← Chapters

ရှောင်ကျို့ဘာပဲလိုချင်ပါစေ ဝမ်းကွဲက ပေးမှာပေါ့

Vol. 45 Ch. 898

ရှောင်ကျို့ဘာပဲလိုချင်ပါစေ ဝမ်းကွဲက ပေးမှာပေါ့

Vol. 45 Ch. 898

သူမသည် ဤအတိုင်းပင်။ သံမဏိသွေးကို လက်တစ်ဖက်နှင့် ဖွဲ့စည်းခဲ့ သည်။ သို့သော် နောက်ဆုံးတွင် ၎င်းသည် သူ့လက်ထဲသို့ရောက်လာခဲ့သည်။ သူ လွှမ်းမိုးသည်ဟု သူမ မကြားခဲ့ဖူးပေ။

“ရှောင်ကျို့ သံမဏိသွေးမှာ အခုအကုန်လုံးရှိနေပြီ၊ ငါတို့ ဒီတာဝန် ပြီးသွားရင် ဇာမဏီမြို့အတွက် ပတ္တမြားအများကြီးရမှာ” ပြောပြီးနောက်တွင် ချူဖုန်း၏ မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာသည်။ သူ့လက်ထဲတွင် သံမဏိ သွေးရှိနေသဖြင့် ဇာမဏီမြို့ကို ဖြန့်ဝေပေးရမည်မဟုတ်ပါလား။

သို့သော် ပေထင်းဟွမ်သည် ခေါင်းခါလေသည်။ သူမသည် ကြီးမားသော သားရဲတောကို လှည့်ပတ်ကြည့်ကာ ငွေလရောင်အင်ပါယာရှိသည့်ဘက်သို့ လက်ညှိုးထိုးပြလေသည် “ဝမ်းကွဲအစ်ကို ကျွန်မ ပတ္တမြားတွေမလိုချင်ဘူး၊ ကျွန်မလိုချင်တာ အဲဒီမြို့ပဲ၊ ကျွန်မလိုချင်တာက ဒီတိုက်ကြီးပေါ်မှာ အားအကောင်းဆုံးအင်ပါယာပဲ၊ အဲဒါကိုလုပ်ပေးနိုင်မလား”

ချူဖုန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူမလိုချင် သည်မှာ အားအကောင်းဆုံးအင်ပါယာဟု ပြောနေသည်။ သူ လုပ်နိုင်ပါ့မလား။ ချူဖုန်း၏အကြည့်သည် ပေထင်းဟွမ်အပေါ်ကျရောက်နေသည်။ သူသည် သူမ၏ နူးညံ့သောမျက်နှာကိုမမြင်နိုင်ဘဲ တက်ကြွသည့်မျက်နှာထားကိုမြင်နေ ရသည်။ သူမကဲ့သို့ မည်သူမှ ထောင်လွှားနိုင်မည်မဟုတ်ပေ။ သို့သော် သူမသည် ပို၍လှပသည်။ သူမအတွက် ယခုလိုက ပိုလှပသည်။

“ကောင်းတယ်”

ထိုယောက်ျား၏အသံသည် အနည်းငယ်နက်ရှိုင်းကာ သံလိုက်ကဲ့သို့ပင်။ ချူဖုန်းသည် ကျယ်လောင်စွာရယ်မောလေသည်။ သူ၏ရယ်သံသည် ရှေး သစ်ပင်ပေါ်မှ ငှက်အုပ်ကို လန့်ပြီးပျံပြေးစေသည်။ သူသည် တခမ်းတနားနှင့် လက်ကိုမြှောက်ပြီး ပေထင်းဟွမ်၏ပခုံးကို အသာပုတ်လေသည် “ရှောင်ကျို့ ဘာပဲလိုချင်ပါစေ ဝမ်းကွဲအစ်ကိုက တစ်သက်လုံးပေးသွားမှာ”

မြို့တစ်မြို့မဆိုထားနှင့် အင်ပါယာတစ်ခုလုံးဆိုလျှင်တောင်၊ ကမ္ဘာတစ်ခု လုံးဆိုလျှင်တောင်ပေးမည်။

မီးတောက်ညများသည် ခြေဦးတည်ရာကွေ့ကောက်ကာ မောင်နှမနှစ် ယောက်ကြားမှ စကားဝိုင်းသည် ထိုနေရာတွင် အဆုံးသတ်သွားသည်။ ပြန်ရောက်ချိန်တွင် ယန်ယဲ့သည် ပေထင်းဟွမ်၏ နတ်အဆင့်ဓားတိုနှင့် ယွိရုန်းကယ်၏ကြိုးကို ဖြည်ပြီးသည်ကိုတွေ့ရသဖြင့် သံမဏိသွေးကြေးစား အဖွဲ့၏ ခေါင်းဆောင်တစ်ယောက်အနေနှင့် ချူဖုန်းသည် မှင်တေတေနှင့် ယန်ယဲ့အား ကျေးဇူးတင်ရတော့သည်။

“မလိုပါဘူး ဒါက ဟွမ်အာ့ကြောင့်လုပ်ပေးတာ” ယန်ယဲ့သည် စကားကို ဖြစ်သလိုပင်အဆုံးသတ်ကာ ပေထင်းဟွမ်အား လမ်းတစ်လျှောက်စိုက်ကြည့် နေပြန်သည်။

ပေထင်းဟွမ်သည် သူ့အား အားပါပါကြည့်ပြီးနောက် ချူဖုန်း၏လက်ကို ချိတ်ကာ အိမ်ခြေရာမဲ့စခန်းဆီသို့ဦးဆောင်သွားပြီး လျှောက်ရင်းပြောလေသည် “ဝမ်းကွဲအစ်ကို လက်စွပ်က အဓိကအားဖြင့်ဆေးတွေကိုသိုလှောင်တယ်၊ သန့်စင်ပြီးသားဆေးတချို့လည်းရှိတယ်၊ ထိန်းကျောင်းပြီးသား သားရဲ၊ မိန်းကလေးတစ်ယောက်နဲ့ ဝိညာဉ်ခွဲဆေးနှစ်ပုလင်းရှိတယ်၊ အဲဆေးသောက် ပြီးရင်တော့ ၉၀ ရာခိုင်နှုန်းကျော်လောက် ဝိညာဉ်ဂိုဏ်းကိုအဆင့်တက်နိုင်ခြေ ရှိတယ်၊ ငွေလရောင်အင်ပါယာကို တိုက်ခိုက်မယ်ဆိုရင်တော့ အစ်ကိုကြီးနဲ့ ကျွန်မတို့က ကူညီပေးမှာပါ”

ချူဖုန်း၏တစ်ကိုယ်လုံးတောင့်တင်းသွားပြီး လှုပ်ပင်မလှုပ်နိုင်ပေ။ သူ သတိပြန်ဝင်လာရန် အချိန်အတော်ကြာလေသည်။ ပေထင်းဟွမ် သားရဲလေး ကောင်ဒယ်စောက်ရခဲ့သည့်အချိန်ကို သူမှတ်မိသေးသည်။ သူသည် ပေထင်းဟွမ်ကို အဖော်ပြုကာ ဝိညာဉ်ခွဲချောက်နက်အတွင်းသို့ နတ်မြက်နှင့် ဝိညာဉ်သစ်သီးများသွားခူးသည်ကို မှတ်မိတုန်းပင်။ ဝိညာဉ်သည် ပေါ့ပါးလွန်း သည်။ သူမသည် ဝိညာဉ်ခွဲဆေးကိုပင် သန့်စင်နိုင်ပြီဖြစ်သည်။

“ရှောင်ကျို့ မင်း နတ်အဆင့်ခွဲဆေးကိုလည်း သန့်စင်ခဲ့တာလား” ချူဖုန်း သည် သတ္တိမွေးကာ မမေးရဲသည့်မေးခွန်းကိုမေးလိုက်သည်။

ပေထင်းဟွမ် ခေါင်းညိတ်လေသည် “အဲတော့ ဝမ်းကွဲအစ်ကို ၁၄ နှစ်ရှိပြီ မင်း ထပ်ပြီးစောင့်စရာမလိုတော့ဘူး ဘာကိုမှသည်းခံနေစရာမလိုတော့ဘူး”

“ငါလည်း ထပ်မစောင့်တော့ပါဘူး ထပ်ပြီးလည်း သည်းမခံတော့ဘူး၊ ဒါပေမဲ့ ရှောင်ကျို့ ဝမ်းကွဲအစ်ကိုက ၁၄ နှစ်ကြာအောင်စောင့်ခဲ့ပြီး ရှောင်ကျို့ အတွက် အလဲအလှယ်လုပ်ပေးနိုင်မယ်ဆို အဲဒါတန်တယ်လို့ထင်တယ်” ချူဖုန်း သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ပေထင်းဟွမ်အား အလေး အနက်ကြည့်ပြီးပြောလေသည် “ရှောင်ကျို့က ငါ့သတင်းကောင်းကိုသာ စောင့် နေလိုက်”

ဆေးတစ်ပုလင်းတွင် ၁၀ လုံးခန့်ပါသည်။ ဝိညာဉ်ခွဲဆေးနှစ်ပုလင်းဖြစ် သဖြင့် သံမဏိသွေးတွင် ဝိညာဉ်ဂိုဏ်းအဆင့် အယောက် ၂၀ ရှိပြီဟုဆိုလိုခြင်း ပင်။ ဝိညာဉ်ဂိုဏ်းအယောက် ၂၀ နှင့် သားရဲအကောင်တစ်ရာတို့သည် ငွေလရောင်အင်ပါယာအား မချေမှုန်းနိုင်လျှင် ချူဖုန်းနေလာသမျှသည် အချည်းနှီးပင်။

ထို့အပြင် ဝိညာဉ်သခင်အဆင့်တက်ချိန်တွင် ဝမ်းတွင်းပါသားရဲများသည် နတ်သားရဲအဆင့်သို့ ဝင်ကြလိမ့်မည်။ သည်တစ်ခေါက် သံမဏိသွေးသည် မည်သို့ပုံစံဖြစ်မည်ကို ချူဖုန်းတွေးပင်မတွေးနိုင်တော့ပေ။

All Chapters