← Chapters

လီမိသားစု! ဂိမ်းအသစ် _ သစ်ခုတ်ခြင်း! ၁

Vol. 14 Ch. 196

လီမိသားစု! ဂိမ်းအသစ် _ သစ်ခုတ်ခြင်း! ၁

Vol. 14 Ch. 196

မင်မြို့တော်စံအိမ်တစ်နေရာတွင် ကားတစ်စီးလာရပ်သည်။

လီရှင်းက သူ့ဇနီးနှင့်အတူ ကားထဲမှထွက်လာ၏။ သူချင်းလင်စံအိမ်မှရခဲ့သော ငွေဝိုင်ပုလင်း ၅ လုံးကိုထုတ်လိုက်ပြီး အပေါ်ထပ်သယ်လာခဲ့သည်။

တက္ကသိုလ်မှဘွဲ့ရပြီး သူ့မိဘလမ်းကြောင်းကိုမရွေးချယ်သည့်အတွက် ခြံဝင်းထဲမှရွှေ့ပြီး အပြင်မှာနေခဲ့သည်။

ခဏအကြာ_

လီရှင်းက ပေ ၃၀၀ ပတ်လည်ကျယ်သော နှစ်ဆောင်ပြိုင်တိုက်ထဲဝင်လာခဲ့သည်။ တိုက်ကို သူ့ဇနီးအကြိုက် ဥရောပမြောက်ပိုင်းပုံစံအလှဆင်ထား၏။

အိမ်က တရားဝင်ဖြစ်သည်။ သူ့အစွမ်းအစနှင့်ရထားခြင်းဖြစ်၍ စစ်ဆေးခံရမှာပူစရာမလို။

သူကလုပ်ငန်းမလုပ်နိုင်သော်လည်း သူ့ဝိုင်စွမ်းရည်မှာ မင်မြို့တော်လိုနေရာတွင် နှစ်ယောက်မရှိသောသူဖြစ်သည်။ မင်စီရင်စုတစ်ခုလုံးတွင်ပါ နာမည်ကျော်ကြား၏။ သူ့အတွက်ပိုက်ဆံရဖို့ အလွယ်လေးပင်။

ဥပမာဆိုရသော် သူ့ကိုသက်တမ်းရင့်ဝိုင်စပ်ခိုင်းချင်သူများစွာရှိသည်။ ဝိုင်အရသာမြည်းခိုင်းချင်သူက ပိုတောင်များသေး၏...

စျေးကွက်အတိုင်း ပွဲတက်ခပေးရမည်ဖြစ်ပြီး သူလုပ်ချင်မလုပ်ချင်ကြည့်ရသေးသည်။

ဘာနဲ့မှ သူ့ကိုချုပ်နှောင်ထားလို့မရ။

အိမ်ပြန်ရောက်လျှင် လီရှင်းက လင်းလျိုအား_ ''မိန်းမရေ... အော်ဒါမှာထားတဲ့ဝိုင်သေတ္တာလေး ယူခဲ့ပေးပါဦး'' သူကပြောပြောဆိုဆို ငွေဝိုင်ပုလင်း ၅ လုံးကိုသယ်ပြီး ဒုတိယထပ်ဆီလျှောက်သွားလိုက်သည်။



သူကအပေါ်ထပ်တက်ပြီး အတော်အတန်ကျယ်သောအခန်းတစ်ခု၏တံခါးကိုဖွင့်လိုက်သည်။ ထိုအခန်းထဲတွင် ဝိုင်သေတ္တာများနှင့် ဝိုင်ပုလင်းများတင်ထားသော ဝိုင်စင်အမြောက်အများရှိ၏။

ဤအခန်းက သူ့ပစ္စည်းစုခန်းဖြစ်သည်။ အရင်က ဒီပစ္စည်းစုခန်းကိုဆောက်ရန် သူ့ဇနီးအကြိုက်ဆုံးဒီဇိုင်းအစီအစဉ်ကိုတောင် ပြောင်းလဲခဲ့၏။ နောက်ဆုံး အခန်းကိုပြန်ပြင်ဆင်ခဲ့ရပြီး သူ့ဇနီး၏ပစ္စည်းပစ္စယများထားရန် အရွယ်အစားတူသောအခန်းကိုလုပ်ပေးခဲ့ရသည်။

......

အထဲတွင် နှစ်ကြာရှည်သည်နှင့်အမျှ ဝိုင်များစုထားခဲ့သည်။ အများစုက အမည်မသိဝိုင်များဖြစ်၏။ ထိုဝိုင်များမှာ နာမည်မကြီးသော်လည်း နာမည်ကြီးဝိုင်များထက် လုံးဝညံ့သည်တော့မဟုတ်။

ဒီဝိုင်တွေဘယ်လောက်ကောင်းကောင်း သူဌေးချင်ရဲ့ဝိုင်နဲ့တော့မယှဉ်သာ။ ဒါမှမဟုတ် ယှဉ်စရာတောင်မလိုပေ။ ဒါတွေကို သူဌေးချင်ရဲ့ငွေပုလင်းနဲ့ယှဉ်မည်ဆိုပါက စော်ကားရာကျနေမည်။

အမှန်အတိုင်းပြောရရင် ဟိုကောင်မာလဲ့ဝမ်ကို အတော်ကျေးဇူးတင်ရမည်။

သူသာချင်းလင်စံအိမ်ကိုခေါ်မသွားခဲ့ရင် သူဌေးချင်နဲ့သိခွင့်ရခဲ့မှာမဟုတ်။

တစ်ဖက်သူ၏ဝိုင်ကျွမ်းကျင်မှုကြောင့် သူ့ကိုရင်ဘတ်ချင်းနီးသောမိတ်ဆွေကဲ့သို့ဖြစ်စေသည်။

လင်းလျိုက လက်ရာမြောက်သောဝိုင်သေတ္တာသုံးလုံးနှင့်ဝင်လာပြီး သူ့ယောက်ျားဆီကမ်းပေးလိုက်ကာ_ ''ရှင်သူဌေးချင်ကို ကတိပေးထားတာ မမေ့နဲ့နော်''

''မမေ့ပါဘူး'' လီရှင်းက သေတ္တာကိုယူလိုက်သည်။

ဒီသေတ္တာမျိုးက နှစ်ဖက်ဖွင့်ဖြစ်သည်။ ဝိုင်နှစ်လုံးထည့်သိမ်းနိုင်ပြီး အံဝင်ခွင်ကျထိန်းထားနိုင်၏။

သူက ဝိုင်ပုလင်း ၅လုံးကို တစ်လုံးပြီးတစ်လုံးထည့်လိုက်သည်။

ဒါက သူ့ပိုင်ဆိုင်မှုထဲတွင် အကောင်းဆုံးဖြစ်လိမ့်မည်။

သို့သော် ထည့်ပြီးပြီးချင်း လီရှင်းတစ်ခုခုတွေးမိသည်။ သူကထိုအထဲမှနောက်တစ်လုံးပြန်ထုတ်ပြီး လင်းလျိုကိုမှာလိုက်သည်_ ''အချစ်ရေ... ဒါလေးထုပ်ပေးပါဦး... ပြီးရင် ဝင်းထဲသွားမလို့''

လင်းလျိုက လီရှင်းကိုကြည့်ပြီး အလေးအနက်မေးလိုက်၏_ ''တစ်ပုလင်းတည်းလား? သိသွားရင် ရှင်ဒုက္ခရောက်မှာ''

လီရှင်းက သက်ပြင်းချပြီး အင်တင်တင်နှင့် နောက်တစ်လုံးထုတ်လိုက်ကာ_ ''အချစ် မမေ့နဲ့... တို့သူဌေးချင်ဆီက နှစ်ပုလင်းပဲရခဲ့တာ... ဒီဝိုင်က တို့အိမ်ထောင်သည်ဘဝနဲ့သက်ဆိုင်နေတယ်''

''ဖူး!'' လီရှင်းလုပ်ပုံကြောင့် လင်းလျိုမျက်နှာနီရဲသွားသည်။ သူမက ဝိုင်ပုလင်းနှစ်လုံးကောက်ယူပြီး အောက်ထပ်ဆင်းသွားတော့သည်။

သူ့ယောက်ျားဆိုလိုတဲ့သဘောကို သူမနားလည်သည်။ ဒီဝိုင်သောက်ပြီးရင် အမှန်ပင် သူပိုအားပြည့်လာသည်။ သူငယ်ငယ်တုန်းကထက်တောင်ပိုပြီး အားပြည့်ဖျတ်လတ်သွား၏။

လီရှင်းလည်း အဝတ်အစားတစ်စုံယူပြီး ရေချိုးခန်းထဲလျှောက်သွားလိုက်သည်။



ကားပြန်မောင်းခဲ့ရ၍ သူပင်ပန်းနေသည်။

လင်းလျိုကအောက်ထပ်ဆင်းသွားပြီး ဗီရိုထဲမှလက်ဆောင်ဘူးထုတ်ကာ ဝိုင်ပုလင်းနှစ်လုံးကို ထုပ်ပိုးလိုက်သည်။

သူ့ယောက်ျားက ဝိုင်နှင့်အောင်မြင်မှုတချို့ရထားသူဖြစ်၍ လက်ဆောင်များမှာ အမြဲလိုလိုဝိုင်ဖြစ်နေတတ်သည်။ ထို့ကြောင့် အိမ်တွင် ဒီလိုလက်ဆောင်ဘူးများအသင့်ပြင်ထားသည်။

လင်းလျိုက ဝိုင်ပုလင်းနှစ်လုံးကိုထုပ်ပြီး စားပွဲပေါ်တင်ထားလိုက်၏။ မကြာမီ လီရှင်းက အဝတ်အစားလဲပြီး အောက်ထပ်ဆင်းလာသည်။

''အရင်ဆုံး ဝင်းထဲသွားလိုက်ဦးမယ်'' လီရှင်းက ပြောပြောဆိုဆို ဝိုင်ပုလင်းနှစ်လုံးကိုကောက်ယူပြီး ထွက်သွား၏။ ဝင်းထဲသူမောင်းသွားသောအချိန်မှာ ညနေရောက်တော့မည်။

သူနှင့်မတူဘဲ သူ့အဖေ၊ အဘိုးနှင့် အကြီးဆုံးအစ်ကိုက ခြံဝင်းထဲတွင် သီးသန့်အိမ်ရှိသည်။

လီရှင်းက ဂိတ်ကိုဖြတ်မည့်ဆဲဆဲ အစောင့်တစ်ယောက်က သူ့ကိုတားလိုက်၏။

ဖြစ်ချင်တော့ သူကဝင်းထဲမကြာခဏလာလေ့ရှိ၍ အစောင့်ကသိနေသဖြင့် အထဲဝင်ခွင့်ပေးလိုက်သည်နှင့် အထဲမှအကြီးဆုံးစံအိမ်ဆီမောင်းလာခဲ့သည်။

ထိုစံအိမ်မှာ ပုံမှန်အတိုင်းသတ်မှတ်ထားသည့်စံအိမ်ဖြစ်သည်။

ကိုယ်ရောက်ရှိသောအဆင့်အတန်းနှင့်အညီ မတူညီသောစံအိမ်နေထိုင်ရာများ သတ်မှတ်ထား၏။ သူ့အဖေရဲ့စံအိမ်က အကြီးဆုံးပင်။

လီရှင်းကကားပါကင်ထိုးပြီး စံအိမ်ထဲဝင်လာခဲ့သည်။ ဧည့်ခန်းထဲတွင် အသက် ၅၀ ခန့်လူကြီးတစ်ဦးသတင်းကြည့်နေသည်ကို သူတွေ့ရ၏။

''အဖေ'' လီရှင်းကအပြုံးနှင့် ရှေ့တိုးသွားပြီး ပုလင်းနှစ်လုံးကို စားပွဲပေါ်တင်လိုက်သည်။

''ဘာလဲ အဲဒါ?'' လီကျန်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

လီရှင်းက ရှင်းပြလိုက်သည်_ ''အရင်တစ်ခါ အဘိုးဆီကိုပို့လိုက်တဲ့ဆေးဖက်ဝင်ဝိုင်''

''ဟမ်?'' လီကျန်းက စိတ်မဝင်စားဘဲမနေနိုင်တော့။

ဒီဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်ကို သူသိသည်။ အရင် သူ့သားယူလာခဲ့ဖူး၏။ အရသာမမီတာကလွဲရင် အာနိသင်က မင်စီရင်စုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်ခုရဲ့ဆေးဖက်ဝင်ဝိုင်ထက်မလျော့။

ဒီဆေးဖက်ဝင်ဝိုင်က လူကြီးတွေရဲ့မကြာခဏဆီးသွားရလို့နာကျင်ကိုက်ခဲမှုမျိုးကိုသက်သာစေရုံမက သွေးဓာတ်အားပြည့်စေခြင်း၊ ချီလှည့်ပတ်မှုကောင်းစေခြင်းအာနိသင်လည်း အလွန်ထိရောက်သည်။ သူ့အတွက်ရော လူကြီးအတွက်ပါ အလွန်အကျိုးရှိ၏။

နှစ်တိုင်း လီမိသားစုက မင်စီရင်စုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်ခုမှဆေးဖက်ဝင်ဝိုင်တချို့ရရန်လည်း တောင်းခံရသည်။

သို့သော် မင်စီရင်စုတစ်ခုလုံးမှာ ဒီဝိုင်ကိုလိုချင်တဲ့သူက သူတို့မိသားစုတစ်စုတည်းမဟုတ်။ နောက်ပြီး တရုတ်တိုင်းရင်းဆေးကိုဆက်ခံထားတဲ့မိသားစုနှစ်စု၏ဆေးဖက်ဝင်ဝိုင်မှာ အကန့်အသတ်ကရှိနေသည်။

သူ့သားအငယ်ဆုံးယူလာတဲ့ ချင်းလင်ဆေးဖက်ဝင်ဝိုင်က ထင်မထားလောက်အောင် အံ့သြစရာကောင်းနေ၏။

လီကျန်းက အထုပ်ဖြည်ကြည့်လိုက်ရာ ငွေပုလင်းနှစ်လုံးကိုတွေ့လိုက်ရ၍ နည်းနည်းအံ့သြသွားပြီး_ ''နှစ်လုံးတောင်? ဒီတစ်ခါထုပ်ပိုးထားတဲ့ပုံကြည့်ရတာ သေချာဂရုတစိုက်လုပ်ထားတာပဲ''

လီရှင်းကပြုံးပြီး_ ''အဖေ... ဒီပုလင်းနှစ်လုံးက အရင်တစ်ခါထက် အာနိသင်လည်းပိုရှိတယ်''

''အာနိသင်ပိုရှိတယ်?'' လီကျန်းအံ့သြသွားသည်။ ဒါမင်စီရင်စုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်ခုရဲ့ဆေးဖက်ဝင်ဝိုင်ထက်ပိုသွားပြီမလား? သူကမမေးဘဲမနေနိုင်တော့_ ''ဒီလိုပစ္စည်းမျိုးက အရမ်းရှားမှာပဲ ဟုတ်တယ်မလား? မင်းက တစ်ခါတည်းနှစ်လုံးရအောင် တောင်းနိုင်တယ်ပေါ့?''



All Chapters