ဝမ်းကွဲအစ်ကိုရဲ့ခွန်အားက တိုးတက်လာတာ မြန်တယ်
Vol. 45 Ch. 897
ပေထင်းဟွမ်သည် ချူဖုန်းအား မျက်စိမှိတ်ပြပြီးနောက် ထွက်လာလိုက် သည်။
အိမ်ခြေရာမဲ့စခန်းမှထွက်လျှင် တောဘက်သို့သွားသည့်လမ်းတွင် နှစ် ပေါင်းမည်မျှ တည်ရှိလာသည်မသိသော် သစ်ပင်ကြီးသုံးပင်ရှိသည်။ ဆောင်းဦး ရာသီတိုင်းတွင် ထိုအပင်မှ အနီရဲရဲအသီးတစ်မျိုး ထွက်သည်။ ၎င်းသည် ရောင်ဝါမရှိသော်လည်း အရသာကောင်းလှကာ အဆာပြေစေ၀သည်။ မမှည့် တမှည့်အနေအထားတွင် ခူးလျှင် ၁၀ ရက်ကြာအောင် လှောင်ထားသည့်တိုင် အောင်မဆိုးလှပေ။ ၎င်းသည် စစ်ပွဲဘုံတောတွင် အမဲလိုက်နေသည့် စွန့်စားသူ များအကြားတွင် အလွန်ကျော်ကြားလှသည်။
ယခုအချိန်တွင် အပင်များတွင် ပန်းများသည် အရည်အသွေးမြင့်မြင့်ဖြင့် အပြည့်ပွင့်လန်းနေကြသည်။ ချူဖုန်းသည် အိမ်ခြေရာမဲ့စခန်းတံခါးဝမှလိုက် လာရာ ပန်းအပြည့်ဖြစ်နေသော သစ်ပင်အောက်တွင် နတ်သမီးနှင့်တူသော မိန်းကလေးသည် လက်ပိုင်ကာ ခေါင်းငုံ့ထားပြီး ခြေထောက်ကို အပေါ်အောက် ကန်နေသည်။ မြေပေါ်တွင် သစ်ပင်အမြစ်များရှိနေသည်။ သူမ၏ ဘေးဘက် ပုံစံမျက်နှာသည် အလွန်လှပကာ နဖူးပေါ်တွင် အနီရဲရဲမီးတောက်တစ်ခု ရှိနေ သည်မှာ သူမသည် မီးတောက်များမှ မွေးဖွားလာသည့် နတ်သမီးတစ်ပါးကဲ့သို့ လူအများကို ထင်သွားစေနိုင်သည်။
“ရှောင်ကျို့” ချူဖုန်း၏ အချိန်ကြာမြင့်စွာ သိမ်းဆည်းထားသော ရင်ထဲမှ လွမ်းဆွတ်မှုသည် စမ်းချောင်းသဖွယ်ပင်။ သူသည် ပေထင်းဟွမ်ဆီသို့ ပျော်ရွှင် စွာပြေးကာ သူမကို ရင်ခွင်ထဲပြေးဖက်လိုက်သည်။
“ဝမ်းကွဲအစ်ကို” ပေထင်းဟွမ်သည် လက်မြှောက်ကာ သူ့ကိုပြန်ပွေ့ဖက် ကာ သူ၏ကျောပြင်ကိုပုတ်ပေးသည်။ ထို့နောက် နှစ်ယောက်သား လွှတ်လိုက် ကြကာ တစ်ယောက်နှင့်တစ်ယောက် ပြန်ကြည့်ကြလေသည် “ဝမ်းကွဲအစ်ကိုရဲ့ ခွန်အားက ဒီလောက်မြန်မြန်တိုးတက်လာတာပဲ”
“ငါ ဘယ်လောက် မြန်မြန် ရှောင်ကျို့ကိုမမှီပါဘူး” ချူဖုန်း၏ တောက်ပ သောမျက်လုံးများထဲတွင် ထိုအခိုက်တွင် စမ်းချောင်းရေသည် အရည်ပျော်ပြီး အားကောင်းသည့် နွေးထွေးမှုအငွေ့အသက်ရနေသည်။ သူသည် ပေထင်းဟွမ် ၏ ဆံပင်ပေါ်တင်နေသည့် ပန်းပွင့်ကို လက်မြှောက်ကာ ဖယ်ပေးလေသည် “ငါတို့လူတွေကို အသူရာရွှံ့နွံဆီကို ခေါ်သွားမလို့လုပ်နေတာ၊ ဒါပေမဲ့ အိမ်ခြေ ရာမဲ့စခန်းဝင်ပေါက်က ကျောက်တုံးကြီးမှာ ရှောင်ကျို့က အမှတ်အသားထားခဲ့ တယ်လို့ကြားတော့ အမြန်ပြေးလာခဲ့လိုက်တာ ကံကောင်းလို့ အချိန်မှီရောက် လာတာပဲ”
သန့်စင်သောရွှံ့နွံမြေတွင် လှုပ်ရှားမှုများစွာရှိခဲ့သည်။ လူအများအပြား သည် သူမကို စိတ်ပူနေလိမ့်မည်ဟု ထင်ထားသလိုဖြစ်ခဲ့သည်။ သို့သော် သူမ ထိုအရာကိုမြင်သောအခါ ပေထင်းဟွမ်သည် အပြစ်မကင်းသလိုခံစားရသည်။ သူမ၏အကျင့်အတိုင်း နှာခေါင်းကိုပွတ်လိုက်သည်။ “ကျွန်မ အမှားတွေပါ အကုန်လုံးက စိတ်ပူနေကြတာ၊ ဒီလိုပြဿနာမျိုးဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ လည်းမထင်ထားမိဘူး”
“ဘယ်လိုလုပ် ရှောင်ကျို့ကို အပြစ်တင်နိုင်မှာလဲ” ချူဖုန်းသည် အိမ်ခြေ ရာမဲ့စခန်းကိုကြည့်ကာ မေးလေသည် “အဲဒီသခင်ကြီးလား သခင်ကြီးယဲ့ချီက”
ပေထင်းဟွမ်နှင့်အတူ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသို့ဝင်သည်မှာ အားလုံး ပေါင်း ၉ ယောက်ဖြစ်ကာ တခြား ၈ ယောက်မှာထွက်လာပြီဖြစ်သည်။ သန့်စင် သောရွှံ့နွံမြေသို့ ဝင်သွားသည်မှာ ပေထင်းဟွမ်နှင့် ယဲ့ချီဖြစ်သည်။ သူတို့သည် အတူတကွပျောက်သွားခဲ့သလို အတူတကွလည်းပေါ်လာခဲ့သည်။
ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည် “ကံကောင်းလို့ ဒီတစ်ခါ သူ ကျွန်မ နဲ့အတူရှိနေခဲ့တာ၊ သူ့ကြောင့်သာမဟုတ်ရင် ကျွန်မထွက်လာလို့ရမှာတောင် မဟုတ်ဘူး အိုး.. ဒါနဲ့ ဝမ်းကွဲအစ်ကို စူးလော့အာက အခုအစ်ကိုကြီးနဲ့အတူရှိနေ ပြီ၊ စိတ်မပူနဲ့တော့၊ ကျွန်မပြန်ရောက်ရင် အစ်ကိုကြီးကို ခေါ်လာခိုင်းလိုက်မယ်၊ အစ်ကိုတို့ မတွေ့တာနှစ်တွေအများကြီးကြာပြီမလား”
ချူဖုန်းသည် ထိုသတင်းကိုကြားပြီးဖြစ်၍ ခေါင်းညိတ်လေသည် “ဝမ်းကွဲ က အစတုန်းကစိတ်ပူပြီး သူမကို လူလွှတ်ပြီးကယ်ခိုင်းမလို့၊ ဒါပေမဲ့ အဖွဲ့တစ်ဖွဲ့ က အင်ပါယာမြို့တော်ကိုသွားပြီဆိုတာကို ကြားတာနဲ့ စိတ်မပူတော့ဘူး၊ ရှောင်ကျို့ အဲလူတွေက ကိုယ့်သေလမ်းကိုယ်ရှာကြတာပဲ”
ဆွေမျိုးများ၏ယုံကြည်မှုထက် ပိုနွေးထွေးပြီး သတ္တိပေးစွမ်းနိုင်သည့် အရာမရှိတော့ပေ။ ပေထင်းဟွမ်၏အသည်းနှလုံးမှာ မည်မျှပင် မာကြောပါစေ သည်တစ်ခေါက်တွင် မပျော်ရွှင်နိုင်တော့ပေ။ သူမသည်ခေါင်းငုံ့ကာ ချူဖုန်း၏ ရင်ဘတ်အား ခေါင်းဖြင့်ထောက်ကာ ပြုံးလိုက်သည်။ မိန်းကလေးငယ်တစ် ယောက်၏ ချွဲနွဲ့မှုကိုမြင်သောအခါ ချူဖုန်း၏နှလုံးမှာ နူးညံ့သွားသည်။ သူသည် သူမကို ပွေ့ဖက်ကာ နှစ်ကြိမ်မျှပွတ်သပ်ပေးပြီးနောက် လွှတ်ပေးလိုက်သည် “နတ်မိစ္ဆာတော်ကို ငါရောက်ခဲ့ပြီးပြီ ရှောင်ကျို့ မင်းမြန်မြန်သွားသင့်တယ် အစ်ကိုကြီးတို့တွေ စိုးရိမ်နေတော့မယ်”
ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည်။ သူမသည် လက်မြှောက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ချူဖုန်းရှိရာသို့ မြှောက်ပြလိုက်သည်။ ချူဖုန်းသည်လည်း သူမကဲ့သို့ လိုက်လုပ်လေသည်။ လက်သီးဆုပ်နှစ်ခု အသာ အယာတိုက်ပြီးချိန်တွင် ချူဖုန်းသည် စည်းဝိုင်းထဲရောက်သွားသလိုခံစားရလေ သည်။