← Chapters

ကျွမ်းကျင်သူတွေက တကယ်ထူးတယ်! စိတ်ဝင်စားဖွယ်လီခိုင်! ၃

Vol. 14 Ch. 204

ကျွမ်းကျင်သူတွေက တကယ်ထူးတယ်! စိတ်ဝင်စားဖွယ်လီခိုင်! ၃

Vol. 14 Ch. 204

''ပြောချင်တာ ဒီလိုကောင်မျိုးက စာအုပ်ထဲမှာ စာဖတ်သူကိုသတိပေးထားသေးတယ်... ဒီဖရဲမျိုးစေ့တုံးပြီး ငါ့သုတေသနကိုထိခိုက်ရင် ကလေးတွေကိုလမ်းလွှဲအောင်လုပ်တဲ့အကြောင်း သူ့ကိုဝေဖန်စာရေးပြီး သေချာပေါက်ရုံးတင်ပစ်မယ်''

“…” ချင်လင်။

ထိုအချိန်တွင် လီခိုင်က သူဆွဲနုတ်ထားသောနွယ်ပင်ကို ချင်လက်လက်ထဲပေးလိုက်ပြီး_ ''တွေ့လား? အမြစ်တွေက ယှက်နေပြီ... စပ်မျိုးနဲ့ သာမန်မျိုးက ထိုးဖောက်ဝင်ရောက်ပြီးဆက်နွယ်တတ်တယ်... ဒီအဆင့်က အမြစ်တွေယှက်တဲ့အဆင့်မှာဖြစ်တာ''



ချင်လင်မှာ လီခိုင်ပြောသော ဆက်နွယ်ခြင်းအကျိုးကိုနားမလည်နိုင်၍ စိတ်ရှုပ်ထွေးနေသည်။

ထိုအခါ ချင်လင်နားမလည်နိုင်မှန်း လီခိုင်ကသဘောပေါက်၍ တုံးတိတိပြောချလိုက်၏_ ''မင်းစိုက်တာ အရမ်းနီးလို့ကွာ... ဒီအကွာအဝေးက သာမန်မျိုးစိတ်ကြားဆို အဆင်ပြေတယ်... ဒါပေမဲ့ မင်းမျိုးစိတ်က ဒီထက်ပိုဝေးဖို့လိုတယ်... အဲဒါကြောင့် မျိုးစိတ်နှစ်ခုကြားကနွယ်တွေ ငါဆွဲနုတ်ပစ်တာ... ဒါဆိုရင် ဒီကြားမှာ အကွာအဝေးလုံလုံလောက်လောက်ရှိသွားပြီ... နောက်နှစ်ရက်ဆိုဘယ်လိုဖြစ်မလဲကြည့်ရတာပေါ့''

ကျွမ်းကျင်သူဆိုတာ တမူထူးခြားကြောင်း ချင်လင်ဝန်ခံရပေမည်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာရှိကြောင်းသူသိသော်လည်း စူးစမ်းချင်စိတ်နှင့်မေးလိုက်သေးသည်_ ''လူကြီးမင်းလီ... ဒီလိုအကွာအဝေးတိုးလိုက်တော့ ဝတ်မှုန်ကူးဖို့အကွာအဝေးကိုကျော်သွားပြီ... ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ?''

လီခိုင်က မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်_ ''ဂျူနီယာအထက်တန်းကျောင်းကို မင်းမတက်ဖူးဘူးလား? ဒီအခြေခံဇီဝဗေဒစည်းမျဉ်းကို မင်းနားမလည်ဘူးလား?''

''အာ!'' တက်ဖူးတာပေါ့။ ချင်လင်မှာ ဂျူနီယာအထက်တန်းကျောင်းတက်ဖူးသော်လည်း မေးခွန်းကြောင့်ကြောင်သွားသည်။

သူဂျူနီယာအထက်တန်းကျောင်းမှာသင်ခဲ့တာကို ဘယ်လိုလုပ်ပြီး မှတ်မိမှာလဲ? အထက်တန်းကျောင်းနဲ့ပတ်သက်ပြီး အကုန်မေ့ကုန်ပြီ။ အခုလူ့အသိုင်းအဝိုင်းထဲမှာကျင်လည်တာ တစ်နှစ်ကျော်ကြာပြီဆိုတော့ ကောလိပ်ကအကြောင်းတွေတောင်မေ့လာပြီလေ ဟုတ်တယ်မလား?

လီခိုင်က ခေါင်းခါလိုက်ပြီး_ ''ပျားလို အင်းဆက်ပိုးမွှားတွေဖမ်းလာခဲ့... မင်းတကယ်မလုပ်နိုင်ဘူးဆိုရင် ငါလက်နဲ့တစ်ခုချင်းဝတ်မှုန်ကူးပေးမယ်... ဘယ်လောက်ရှင်းလဲ?''

''...'' လီရှင်းဘာလို့ ဒီလောက်စိတ်ပျက်လက်ပျက်ပုံပေါက်နေလဲ ချင်လင်နားလည်သွားပြီ။ သောက်လေတအားတိုက်တာပဲ။ သူ့လိုကျွမ်းကျင်သူအတွက် ဒီလောက်ရိုးရှင်းတဲ့ကိစ္စက သူအရင်ကတစ်ခါမှအဆက်အစပ်မရှိဖူးတဲ့ကိစ္စလေ။

လီခိုင်က စကားပြောရင်း အချိန်ဖြုန်းမနေတော့။ သူကအမိုးနားတဝိုက် ထပ်လှုပ်ရှားပြီး ဖရဲနွယ်အတော်များများကိုဆွဲနှုတ်ကာ အပြင်ထုတ်ပစ်လိုက်သည်။

ချက်ချင်းဆိုသလို အရင်ချင်လင်စိုက်ထားသော ဖရဲမျိုးစိတ်နှစ်ခုမှာ နည်းနည်းချဲသွား၏။

......



''ရပြီ... အခုတော့ဒီလောက်ပဲ'' လီခိုင်က သူ့လက်ထဲမှဖုန်ခါလိုက်ပြီး_ ''အပင်ကြီးထွားမှုကိုကြည့်ရမယ်... ဘာပြဿနာမှမရှိရင် ဖရဲနှစ်မျိုးလုံးက ပန်းပွင့်ပြီးဝတ်မှုန်ကူးလိမ့်မယ်... အချိန်ကတော့ လုံးဝအကိုက်ပဲ''

ချင်လင်ကပြုံးပြီး_ ''အချိန်တွက်ချက်ကြည့်ဖို့ ဒါကိုသေချာစောင့်ကြည့်ခဲ့ရတာ... ဒီဖရဲမျိုးက သာမန်ဖရဲမျိုးထက် နှစ်ဆလောက်အပင်ဖြစ်မြန်တယ်''

''နှစ်ဆ...'' ထိုစကားကြားလျှင် လီခိုင်မှာ ပါးစပ်အဟောင်းသားနှင့်အံ့သြသွားသည်။ ဖရဲသီးမျိုးစပ်လိုက်သောအခါ ကြီးထွားမှုနှုန်းကွာခြားသွားမည်ဟု သူခန့်မှန်းမိသော်လည်း နှစ်ဆမြန်မည်တော့ လုံးဝမထင်မိ။

ဖရဲပင်ကြီးထွားချိန်စက်ဝန်းကိုလျှော့ချနိုင်ရန် စမ်းသပ်နေသောလူကြီးတချို့ရှိမှန်း သူသိထားသည်။ ထိုလူများမှာ ဖရဲသီးကြီးထွားချိန်စက်ဝန်းကိုအနည်းငယ်လျှော့ချနိုင်ရန်အတွက် အချိန်အကြာကြီးယူခဲ့ရ၏။

ဒါပေမဲ့ အခုတော့ သူအမှတ်တမဲ့ရခဲ့တဲ့ ဒီဖရဲမျိုးစိတ်က နှစ်ဆအကြီးမြန်တယ်ဆိုပါလား။ ဟိုလူကြီးတွေသာသိရင် သွေးအန်လောက်သည်။

ဒါ ကံပဲ!

လီခိုင်က ထိုအကြောင်းတွေးကြည့်ပြီး ရုတ်တရက်ချင်လင်အား အားတုံ့အားနာပုံနှင့်_ ''သူဌေးချင်... ခင်ဗျားကိုတစ်ခုလောက် တောင်းဆိုလို့ရမလား?''

''လူကြီးမင်းလီ ပြောပါ... ကျွန်တော်ကူညီနိုင်ရင် သေချာပေါက်ကူညီမှာပါ'' ချင်လင်က အပြုံးနှင့်ဆိုလိုက်သည်။

လီခိုင်က နည်းနည်းဝေခွဲမရဖြစ်နေဆဲ။ နောက်ဆုံးသူက အားနာနာနှင့်ပြောချလိုက်၏_ ''အမ်... ခင်ဗျားဆီမှာနေလို့ရမလား? ဘယ်အချိန်ပြန်ဖြစ်မယ်မသိတာမျိုးပေါ့? လီရှင်းပေးလိမ့်မယ်''

.

''ဘယ်လို? ဘာလို့ ကျွန်တော်ကပေးရမှာလဲ?'' လီရှင်းကြောင်သွားသည်_ ''မဟုတ်သေးဘူး... ခင်ဗျားပဲ ပြဿနာမြန်မြန်ဖြေရှင်းပြီး မင်မြို့တော်ကိုပြန်မယ်ဆို?''

''လီရှင်း... မဟုတ်တာတွေမပြောနဲ့... ငါဒီလိုပြောတယ်လို့ မင်းရဲ့ဘယ်နားနဲ့ကြားလိုက်တာလဲ?'' လီခိုင်ကချက်ချင်း တရစပ်ငြင်းလိုက်သည်။

''...'' လီရှင်းမှာ စကားရှာမရဖြစ်သွား၏။ အသက်ကဖြင့်ကြီးနေပြီ၊ ကလေးမဆန်လွန်းဘူးလား?

လီခိုင်က လီရှင်းကိုလျစ်လျူရှုပြီး ချင်လင်အား အလေးအနက်ပြောလိုက်သည်_ ''သူဌေးချင်... ခင်ဗျားရဲ့ဖရဲသီးက ကျုပ်အခုလုပ်နေတဲ့သုတေသနကိစ္စတွေကို အထောက်အကူဖြစ်မှာ... အဲဒါကြောင့် ခင်ဗျားရဲ့ဖရဲသီးကိုလေ့လာချင်တာ... မပူပါနဲ့... ကျုပ်ဒီဖရဲသီးကိုသုတေသနလုပ်ပြီး စာတမ်းထုတ်တာ စာသင်တာ စာအုပ်ထုတ်တာပဲလုပ်မှာ... သီးနှံမူပိုင်ခွင့်က ခင်ဗျားလက်ထဲမှာပါပဲ''

ထိုစကားများက ချင်လင်ကိုမှင်တက်သွားစေသည်။ လီခိုင်ရဲ့သဘောက တုတ်ထိုးအိုးပေါက်။ တစ်ဖက်သူနာမည်ကျော်ကြားလာသည်နှင့်အမျှ အားလုံးသူသိမ်းကြုံးရလိမ့်မည်ပေါ့။



All Chapters