အသုံးဝင်တဲ့ကိရိယာ! ရှန်းရွှေလက်ဆောင်ဆန်ဝိုင်စိမ်ရင် ဘယ်လိုဖြစ်မလဲ? ၂
Vol. 14 Ch. 206
''လက်မှတ်ထိုးလိုက်!'' လီရှင်းက စာချုပ်ကိုကြည့်တောင်မကြည့်ဘဲ လီခိုင်လက်ထဲပေးလိုက်သည်။
လီခိုင်ကစာချုပ်ကိုယူပြီး အကြမ်းဖျင်းသာကြည့်၍ စာတမ်း၊ သင်ရိုး၊ စာအုပ်မူပိုင်ခွင့်ကိုသာအတည်ပြုပြီး လက်မှတ်ထိုးပေးလိုက်၏။ ထို့နောက် ချင်လင်ကို တစ်စောင်ပြန်ပေးလိုက်ပြီး_ ''ညီလေးချင်... အခုတို့က လုပ်ဖော်ကိုင်ဖက်တွေဖြစ်သွားပြီဆိုတော့ အပူအပင်ကင်းကင်းနှင့် ငါလေ့လာလို့ရပြီ''
''ပူးပေါင်းရတာ ဝမ်းသာပါတယ်'' ချင်လင်ကပြုံးပြီး စာချုပ်ကိုယူလိုက်သည်။ လီခိုင်နှင့်စာချုပ်ချုပ်ရတာ နည်းနည်းပေါ့ပါးပြီး လွယ်လွယ်ကူကူပြီးသွားသည်။
အမှန်ပင် နှစ်ဦးနှစ်ဖက်စလုံးအတွက် အခြေအနေအများကြီးမလိုအပ်။
သူတို့နှစ်ဦးနှင့်ခဏစကားပြောပြီးနောက် ချင်လင်က သူ့ရုံးခန်းထဲစာချုပ်ယူသွားပြီး သူ့အတွက်ကျောက်မိုချင်းဝယ်ပေးထားသော မီးခံသေတ္တာထဲထည့်လိုက်သည်။
မွန်းတည့်ခါနီးတွင် သူဂိမ်းထဲဝင်လိုက်ပြီး အရည်အသွေး ၂ သဘာဝငါးတစ်ကောင်နှင့် ၃ ကတ်တီရှိ အရည်အသွေး ၂ ငါးရှဉ့်နှစ်ကောင်ကို အပြင်ထုတ်ကာ သတ်လိုက်သည်။
ငါးရှဉ့်နှင့်ရေချိုငါးကို လယ်ကွက်ထဲထည့်ကာ မွေးထားခြင်းဖြစ်၏။ အရည်အသွေး ၂ များကိုတစ်ခါမှမထုတ်ခဲ့ဖူး၍ သူ့မှာအများကြီးရှိနေသည်။
ချင်လင်က ငါးနှင့်ငါးရှဉ့်ကို မူလခန်းမထဲသယ်သွားလိုက်၏။ စာချုပ်လက်မှတ်ထိုးအထိမ်းအမှတ်အနေနှင့် လီခိုင်ကို သူကိုယ်တိုင်ချက်ကျွေးရန်စီစဉ်လိုက်သည်!
ငါးရှဉ့်ကလည်း ငါးပင်။ သူဂိမ်းထဲမှရထားသောငါးဟင်းချက်စွမ်းရည်မှာ ငါးရှဉ့်ကိုင်သည့်အခါတွင်လည်း ထပ်တိုးအရည်အသွေးများထွက်လာသည်။

ခန်းမထဲတွင် လီခိုင်မှာ ဖရဲသီးကိုဆက်ကြည့်ပြီး မှတ်ချက်များရေးနေသည်။
ထိုမြင်ကွင်းကိုမြင်လျှင် ချင်လင်ဇဝေဇဝါဖြစ်သွားသည်။ ဖရဲသီးကိုခွဲကြည့်ပြီးပြီ။ ဘာတွေများကြည့်စရာရှိသေးလို့လဲ?
လီခိုင်က အမှန်တကယ်ဖြစ်ပျက်နေသောတစ်ခုခုကို အသည်းအသန်လိုက်မှတ်နေသလိုလို သူတွေ့ရသည်။
တစ်ဖက်တွင် လီရှင်းမှာ လင်းလျိုပင်နှင့်ဖုန်းပြောနေသည်_ ''အချစ်ရယ်... ကိုယ့်ဦးလေးအကြောင်းလည်း မင်းသိသားနဲ့... ကိုယ်ဘယ်လိုလုပ်စိတ်ချမှာလဲ? သူ့ကိုလေးငါးရက်လောက်စောင့်ကြည့်ပြီးမှ ကိုယ်စိတ်သက်သာမှာ''
......
လီခိုင်ကမျက်လုံးလှန်ကြည့်ပြီး လီရှင်းကိုစိုက်ကြည့်ကာ_ ''မင်းမပြန်ချင်တိုင်း ငါ့ကိုဆင်ခြေမလုပ်နဲ့''
လီရှင်းက ခပ်မြန်မြန်ဖုန်းချလိုက်သည်။ ချင်လင်ငါးနှင့်ငါးရှဉ့်ဆွဲပြီး ဝင်လာသည်ကိုမြင်လျှင် သူကအံ့သြသွားပြီး_ ''သူဌေးချင်... ခင်ဗျားငါးနဲ့ငါးရှဉ့်ကိုတကူးတကယူခဲ့တာပေါ့... နေ့လယ်စာကောင်းကောင်းစားရတော့မှာပါလား?''
သူကချင်းလင်စံအိမ်တွင် အစားကောင်းအတော်များများစားဖူးသော်လည်း သူဌေးချင်၏ငါးဟင်းပွဲကို အမှတ်ရနေဆဲဖြစ်သည်။
ထိုလက်ရာမှာ တစ်ခါစားဖူးလျှင် ဘယ်တော့မှမမေ့နိုင်မည့်အရသာမျိုးပင်။
''စာချုပ်လက်မှတ်ထိုးပြီးတာလည်း ဝမ်းသာစရာပဲလေ... စားဖိုဆောင်ထဲမှာထပ်ပြီး အောင်ပွဲခံကြတာပေါ့'' ထိုသို့ပြောပြီး ချင်လင်က အရည်အသွေး ၂ ငါးကြင်းနက်နှင့်ငါးရှဉ့်ကို စားဖိုဆောင်ထဲယူသွားလိုက်သည်။
''သူဌေးချင်... ဒီလိုဆိုရင် ခင်ဗျားခဏခဏအောင်ပွဲခံသင့်တယ်'' လီရှင်းကအတည်ပြုချက်ရပြီးနောက် သူ့မျက်လုံးများအရောင်တောက်သွားပြီး စားဖိုဆောင်ထဲလိုက်ဝင်သွားလိုက်သည်။
ချင်လင်က ငါးနှင့်ငါးရှဉ့်ကိုချပြီး ဓားယူကာကိုင်လိုက်၏။
ဘာဓားကိုင်စွမ်းရည်မှမလေ့ကျင့်ဖူးသော်လည်း ငါးဟင်းချက်စွမ်းရည်ကိုရပြီးနောက် ငါးကိုင်ရာတွင် ဆရာတစ်ဆူဖြစ်လာသည်။
ချင်လင်ကျွမ်းကျွမ်းကျင်ကျင်ငါးကိုင်နေပုံကို လီရှင်းကဘေးမှကြည့်ရင်း အတော်မျက်စိကျနေ၏။
သူသူဌေးချင်ကို တကယ်လေးစားသည်။ ဝိုင်လုပ်ငန်းမှာ သူ့ထက်သာရုံမက သူချက်တဲ့ငါးကလည်း လောင်ရန်ရဲ့တံခါးနီစားသောက်ပွဲထက်တောင် ကောင်းနေသေးသည်။
အခုလောင်ရန်မှာ အသက်ရလာပြီဖြစ်၍ စားသောက်ပွဲမကျင်းပနိုင်တော့မှန်း အားလုံးသိထားကြသည်။ အားလုံးနှမြောတသဖြစ်နေစဉ် သူဌေးချင်၏လက်ရာမှာ လောင်ရန်ထက်မညံ့ကြောင်း ဘယ်သူမှမသိကြချေ။
မကြာမီ အရသာ +၃၊ အထိအတွေ့ +၃၊ နှုတ်မြိန်ခြင်း +၃ နှင့်အခြားအာနိသင်များရှိသော ဟင်းပွဲရလာသည်။

''ကျွန်တော့်ကိုပေးလိုက်'' လီရှင်းက ချက်ချင်းလိုလို ငါးကိုကောက်သယ်ပြီး စားဖိုဆောင်အပြင်ယူသွားလိုက်သည်။ အပြင်ရောက်ပြီး စားပွဲပေါ်တင်ပြီးလျှင် သူကလီခိုင်အား_ ''ဦးလေး... ဒီဖရဲသီးတွေ မြန်မြန်ယူသွားပါ... ခင်ဗျား ဒီနေ့လယ်ကံကောင်းတယ်... ရောက်တာနဲ့ အစားကောင်းစားနိုင်တာ''
ဒီတော့မှ လီခိုင်က သူ့ဘောပင်ချပြီး ဖရဲသီးကိုဘေးဖယ်လိုက်သည်။
လီရှင်းက ငါးနှပ်ကိုချပြီး စားဖိုဆောင်ထဲပြန်သွားလိုက်၏။ ခဏအကြာ နောက်ထပ် ငါးစွပ်ပြုတ်၊ ငါးပေါင်းနှင့်အတူပြန်ထွက်လာသည်။
ငါးစွပ်ပြုတ်နှင့်ငါးပေါင်းကိုချပြီးနောက် ခြေရာလက်ရာမပျက်သေးသောငါးနှပ်ကိုကြည့်ပြီး သူစိတ်ကျေနပ်သွားကာ_ ''ခင်ဗျား ကျွန်တော်မရှိခင် မစားထားဘူးပေါ့... ကောင်းတယ်''
လီခိုင်ကချက်ချင်း တမျိုးထင်သွားကာ_ ''လီရှင်း... မင်းကငါ့ကို အစားငမ်းတဲ့သူ ဦးနှောက်မရှိတဲ့သူထင်လို့လား? ဒါငါးနှပ်ပန်းကန်လေးပဲလေ... ငါမင်းမရှိတုန်းစားမလား?''
သို့သော် လီရှင်းကပြုံးပြီး ဘာမှမပြော။ ခပ်သုတ်သုတ်ပင် သန့်စင်ထားသောအပိုဗီရိုထဲမှ ပန်းကန်လုံးသွားယူလိုက်သည်။
ဇွန်းခက်ရင်းသုံးစုံထုတ်ကာ ဝေပေးပြီးလျှင် သူ့ပန်းကန်သူယူပြီး ငါးစွပ်ပြုတ်ခပ်ထည့်လိုက်၏။ တစ်လုတ်စားပြီးလျှင် သူကစွဲစွဲလန်းလန်းပုံနှင့်_ ''ဒီအရသာပဲ... ဦးလေး ဒီနေ့လယ်စာက ခင်ဗျားကိုကျေးဇူးတင်ရမှာ''
''လီရှင်း... စားသောက်နေတုန်း ကမ္ဘာကြီးကိုမမြင်ဖူးသလိုလို မလုပ်ပါနဲ့လား?'' လီခိုင်က သူ့တူ၏ပုံကြီးချဲ့ပုံကိုကြည့်ရင်း ခေါင်းခါလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူလည်း အရင်က တံခါးနီစားသောက်ပွဲကိုစားဖူးတဲ့သူပဲ။ တစ်နပ်စာနဲ့ လိုလို့လား?
သူလည်းတူကိုင်ပြီး ငါးနှပ်တစ်တုံးကို သူ့ပါးစပ်ထဲကောက်ထည့်လိုက်သည်။ ထို့နောက် သူမှင်တက်သွား၏။
ဒီအရသာက... တံခါးနီစားသောက်ပွဲထက်တောင် ပိုကောင်းနေသလိုပဲ။
တစ်ချိန်တည်းမှာ လီရှင်းကစလိုက်သည်_ ''ဦးလေး... ရုတ်တရက်ကြီး ကမ္ဘာကြီးကိုမမြင်ဖူးသလိုဖြစ်သွားပြီလား?''
လီခိုင် လုံးဝမငြင်းနိုင်။
သူဌေးချင်ရဲ့ဟင်းချက်လက်ရာဒီလောက်ကောင်းမယ်လို့ ဘယ်သူထင်မှာလဲ?
သူဝိုင်လုပ်ငန်းမှာအောင်မြင်လိုက်ပုံက သူ့တူထက်တောင်သာတယ်လို့ ပြောကြတယ်မလား? ဟင်းချက်လက်ရာဒီလောက်ကောင်းအောင်လုပ်ဖို့ သူ့မှာအင်အားရှိသေးတယ်လား?
ထိုအချိန်တွင် ချင်လင်လည်း နောက်ဆုံးငါးရှဉ့်နှစ်ကောင်ဟင်းပွဲနှင့်ထွက်လာသည်။ တစ်ကောင်ကိုကြော်ပြီး တစ်ကောင်ကိုနှပ်ထား၏။
သူဟင်းပွဲချချချင်း လီရှင်းကနေရာလုပ်ပေးပြီး ငါးစွပ်ပြုတ်တစ်ပန်းကန်ပေးလိုက်သည်_ ''သူဌေးချင်... ထိုင်''
ချင်လင်ကထိုင်ပြီး လီရှင်း၏ငါးစွပ်ပြုတ်ကို ပြုံးပြုံးနှင့်ယူလိုက်သည်။
လီခိုင်က နောက်ထပ်ငါးနှပ်တစ်တုံးယူပြီး ပါးစပ်ထဲထည့်လိုက်၏။ သူလည်း လီရှင်းလိုစွဲလန်းသွားပုံပင်။
အရသာ +၃၊ အနံ့အရသာကောင်းခြင်း +၃၊ စားဖွယ် +၁။ အားလုံးအတွက်လည်း နှစ်သက်စရာ။
ငါးစွပ်ပြုတ်တစ်ပန်းကန်သောက်ပြီးလျှင် လီခိုင်ကမနေနိုင်တော့ဘဲ ချင်လင်ကိုကြည့်ကာပြောလိုက်သည်_ ''သူဌေးချင်... ခင်ဗျားသာမိန်းမဆိုရင် ခင်ဗျားရဲ့ဟင်းချက်လက်ရာကြောင့် တကယ်ယူချင်စိတ်ပေါက်တယ်''