စုန်းမလေး
Vol. 45 Ch. 900
“မင်းလာတာ အချိန်ကိုက်ပဲ၊ မင်းသာမလာရင် ငါ မင်းကို လာရှာတော့ မလို့၊ မင်းရဲ့အပေါင်းအဖော်ကရော.. ဟားဟား သူက မင်းကိုပစ်ပြီး တခြား မိန်းမကိုသွားရှာတာတော့မဟုတ်ပါဘူးနော်” လှည့်ပတ်ကြည့်သော်လည်း ဘာကိုမှမမြင်ရပေ။ ထိုလူသည် သူမကို မတတ်သာလောက်အောင်ပင် အလွန် ကြောက်အောင်လုပ်နိုင်သည်။ ထိုလူသာပေါ်မလာလျှင် သူမသည် ပေထင်းဟွမ်ကို ဖြေရှင်းနိုင်ရန် သေချာသည်။
သေချာပေါက်ပင် ပေထင်းဟွမ်သည် သူမ၏အတွေးများကိုမြင်နေရ၏။ သူမ၏နှုတ်ခမ်းထောင့်သည် အနည်းငယ်ကွေးတက်သွားကာ အေးစက်သော အပြုံးသည် အလွန်ပင်ကောက်ကျစ်ကာ သူမ၏လွှမ်းမိုးနိုင်သောအသံသည် တောထဲတွင် ပဲ့တင်ထပ်သွားလေသည် “ငါ့အပိုင်ဖြစ်ခဲ့တဲ့ ယောက်ျားတစ် ယောက်ကို ဆုံးရှုံးလိုက်ရတယ်ဆိုရင် ငါ့မှာတကယ်ကို အစွမ်းအစမရှိတာပဲ၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ မင်းသာ ငါ့လူဆိုရင် လမ်းကနှစ်လမ်းပဲရှိတယ်၊ တစ်လမ်း က ငါ့လူဖြစ်ဖို့ နောက်တစ်လမ်းက သေဖို့ပဲ”
သူမ ထိုသို့ပြောသည်နှင့် ချင်းရှီ၏ကိုယ်ရံတော်သည် ကြက်သီးမွေးညှင်း များထလာပြီး သူတို့ရှေ့မှမိန်းကလေးကို အလွန်အမင်းကြောက်ရွံ့စွာကြည့် လေသည်။ ၎င်းသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ သူမ မည်မျှ ပင် လှပစေကာမှု ယခုလိုအမျိုးသမီးမျိုးမဖြစ်သင့်ပေ။
ယန်ယဲ့သည် သစ်ပင်ကိုင်းပေါ်တွင်ထိုင်ပြီး လူ ၁၃ ယောက်ဝိုင်းခံထားရ သည့် မြစ်ဘေးတွင်ရပ်နေသော မိန်းကလေးကိုကြည့်လိုက်သည်။ သေချာ ပေါက်ပင် သူမ၏ထောင်လွှားပြီး သောင်းကျန်းသောစကားများကို ကြားနေရ သည်။ နေတစ်စင်းသည် သူမ၏စိတ်ထဲတွင် အမြစ်တွယ်နေပြီး လောင်ကျွမ်း တော့မည့်အတိုင်း ပူပြင်းနေသည်။ သူသည် သူမ၏လဖြစ်သည်ဟု ဆိုနေပြီး သူမသည် အချစ်နှင့်တရားမျှတမှုကို တန်ဖိုးထားသည်။ သို့သော် သူမသည် ထို ခံစားချက်တိုင်းကို ခွဲခြားသိမြင်သည်မှာ ရှင်းလင်းနေသည်။ သူမသည် ထက်မြက်သည်။ ရှင်းရှင်းလင်းလင်း မည်သို့မသိဘဲနေမည်နည်း။
“ဟင်း မင်းက ဒီလောက်ငယ်ငယ်နဲ့တောင်မှ ရက်စက်နေတာ၊ ကံကောင်း လို့ မင်း ဒီနေ့ငါ့လက်ထဲရောက်လာတာ၊ ပင်မတိုက်ကြီးအတွက် ငါ မင်းကို ရှင်းပစ်မယ်၊ နတ်မိစ္ဆာကောင်မလေး” ချင်းရှီသည် ပေထင်းဟွမ်၏ လွန်ကျူး သော လူပါးဝသောအကျင့်ကို မမြင်နိုင်တော့ပေ။ တစ်ခွက်သောက်လိုက်ပြီး နောက် လက်ထဲမှဓားရှည်ကိုဆွဲထုတ်ရာ ဓားသွားသည် နေရောင်အောက်တွင် အေးစက်စွာလင်းလက်ကာ သစ်ရွက်များအကြားမှ ထိုးထွက်လာသည်။
မျက်နှာချင်းဆိုင်တွင်ရှိနေသော လူတစ်စုမှာ သားရဲများဆင့်ခေါ်ကာ ချပ်ဝတ်တန်ဆာများဝတ်ဆင်သည်ကို ပေထင်းဟွမ်သည် ခါးပေါ်လက်ထောက် ပြီး အေးစက်စွာကြည့်နေလိုက်သည်။ ထို့နောက် သူမသည် လက်ကိုင်ကို တောက်လိုက်သည်နှင့် ငွေရောင်အလင်းနှင့်အတူ ဓားတစ်ချောင်း သူမလက်ထဲ သို့ရောက်လာသည်။
“ဓားသခင်လား ဟား ဟား မင်းက ဝိညာဉ်ဂိုဏ်းဖြစ်လိမ့်မယ်လို့ထင်ထား တာ၊ ဒါပေမဲ့ ငါက အတွေးလွန်သွားတာပဲ၊ ဓားသခင်တစ်ယောက်လောက်က ဝိညာဉ်သခင်အဖွဲ့လိုက်ကို အမြတ်ထုတ်ချင်နေတာပဲ၊ မင်းက တော်တော် စိတ်ကူးယဉ်တာပဲ” ချင်းရှီသည် အသက်တစ်ချက်ထုတ်လွှတ်လိုက်ပြီးနောက် ပေါ့ပါးစွာ မြေပြင်ကိုခြေထောက်နှင့်ထောက်ပြီးနောက် ပေထင်းဟွမ်ဆီသို့ ပြေး သွားလေသည်။
၁၄ နှစ်အရွယ်သည် မိခင်ဗိုက်ထဲကတည်းက ကျင့်ကြံလျှင်တောင် ကောင်းကင်အဆင့်သို့ရောက်ရန် သေချာပေါက်မဖြစ်နိုင်ပေ။ လန်ချန်းမိုကဲ့သို့ လူမျိုးပင် လုပ်နိုင်မည်မဟုတ်ပေ။ ဒီကောင်မလေးက ဘယ်သူမို့လို့လဲ။ သူမ သည် ပင်မတိုက်ကြီးတွင် လူမသိသူမသိဖြစ်သည်။ သူမသာ ကောင်းကင် အဆင့်သို့ရောက်နိုင်လျှင် ပေထင်းမိသားစုမှ သခင်လေး ၉ ကဲ့သို့ ကျော်ကြား နေလိမ့်မည်။
အပြာနုရောင်ဝိညာဉ်စွမ်းအင်သည် သူမ၏လက်ထဲမှဓားရှည်ကိုရစ်ပတ် ပြီး ချင်းရှီသည် ပေထင်းဟွမ်အား အားပါပါခုတ်လိုက်သည်။ ထိုအချိန်တွင် ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ ရောင်ဝါသည် စူးရှစွာမြင့်တက်လာပြီး ဓားအလင်း ကဲ့သို့ ပြင်းထန်လေသည်။ နဂိုက ချစ်စရာကောင်းသောမိန်းကလေးသည် ဤ အချိန်တွင် အဆင့်အတန်းရှိသော စစ်သည်တစ်ယောက်ဖြစ်နေသည်။ သူမ၏ လက်ထဲမှ ဓားပျော့သည် ဝိညာဉ်မြွေကဲ့သို့ပင် ချင်းရှီ၏ဓားရှည်ဆီသို့ လှုပ်ရှား သွားပြီး ရုတ်တရက် လိမ့်တက်လာသည်။
ဘုန်း..
သံချင်းတိုက်မိသည့်အသံသည် လူအများ၏နားစည်ကို ကွဲမတတ်ပင်။ ဓားပျော့ပေါ်တွင် ငွေရောင်အလင်းတန်းသည် ဝိညာဉ်စွမ်းအင်အပြာနုနှင့် ထိပ်တိုက်တွေ့ပြီး မီးပွားများပွင့်ထွက်လာကာ တောထဲတွင် ပေါက်ကွဲလေ၏။ ပေထင်းဟွမ်၏ဓားပျော့သည် ညှာတာမှုကင်းစွာ ချင်းရှီ၏ဓားရှည်ကို ရစ်ပတ် လေသည်။ သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။ ၎င်းသည် ဖြည်းဖြည်းချင်းပွင့်ထွက်လာပြီး ပေထင်းဟွမ်၏ လက်ဖျံသည် ချက်ချင်းပင်ပြန်ရုတ်လိုက်သည်နှင့် လေထဲတွင် တွဲလဲခိုနေသည့်မိန်းကလေး သည် ကြိုးပြတ်သွားသည့်စွန်ကဲ့သို့ ကျသွားလေသည်။