← Chapters

အရည်အသွေး ၂ တရုတ်သစ်မွှေး! တံခါးမှာ ရာထောင်ချီချိတ်ဆွဲထား ဟုတ်ပြီလား? ၃

Vol. 14 Ch. 201

အရည်အသွေး ၂ တရုတ်သစ်မွှေး! တံခါးမှာ ရာထောင်ချီချိတ်ဆွဲထား ဟုတ်ပြီလား? ၃

Vol. 14 Ch. 201

(သာမန်သစ်မွှေးရသည့်အတွက် ဂုဏ်ယူပါတယ်!)

(သာမန်သစ်မွှေးရသည့်အတွက် ဂုဏ်ယူပါတယ်!)

(အရည်အ​သွေး ၁ သစ်မွှေးရသည့်အတွက် ဂုဏ်ယူပါတယ်!)

(အရည်အ​သွေး ၂ သစ်မွှေးရသည့်အတွက် ဂုဏ်ယူပါတယ်!)

(အရည်အ​သွေး ၂ သစ်မွှေးရသည့်အတွက် ဂုဏ်ယူပါတယ်!)

တချို့ဂိမ်းစကားအရဆိုရင် အချီကြီးမိတာပဲ ဟုတ်တယ်မလား?

ချင်လင်ကချက်ချင်း စိတ်တက်ကြွသွားပြီး ဂိမ်းဇာတ်ကောင်ကို သစ်ပင်ဆက်ရှာခိုင်းလိုက်သည်။

ဒီနေ့ရှာတွေ့တဲ့သစ်ပင်တွေက မျိုးစိတ်အသစ်မျိုးစုံဖြစ်နေသည်: မိုးမခပင်၊ ရာဘာပင်၊ ထင်းရှူးပင် စသည်ဖြင့်။

ထို့အပြင် ထင်းရှူးမှာ ဇွဲကောင်းကောင်းနှင့်ဆက်ပေါ်နေသေးသည်။ ထိုသို့ဆက်တိုက်ပေါ်နေခြင်းကြောင့် ချင်လင်က သစ်ပင်ကိုလှဲချပြီးနောက် ပစ္စည်းများကို အင်တင်တင်နှင့်ကောက်ယူလိုက်၏။ ပြန်ယူသွားပြီး ဂိမ်းထဲမှာရောင်းပစ်မည်!

သို့သော်လည်း သစ်မွှေးကမူ ထပ်မပေါ်တော့ချေ။



ဤအချက်က ခုတ်နိုင်သောသစ်ပင်များမှာလည်း ကြုံသလိုသာပေါ်နေခြင်းဖြစ်ကြောင်းသိရသည်။ ပြန်ပေါ်လာသောသစ်ပင်များကလည်း မတူပေ။

နိုထရီဒိန်းတောင်ပေါ်တွင် ဆက်ခုတ်ရန်သစ်ပင်မရှိတော့မှ ချင်လင်က ရုံးခန်းတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်ရာ သစ်မွှေးအရည်အသွေးနှင့်ပတ်သက်သည့် အချက်အလက်များကိုကြည့်လိုက်သည်။

(တရုတ်သစ်မွှေး: အရည်အသွေး ၂)

......

(သစ်မွှေးပင်မှခုတ်လာသော အထူးသစ်မျိုးဖြစ်သည်: အနံ့စုပ်ယူခြင်း +၂၊ သစ်မာခြင်း +၂၊ အပွေးသိနိုင်ခြင်း +၂၊ အင်းဆက်ပိုးမွှားနိုင်ခြင်း +၂)

ထို့နောက် အပွေးများကိုကြည့်လိုက်သည်။

''၃၂၁ ကွင်း?''

ဒီတစ်ကြိမ်တွင် ချင်လင်လုံးဝအံ့အားသင့်သွားသည်။

ဒီအရည်အသွေး ၂ သစ်မွှေးက နှစ် ၁၀၀ တန်းကျော်သွားတာလား? ဒီလိုသက်တမ်းမျိုးက စျေးကွက်ထဲမှာလည်း အရမ်းရှားသွားပြီ။

ပြီးတော့ နှစ် ၁၀၀ သက်တမ်းရှိတဲ့သစ်မွှေးတန်ဖိုးက ဘယ်လောက်ဖြစ်မလဲ?

ချင်လင်ကြည့်ဖူးတဲ့သတင်းထဲမှာတော့ ဒါမျိုးမပြောဖူး။ သူလည်းမသေချာ၍ ဂိမ်းထဲမှတဖန်ပြန်ထွက်ပြီး အွန်လိုင်းပေါ်တွင် ချက်ချင်းရှာကြည့်လိုက်သည်။

သို့သော် သူတို့တွေ့ရှိထားသောအချက်အလက်မှာ ပြောင်းလဲသွားသည်။ တချို့က နှစ် ၁၀၀ သက်တမ်းသစ်မွှေးကို တစ်ကတ်တီယွမ် ၁၀၀၀၀၊ တချို့က တစ်ကတ်တီယွမ် ၁၅၀၀၀၊ တချို့ကမူ တစ်ကတ်တီယွမ် ၂၀၀၀၀ ဟုဆိုကြသည်။

ထိုတန်ဖိုးမှာ လုံးပတ်၊ မာကျစ်မှုနှင့် သစ်ဖြူသားဖယ်ရှားပြီးမပြီးပေါ်မူတည်ပြီး ဆိုကြခြင်းဖြစ်၏။

သူ့ဂိမ်းက အရည်အသွေးရှိ၍ တန်ဖိုးအကြီးဆုံးယွမ် ၂၀၀၀၀ နှင့်ရောင်းလည်း ပြဿနာမရှိနိုင်ဘူးမဟုတ်လား?

ချင်လင်က ထိုအကြောင်းတွေးတောနေစဉ် Wechat မှစာတစ်စောင်ရလိုက်သည်။ ချန်ရှန်းဖေဆီမှဖြစ်ပြီး ဆိုင်းဘုတ်ပြားအတွက်ပုံစံငယ်ဖြစ်၏။

''သူဌေးချင်... ပြီးသွားပြီ'' ချန်ရှန်းဖေက စာလည်းပို့ထားသည်။

မထင်မှတ်ဘဲ လူကြီးမင်းချန်က မနေ့ကအားလုံးတာဝန်ယူလုပ်ထားသည်။

ပထမဒီဇိုင်းတွင် 'ချင်းလင်စံအိမ်'ဟူသော စာလုံးများရေးထားသည်။ ထိုစာကို ဆရာချန်ဖုန်းဝူမှရေးထားခြင်းဖြစ်၏။



'ချင်းလင်စံအိမ်'ဟူသောစာလုံးကိုမြင်သောအခါ ချင်လင်၏မျက်လုံးများဝင်းလက်သွားသည်။ လက်ရေးအလှအ​ကြောင်း သူနားမလည်ဘူးဆိုရင်တောင် လုံးဝသေသေချာချာရေးထားသည်ကို ခံစားရသည်။

စုတ်ချက်များက လုံးဝန်းပြီး အားမာန်အပြည့်ရှိသဖြင့် လက်ရေးလှစုတ်ချက်အကြောင်း ချီးမွှမ်းထားသည့်ကဗျာတစ်ပုဒ်ကို သတိရမိသည်_ ''နွေဦးနှင်းပေါက် တိမ်ရောင်တောက်!''

ဒါလုံးဝဆရာကျတဲ့ဆွဲချက်။ သူလိုလူနဲ့ ရေးတတ်တဲ့ဆရာအကြား ကွာခြားချက်ကကြီးမားသည်။

ဆိုင်းဘုတ်ပြားအပြင် 'ချင်းလင်ဝိုင်လုပ်ငန်း'ဆိုင်းဘုတ်လည်းပါသည်။

စာလုံးများကပြီးပြည့်စုံပြီး အဆင့်အတန်းမြင့်သောတန်ဖိုးရှိ၏။

ချင်လင်ကတုံ့ဆိုင်းမနေဘဲ ပုံစံငယ်ကိုဆွဲလိုက်ပြီး မိတ္တူထုတ်ကာ ဂိမ်းထဲယူသွားလိုက်သည်။

ထို့နောက် ချက်ချင်းဂိမ်းထဲမှထွက်ပြီး ဂိမ်းဇာတ်ကောင်ကို ပုံစံငယ်နှင့် အရည်အသွေး ၂ သစ်မွှေးယူကာ စက်ပစ္စည်းစမ်းသပ်ခန်းမထဲ ယူသွားစေလိုက်သည်။

မကြာမီ ချင်းလင်စံအိမ်ဆိုင်းဘုတ်နှစ်ခုနှင့် ချင်းလင်ဝိုင်လုပ်ငန်းအတွက်ပါ ပြီးသွား၏။ ထိုတစ်ခုကို အရည်အသွေး ၁ သစ်မွှေးသားနှင့်လုပ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ဝိုင်လုပ်ငန်းမှာ တွေ့မြင်မည့်သူများများစားစားမရှိ၍ အရည်အသွေးမြင့်စရာလည်းမလိုပေ။

ချင်လင်ဂိမ်းထဲထပ်ဝင်လိုက်သောအခါ ဘရန်းပစ္စည်းသုံးခုကိုတွေ့လိုက်ရပြီး အလွန်စိတ်ကျေနပ်သွားသည်။

အထူးသဖြင့် ချင်းလင်စံအိမ်ဟူသော စာလုံးများမြင်သောအခါ တခြားအချက်အလက်များမကြည့်ဘဲနှင့် ပြောမပြတတ်သောဆွဲဆောင်မှု၊ အငွေ့အသက်တို့ကို သူခံစားမိသည်။

စာလုံးများမှာ စက်နှင့်ထုတ်ထားသည့်ပုံ လုံးဝမပေါ်။ လက်တွေ့တွင် ဆရာချန်ဖုန်းဝူလက်ရေးပုံစံထက်ပင် ပိုအသက်ဝင်နေသည်။

မယုံနိုင်စရာ။

ပုံမှန်ဆိုလျှင် ဆရာရေးထားတာ ဘယ်လောက်ကောင်းကောင်း ပုံစံပြားထုတ်လိုက်လျှင် နည်းနည်းကြမ်းတမ်းသည့်ပုံပေါက်သွားတတ်သည်။

သူ့ဆိုင်းဘုတ်မှာ မူလကဆရာရေးထားသည်ထက် ပိုပြီးတောင်အသက်ဝင်သွားသေး၏။ ဆရာချန်ဖုန်းဝူတောင် ဒါကိုမြင်ရင် အံ့သြသွားမှာ ဟုတ်တယ်မလား?

ချင်လင်ကရှေ့တိုးပြီး ဆိုင်းဘုတ်တစ်ခုကိုကောက်ကိုင်လိုက်သည်။ နှစ် ၁၀၀ သက်တမ်းရှိသောသစ်မွှေးက ကျစ်လစ်သိပ်သည်း၏။ ဤဆိုင်းဘုတ်မှာ ကတ်တီ ၂၀ ခန့်ရှိသည်။

ထို့နောက် သူ့ဘာသာတွက်ချက်ကြည့်ပြီး လန့်ဖျပ်သွား၏။ ဒီဆိုင်းဘုတ်ရဲ့တန်ဖိုးက ယွမ် ၄၀၀၀၀၀ ကနေ ၅၀၀၀၀၀ တန်ဖိုးရှိတယ်မလား?

ဒါကို စံအိမ်အပြင်မှာချိတ်ဆွဲထားရင် အခိုးမခံရလောက်ပါဘူးနော်?

အချိန်တန်ရင် ကင်မရာတပ်ပြီး ဆိုင်းဘုတ်ကိုစောင့်ကြည့်ဖို့ အစောင့်ထားရမည့်ပုံ။ နောက်ပြီး ဒီတန်ဖိုးကိုသိသွားရင် ရင်မောစရာဖြစ်ဦးမည်။

ဘယ်ရှုခင်းသာနေရာရဲ့ဆိုင်းဘုတ်က သိန်းချီတန်မလဲ?

ဆရာရဲ့ကမ္ဗည်းစာနဲ့ဆို သစ်မွှေးဆိုင်းဘုတ်အကြောင်း ဇာတ်လမ်းတွေအများကြီးထွက်လာနိုင်သည်။

အဲဒီအချိန်ကျရင် နာမည်ကျော်ရှုခင်းသာနေရာတောင် ဖြစ်ကောင်းဖြစ်သွားနိုင်၏။ ချင်းလင်စံအိမ်ကိုခရီးသည်တွေရောက်ရင် ခဏရပ်၊ အပေါ်ကြည့်ပြီး ဓာတ်ပုံတွေဘာတွေရိုက်ကုန်လိမ့်မည်။



All Chapters