← Chapters

လီမိသားစု! ဂိမ်းအသစ် _ သစ်ခုတ်ခြင်း! ၃

Vol. 14 Ch. 198

လီမိသားစု! ဂိမ်းအသစ် _ သစ်ခုတ်ခြင်း! ၃

Vol. 14 Ch. 198

ချန်ရှန်းဖေက ချင်လင်၏စကားကိုကြားလျှင် ချက်ချင်းပြုံးလိုက်ပြီး_ ''သူဌေးချင်... ခင်ဗျားလူမေးတာမှန်သွားပြီ... ကျုပ်ဦးလေးက ဘယ်သူလဲသိလား? မင်စီရင်စုစာရေးအဖွဲ့အစည်းဥက္ကဌ ဆရာချန်ဖုန်းဝူပဲ... ခင်ဗျားကိစ္စ ကျုပ်ကိုအပ်လိုက်တော့... အချိန်တန်ရင် ပုံစံငယ်ထဲမှာ စာလုံးဒီဇိုင်းဆွဲခိုင်းပြီး ခင်ဗျားဆီပို့ပေးလိုက်မယ်... ခင်ဗျားအဲဒီပုံစံငယ်အတိုင်း တစ်ယောက်ယောက်ကိုလုပ်ခိုင်းရုံပဲ''

ချန်ရှန်းဖေက အစစအရာရာတာဝန်ယူလိုက်သည်။

နောက်ပြီး မင်စီရင်စုစာရေးအဖွဲ့အစည်းဥက္ကဌက သဘောကောင်းမှန်းသိသာသည်။

သူက ချန်ရှန်းဖေနှင့်ဆိုလျှင် ဟိတ်ဟန်မရှိ။ နောက်တစ်ကြိမ် သူစံအိမ်လာလျှင် သူ့ကိုကောင်းကောင်းဧည့်ခံရမည်။

ပုံစံနှင့်ကမ္ဗည်းထိုးမည့်ကိစ္စစီစဉ်ပြီးလျှင် ချင်လင်က ဂိမ်းထဲမှသစ်ဖြတ်စက်ကို သတိရသွားသည်။

စံအိမ်ထဲရှိအဆောက်အဦးအတော်များများမှာ သစ်နှင့်ဝါးသီးသန့်သဘာဝအဆောက်အဦးများဖြစ်၏။ ဆိုင်းဘုတ်ကိုလည်း သစ်သားနှင့်လုပ်ထားသည်။

ဂိမ်းထဲတွင် သစ်ဖြတ်စက်မှာ သစ်ဖြတ်ရန်အတွက် ပုံစံငယ်ကိုအသုံးပြုနိုင်ကြောင်း သူမှတ်မိသည်။



သစ်သားဆိုင်းဘုတ်သုံးရင် ဒီသစ်ဖြတ်စက်နဲ့အလုပ်လုပ်လို့ရမယ်မဟုတ်လား? ဂိမ်းထဲကသစ်ဖြတ်စက်နဲ့လုပ်တဲ့ဆိုင်းဘုတ်က ဘယ်လောက်ကောင်းမယ်တော့ သူမသိဘူးပေါ့။

ချင်လင်က ချက်ချင်းလိုင်းပေါ်တက်ပြီး တချို့ကုမ္ပဏီ၏အမှတ်အသားပုံစံငယ်များကို ဆွဲယူလိုက်၏။ ထို့နောက်ရုံးခန်းလော့ချပြီး ဂိမ်းထဲဝင်လိုက်သည်။

သူကမိတ္တူဆွဲထားသောပုံစံများကို ကိရိယာပုံးထဲထည့်ပြီး အတွေးနှင့်ဂိမ်းထဲမှထွက်လိုက်၏။

ချင်လင်က သူ့စိတ်ထဲဖန်သားပြင်ပေါ်မှ ဂိမ်းဇာတ်ကောင်ကိုကြည့်လိုက်သည်။ အမှန်ပင် ကိရိယာပုံးထဲတွင် ပုံစံငယ်တချို့ရောက်နေ၏။ သူကချက်ချင်း ဂိမ်းဇာတ်ကောင်ကို ထိုပုံစံငယ်များယူစေပြီး စက်ပစ္စည်းစမ်းသပ်ရေးစင်တာကို သွားစေလိုက်သည်။

သစ်ဖြတ်စက်ဆီရောက်သောအခါ ရွေးချယ်စရာများတန်းစီပေါ်လာသည်:

(သင့်ဆိုင်းဘုတ်လုပ်ရန် သစ်သားမရှိ! စိုက်ပျိုးမွေးမြူရေးခြံမှ ပုဆိန်နှင့်ကိရိယာများယူပြီး နိုထရီဒိန်းတောင်တွင် သစ်ခုတ်နိုင်သည်!)

......

အသိပေးစာမြင်လျှင် ချင်လင်က ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံပြန်လာစေ၏။ သူကပုဆိန်ယူပြီး နိုထရီဒိန်းတောင်ဆီထွက်လာခဲ့သည်။

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံအဟောင်းထဲတွင် စိုက်ပျိုးရေးမွေးမြူရေးခြံကွင်းပြင်ထဲမှ သစ်ငုတ်တိုများကိုခုတ်ပြီးတန်းရနိုင်သည်။ သစ်ကိုင်းခြောက်များကိုတန်းကောက်ပြီး ပစ္စည်းပို့သေတ္တာထဲထည့်ကာရောင်းချနိုင်၏။ နောက်ပိုင်းပုံစံများမှာ ဒီအပိုင်းနှင့်ပတ်သက်ပြီး သိပ်တိုးတက်မလာချေ။

ပုံစံအသစ်က ဤအပိုင်းတွင် အများကြီးတိုးတက်လာသည်။ သစ်သားကို ကိုယ်တိုင်ခုတ်ယူနိုင်၏။

နိုထရီဒိန်းတောင်ထဲဝင်ပြီးနောက် ချင်လင်ကဂိမ်းဇာတ်ကောင်ကို သစ်ပင်ဆီသွားပြီးခုတ်စေချင်သော်လည်း လှုပ်ရှားမှုမတွေ့ရ။ သစ်ပင်နှင့်မတူဘဲ အလွယ်တကူခုတ်နိုင်မည့်ပုံမပေါ်။

နောက်ထပ်သစ်ပင်တချို့ဆီသွားကြည့်သည်။ လှုပ်ရှားမှုမရှိသေး။

သစ်ပင် ၁၀ ပင်ကျော် ဆက်တိုက်စစ်ဆေးကြည့်ပြီးနောက် အသိပေးစာရလိုက်သည်:

(ခုတ်နိုင်သော ဝက်သစ်ချပင်တစ်ပင်တွေ့သည်!)

ဒီတစ်ကြိမ်တွင် ချင်လင်က ဂိမ်းဇာတ်ကောင်အား လှုပ်ရှားခိုင်းလိုက်သည်။ သူ့ပုဆိန်ကို ဝက်သစ်ချပင်ဆီလွှဲခုတ်လိုက်ရာ ဝက်သစ်ချပင်လှုပ်သွား၏။

ကြည့်ရတာ စနစ်ကသီးသန့်ထွက်ပေးတဲ့အပင်ကိုပဲ ခုတ်၍ရမည်ထင်သည်။



၁၂ ချက်လောက်ခုတ်ပြီးနောက် ဂိမ်းထဲမှဝက်သစ်ချပင်လဲသွားပြီး သစ်သားသုံးပုံမြေပေါ်ကျလာသည်။

ချင်လင်က ဂိမ်းဇာတ်ကောင်အားရှေ့တိုးပြီး သူ့ကျောပိုးအိတ်ထဲ သစ်သားထည့်လိုက်၏။

(သာမန်ဝက်သစ်ချပင်သားရသည့်အတွက် ဂုဏ်ယူပါတယ်!)

(သာမန်ဝက်သစ်ချပင်သားရသည့်အတွက် ဂုဏ်ယူပါတယ်!)

(အရည်အသွေး ၁ ဝက်သစ်ချပင်သားရသည့်အတွက် ဂုဏ်ယူပါတယ်!)

နောက်ဆုံးအသိပေးစာကိုမြင်လျှင် ချင်လင်ကြောင်သွားသည်။

သစ်သားမှာလည်း အရည်အသွေး ၁ ရှိလား?

ဒါဆို အရည်အသွေး ၂ လည်း ရှိဦးမှာပေါ့?

ကြည့်ရတာ အတော်ဟုတ်တာပဲ။

လက်ရှိသဘာဝသစ်တောများတွင် သစ်ထုတ်လုပ်မှုလုံးဝရပ်ဆိုင်းထားပြီဖြစ်ကြောင်းသိကြသည်။ တောင်သူများစိုက်ပျိုးထားသောသစ်ပင်များတောင် ထောင်ဒဏ်နှင့်ရင်ဆိုင်နေရ၏။

လက်တွေ့တွင် သစ်ကောင်းများ အထူးသဖြင့် သဘာဝသစ်များမှာ ပိုပိုပြီးရှာရခက်လာသည်။

နိုထရီဒိန်းတောင်မှာ အပေါဆုံးကဘာလဲ? သစ်!

အရည်အသွေး ၂ သစ်သားတချို့ရရင် သစ်ဖြတ်စက်မှာ ဆိုင်းဘုတ်လုပ်နိုင်တဲ့အပြင် ပရိဘောဂမျိုးစုံလည်းလုပ်နိုင်မယ်မလား?

ဒီအကြောင်းတွေးမှ စျေးကွက်ထဲက အဆင့်မြင့်သစ်သားပရိဘောဂတချို့မှာ စျေးကြီးသည်။ အတော်များများက လက်ကျန်ပင်မရှိတော့။

ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်ကို နိုထရီဒိန်းတောင် ဆက်သွားစေလိုက်သည်။ ခဏအကြာ နောက်ထပ်စာတစ်စောင်ရလိုက်သည်:

(ဥရောပထင်းရှူးပင်တွေ့သည်။ ခုတ်နိုင်သည်!)

“???” ချင်လင် ချက်ချင်းလန့်သွားသည်။

ဥရောပထင်းရှူးပင်?

ဒါသူ့ကို ထမင်း ၃ နှစ်အလကားကျွေးနေတာမလား?



All Chapters