အသုံးဝင်တဲ့ကိရိယာ! ရှန်းရွှေလက်ဆောင်ဆန်ဝိုင်စိမ်ရင် ဘယ်လိုဖြစ်မလဲ? ၃
Vol. 14 Ch. 207
လီရှင်းက အချိန်ကိုက်ဝင်ပြောလိုက်သည်_ ''သူဌေးချင် သတိထားနော်... ကျွန်တော့်ဦးလေးက သူ့အသက်အရွယ်နဲ့ လူပျိုကြီးရှိသေးတာ''
“…” ချင်လင်ကြောင်သွားသည်။
သတိထားနော်တဲ့? သူ့ကိုတကယ်မိန်းမများမှတ်လို့လား?
သို့သော် သူကရုတ်တရက် လီရှင်းကိုမေးလိုက်သည်_ ''လူကြီးမင်းလီ... ခင်ဗျား ရှန်းရွှေလက်ဆောင်ဆန်ကိုသုံးပြီးဝိုင်လုပ်ရင် အဲဒီဝိုင်အရမ်းကောင်းမှာပဲ ဟုတ်တယ်မလား?''
ဤသည်ကလည်း သူ့ရဲ့ရေအတိမ်အနက်စမ်းသပ်နည်းတစ်မျိုးပင်။ ရှန်းရွှေလက်ဆောင်ဆန်ရတဲ့ပင်ရင်းကိုအကြောင်းပြချက်ပေးဖို့ သူစဉ်းစားထားပြီးသား။
လယ်ကွက်ထဲမှရိတ်သိမ်းထားသောရှန်းရွှေလက်ဆောင်ဆန်မှာ သူတို့အိမ်မှာစားဖို့သိမ်းထားသော အရည်အသွေး ၂ တစ်မျိုးမှလွဲ၍ ကျန်တာက နည်းနည်းအလဟဿဖြစ်နေသည်။
ထို့ကြောင့် ရှန်းရွှေလက်ဆောင်ဆန်မှဝိုင်လုပ်ရန် စိတ်ကူးရလာခြင်းပင်။
ဝိုင်လုပ်ငန်းကိုလက်လွှဲယူပြီးနောက် ဝိုင်လုပ်ငန်းမှာ ချင်းလက်ဆေးဖက်ဝင်ဝိုင်နာမည်နှင့် ကြော်ငြာနိုင်သည်ဆိုသော်လည်း သာမန်ဝိုင်များထက် ထူးခြားချက်တော့ရှိရပေမည်။

ထိုသက်တမ်းရင့်ဝိုင်တစ်သုတ်ကို အစပိုင်းအသုံးပြုပြီးဖြစ်သော်လည်း နောက်လည်းဆက်သုံးရမည်။
နှစ်တိုင်း စမ်းရေ၊ ဆန်နှင့် ဝိုင်တချို့စိမ်သွားလျှင် ပမာဏနည်းသည်ဆိုဦးတော့ မရေမတွက်နိုင်သောသူများပြုံတိုးလာကြမည်။ ပုံစံတစ်မျိုးနှင့် ကြော်ငြာခြင်းလည်းဖြစ်သွားနိုင်သည်။
လီရှင်းမှာ ချင်လင်၏အတွေးရဲရဲကြောင့် အံ့အားသင့်သွားပြီး_ ''သူဌေးချင်... နောက်နေတာမဟုတ်ပါဘူးနော်? ရှန်းရွှေလက်ဆောင်ဆန်ဟုတ်လား?''
ဒီပစ္စည်းက အရမ်းရှားတာ။ သူ့မိသားစုက နှစ်တိုင်းတချို့တလေရသည်ဆိုသော်လည်း သူတို့အာသီသပြေရုံမျှသာရှိသည်။
ဒီလိုရှားပါးပစ္စည်းမျိုးနဲ့ ဘယ်သူကဝိုင်စိမ်ဖို့တွေးရဲမှာလဲ?''
......
''ဟုတ်တယ်'' သို့သော် ချင်လင်ကခေါင်းညိမ့်အတည်ပြုလိုက်သည်။
လီရှင်းက သူထောက်ခံချက်ပေးလိုက်သည်နှင့် စိုးရိမ်တကြီးမေးလိုက်၏_ ''ဝိုင်စိမ်လို့ရပါတယ်... ဒါပေမဲ့ ခင်ဗျားရှန်းရွှေလက်ဆောင်ဆန် ဘယ်ကရမှာလဲ?''
''ချင်းလင်ဆေးဖက်ဝင်ဝိုင်သုံးပြီး ပစ္စည်းချင်းဖလှယ်ခဲ့တာ!'' ချင်လင်ကပြုံးပြုံးပြုံးပြုံးနှင့် ပုံပြင်စပြောတော့သည်_ ''တစ်ယောက်က ကျွန်တော့်ကိုဆက်သွယ်လာတယ်... သူတို့မှာ အဆက်အသွယ်ရှိတယ်တဲ့... သူတို့က ရှန်းရွှေလက်ဆောင်ဆန်သုံးပြီး ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုရချင်တာ... ဒါပေမဲ့ ဆန်အများကြီးတော့မရှိဘူး''
''သေစမ်း... ဘယ်လိုဖြစ်နိုင်မှာလဲ?'' လီရှင်းအံ့အားသင့်သွားသည်။
ဒါသူတွေးတောင်မတွေးမိတဲ့ကိစ္စ။ နောက်ပြီး သူ့မှာ ရှန်းရွှေလက်ဆောင်ဆန်ရော ချင်းလင်ဆေးဖက်ဝင်ဝိုင်ပါမရှိ။
သို့သော် သေသေချာချာတွေးကြည့်လိုက်သောအခါ ချင်းလင်ဆေးဖက်ဝင်နာမည်က ပြန့်နေပြီ။ အားလုံးက ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို ရှန်းရွှေလက်ဆောင်ဆန်ထက်ပိုကောင်းပြီး ပိုအထက်တန်းကျမှန်း သိထားကြသည်။
ဒီလိုအခြေအနေမှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်နဲ့ ရှန်းရွှေလက်ဆောင်ဆန်လဲလှယ်ဖို့က တကယ်ဖြစ်နိုင်သည်။
နောက်ပြီး အခုတစ်စုံတစ်ယောက်က လာရှာနေပြီ။ ချင်းလင်ဆေးဖက်ဝင်ဝိုင်နဲ့လဲမလဲက သူဌေးချင်ဆန္ဒအပေါ်မူတည်နေသည်။
လီခိုင်မှာရုတ်တရက် အမေရိကတိုက်ရှာဖွေတွေ့ရှိသလိုခံစားလိုက်ရ၏။
သူတို့နိုင်ငံမှာ ပစ္စည်းကောင်းများစွာရှိသည်။ ရှန်းရွှေလက်ဆောင်ဆန်၊ လက်ဆင့်ကမ်းမိသားစုနှစ်စုရဲ့ဆေးဖက်ဝင်ဝိုင်နှင့် ရှားပါးပစ္စည်းများစွာရှိသည်။

ထိုပစ္စည်းများမှာ သူတို့မိသားစုဂုဏ်ပုဒ်နှင့်တောင်ရဖို့ခက်ခဲသည်ဆိုသော်လည်း ဒါတွေကိုပိုင်ဆိုင်ထားတဲ့သူက တစ်ခြားသူရဲ့ပစ္စည်းကိုလိုချင်သည်ဆိုပါလျှင်?
ဒီပစ္စည်းတွေရဲ့ပိုင်ရှင်က ဒီလိုနှစ်ကိုယ်ကြားလဲလှယ်မှာတော့မဟုတ်ဘူး ဟုတ်တယ်မလား?
လီရှင်းက ထပ်တွေးကြည့်လေလေ ဖြစ်နိုင်သည်ဟုခံစားရလေလေဖြစ်လာသည်။ မဟုတ်ရင် ချင်းလင်ဆေးဖက်ဝင်ဝိုင်က နာမည်ကြီးခါစမှာ တစ်ဖက်လူက လာရှာပါ့မလား?
ဒါက သူလုံးဝအဆက်အစပ်မရှိဖူးတဲ့အရာမျိုး။ ဒါကြောင့် ကြွက်လမ်းကြောင်း၊ မြွေလမ်းကြောင်းဆိုတာရှိတယ်လို့ ပြောကြခြင်းဖြစ်မည်။ သင့်တော်တဲ့နည်းလမ်းကိုမသုံးရင် မသုံးဝင်မည်မဟုတ်။
ချင်လင်ပြောတဲ့လူတွေနဲ့အဆက်အသွယ်ဆိုတာကို လီရှင်းစကားထပ်မနှိုက်တော့။ ဘာပဲဖြစ်ဖြစ် တချို့အရာတွေက မေးလို့မကောင်း။ လူတစ်စုကို အနှောင့်အယှက်ဖြစ်ကောင်းဖြစ်နိုင်သည်။
''ခင်ဗျားတကယ် ရှန်းရွှေလက်ဆောင်ဆန်နဲ့လဲမှာလား?'' လီရှင်းက ထပ်မေးလိုက်သည်။
''ထင်တာပါပဲ'' ချင်လင်က မရေမရာဖြေလိုက်၏။
ထိုအချက်မှာ သူ့စိတ်ထဲမှဆင်ခြေဖြစ်သည်။ နောက်ပြီး တကယ့်အဖြစ်မှန်ကိုသက်သေပြနိုင်မည့်သူလည်းမရှိ။
မေးလာမည့်သူရှိရင်တောင် မပြောပြဖို့ဆုံးဖြတ်ထားသည်။ ပြောပြရအောင် သူကဘယ်သူလဲ? လီရှင်းတို့က ထပ်မမေးတော့သဖြင့် အချင်းချင်းစိတ်သက်သာရာရသွားကြ၏။
မြို့တော်ပို့သောဆန်မှလွဲ၍ ကျန်ဆန်မှာ နေရာဒေသအမျိုးမျိုးကိုရောက်မည်။ အရေအတွက်ကိုထိန်းချုပ်ထားသရွေ့ သူတို့အတည်ပြုနိုင်မည်မဟုတ်။
နောင်မှာ ရှန်းရွှေလက်ဆောင်ဆန်မျိုးကို ဒီနည်းနဲ့ရသည်ဟုပြောနိုင်သည်။ ဘာပဲဖြစ်ဖြစ် ဘယ်နေရာမဆိုစိုက်နိုင်သည်မဟုတ်၍ မျိုးစေ့ကိုသိပ်ကန့်သတ်မထားပေ။
သူသာပျိုးထောင်နိုင်ရင် ရုံချန်းစီရင်စု၏မြေအနေအထားပတ်ဝန်းကျင်ကောင်းခြင်းကြောင့်ဖြစ်နိုင်သည်။ နောက်ပြီး လီခိုင်က ကျွမ်းကျင်ပညာရှင်။ ချင်လင်နဲ့ဘယ်လိုပတ်သက်မလဲ?
ဒီသတင်းကို လီရှင်းကနေဖြန့်နိုင်ရင် ဒီလိုလုပ်တာနှင့်အတူတူဖြစ်သွားမည်။
လက်နက်လိုလူတွေကို အသုံးဝင်အောင်လုပ်ရမည်။
လီရှင်းက အလောတကြီးပြောလိုက်သည်_ ''သူဌေးချင်... အချိန်ကျရင် ကျွန်တော့်လက်ထဲအပ်ရမယ်... ကျွန်တော်ကိုယ်တိုင် ခင်ဗျားအတွက်စိမ်ပေးမယ်... ရှန်းရွှေလက်ဆောင်ဆန်နဲ့လုပ်တဲ့ဝိုင်တစ်ခါမှမသောက်ဖူးဘူး''
''ကျိန်းသေပေါ့... ကျွန်တော်သေချာပေါက် လူကြီးမင်းလီကိုခွင့်ပြုမယ်'' ချင်လင်ကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။
သူတို့ဘေးမှလီခိုင်မှာ သူတို့နှစ်ဦးကိုကြည့်ရင်း အံ့အားသင့်သွား၏။ ရှန်းရွှေလက်ဆောင်ဆန်ကို သူသိတာပေါ့။
ဒါပေမဲ့ သူတို့နှစ်ယောက်ဆွေးနွေးနေတာ ဘာတဲ့လဲ? ရှန်းရွှေလက်ဆောင်ဆန်နဲ့ ဝိုင်ဖောက်မယ်တဲ့လား?
သူလည်း ဒီဝိုင်မျိုးသောက်ချင်တာပေါ့။