ရန်သူတွေက လမ်းကျဉ်းမှာတွေ့ကြတယ်
Vol. 45 Ch. 899
သူတို့နှစ်ယောက် အိမ်ခြေရာမဲ့စခန်းမှထွက်လာပြီးနောက် လမ်းတစ် လျှောက်တွင် ယန်ယဲ့၏မျက်နှာသည် ပုပ်နေလွန်းရာ ပေထင်းဟွမ်ပင် မကြည့် ရဲပေ။
မြစ်ရေစီးဆင်းသည့်အသံသည် သူ့ရှေ့တွင်ပေါ်ထွက်လာပြီး သွမ့်ဟွမ်း မြစ်သို့ရောက်ခါနီးချိန်တွင် ယန်ယဲ့ရပ်တန့်လိုက်သည်။ သူ့နောက်မှလိုက်လာ သော ပေထင်းဟွမ်သည် မှင်တက်သွားသည်။ ရုတ်တရက်ရပ်လိုက်သဖြင့် ပေထင်းဟွမ်သည် ယန်ယဲ့၏ကျောပြင်နှင့် တိုက်မိရာ နှာခေါင်းပင်နာကျင်သွား ၏။
နှာမှုတ်လိုက်သည်။ ယန်ယဲ့သည် အလျင်အမြန်ပင်လှည့်ပြီး ပေထင်းဟွမ် အား ရင်ခွင်ထဲဆွဲသွင်းကာ သူမ၏နှာခေါင်းကို ကူပွတ်ပေးချင်သည်။ သို့သော် ပေထင်းဟွမ်၏ တွန်းကန်ခြင်းကိုသာခံလိုက်ရသည်။ သူမ၏နှာခေါင်းကိုပွတ် ရင်းနှင့် ယန်ယဲ့အား ဝမ်းနည်းသောမျက်လုံးများနှင့်ကြည့်လေသည်။ ၎င်းသည် ယန်ယဲ့ကို စိတ်မကောင်းဖြစ်သွားစေသည်။
နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်တွေ့ပြီးနောက် တိတ်ဆိတ်စွာပင် အကြည့်ချင်းဆုံကာ တစ်လျှောက်လုံးနှုတ်ဆိတ်နေခဲ့ကြ သည်။ နောက်ဆုံးတွင် ယန်ယဲ့အရှုံးပေးလိုက်ရသည်။ သူသည် ရှေ့သို့ ခြေနှစ် လှမ်းတိုးကာ ပေထင်းဟွမ်အား ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ ကောင်မလေး သည် ရုန်းကန်နေဆဲဖြစ်ရာ ယန်ယဲ့သည် သက်ပြင်းသာချနိုင်တော့သည် “ငါ့ကို အပြစ်မတင်နဲ့လေ တခြားယောက်ျားလေးက မင်းကိုထိတာမြင်ရင် ငါလည်း ဝမ်းနည်းတယ်”
“အဲဒါ ကျွန်မရဲ့ ဝမ်းကွဲအစ်ကိုလေ” ပေထင်းဟွမ်သည် အနည်းငယ် ဆွံ့အမိသည်။ သူမသည် ယောက်ျားတိုင်းကို ကောင်းမပေးသင့်ကြောင်းကိုသိ သည်။ ကောင်းပေးလိုက်သည်နှင့် ပြန်ရလာမည့်အရာမှာ များပြားလှသည်။ “ပြီးတော့ ကျွန်မအစ်ကိုကြီး၊ ရှင့်ကိုကောင်းကောင်းဆက်ဆံပေးရင် ခရီးပေါက် လိမ့်မယ်လို့မထင်လိုက်နဲ့ ရှင့်လိုမျိုး အိုမင်းနေတဲ့သစ်ပင်ကြောင့် သစ်တော တစ်ခုလုံးကို လက်လျော့မယ်လို့မထင်နဲ့နော်”
ယန်ယဲ့၏ပါးစပ်သည် အနည်းငယ် ခါးသက်သွားသည်။ သို့သော် ကံကောင်းစွာပင် ပေထင်းဟွမ်သည် ထိုစကားများပြောပြီးနောက် တိတ်ဆိတ် သွားသည်။ ယန်ယဲ့၏လက်သည် သူမ၏ဦးခေါင်းကို ဖြည်းဖြည်းချင်းပုတ်ပေး နေသည်။ သူမသည် မြစ်ကိုမျှော်ကြည့်နေမိ၏ “ဟိုမှာ လူတစ်ယောက်ရှိနေ တယ် သူက မင်းရှာနေတဲ့လူဖြစ်လောက်တယ်”
လမ်းတစ်လျှောက်တွင် ပေထင်းဟွမ်သည် မည်သူမည်ဝါကို ရှာဖွေနေ သည်ဟု မပြောခဲ့ပေ။ သို့သော် ယန်ယဲ့သည် သူမနောက်လိုက်ပြီး တစ်ဖက်လူ ၏ ခြေရာကိုကောက်ခဲ့သည်။
“အဲဒီကောင်မလေးက ဘယ်သူလဲဆိုတာမသိဘူးလား ပြီးတော့ အဲဒီ လူ.. ဒီတစ်ခါ သူမကို လုံးဝလွှတ်မပေးဘူး”
သွမ့်ဟွမ်းမြစ်ဘေးတွင် ထိုက်ယိနန်းတော်မှ လူတစ်စုသည် မီးဖိုကာ သားရဲအသားကိုကင်ပြီး ပေထင်းဟွမ်တို့ကို ကျိန်ဆဲနေသည်။ သူမခေါင်းပေါ်မှ သစ်ကိုင်းသည် အနည်းငယ်လှုပ်ယမ်းသွားကာ ချင်းရှီသည် ခေါင်းမော့ကြည့် လိုက်ရာ မထင်မှတ်စွာပင် ပြုံးနေသောမျက်နှာတစ်ခုကိုမြင်လိုက်ရသည်။
တစ်ဖက်လူ၏မျက်နှာသည် ပိုပိုကြီးမားလာပြီး သူမဆီသို့လာလေသည်။ ထိုမျက်နှာသည် ရင်းနှီးနေသည်ကိုမြင်ပြီးနောက် ၎င်း၏နဖူးပေါ်မှ မီးတောက် ကြောင့် ချင်းရှီသည် အလန့်တကြားအော်မိသည် “အာ သရဲရှိနေတယ်”
အေးအေးလူလူထိုင်နေသော ကိုယ်ရံတော်များသည် ထရပ်မိကြသည်။ သူတို့သည် ဓားရှည်ထုတ်ကာ သစ်ကိုင်းပေါ်တွင် တွဲလွဲခိုနေသည့်ပေထင်းဟွမ် ဆီသို့ ချိန်ရွယ်လေသည်။ ခေါင်းဆောင်သည် ကြောက်စရာကောင်းသော အကြည့်နှင့် ခြိမ်းခြောက်လေသည် “ဒီကထွက်သွား မဟုတ်ရင် ငါတို့ရိုင်းတာကို အပြစ်မတင်နဲ့”
“ကျွတ် ကျွတ် ကျွတ် ဒါဘာဘောထားလဲ” ပေထင်းဟွမ်သည် လက်ခါ ကာ အနိမ့်ဆုံးရောက်သွားသည့်အချိန်တွင် သစ်ကိုင်းပေါ်မှဆင်းလိုက်သည်။ ထို့နောက် လက်ခါလိုက်ရာ ထိုလေသည် ချင်းရှီ၏လက်ထဲမှ အသားဆီသို့ ထိမှန်သွားလေသည်။
“ဒီမှာဘာလုပ်နေတာလဲ” ချင်းရှီသည် လက်ထဲမှ အသားကင်ကို မြေပေါ် သို့ ပစ်ချလိုက်သည်။ ရွံ့စရာကောင်းလွန်းသည်။ သူမသည် တည်ငြိမ်စွာပင် ကိုယ်ရံတော်များဝန်းရံကာ နောက်သို့ဆုတ်လိုက်သည်။
“ငါ့ကိုလွမ်းနေတာမဟုတ်ဘူးလား၊ ငါ့မှာ ခဏခဏနှာချေနေတာ၊ ဖြစ်ချင်တော့ နန်းတော်သခင်ငယ်က ငါ့အကြောင်းစဉ်းစားနေတာတွေ့လို့ ဒီကို လိုက်လာတာ” ပေထင်းဟွမ်သည် လူ ၁၃ ယောက်ဘေးတွင်ရပ်လိုက်သည်။ သူမရှေ့ရှိ ချင်းရှီ၏မျက်နှာကို အေးစက်သောမျက်လုံးများဖြင့် စိုက်ကြည့်လေ သည် “မင်းကိုလွှတ်ပေးမယ်လို့ သံမဏိသွေးကပြောတာ အဲဒါကြောင့် သူက နောင်တရမှမဟုတ်ဘူး၊ ဒါပေမဲ့ မတတ်နိုင်ဘူး၊ မင်းချည်ထားတဲ့ကြိုးက ဝိညာဉ် အဆင့်ကြိုးဖြစ်နေတာ”
“ယွိရုန်းကယ် ငါ့အနောက်မှာ ကျိန်ဆဲရဲတယ်ပေါ့၊ ဟင်း ငါ့ကို အရူးလို့ ထင်နေလား၊ အနိုင်ကျင့်ဖို့လွယ်မယ်ထင်နေလား”