါ်မှ တောက်ပနေသော ရွှေရောင်ကြိုးကိုမြင်သောအခါ သူမသည် ယွိရုန်းကယ်ကို လှည့်ပတ်ပြီး အံ့ချီးဖွယ်ရာဖြစ်နေသည်။ ထိုက်ယိနန်းတော် သည် ပင်မတိုက်ကြီးရှိ ဒုတိယတန်းစားအင်အားစု ပီသစွာနှင့် အကျဉ်းသားကို ချုပ်နှောင်ပုံမှာလည်း မြင့်လှသည်။ လူများကို ဝိညာဉ်လက်နက်နှင့် ချည်နှောင် သည်မှာ ချဲ့ကားလွန်းခြင်းပင်ဖြစ်သည်။ ပေထင်းဟွမ်သည် ဘာမှမရှိသည့် မေးစေ့ကိုပွတ်ကာ ယန်ယဲ့အား လှည့်ကြည့်လေသည်။

“ဒါက သာမန်ဝိညာဉ်လက်နက်မဟုတ်ဘူး နတ်လက်နက်ပဲ” ယန်ယဲ့ သည် ပေထင်းဟွမ်၏အတွေးကို နားလည်သည့်ပုံပင်။ မှန်ကန်စွာပင် ပေထင်းဟွမ်အပါအဝင် သံမဏိသွေးအဖွဲ့ဝင်များသည် သူ့စကားများကြောင့် အနည်းငယ် မှင်တက်သွားသည်။

နတ်လက်နက်မဆိုထားနှင့် ဝိညာဉ်လက်နက်ဆိုလျှင်ပင် ပိုင်ရှင်မှ အသိအမှတ်ပြုပြီးသားဖြစ်သည်။ သာမန်ကြိုးကို သာမန်ဓားနှင့်ဖြတ်နိုင် သော်လည်း ဝိညာဉ်အဆင့်ကြိုးကို သာမန်ဓားများနှင့် ဖြတ်မရပေ။ ထိုအဆင့် ထက်မနိမ့်သောဓားမှပင် ဖျက်ဆီးနိုင်လိမ့်မည်။

“ငါပြောသလိုပဲ ထိုက်ယိနန်းတော်မှာ ကောင်းတဲ့ပစ္စည်းဆိုလို့ ဘာမှမရှိ ဘူး၊ ငါ ထျန်းယွင်ကျုံးက သူတို့လက်နက်ကို ခိုးတောင်မခိုးဖူးဘူးလို့ ကောင်းကင်ကို တိုင်တည်တယ်၊ အဲဒါကိုမယုံဘဲ ဒီတစ္ဆေကြိုနဲ့တောင် ငါ့ကိုချည် လိုက်ကြသေးတယ်” ယွိရုန်းကယ်သည် ငိုချင်သော်လည်း မျက်ရည်မထွက်ပေ။ သူ၏ အနီတောက်တောက်အဝတ်အစားများသည် မက်မန်းသီးခြောက်ကဲ့သို့ လိမ့်နေသည်။ ထိုအချိန်တွင် သူသည် ချူဖုန်းအား မျက်ရည်ဝဲနေသော မျက်လုံး များနှင့်ကြည့်လေသည် “ခေါင်းဆောင် ငါ့ကျန်တဲ့ဘဝမှာ မင်းကိုယုံပါ့မယ်”

ချူဖုန်းသည် ကြောက်လန့်မှုကြောင့် ရုတ်တရတ် ထခုန်မိသည်။ ဒီစကား တွေက ဘာလို့ ထူးဆန်းနေရတာလဲ။ သို့သော် ယွိရုန်းကယ်သည် ဝိညာဉ် အဆင့်လက်နက်ဖြင့် အချည်ခံထားရရာ ကြိုးပိုင်ရှင်သာမဖြည်ပေးသရွေ့၊ ထို ကြိုးထက်အဆင့်မြင့်သည့် ဓားနှင့်မဟုတ်သရွေ့ ကြိုးကိုဖြတ်နိုင်မည်မဟုတ် ပေ။ မဟုတ်လျှင် ယွိရုန်းကယ်သည် တစ်သက်လုံး ယခုလိုကြိုးတုပ်လျက်သား နှင့် နေသွားရမည်ဖြစ်သည်။

ထိုသို့ဆိုလျှင် သူသည် တစ်ဘဝလုံး သူများအပေါ်တွင် မှီခိုရတော့မည် ဖြစ်သည်။

ထိုအကြောင်းကို တွေးပြီး သံမဏိသွေးအဖွဲ့ဝင်များသည် လှုပ်ရှားတော့ သည်။ ယွိရုန်းကယ်သည် ကောင်းကင်အဆင့်ဖြစ်ကာ သူ၏ကျန်သည့်ဘဝကို ယခုလို ကြိုးတုပ်ခံထားရလျှင် ဘာအကြောင်းကြောင့် အသက်ရှင်တော့မည် နည်း။

“သခင်လေးယွိ စိတ်မပူပါနဲ့၊ ငါတို့ အဖွဲ့ဦးစီးကို သွားရှာပြီး သူဘာလုပ်နိုင် မလဲလို့ကြည့်ပါဦးမယ်၊ အဲဒါမှအလုပ်မဖြစ်ရင် ဟွမ်ချန်းကိုသွားကြစို့၊ ဟွမ်ချန်း က အကြီးအကဲကြီးလေးယောက်က နတ်ဘုရားအဆင့်မဟုတ်လား၊ ငါတော့ မယုံဘူး၊ ဇာမဏီမြို့ မီးတောက်မြို့၊ ညအရှင်အိမ်တော်၊ အမှောင်နတ်မိစ္ဆာခန်းမ အဲလောက် အင်အားစုအများကြီးက ဒီကြိုးကိုမဖြေရှင်းနိုင်ဘူးလို့ မယုံဘူး” မေလော့သည် ဖြောင့်မတ်သည့်ပုံစံနှင့်ပြောနေသည်။ အလွန်ပင် စိတ်တိုဖွယ် ရာကောင်းသည်။ ထိုက်ယိနန်းတော်သည် အမှန်တကယ်ပင် ကောင်းသည့် အရာမဟုတ်ပေ။ သူတို့သည် တွန့်ပို့ခဲ့သည်။ သွားကြတာပေါ့၊ သံမဏိသွေးကို ဒီလိုမျိုးအရူးလုပ်သွားတာပေါ့လေ။

“နတ်လက်နက်ဟုတ်လား၊ ဘာလက်နက်လဲ၊ ငါပြောတာ မင်းက သူတို့ ဆီကနေ ဘာလက်နက်ခိုးတယ်လို့ပြောတာလဲ” ပေထင်းဟွမ်သည် မျက်မှောင် ကြုတ်ကာ ယွိရုန်းကယ်အားမေးလေသည်။

မေလော့သည် နှစ်သိမ့်ပေးပြီးကာမှ သူ့ဘေးတွင် နတ်သမီးတမျှ အလှလေးရှိနေသည်ကို သတိထားမိသည်။ သူသည် ပေထင်းဟွမ်အား အပေါ် အောက်အကဲခတ်လေသည်။ သို့သော် ယန်ယဲ့သည် ကိုယ်ကိုငဲ့စောင်းကာ ထိုလူ၏အကြည့်မှကာလိုက်ပြီး အေးစက်စွာမေးလိုက်သည် “မင်းလည်း ဖြည်ချင်တာလား”

All Chapters