← Chapters

အရည်အသွေး ၂ တရုတ်သစ်မွှေး! တံခါးမှာ ရာထောင်ချီချိတ်ဆွဲထား ဟုတ်ပြီလား?

Vol. 14 Ch. 199

အရည်အသွေး ၂ တရုတ်သစ်မွှေး! တံခါးမှာ ရာထောင်ချီချိတ်ဆွဲထား ဟုတ်ပြီလား?

Vol. 14 Ch. 199

ဥရောပထင်းရှူး?

ဒီအပင်က နိုင်ငံတော်အဆင့်ကာကွယ်နေတဲ့အပင်တစ်ပင်ဖြစ်ပြီး အလွန်ရှားပါးသည်။

အဓိကအချက်မှာ ဒီအပင်ကိုခုတ်ဖို့တရားမဝင်ရုံသာမက သယ်ယူရောင်းချဖို့လည်း တရားမဝင်ချေ။

ဒါသူ့လို စနစ်ရထားတဲ့ ကစားသမားတွေကိုခက်ခဲအောင် ဂိမ်းကလုပ်နေတာမလား?

ဥပဒေချိုးဖောက်ခြင်းမှာ လုံးဝရွေးချယ်စရာတစ်ခုမဟုတ်ပေ။

ဒီလိုနိုင်ငံတော်အဆင့်တစ်အနေနဲ့ ကာကွယ်နေတဲ့အပင်မျိုးကို ခုတ်၍မရနိုင်။

ချင်လင်ကတွေးကြည့်ပြီးနောက် ဂိမ်းဇာတ်ကောင်၏ပုဆိန်ကို သစ်ပင်ဆီလွှဲရမ်းလိုက်သည်။

၁၀ ကျော်ကျော်ထိပြီးနောက် ထင်ရှူးပင်မှာ သစ်သားပုံ ၃ ပုံအဖြစ်ပြောင်းသွား၏။

ချင်လင်က သစ်သားများကို ကြည့်တောင်မကြည့်တော့။ သူကဂိမ်းဇာတ်ကောင်အား ပင်မတောင်ဆီ ဆက်လျှောက်သွားစေလိုက်သည်။

သူကဂိမ်းထဲတွင် ထင်းရှူးပင်ကိုခုတ်ခဲ့ခြင်းမှာ အသစ်ပြန်ပေါ်လာမည့်နေရာကို ယူထားမည်စိုးသောကြောင့်ပင်။ သယ်သွားလို့မရမှတော့ အမှိုက်သာဖြစ်နေမည်။ ကောက်ကိုင်ကြည့်ဖို့ စိတ်တောင်မပါတော့။

သူက ဥပဒေလိုက်နာသောသူတစ်ယောက်။

ဂိမ်းဇာတ်ကောင်ဆက်သွားနေသည်။ မကြာမီ နောက်ထပ်သစ်ပင်တစ်ပင်တွေ့ရသည်:

(တရုတ်သစ်မွှေးပင်တစ်ပင်တွေ့ရသည်။ ခုတ်နိုင်သည်!)



......

''???'' အသုံးမကျတဲ့ဂိမ်းစီစဉ်သူက ထိန်းသိမ်းစောင့်ရှောက်ထားတဲ့အပင်တွေနဲ့ပတ်သက်ပြီး တစ်ခုခုတော့ထူးဆန်းနေပြီဟု ချင်လင်ခံစားလိုက်ရသည်။

ခုတ်နိုင်တဲ့အပင်သုံးပင်ထဲက နှစ်ပင်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့အပင်တွေဖြစ်နေရသည်။

ဒီတရုတ်သစ်မွှေးပင်ကလည်း နိုင်ငံတော်အဆင့်နှစ် ထိန်းသိမ်းစောင့်ထားသောအပင်ဖြစ်သည်။

သို့သော် ထင်းရှူးပင်နှင့်စာလျှင် တရုတ်သစ်မွှေးကို ရောင်းဖို့ဝယ်ဖို့တားမြစ်မထားပေ။ သစ်ထုတ်လုပ်မှုခွင့်ပြုချက်ရလျှင် တချို့တလေခုတ်နိုင်သေးသည်။

အကြောင်းမှာ နိုင်ငံထဲတွင် တရုတ်သစ်မွှေးသီးသန့်ပင်ရင်းရှိခြင်းကြောင့်ဖြစ်သည်။

ထို့​ကြောင့် သစ်မွှေးထုတ်ကုန်များဖြစ်သော သစ်မွှေးလက်ပတ်၊ သစ်မွှေးပန်းပု၊ သစ်မွှေးပရိဘောဂ... စသည်တို့ကိုလည်း တရုတ်စျေးကွက်တွင် ရောင်းဝယ်ကြသည်။

စျေးကွက်ထဲမှ အလွန်စျေးကြီးသောသစ်မွှေးတချို့ပါသည့် သတင်းအစီရင်ခံစာတစ်ပုဒ်ကို သူတစ်ခါတွေ့ဖူးသည်။ တောင်ပိုင်းမှ အလွန်ရှားပါးစျေးကြီးသောသစ်မွှေးကို တစ်ကတ်တီယွမ် ၁၀၀၀၀၀ နှင့်ရောင်းသည်ဟုလည်း ကြားဖူးသည်။

လေလံပွဲတစ်ခုတွင် သစ်မွှေးကုတင်ကို ယွမ် ၁၂.၄ သန်းနှင့်ရောင်းချခဲ့၏။

ထိုသစ်မွှေးမှာ သက်သက်စိုက်ပျိုးထားသောသစ်မွှေးအသစ်များကိုပြောခြင်းမဟုတ်။ သက်သက်စိုက်ပျိုးထားသော ၃ နှစ်မှ ၅ နှစ်သက်တမ်းရှိသစ်မွှေးမျိုးမှာ တစ်ပင်ကို ယွမ် ၅၀၀ မှ ၆၀၀ သာရှိသည်။

သဘာဝအတိုင်းအလေ့ကျပေါက်သော နှစ် ၂၀ သက်တမ်းရှိသစ်မွှေးပင်မှာ ၁၀ စင်တီမီတာအချင်းရအောင် သစ်ဖြူသားဖယ်ပြီးလျှင် တစ်ကတ်တီကို ယွမ် ၂၀၀၀ ခန့်ပေးရသည်။

အကယ်၍ နှစ် ၃၀ သက်တမ်းရှိလျှင် သစ်ဖြူသားဖယ်ပြီးပါက ၁၅ စင်တီမီတာအချင်းရှိတတ်ပြီး တန်ဖိုးမှာ တစ်ကတ်တီယွမ် ၃၀၀၀ မှ ၄၀၀၀ အထိရှိသည်။

သတင်းထဲမှာပါသလို တစ်ကတ်တီယွမ် ၁၀၀၀၀၀ တန်ဖိုးထိရအောင် အနည်းဆုံးနှစ် ၃၀၀ ခန့်ရှိရပေမည်။

ယွမ် ၁၂.၄ သန်းနှင့်လေလံဆွဲခံရသော သစ်မွှေးကုတင်မှာ သက်တမ်းရင့်ရုံသာမက ရှေးဟောင်းပစ္စည်းတန်ဖိုးလည်းရှိ၏။

သို့သော် ဒီလိုပစ္စည်းများက ဝယ်ရဖို့လည်းခက်ခဲသည်။ အတုအယောင်လိမ်လည်မှုများစွာရှိ၍ လူအတော်များများ အလိမ်မိကြသည်။ ထို့ကြောင့် အရာရှိများက ဝယ်ယူသည့်အခါ သတိထားဖို့လိုကြောင်း လူထုကိုသတိပေးသည့်သတင်းများ ထုတ်ပြန်ထား၏။

ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်အား သစ်မွှေးပင်ကိုခုတ်ခိုင်းလိုက်သည်။ ၁၀ ချက်ကျော်ကျော်ခုတ်ပြီးနောက် သစ်ပင်လဲသွား၏။ ဒီတစ်ကြိမ်တွင် သစ်သားပုံနှစ်ပုံပိုပြီး စုစုပေါင်း ၅ ပုံရလိုက်သည်။

သူကဂိမ်းဇာတ်ကောင်အား သစ်သားကို ကျောပိုးအိတ်ထဲ တစ်ခုချင်းထည့်စေလိုက်သည်။

(သာမန်သစ်မွှေးရသည့်အတွက် ဂုဏ်ယူပါတယ်!)

(သာမန်သစ်မွှေးရသည့်အတွက် ဂုဏ်ယူပါတယ်!)

(အရည်အ​သွေး ၁ သစ်မွှေးရသည့်အတွက် ဂုဏ်ယူပါတယ်!)

(အရည်အ​သွေး ၁ သစ်မွှေးရသည့်အတွက် ဂုဏ်ယူပါတယ်!)



(အရည်အ​သွေး ၃ သစ်မွှေးရသည့်အတွက် ဂုဏ်ယူပါတယ်!)

''အရည်အသွေး ၃ သစ်ရှိတယ်???'' ချင်လင်အံ့သြသွားသည်။ သူက သူ့ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲကြည့်လိုက်ရာ ပြည့်လျှံနေသဖြင့် ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံထဲ ပြန်စေလိုက်၏။

ဂိမ်း၏လက္ခဏာအရ ကျောပိုးအိတ်မှာ ပစ္စည်းအရွယ်အစားကိုကန့်​​သတ်မထားသော်လည်း အရေအတွက်ပုံလာပြီး အလေးချိန်အကန့်အသတ်ရှိနေသည်။ အလေးချိန်တိုးလာစေရန် စွမ်းအားပင်အသီးကို စားထားရသည်။

သူကဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံပြန်ပြီး သစ်သားများထုတ်ကာချစေ၏။ အရည်အသွေး ၃ အဝါရောင်သစ်မွှေးကို ဘေးသက်သက်ဖယ်ထားပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။

သူ့ရှေ့တွင်ပေါ်လာသောသစ်သားမှာ ဂိမ်းထဲမှကာတွန်းပုံမဟုတ်တော့။ သစ်သားအစစ်ဖြစ်နေသည်။

ချင်လင်ကချက်ချင်း အရည်အသွေး ၃ သစ်မွှေးကိုကြည့်လိုက်ရာ တွေ့ရသောမှတ်ချက်ကြောင့် သူကြောင်သွားသည်။

(တရုတ်သစ်မွှေး: အရည်အသွေး ၃)

(အထူးသစ်မွှေးပင်မှ ခုတ်လာသောသစ်ဖြစ်သည်။ အခေါင်းပွအမြစ် +၃!)

''???'' တခဏတော့ ချင်လင်ဘာပြောရမှန်းမသိ။

အခေါင်းပွအမြစ် +၃?

အရည်အသွေး ၃ မှာ မကောင်းတဲ့အရည်အသွေးရှိနေတယ်?

ဒါဆွေးမြေ့နေတဲ့သစ်သားစသက်သက်မလား?

သူက ဂိမ်း၏ဆန်းကြယ်သေတ္တာပွင့်သည်ကို ပြန်စဉ်းစားကြည့်သည်။ ထိပ်တန်းအရည်အသွေးမှာ စက္ကန့်နှင့်အမျှ ကြံ့ခိုင်မှုအမှတ်လျော့ကျလာခြင်းဖြစ်၏။ ဒီပစ္စည်းပေါ်လာရင် ကစားသူကြောင့်ပျက်စီးရမည့်ကံပါသည်။

ချင်လင်ကခြေထောက်ကိုမြှောက်ပြီး တက်နင်းလိုက်၏။ ထင်ထားသည့်အတိုင်း အရည်အသွေး ၃ သစ်မွှေးမှာ တန်းကျိုးကြေပျက်စီးပြီး အခေါင်းပွသစ်ဆွေးဖြစ်သွားသည်။

ဒီဦးနှောက်မရှိတဲ့ဂိမ်းစီစဉ်သူက လူကိုလာနောက်နေတာပဲ။

သူကချက်ချင်း တခြားသစ်မွှေးနှင့်ဝက်သစ်ချသားကို ဆက်ကြည့်လိုက်သည်။

(တရုတ်သစ်မွှေး: အရည်အသွေး ၁)

(အထူးသစ်မွှေးပင်မှ ခုတ်လာသောသစ်ဖြစ်သည်။ အနံ့စုပ်ယူခြင်း +၁၊ သစ်မာသား +၁၊ အပွေးသိမြင်နိုင်ခြင်း +၁၊ ပိုးမွှားနိုင်ခြင်း +၁)

ဒါက ပုံမှန်အရည်အသွေးပင်။

အနံအသက်စုပ်ယူခြင်းမှာ သစ်မွှေး၏ပြိုင်ဘက်ကင်းစွမ်းရည်ဖြစ်သည်။ စိမ်းရွှေရွှေသစ်သားနံ့မှာ အချိန်ကြာသည်နှင့်အမျှ မွှေးပျံ့သောရနံ့အဖြစ် တဖြည်းဖြည်းပြောင်းလဲသွား၏။

သစ်မာခြင်းမှာလည်း သစ်မွှေး၏လက္ခဏာတစ်ခုဖြစ်သည်။ အပင်သက်တမ်းရင့်လေလေ အသားပိုကျစ်လေလေပင်။ အပွေးနှင့်သိမြင်နိုင်ခြင်းမှာပြောစရာမလိုတော့။ ပရိဘောဂလုပ်သည့်သစ်အတော်များများတွင် လိုအပ်သောအခြေအနေတစ်ခုများထဲမှတစ်ခုဖြစ်သည်။

ပိုးမွှားနိုင်ခြင်းမှာ ခြင်ဆေးခွေကဲ့သို့အာနိသင်မျိုးဖြစ်၏။ လေသန့်စင်ရန်နှင့် ခြင်ပြေးစေရန်အတွက် သစ်မွှေးကိုကြိတ်ချေပြီး နံ့သာမှုန့်လုပ်ကြသည်။

သက်တမ်းတချို့ရလျှင် ဤသစ်မွှေးပင်၌ တချို့ထူးခြားသောအရည်အသွေးများရှိလာသည်ဟု ကြားဖူးသည်။ ဒီအချက်မှန်မမှန် သူသိချင်မိသည်။

သူရထားသောသစ်မွှေးတွင် ဒီလိုထူးခြားသောအာနိသင်များလုံးဝမပါချေ။



All Chapters