← Chapters

လူ ၁၀ ယောက်မှာ ၉ ယောက်! ဘာမှမရိုး! ၁

Vol. 14 Ch. 208

လူ ၁၀ ယောက်မှာ ၉ ယောက်! ဘာမှမရိုး! ၁

Vol. 14 Ch. 208

ချင်လင်က ဂိုဒေါင်တွင် ကားပါကင်ထိုးလိုက်သည်။ ဂိမ်းထဲဝင်ပြီးနောက် သိုလှောင်ခန်းထဲတန်းသွားကာ ဆန်အိတ်နှစ်အိတ်ဆီရောက်လာသည်။

ဆန်အိတ်နှစ်အိတ်ပေါ်တွင် 'ရှန်းရွှေလက်ဆောင်ဆန်'ဟူသော စာလုံးများရှိနေဆဲ။

ဤဆန်မှာ မနေ့ကအဆင့် ၂ လယ်ကွက်ထဲမှရိတ်သိမ်းထားသော ရှန်းရွှေလက်ဆောင်ဆန်ဖြစ်သည်။ ဂိမ်းထဲတွင်မရောင်းပေ။

တစ်အိတ်ကို ကတ်တီ ၅၀ ရှိ၍ စုစုပေါင်းကတ်တီ ၁၀၀ ဖြစ်သည်။

(ရှန်းရွှေလက်ဆောင်ဆန်: အရည်အသွေး ၁)

(အထူးစိုက်ပျိုးထားသောဆန်ဖြစ်သည်။ အလွန်ရှားပါးပြီး အာဟာရတန်ဖိုးကြွယ်ဝသည်။ အာဟာရကြွယ်ဝခြင်း +၁၊ အရသာ +၁၊ နူးညံ့မှု +၁၊ အနံ့အရသာရှိခြင်း +၁၊ အိုမင်းခြင်းကိုဆန့်ကျင်ခြင်း +၁)

နှစ် ၆၀ ဝိုင်သိုလှောင်ခန်းထဲစိမ်ထားသော သာမန်ဝိုင်မှာ ဝိုင်နံ့သင်းပျံ့ခြင်း +၁ အရည်အသွေးရှိသည်။

ဂိမ်းလက္ခဏာအရ ထိုရေသုံးပြီးဝိုင်စိမ်လျှင် ထိုရေ၏အထူးအရည်အသွေးများဆက်ခံဖို့များသည်။

ထို့နောက် စိမ်ထားသောဝိုင်ကိုစမ်းကြည့်ရာ အမှန်ပင် အာဟာရများစွာနှင့်အိုမင်းဆန့်ကျင်ဓာတ်များပါကြောင်းတွေ့လိုက်ရ၏။ စမ်းသပ်ကြည့်သူတိုင်း အံ့သြသွားကြလိမ့်မည်။

သာမန်ဝိုင်များအကြားတွင် ရတနာတစ်ပါးဟုယူဆနိုင်သည်။

သဘာဝအရသာ +၁။ ဝိုင်သစ်ဖြစ်သော်လည်း အရသာက ၁၀ နှစ်ကျော်သက်တမ်းရှိသောကြယ်ငါးပွင့်မောက်ထိုက်ဝိုင်ထက် ညံ့မည်မဟုတ်ပေ။



ဂိမ်းအချက်အလက်ပြောင်းလဲပုံအရ လက်တွေ့ဘဝတွင် ၁၀ နှစ်ကျော်သက်တမ်းရှိသောဝိုင်ကျရည်မှာ အရသာ +၁ ရှိသည်။

အရင်လီရှင်းကို ရှန်းရွှေလက်ဆောင်ဆန်နှင့် ဝိုင်စိမ်ချင်တဲ့အကြောင်းပြောပြီးနောက် ဂိမ်းထဲဝင်ကာမရွှေ့နိုင်သေးခင် ရက်ပိုင်းလောက်သေချာစောင့်ခဲ့ရသည်။

......

လွန်ခဲ့သောရက်ပိုင်းအတွင်း လီရှင်းက ခဏခဏမေးခဲ့သည်။ ဝိုင်ကိုအလွန်စိတ်ဝင်စားသော သူလိုလူအတွက် ရှန်းရွှေလက်ဆောင်ဆန်ဝိုင်လုပ်ခြင်းမှာ ဆွဲဆောင်မှုအားကြီးသောမက်လုံးပင်။

ဒါမှမဟုတ် နိုင်ငံထဲမှာ အခုထိဘယ်သူမှမလုပ်ဖူးသေးသောအရာပင်။

ချင်လင်က ရှန်းရွှေလက်ဆောင်ဆန်နှစ်အိတ်ကို ဂိမ်းအပြင်ထုတ်ပြီး ကားပေါ်တင်ကာ စံအိမ်ပြန်မောင်းလာခဲ့သည်။

စံအိမ်ကားပါကင်ရောက်ရောက်ချင်း သူကလီရှင်းကိုဖုန်းခေါ်လိုက်သည်_ ''လူကြီးမင်းလီ... ရှန်းရွှေလက်ဆောင်ဆန်ရပါပြီ... ကားပါကင်မှာပါ''

''ကျွန်တော့်ကိုစောင့်နေ... ချက်ချင်းလာခဲ့မယ်'' လီရှင်းက အလောတကြီးပြောပြီး ဖုန်းချလိုက်သည်။ ခဏအကြာ စံအိမ်အပြင်ခပ်သုတ်သုတ်ထွက်သွား၏။

လီရှင်းက ချင်လင်ကိုမြင်မြင်ချင်း မေးလိုက်သည်_ ''လူကြီးမင်းချင်... ရှန်းရွှေလက်ဆောင်ဆန်ရော?''

''ကားထဲမှာ!'' ချင်လင်က ကားတံခါးဖွင့်လိုက်ရာ ရှန်းရွှေလက်ဆောင်ဆန်နှစ်အိတ်ပေါ်လာသည်။

''သူဌေးချင်... ဒါကတ်တီ ၁၀၀ ဟုတ်လား?'' လီရှင်းမှာ ရှန်းရွှေလက်ဆောင်ဆန်နှစ်အိတ်ကိုမြင်လျှင် အံ့သြသွားသည်။

ရှန်းရွှေလက်ဆောင်ဆန်ကို ဒီလောက်အများကြီးတစ်ခါတည်းရသည်မှာ လုံးဝမယုံနိုင်စရာ။

ချင်လင်ကခေါင်းညိမ့်ပြီး_ ''အင်း... ကတ်တီ ၁၀၀''

''ဝိုင်လုပ်ငန်းကိုသွားရအောင်'' လီရှင်းက အလျင်စလိုတိုက်တွန်းလိုက်သည်။

အခုသူမရိုးမရွဖြစ်နေပြီ။ ရှန်းရွှေလက်ဆောင်ဆန်ကိုဝိုင်လုပ်ဖို့မစောင့်နိုင်တော့။

ချင်လင်ကပြုံးပြုံးနှင့် ကားထဲဝင်လိုက်ပြီး လီရှင်းကို ဝိုင်လုပ်ငန်းဆီခေါ်သွားလိုက်သည်။

ဝိုင်လုပ်သည့်နေရာတွင် ဆရာကျန်းနှင့်သူ့လူများ အသံစုံထွက်နေကြ၏။ သူတို့က ကျောက်မိုချင်းဝယ်ပေးထားသော အရည်အသွေးမြင့်ဝိုင်စိမ်ပစ္စည်းများကို အသုံးပြုနေကြသည်။

ထိုပစ္စည်းများရောက်ရောက်ချင်း ဆရာကျန်းက သူ့လူများကို ချက်ချင်းအလုပ်စစေသည်။ ဝိုင်ဖြူအနံ့ကလတ်ဆတ်သည်ဆိုရင်တောင် ဝိုင်ဖောက်သည့်အခြေအနေအရ ဝိုင်စိမ်ရန် ၄၅ ရက်မှ ရက် ၆၀ အထိအချိန်ယူရသည်။

သူတို့အလုပ်စောစောစလျှင် ဟနေသောအပေါက်များနည်းသွားမည်။

''သူဌေး!'' ဆရာကျန်းက ချင်လင်ကိုမြင်လျှင် ချက်ချင်းရှေ့ထွက်လာပြီး ကြိုဆိုလိုက်သည်။



ချင်လင်က တန်းညွှန်ကြားချက်ပေးလိုက်သည်_ ''ဆရာကျန်း... ကျွန်တော့်ကားပေါ်က ဆန်အိတ်နှစ်အိတ်ကိုချခိုင်းလိုက်ပါဦး''

ဆရာကျန်းက ဇဝေဇဝါဖြစ်သွားသော်လည်း ဆရာတစ်​ယောက်ကိုခေါ်ပြီး ချင်လင်၏ကားကို ဖွင့်ခိုင်းလိုက်သည်။

''ရှန်းရွှေလက်ဆောင်ဆန်?'' ဆရာကျန်းမှာ ဆန်အိတ်နှစ်အိတ်ပေါ်မှတံဆိပ်ကိုမြင်လျှင် အံ့သြသွားသည်။

သူလည်း ချင်းလင်စံအိမ်ရဲ့မန်နေဂျာတစ်ဦးပင်။ လွန်ခဲ့သောရက်ပိုင်းအတွင်း ချင်းလင်စံအိမ်နှင့်ပတ်သက်သောကိစ္စများ တီးမိခေါက်မိရှိခဲ့သည်။ ဖရဲသီးဘုရင်၊ အကြီးအကဲစားပွဲ၊ ရှန်းရွှေလက်ဆောင်ဆန် ဒါတွေသူသိသည်။

ဒီရှန်းရွှေလက်ဆောင်ဆန်က တစ်ကတ်တီယွမ် ၂၀၀၀ ထိတောင် တန်ဖိုးဖြတ်မရဖြစ်နေဆဲဟု ကောလာဟလရှိသည်။ လူချမ်းသာတွေတောင် ဝယ်ချင်တိုင်းဝယ်မရပေ။

အခုဒီနှစ်အိတ်က ကတ်တီ ၁၀၀ ဆိုရင် ယွမ် ၂၀၀၀၀၀။

ဆန်နှစ်အိတ် ယွမ် ၂၀၀၀၀၀ ဆိုတာ သာမန်လူတွေအတွက် လုံးဝစိတ်ကူးမယဉ်နိုင်။

''သူဌေး... ခင်ဗျား ဒီဆန်တွေနဲ့ဝိုင်လုပ်မှာတော့ မဟုတ်ပါဘူးနော်?'' ဆရာကျန်းက ပါးစပ်အဟောင်းသားနှင့် မယုံနိုင်အောင်ဖြစ်နေသည်။

ဒီလိုဆန်မျိုးနှစ်အိတ်ကနေလုပ်ထားတဲ့ဝိုင်က ဘယ်လောက်များကျလိုက်မလဲ?

ဝိုင်သိုလှောင်ခန်းထဲတွင်_

ဆရာကျန်း ရှန်းရွှေလက်ဆောင်ဆန်သယ်ပြီးဝင်လာသည်ကို လီရှင်းမြင်လျှင် ချက်ချင်းမေးလိုက်သည်_ ''ဆရာကျန်း... ဝိုင်သိုလှောင်ခန်းထဲမှာ ပါဝင်ပစ္စည်းကြိတ်တဲ့သန့်စင်စက်ရှိလား? ဒီဆန်တွေအားလုံးကိုအမှုန့်ကြိတ်ပြီး ဖြည့်စွက်ပစ္စည်းလေးတွေ ကျွန်တော့်ကိုပြင်ပေးပါဦး''

ဝိုင်စိမ်သည့်လုပ်ငန်းစဉ်တူသည်ဆိုသော်လည်း အသေးစိတ်အချက်အလက်နှင့်ပါဝင်ပစ္စည်းမှာ တစ်ဦးနှင့်တစ်ဦးတူမည်မဟုတ်ချေ။ ကုမ္ပဏီအတော်များများတွင် သူမတူသောပါဝင်ပစ္စည်းများရှိကြ၍ ဝိုင်ဘရန်းအမျိုးအစားလိုက်ပြီး ဝိုင်နံ့နှင့်အထိအတွေ့လည်း အလွန်ကွာခြားသွားသည်။

သူ့မှာလည်း သူ့ကိုယ်ပိုင်ပြိုင်ဘက်ကင်းပါဝင်ပစ္စည်းနည်းစနစ်ရှိသည်။ တစ်ခါက ကျွမ်ရွေ့မှာ ပိုက်ဆံအများကြီးသုံးပြီး သူ့ဆီမှဝယ်ဖူးသော်လည်း သူကရောင်းရန်ငြင်းဆန်ခဲ့၏။

''တကယ်ပဲ ဒီဆန်ကိုသုံးပြီး ဝိုင်လုပ်မှာလား?'' ဆရာကျန်းက လုံးဝအံ့အားသင့်သွားသည်။ ထို့နောက် သူကပြာပြာပြာပြာနှင့်_ ''စက်ကိုသန့်စင်ဖို့ ကျုပ်လူတွေသွားခေါ်လိုက်ဦးမယ်''

သူဌေးက ဒီဆန်နှစ်အိတ်ကို ဝိုင်လုပ်ချင်တယ်ဆိုမှတော့ သူပြောသလိုလုပ်ရုံပေါ့။ ကျန်တာက သူစိုးရိမ်ရမည့်အပိုင်းမဟုတ်။

နောက်ပြီး ယွမ် ၂၀၀၀၀၀ တန်ဆန်နှစ်အိတ်ဝိုင်ကို နောင်မှာထုတ်ကြွားလို့ရပြီ။

''ကျွန်တော်လည်းလိုက်မယ်'' လီရှင်းက နည်းနည်းစိတ်ပူပြီး ဆရာကျန်းနှင့်ထွက်သွားသည်။

ဝိုင်စိမ်ခြင်းမှာ အလွန်ပင်ပန်းပြီး ငြီးငွေ့စရာကောင်းသောလုပ်ငန်းဖြစ်သည်။

လီရှင်းက ရှန်းရွှေလက်ဆောင်ဆန်သုံးပြီး ဝိုင်စိမ်ရန်လုပ်ငန်းစသည်နှင့် လုံးဝစိတ်နှစ်ထားလိုက်သည်။ အရာအားလုံးကို လုံးဝမေ့သွားသလိုပင်။သူကဒုတိယမျိုးဆက်ဆက်ခံသူတစ်ဦးဟု ယုံဖို့တောင်ခက်သည်။

ချင်လင်ကအချိန်ကြည့်ပြီး စံအိမ်ပြန်ရန်ဆင်ခြေရသွားသည်။

ဝိုင်သိုလှောင်ခန်းမှာ သူတောက်လျှောက်နေဖို့လည်းမဖြစ်နိုင်။

နောက်နှစ်ရက်လုံးလုံး လီရှင်းမှာ ဝိုင်လုပ်ငန်းထဲတွင် လုံးဝစိတ်နှစ်မြှုပ်ထားသည်။

ချင်လင်က နှစ်ရက်အကြာတွင် ဂိမ်းထဲဝင်ပြီး သိုလှောင်ခန်းထဲမှ ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းထုတ်လာခဲ့သည်။ ထိုပုလင်းမှာ ဂန္တဝင်ကြေးညိုပုလင်း၊ ငွေပုလင်းပုံစံမဟုတ်။ သာမန်ပုလင်းအကြည်တစ်လုံးသာဖြစ်သည်။



All Chapters