ပိုင်ရှင်ဖြစ်နေတာကိုး
Vol. 45 Ch. 896
သူမက ပိုင်ရှင်ဖြစ်နေတာကိုး။
ယွိရုန်းကယ်သည် အကြောင်းအရင်းကိုမသိသော်လည်း ဤနတ်သမီးနှင့် တူသောအလှလေးကို ရင်းနှီးသလို ခံစားချက်ရလေသည်။ ဤခံစားချက်သည် သူ့ကို ပျော်မွေ့စေသည်။ ခေတ္တတော့ သူ ပေထင်းဟွမ်ကို မြင်လိုက်ရသလိုပင်။
ယွိရုန်းကယ်သည် အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့်ပြုံးလေသည်။ ထို့ အပြင် တခြားယောက်ျား၏ မိန်းကလေးကို စိုက်ကြည့်ခြင်းသည် အလွန်ပင် ရိုင်းပြသည့်အမူအရာဖြစ်သည်။ သူသည် အလျင်အမြန်ပင် ပြောလိုက်သည် “တောင်းပန်ပါတယ် ညီအစ်ကို ငါ အဲလိုမဆိုလိုပါဘူး၊ ဒီမိန်းကလေးက ငါ့ သူငယ်ချင်းနဲ့ တော်တော်တူတယ်လို့ ခံစားရလို့ပါ”
ယန်ယဲ့ အထင်လွဲသွားမည်ကိုကြောက်သဖြင့် ယွိရုန်းကယ်သည် အလျင် အမြန်ပင် ရှင်းပြလေသည် “ငါမှန်းတာမှန်ရင် ငါ့သူငယ်ချင်းက ယောက်ျားပါ၊ ယောက်ျားအစစ်ကြီးပါ”
သေချာပေါက်ပင် ယွိရုန်းကယ်ပြောသည့် 'ယောက်ျား' ဆိုသည်ကို ယန်ယဲ့သိသည်။ သူသည် ခေါင်းမော့ကာ ပေထင်းဟွမ်အား ကြည့်ကာ မေး လိုက်သည် “မင်းခုနက ပြောလိုက်တဲ့ လက်နက်ကဘာလို့လဲ”
ဤလက်နက်သည် ထိုလက်နက်မဟုတ်ပေ။ သံမဏိသွေးအဖွဲ့ဝင်များ သည် နားမလည်တော့ပေ။ လက်နက်က အဲလောက်အရေးကြီးမှတော့ ယွိရုန်းကယ်ကိုယ်ပေါ်က လက်နက်နဲ့ ဘာဆိုင်လို့လဲ။ ထိုက်ယိနန်းတော်က လူတွေက တကယ် စိတ်ကုန်စရာပ်။
မည်သူထင်ထားမည်နည်း။ ယွိရုန်းကယ်ပြောလာသည် “နတ်မိစ္ဆာဝိညာဉ် ဂူသင်္ချိုင်းမှာ ကျားဖြူနတ်ဘုရားကိုတွေ့လာတာ ထိုက်ယိနန်းတော်ရဲ့ ပထမဆုံး နန်းတော်သခင်မဟုတ်ဘူး၊ ငါ့ဘာသာပျောက်လာတာ၊ အဲဒါကြောင့် ထျန်းယွိကျုံးက အပြစ်တင်တာကို ငါတောက်လျှောက်ခံလာရတာ၊ ငါက အဲဒီ လက်နက်ကိုခိုးတယ်ပေါ့၊ ငါ့အဖေက ဘာမှမလုပ်ခဲ့ဘူးလေ အဲလိုမျိုး အသုံးမကျတဲ့လက်နက်ကို ခိုးပြီးဘာလုပ်ရမှာလဲ၊ ငါဘယ်လောက်ပဲ ရှင်းပြ ရှင်းပြ သူတို့တွေက နားမထောင်ကြဘူး၊ ငါ့အဖေကို အဲဒီလက်နက်နဲ့လဲဖို့ ခေါ်သွားတယ်”
“အဲဒီလက်နက်က အသုံးပြုလို့ရသေးတယ်မလား” ပေထင်းဟွမ် ထိုလက်နက်အကြောင်းကိုနားမလည်မည်ကို ချူဖုန်းစိုးရိမ်နေသည်။ သူသည် ယွိရုန်းကယ်ကို မေးမြန်းနေသလိုထင်ရသော်လည်း တကယ်တော့ ပေထင်းဟွမ်ကိုပြောပြနေခြင်းပင် “ရှေးခေတ်တွေတုန်းက ဆက်ခံလာတဲ့ ရတနာတစ်ခုရှိတယ်လို့ပြောကြတယ်၊ အားကောင်းတဲ့ခုခံမှုရှိတာ ဘယ်လိုလုပ် အသုံးမဝင်ဘဲနေမလဲ၊ အဲဒါသာ အသုံးမဝင်ဘူးဆိုရင် ထိုက်ယိနန်းတော်က ရတနာလိုသတ်မှတ်ပါ့မလား”
“ဟင်း ငါတို့တွေ ကျားဖြူနတ်ဘုရားကို မရခဲ့ဘူး၊ တကယ်လို့ ရရင်တောင် ထိုက်ယိနန်းတော်ကိုပြန်ပေးမှာမဟုတ်ဘူး၊ အဲဒီမိန်းမတွေက တော်တော်မုန်းဖို့ကောင်းတယ်” ယွိရုန်းကယ်သည် ခြေထောက်နှင့်ကန်လေ သည်။ သို့သော် သူလှုပ်ရှားလေလေ ကြိုးသည်ပိုတင်းလာရာ အော်မိလေသည် “မြန်မြန် ငါ့ကိုဟွမ်ချန်းကို ပို့ပေးပါတော့ ငါ ရက်ပေါင်းများစွာ မစားမသောက်ရ နဲ့”
“ဘာလို့ တစ်ခုခုအရင်မစားတာလဲ” ချူဖုန်း၏မျက်လုံးများသည် အဓိပ္ပာယ်ပါပါနှင့် သူ့ကိုကြည့်လေသည်။ သူ စဉ်းစားနေသည်မှာ ဤလူကို ကျွေးလိုက်လျှင် ပြန်ထုတ်မည့်ကိစ္စကို မည်သို့လုပ်မည်နည်း။ သူသည် ကလေး လည်းမဟုတ် အဘိုးကြီးလည်းမဟုတ်သဖြင့် သူ၏တင်ပါးကို ဘာကြောင့် သုတ်ပေးရမည်နည်း။
“မဟုတ်တာတွေမပြောနဲ့ ငါစားလည်းမစားဘူး သောက်လည်းမသောက် ဘူး” ယွိရုန်းကယ်သည် စိတ်ဆိုးမာန်ဆိုးနှင့် အော်လေသည် “ငါပြောမယ် မင်း တို့မှာ ဦးနှောက်ရှိသေးရဲ့လား၊ ဘယ်လိုလုပ် အဲဒီမိန်းကလေးကို လွှတ်ပေး လိုက်တာလဲ၊ ငါ့ကိုကူပြီး လက်စားချေဖို့မတွေးတော့ဘူးလား ဟင်း ငါသာ လွတ်လပ်သွားရင် ထိုက်ယိနန်းတော်ကိုသွားပြီး အဲဒီမိန်းမတွေကို တစ်ယောက် ပြီးတစ်ယောက် သတ်ပစ်မယ်”
“မင်းက မကြောက်သေးဘူးလား” မေလော့သည် စိတ်ဆိုးဆိုးနှင့် သူ၏ တင်ပါးကိုကန်လိုက်သည် “အရင်ဆုံး တုပ်ထားတာကနေ လွတ်အောင် နည်းလမ်းရှာကြတာပေါ့”
ပေထင်းဟွမ်သည် သက်ပြင်းချပြီး ခေါင်းခါ်မိသည်။ သူမ လက်ကောက် ဝတ်လှန်လိုက်သည်နှင့် မထင်မရှားဓားတိုတစ်ချောင်းသည် သူမလက်ထဲတွင် ပေါ်လာသည်။ သူမသည် ယွိရုန်းကယ်၏ခန္ဓာကိုယ်ပေါ်မှ ကြိုးကိုဖြတ်ရန် ဝိညာဉ်စွမ်းအားကို ရွှေ့ပြောင်းရန်ပြင်လိုက်သည်။ သို့သော် ယန်ယဲ့သည် လက်လွှဲယူလေသည် “ငါ့ကိုပေး”
၎င်းသည် သွေးနှင့်အသိအမှတ်ပြုပြီးသည့် ကြိုးဖြစ်သည်။ သတိမထား လိုက်လျှင် ပြန်ကန်ထွက်ရန်လွယ်ကူပြီး ခေါင်းကိုက်စရာတွေဖြစ်လာနိုင်သည်။ ပေထင်းဟွမ်၏ ဝိညာဉ်စွမ်းအင်သည် မသန်မာသေးသည်ကို သိလျက်သားနှင့် အန္တရာယ်များသည့်ကိစ္စကို ပေထင်းဟွမ်အား ပေးမလုပ်နိုင်ပေ။