← Chapters

အသုံးဝင်တဲ့ကိရိယာ! ရှန်းရွှေလက်ဆောင်ဆန်ဝိုင်စိမ်ရင် ဘယ်လိုဖြစ်မလဲ? ၁

Vol. 14 Ch. 205

အသုံးဝင်တဲ့ကိရိယာ! ရှန်းရွှေလက်ဆောင်ဆန်ဝိုင်စိမ်ရင် ဘယ်လိုဖြစ်မလဲ? ၁

Vol. 14 Ch. 205

လီရှင်းက သူ့ဦးလေးစကားကြားလျှင် သတိလက်လွတ် ချင်လင်ကိုကြည့်လိုက်မိသည်။

သူတို့လိုမိသားစုတွေအတွက် ပိုက်ဆံကသိပ်မဟုတ်။ အနှောင့်အယှက်ဖြစ်နေသည်။

သို့သော် ဂုဏ်သတင်းရှိခြင်းက တစ်မျိုး။

ကောင်းသောဂုဏ်သတင်းနှင့်ကျော်ကြားမှုက သူတို့မိသားစုအတွက် လုံးဝကြီးမားသောအထောက်အပံ့ဖြစ်၏။ အနည်းဆုံး သူတို့မိသားစုကဖြောင့်မတ်သည်ဟု လူတွေခံစားရမည်။

သူ့မိသားစုက သူ့ဦးလေးသုတေသနအကြောင်းသိကြပြီး ထိုသုတေသနက ရလဒ်တချို့ထွက်ကြောင်းသိထားကြရာ သေချာပေါက်သူတို့မိသားစုနာမည်ကျော်မည့်ကိစ္စပင်။

လီရှင်းလည်း ချင်လင်အား_ ''သူဌေးချင်... မပူပါနဲ့... ကျွန်တော့်ဦးလေးက ခင်ဗျားနဲ့လက်မှတ်ထိုးထားနိုင်တယ်... သုတေသနကို ခင်ဗျားထောက်ပံ့ပေးလို့ရတယ်... စာချုပ်မှာ သုတေသနအတွက်မူပိုင်ခွင့်က ခင်ဗျားအပိုင်ဖြစ်ကြောင်းပါမယ်''

''ပြီးတော့ ကျွန်တော်တို့အခြေအနေနဲ့ ဒီနာမည်ကလွဲပြီး ဘာမှထိလို့မရဘူး... မဟုတ်ရင် ကျွန်တော်တို့ ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်နေမှာပေါ့''

ချင်လင်က လီရှင်း၏ကိုယ်ကျင့်တရားကိုယုံကြည်ထားသည်။ နောက်ပြီး စံအိမ်ရဲ့ကျော်ကြားမှုနှင့်ပရိသတ်အရေအတွက်အရ လီခိုင်က သုတေသနနဲ့ပတ်သက်ပြီးလှည့်စားမှာ ဘာမှမပူရ။ အွန်လိုင်းလူထု၏အမြင်မှာ နောက်စရာမဟုတ်။

ပိုအဓိကကျတာက လီမိသားစုမှာ မျိုးရိုးအစဉ်အဆက်နှင့် မိသားစုတစ်စုဖြစ်သည်။ ဖရဲသီးအတွက်နဲ့ သူတို့ဂုဏ်သတင်းအပျက်ခံမည်မဟုတ်ပေ။



သူတွေးမိသည်မှာ လီရှင်းက ဝိုင်အတွက်အကာအကွယ်ဖြစ်လျှင် လီခိုင်က ပိုထက်သောလက်နက်ဖြစ်လိမ့်မည်။ ဒီနယ်ပယ်မှာ ကျွမ်းကျင်သူဖြစ်အောင် ဘယ်သူများခိုင်းလိုက်ပါလိမ့်?

သူ့မှာ ဖရဲမျိုးစေ့ရှိရုံမျှမက ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့လည်းရှိသည်။ နောင်မှာ တခြားမျိုးစေ့များရှိလာဦးမည်။

သို့သော်လည်း သဘာဝကျကျဖြစ်အောင်စဉ်းစားပြီး ဂရုတစိုက်စီစဉ်ရမည်။

ထို့ကြောင့် ချင်လင်ကချက်ချင်း လီခိုင်အား_ ''လူကြီးမင်းလီ... ခင်ဗျားဒီဖရဲသီးကိုလေ့လာချင်တယ်ဆိုရင် ကျွန်တော်ထပ်တောင်းဆိုစရာမလိုတော့ဘူးပေါ့... အထောက်အပံ့သုတေသနဆိုမှတော့ ခင်ဗျားအတွက် အထူးသတို့သမီးခန်းတစ်ခန်းနဲ့ရုံးခန်းစီစဉ်ပေးပါမယ်... စံအိမ်ထဲမှာ ရုံးခန်းအလွတ်တွေအများကြီးရှိတယ်''

......

ဒီကိစ္စအတွက် လီခိုင်က ချင်လင်ထက်ပိုပြီး လောနေပုံရသည်။ ချင်လင်သဘောတူတူချင်း သူ့မျက်နှာကချက်ချင်းပြုံးရွှင်သွားကာ_ ''ညီလေးချင် မပူပါနဲ့... ဒီဖရဲသီးအကြောင်းသိအောင် လုံးဝသေချာလုပ်မယ်... မင်းဝင်ငွေရတဲ့အခါ ဒီအတွက်ပြည့်စုံအောင် စာတမ်းထုတ်မယ် စာအုပ်ရေးမယ်''

သူသူဌေးချင်ကိုခေါ်ပုံက သူဌေးချင်မှ ညီလေးချင်ဖြစ်သွားသည်။

လီခိုင်က လီရှင်းအား_ ''လီရှင်း... ဘာလို့အဲဒီမှာရပ်နေသေးတာလဲ? သုတေသနတက္ကသိုလ်က ပစ္စည်းတွေပို့ခိုင်းလိုက်... လုပ်ငန်းကိုမနှောင့်နှေးစေနဲ့''

''...'' လီရှင်းက သူ့ဦးလေးကိုမျက်လုံးလှန်ကြည့်လိုက်သော်လည်း သူ့ဖုန်းနှင့်စတင်စီစဉ်ပေးနေသည်။

လီခိုင်က ချင်လင်အား လောလောလောလောနှင့်_ ''သူဌေးချင်... စာချုပ်လည်း ပြင်ထားရအောင်... စာချုပ်မြန်မြန်ထိုးထားမှ ငါစိတ်အေးရမယ်မလား?''

''ဟုတ်တာပေါ့!'' ချင်လင်က သူ့ထက်ပိုလောနေသောလီခိုင်ကို အပြုံးနှင့်ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် ကောင်းယောင်ယောင်ကိုခေါ်ပြီး လီခိုင်အတွက် ပထမသတို့သမီးခန်းကိုစီစဉ်ခိုင်းလိုက်သည်။

ထို့နောက် သူ့ရုံးခန်းထဲဝင်ကာ စီနီယာအစ်ကိုချူကို Wechat မှစာပို့လိုက်၏_ ''စီနီယာအစ်ကိုချူ... အားလား? ကျွန်တော့်ကို စာချုပ်လေးဆွဲပေးပါဦး''

တစ်ချိန်တည်းမှာသူက ယွမ် ၂၀၀၀၀ လွှဲပေးလိုက်သည်။

ထိုအခကြေးငွေမှာ စီနီယာအစ်ကိုချူလို စီနီယာရှေ့နေတစ်ဦးအတွက် စာချုပ်ဆွဲခဖြစ်၏။

သုတေသနထောက်ပံ့ကြေးနှင့်မူပိုင်ခွင့်စာချုပ်အကြောင်း သူလုံးဝမသိ၍ စီနီယာအစ်ကိုချူကိုသာ အားကိုးနေရဆဲဖြစ်သည်။

စီနီယာအစ်ကိုချူက ချက်ချင်းစာပြန်လာသည်_ ''ချင်လင်... မင်းရဲ့တရားဝင်လုပ်ငန်းလိုအပ်ချက်က တကယ်များလာတာပဲ... ပြောပါဦး... ဒီတစ်ခါဘာလိုပြန်ပြီလဲ?''

ချင်လင်က သူနှင့်လီခိုင်အခြေအနေကို အကြမ်းဖျင်းရှင်းပြလိုက်သော်လည်း လီခိုင်ဘယ်သူဆိုတာ ထိန်ချန်ထားလိုက်သည်။

စီနီယာအစ်ကိုချူကပြန်ပြော၏_ ''ဟုတ်ပါပြီ...ငါမှတ်ထားလိုက်မယ်... အခုငါတို့ဥပဒေကုမ္ပဏီရဲ့ဒါရိုက်တာရော်ဘင်က စီနီယာရှေ့နေအစည်းအဝေးလုပ်နေတယ်... ဒီညအိမ်ပြန်မှ မင်းကိစ္စကိုမြန်မြန်လုပ်ပေးရမယ်... မနက်ဖြန်ကျပို့လိုက်မယ်''



''အနှောင့်အယှက်ပေးမိတာ အားနာလိုက်တာ စီနီယာအစ်ကိုချူ'' ချင်လင်ကစာပြန်ပြီး ဖုန်းချလိုက်သည်။

…

တစ်ရက်ကုန်သွားသည်။

နောက်နေ့မနက်စောစောတွင် ချင်လင်က ဂိမ်းထဲမှပစ္စည်းအားလုံးထုတ်လိုက်၏။ အားလုံးစံအိမ်ပို့ပြီးနောက် ခြံဝင်းထဲထပ်သွားကာ အစိမ်းရောင်မှန်လုံအိမ်ထဲမှ ဖရဲပင်အခြေအနေကိုကြည့်လိုက်သည်။

သူဝင်ဝင်ချင်း လီခိုင်မှာ ဖရဲသီးခင်းလေးထဲ ငုတ်တုပ်ထိုင်ပြီး ရေဖြန်းနေသည်ကိုတွေ့ရ၏။ သူဘာလုပ်နေမှန်း သူမသိ။

ချင်လင်ဝင်လာသည်ကိုမြင်လျှင် လီခိုင်က_ ''အစိမ်းရောင်မှန်လုံအိမ်အခြေအနေက အရမ်းကောင်းတယ်... မကြာခင် ပန်းပွင့်ပြီး ဝတ်မှုန်ကူးလိမ့်မယ်... ဘာပဲဖြစ်ဖြစ် သိပ်အများကြီးမကျန်တော့ဘူး... အချိန်တန်ရင် ကျုပ်ကိုယ်တိုင်လက်နဲ့ဝတ်မှုန်တိုက်ရိုက်ကူးပေးမှာ... မင်းဘာအင်းဆက်ပိုးမှဖမ်းစရာမလိုဘူး''

''ကျေးဇူးတင်ပါတယ် လူကြီးမင်းလီ'' ချင်လင်ကခေါင်းညိမ့်ပြီး အစိမ်းရောင်မှန်လုံအိမ်ထဲလျှောက်သွားလိုက်သည်။ ထင်ထားသည့်အတိုင်း လက်ကျန်ဖရဲပင်များမှာ ဆက်လက်ညိုးခြောက်မည့်လက္ခဏာမရှိတော့ဘဲ တစ်ညလွန်ပြီးသည်နှင့် အခြေအနေအများကြီးပိုကောင်းလာသည်။

သူထပ်ပြီးအပင်စိုက်ရန်အချိန်မကုန်တော့သည့်အတွက် သူလည်းစိတ်အေးသွား၏။

နေမွန်းတည့်ခါနီး_

ချင်လင်မှာ သူ့ရုံးခန်းထဲတွင် စီနီယာအစ်ကိုချူထံမှ စာချုပ်ဖိုင်ရလိုက်သည်။

သူကချက်ချင်းဆွဲယူပြီး မိတ္တူကူးလိုက်၏။ ထို့နောက် မူလခန်းမထဲသွားကာ လီခိုင်ကိုရှာလိုက်သည်။

ခန်းမထဲတွင်_

လီရှင်းနှင့်လီခိုင်မှာ ပြတင်းပေါက်နားစားပွဲတစ်လုံးတွင်ထိုင်နေသည်။ သူတို့ရှေ့တွင် ဖရဲသီးတချို့ရှိသည်။

ဖရဲသီးခွံပေါ်တွင်သဲမြေများကပ်နေပုံအရ ခြံဝင်းထဲရှိဖရဲခင်းမှဖြစ်ကြောင်း သူသိလိုက်သည်။ ထိုဖရဲသီးကို မဆေးမကြောဘဲခွဲထား၏။

သို့သော် ဘယ်သူမှဖရဲသီးမစားထားပေ။

လီခိုင်ကထိုင်ပြီး ဖရဲသီးကိုစိုက်ကြည့်နေသည်။

လီရှင်းက လီခိုင်ကိုစိတ်ပျက်လက်ပျက်စိုက်ကြည့်ပြီး_ ''ဦးလေး... ဖရဲသီးခွဲပြီးမစားတာ ဖြုန်းတီးတာပဲ''

သို့သော် လီခိုင်ကပြန်ပြောသည်_ ''ဒီဖရဲသီးက ပိုချိုတယ် အသားပိုကောင်းတယ်... ဒီထဲမှာ ထူးခြားတဲ့ ကာဘိုဟိုက်ဒရင်၊ ဂလူတာမိတ်၊ အာဂျင်နင်း၊ ဖော့စဖိတ်၊ အန်ဒိုဖင်း အဲလိုဓာတ်တွေပါရမယ်''

''...'' လီရှင်းတိတ်ဆိတ်သွားပြန်သည်။ သူ့ဦးလေးရဲ့မအပ်မစပ်တွေကြောင့် တိတ်တိတ်သာနေရ၏။

ချင်လင်က စာဖိုင်တစ်ဖိုင်နှင့်ရောက်လာသည်ကိုမြင်လျှင် သူကချက်ချင်းနှုတ်ဆက်ပြီး_ ''သူဌေးချင်... ခင်ဗျားစာချုပ်ပြင်ပြီးပြီလား?''

''ဟုတ်ကဲ့... စာချုပ်ကိုတစ်ချက်ကြည့်လိုက်ပါဦး'' ချင်လင်က စာချုပ်နှင့်ဘောပင်ကို လီရှင်းဆီကမ်းပေးလိုက်သည်။



All Chapters