အရည်အသွေး ၂ တရုတ်သစ်မွှေး! တံခါးမှာ ရာထောင်ချီချိတ်ဆွဲထား ဟုတ်ပြီလား? ၂
Vol. 14 Ch. 200
ချင်လင်က ငုတ်တုပ်ထိုင်ပြီး သစ်မွှေးနှစ်တုံးပေါ်မှအပွေးများကိုကြည့်လိုက်သည်။
သစ်မွှေးပင်၏အပွေးမှာ အခြားအပင်များ၏အပွေးနှင့်မတူ။ ပျမ်းမျှ တစ်နှစ်ကို သုံးကွင်းလောက်ထွက်နိုင်သည်။
ဂိမ်းမှထွက်သော အဝါရောင်သစ်မွှေးမှာ ပစ္စည်းအဖြစ်တိုက်ရိုက်ပြောင်းလဲသွားသည်။ ဘယ်လောက်ကြီးတယ်ဆိုတာ ကြည့်ဖို့မဖြစ်နိုင်။ သက်တမ်းအပေါ်မူတည်ပြီး တန်ဖိုးဖြတ်ရုံသာရှိသည်။
''၉၅ နဲ့ ၁၀၅ တဲ့လား?'' ချင်လင်ကြောင်သွားသည်။ အရည်အသွေး ၁ သစ်မွှေးပင်တစ်ပင်တည်းကရတဲ့ အပွေးနှစ်ခုက လုံးဝမတူ။
ဘာပဲဖြစ်ဖြစ် ဒါကဂိမ်းလေ။ ဒီတော့ ရလာတဲ့ပစ္စည်းချင်းမတူဘူးပေါ့။ တစ်နည်းပြောရရင် ဒီနှစ်မျိုးက သက်တမ်းနှစ် ၃၀ ကျော်ပြီ။
သာမန်အခြေအနေအရ နှစ် ၃၀ သက်တမ်းရှိသစ်မွှေးပင်မှ သစ်ဖြူသားကိုဖယ်ပြီးလျှင် တန်ဖိုးယွမ် ၃၀၀၀ မှ ၄၀၀၀ ရှိနိုင်သည်။ ဒီလိုအရည်အသွေးတွေနဲ့ ဒီအဆင့်မှာ တန်ဖိုးအမြင့်ဆုံးရဖို့ ဂိမ်းအတွက်လုံးဝပြဿနာမရှိ။ တစ်ကတ်တီ ယွမ် ၄၀၀၀ သာကျမည်။
ထို့နောက် တခြားသစ်များကိုကြည့်လိုက်သည်။
(သစ်မွှေး: သာမန်)
(ဘာမှမပါသော သစ်မွှေးသက်သက်ဖြစ်သည်။)
“…” ချင်လင်။
မှတ်ချက်က ရှင်းနေရော။
(ဝက်သစ်ချပင်: အရည်အသွေး ၁)
(အထူးဝက်သစ်ချပင်မှခုတ်လာသော သစ်သားဖြစ်သည်: အရောင် +၁၊ အသားမာကျောမှု +၁၊ အပွေးသိနိုင်ခြင်း +၁၊ ရေစိုခံခြင်း +၁!)

......
(ဝက်သစ်ချသား: သာမန်)
(ဘာမှမပါသော ဝက်သစ်ချသက်သက်ဖြစ်သည်။)
ချင်လင်က သစ်များ၏မှတ်ချက်ကို အကြမ်းဖျင်းကြည့်လိုက်သည်။ ထပ်တိုးအရည်အသွေးများက အခြေခံအားဖြင့် သစ်နှင့်ဆက်စပ်နေ၏။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် ဒီအရည်အသွေးများက ဆေးဖက်ဝင်ဝိုင်၏ထပ်တိုးအရည်အသွေးများနှင့်မယှဉ်နိုင်သော်လည်း ဤပစ္စည်းများ၏တန်ဖိုးက အလွန်မြင့်သည်။
အရည်အသွေး ၁ သစ်မွှေးကို တစ်ကတ်တီယွမ် ၄၀၀၀ နှင့်ရောင်းနိုင်သည်။ အရည်အသွေး ၂ ဖရဲသီးဘယ်လောက်များများနဲ့ ညီမျှလိုက်မလဲ?
ချင်လင်က ဂိမ်းထဲမှထွက်လာပြီး ဂိမ်းဇာတ်ကောင်ကို အရည်အသွေး ၁ သစ်မွှေးနှစ်ပုံယူကာ လုပ်ငန်းစဉ်ဝန်ဆောင်မှုဆီသွားလိုက်သည်။
သူဒီကိုရောက်နေတာ သစ်သားသုံးပြီး ဆိုင်းဘုတ်လုပ်ဖို့ စမ်းသပ်ရမယ်ဆိုတာ သူမမေ့။
နောက်ပြီး ဝက်သစ်ချပင်က သစ်မွှေးနှင့်စာလျှင် တန်ဖိုးအများကြီးနည်းသည်။
သစ်ဖြတ်စက်နှင့် ဆိုင်းဘုတ်လုပ်နိုင်လျှင် စံအိမ်ဆိုင်းဘုတ်ကို သေချာပေါက်သစ်မွှေးနှင့်လုပ်မည်။ ဝက်သစ်ချပင်နှင့်မဟုတ်။
ဂိမ်းဇာတ်ကောင်ကို လုပ်ငန်းစဉ်အဆောက်အဦးထဲမှ သစ်ဖြတ်စက်ဆီပြန်လာစေပြီး ချင်လင်က ရွေးချယ်စရာများတွင် သူ့ကိုယ်ပိုင်ပုံစံငယ်ကိုသုံးရန်ရွေးလိုက်သည်။ ထို့နောက် ကျပန်းပုံစံငယ်တစ်ခုကိုရွေးပြီး အရည်အသွေး ၁ သစ်မွှေးနှင့်လုပ်လိုက်၏။
ခဏအကြာ အသိပေးစာပေါ်လာသည်:
(အောင်အောင်မြင်မြင်ဆိုင်းဘုတ်ဖန်တီးနိုင်သည့်အတွက် ဂုဏ်ယူပါတယ်!)
ထိုမြင်ကွင်းကြောင့် ချင်လင်မျက်နှာဝင်းထိန်သွားသည်။
ဒါလုပ်နိုင်တယ်ဆိုတဲ့သဘောပဲ။
ဆိုင်းဘုတ်ဒီဇိုင်းက အင်တာနက်ပေါ်မှ ကျပန်းဆွဲလာခြင်းဖြစ်၍ ထိုပေါ်တွင် 'ရှုယီဟိုတယ်'ဆိုသောစာလုံးများဖြစ်နေသည်။
ချင်လင်က ကျန်နေသော အရည်အသွေး ၁ သစ်မွှေးကိုနှိပ်လိုက်သည်။ ဒီတစ်ကြိမ်တွင် သူက ကမ္ဗည်းထိုးပုံစံကို အထူးရွေးချယ်လိုက်၏။ ထိုပေါ်ရှိစာလုံးများမှာ 'ဇွဲလုံ့လရှိသူကို ကောင်းကင်ဘုံကကောင်းချီးပေးသည်' ဟူ၍။
ထိုဆိုင်းဘုတ်မှာ ရုံးခန်းအတွက်ပုံစံမျိုးဖြစ်ပုံရသည်။
သူကပုံသွင်းမည်ကို ရွေးလိုက်သည်။ ခဏအကြာ နောက်ထပ်အသိပေးစာရလိုက်သည်:
(အောင်အောင်မြင်မြင်ကမ္ဗည်းတစ်ခုဖန်တီးနိုင်သည့်အတွက် ဂုဏ်ယူပါတယ်!)
ချင်လင်က ဂိမ်းဇာတ်ကောင်အား ဆိုင်းဘုတ်နှင့်ကမ္ဗည်းကိုယူပြီး စိုက်ပျိုးမွေးမြူရေးခြံပြန်လာစေကာ ထုတ်ထားစေလိုက်သည်။ ထို့နောက် အတွေးနှင့် ဂိမ်းထဲဝင်ပြီး ဆိုင်းဘုတ်နှင့်ကမ္ဗည်းကိုကြည့်လိုက်သည်။

ကာတွန်းပုံမဟုတ်တော့ဘဲ အစစ်အမှန်အနုစိတ်ပစ္စည်းနှစ်ခုဖြစ်နေပြီ။ လက်ရာက သေသပ်ပြီးလှပ၏။
(ရှုယီဟိုတယ်ဆိုင်းဘုတ် - သစ်မွှေး: အရည်အသွေး ၁)
(သစ်မွှေးနှင့်လုပ်ထားသောဆိုင်းဘုတ်ဖြစ်သည်: အနံ့စုပ်ယူခြင်း +၁၊ သစ်မာခြင်း +၁၊ အပွေးသိနိုင်ခြင်း +၁၊ အင်းဆက်ပိုးမွှားနိုင်ခြင်း +၁၊ အာရုံဆွဲဆောင်ခြင်း +၁!)
ဤဆိုင်းဘုတ်တွင် အရည်အသွေး ၁ သစ်မွှေး၏အာနိသင်များ သိသိသာသာပါနေသည်။ ထို့အပြင် 'အာရုံကိုဆွဲဆောင်ခြင်း'အာရုံကိုဆွဲဆောင်ခြင်း' +၁ ပါထပ်တိုးလာ၏။
ဤအချက်က အာရုံကိုဆွဲဆောင်နိုင်သောအချက်တစ်ချက်ပင်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် 'အာရုံကိုဆွဲဆောင်နိုင်ခြင်း +၁' နှင့် သစ်မွှေး၏ပင်ကိုယ်တန်ဖိုးနှင့်တင် ဆိုင်းဘုတ်မှာအတော်ကောင်းနေပြီဟု ချင်လင်ခံစားရသည်။
ဤဆိုင်းဘုတ်မှာ ၁၅ ကတ်တီနီးနီး အချိန်စီးသည်။ ဒီအဆင့်အရ တစ်ကတ်တီယွမ် ၄၀၀၀ နှုန်းနှင့် ပစ္စည်းချည်းသက်သက်တန်ဖိုးပင် ယွမ် ၆၀၀၀၀ ကျမည်။ အခြားတန်ဖိုးများနှင့်လက်ခပါလျှင် အနည်းဆုံးယွမ် ၇၀၀၀၀ မှ ၈၀၀၀၀ ကျလိမ့်မည်။
ထို့ကြောင့် လက်ရှိစံအိမ်တွင်အသုံးပြုနေသောဆိုင်းဘုတ်ထက် အများကြီးပိုကောင်းသွားမည်။
သူကတွက်ချက်ပြီးနောက် ရုတ်တရက်နောင်တရသွား၏။ ရှုယီဟိုတယ်ဆိုင်းဘုတ်လုပ်လိုက်တာ နှမြောစရာ။
('ဇွဲလုံ့လရှိသူကို ကောင်းကင်ဘုံကကောင်းချီးပေးသည်' သစ်မွှေးကမ္ဗည်း: အရည်အသွေး ၁)
(သစ်မွှေးနှင့်လုပ်ထားသောကမ္ဗည်းဖြစ်သည်: အနံ့စုပ်ခြင်း +၁၊ သစ်မာခြင်း +၁၊ အပွေးသိနိုင်ခြင်း +၁၊ အင်းဆက်ပိုးမွှားနိုင်ခြင်း +၁၊ အထက်တန်းစားအငွေ့အသက်ရှိခြင်း +၁!)
ဤကမ္ဗည်းကလည်း သစ်မွှေး၏အရည်အသွေးများကို ဆက်ခံထားကြောင်းထင်ရှားသည်။ ထို့အပြင် အထက်တန်းစားအငွေ့အသက်ရှိခြင်းဟူသော ထပ်တိုးအရည်အသွေးလည်းရှိသည်။
ရုံးခန်းထဲမှာ ကမ္ဗည်းထားတာ အထက်တန်းကျကျဖြစ်အောင် မဟုတ်လား?
ဤကမ္ဗည်း၏အလေးချိန်ကလည်း ဆိုင်းဘုတ်နှင့်အတူတူပင်။ ယွမ် ၇၀၀၀၀ ကနေ ၈၀၀၀၀ ကျတဲ့ပစ္စည်းက အထင်ကြီးစရာမကောင်းဘဲနေမလား?
ကံကောင်းစွာနဲ့ အလုပ်ဖြစ်ခဲ့ပြီ။
သစ်ဖြတ်စက်က ဆိုင်းဘုတ်ထုတ်နိုင်သည်ကို အတည်ပြုပြီးနောက် ချင်လင်စိတ်သက်သာရာရသွား၏။ အခုနိုထရီဒိန်းတောင်သွားပြီး သစ်ခုတ်ရုံသာရှိတော့သည်။
အရည်အသွေးမြင့်သစ်မွှေးရအောင်လုပ်ပြီး စံအိမ်ဆိုင်းဘုတ်အဖြစ်သုံးမည်။
နောက်ပြီး နောင်တွင် အရည်အသွေးမြင့်သစ်မွှေးရခဲ့လျှင် ပရိဘောဂတချို့လုပ်ဖို့တောင် သုံးနိုင်သေးသည်။ ဂိမ်းထဲမှာ အချိန်တစ်ခုအထိထားလိုက်ပါက ရှေးဟောင်းပစ္စည်းဖြစ်လာလိမ့်မည်။
အချိန်တန်ရင် သစ်မွှေးကုတင်၊ စားပွဲ၊ ထိုင်ခုံနှင့် လက်ဖက်ရည်စားပွဲတွေ ရှိလာမည်။
ပြီးရင်…
ချင်လင်က ဂိမ်းထဲမှထွက်လာပြီး ဂိမ်းဇာတ်ကောင်ကို နိုထရီဒိန်းတောင်သွားကာ သစ်ထပ်ခုတ်စေလိုက်သည်။ ကျန်တစ်နေ့ခင်းလုံး နိုထရီဒိန်းတောင်မှာသာ အချိန်ဖြုန်းလိုက်မည်။
နိုထရီဒိန်းတောင်ပေါ်တွင် သစ်ပင်အသစ်များစွာပေါ်နေသည်။ အဲမ်ပင်၊ မေပယ်ပင်၊ ထင်းရှူး စသည်ဖြင့်။ သို့သော်လည်း သစ်မွှေးပင်ကိုမူ နိုထရီဒိန်းတောင်ပေါ်မှ သစ်ပင်များကုန်သွားသည့်တိုင် တစ်ပင်မှမတွေ့ရချေ။
ကြည့်ရတာ နောက်ထပ်ခုတ်နိုင်ဖို့ အသစ်ပြန်ပေါ်လာချိန်ကိုစောင့်ရဦးမည်ထင်သည်။
နောက်တစ်နေ့နေ့လယ်ပိုင်းတွင် သစ်ပင်များပြန်ထွက်နေသည်ကို ချင်လင်တွေ့ရသည်။ နောက်ပြီး ပထမဆုံးတွေ့တဲ့အပင်က သစ်မွှေးဖြစ်နေသည်။ ထိုသစ်မွှေးပင်ကိုခုတ်ပြီးနောက် သစ်မွှေးငါးပုံရလာ၏။ ထို့အပြင် သိမ်းယူရသည်မှာလည်း ဝမ်းသာစရာပင်။