လူ ၁၀ ယောက်မှာ ၉ ယောက်! ဘာမှမရိုး! ၂
Vol. 14 Ch. 209
အထဲကဝိုင်မှာ နှစ် ၂၀ သက်တမ်းဝိုင်နှင့် ဂျင်ဆင်းခါးကိုစိမ်ထားသော ဆေးဖက်ဝင်ဝိုင်ဖြစ်သည်။
ဒီရက်ပိုင်းအတွင်း နှစ် ၂၀ သက်တမ်းဝိုင်မှာ ဂိမ်းထဲတွင် ၃ နှစ်၊ ၄ နှစ်အထိတိုးသွား၏။ ဂျင်ဆင်းခါး၏အာနိသင်များလည်း ဝိုင်ထဲပြည့်ပြည့်ဝဝပေါင်းစပ်သွားသည်။
(ချင်းလင်ဆေးဖက်ဝင်ဝိုင်: အရည်အသွေး ၂)
(ဂျင်ဆင်းခါးနှင့်လုပ်ထားသော အထူးဆေးဖက်ဝင်ဝိုင်ဖြစ်သည်။ တချို့အာနိသင်များမှာ အလွန်အစွမ်းထက်သည်: ဝက်ခြံသက်သာစေခြင်း +၂၊ အတွင်းလိပ်ခေါင်းသက်သာစေခြင်း +၂၊ အပြင်ကျွံထွက်မှုကိုသက်သာစေခြင်း +၂၊ ဝိုင်နံ့သင်းပျံ့ခြင်း +၁၊ အရသာ +၁၊ အပူနှင့်စိုထိုင်းမှုဖယ်ရှားပေးခြင်း +၁... နှင်းခူသက်သာစေခြင်း +၁၊ အနာစိုများ -၁၊ အရေပြားယားယံခြင်း -၁)
စိမ်ထားသောဝိုင်မှာ ဂျင်ဆင်းခါး၏အချက်အလက်များကိုဆက်ခံထားရုံသာမက မူလနှစ် ၂၀ ဝိုင်၏ဝိုင်နံ့နှင့်အရသာအရည်အသွေးများကိုလည်းရထားသည်။
ဤဆေးဖက်ဝင်ဝိုင်တွင် ချူကီနှင်းဆီနှင့်ပျဉ်းမစိမ်ထားသောဝိုင်ကဲ့သို့ အမျိုးသားများအပေါ်အာနိသင်မရှိသော်လည်း အမျိုးသားများအတွက် ကောင်းကျိုးမင်္ဂလာရှိဆဲပင်။
ဒီစကားက ဘာကိုပြောတာလဲ?
ယောက်ျား ၁၀ ယောက်၊ ၉ ယောက် လိပ်ခေါင်း!
ဆိုလိုတာက အမျိုးသား ၁၀ ယောက်မှာ ၉ ယောက်က လိပ်ခေါင်းရှိသည်တဲ့။
ဒီအချက်က ချဲ့ကားပြောထားခြင်းဖြစ်သော်လည်း လိပ်ခေါင်းဖြစ်နှုန်းမြင့်သည်ကို သက်သေပြနေသည်။

နောက်ပြီး လိပ်ခေါင်းဖြစ်ပြီဆိုလျှင် ယားယံသည်က ပမွှားလောက်ဖြစ်ပြီး ဆိုးဆိုးဝါးဝါးခံစားရသည်မှာ နာကျင်မှု၊ အထူးသဖြင့် ဝမ်းသွားသည့်အခါ မအီမသာဖြစ်ခြင်းပင်။ ညှင်းဆဲခံရသည်မှာ ပြောစရာမလို။
အမှန်တကယ်လိပ်ခေါင်းရှိသောအမျိုးသားတစ်ဦးမှာ ဤဆေးဖက်ဝင်ဝိုင်ကို တခြားအရာအားလုံးထက်ပိုပြီး လိုအပ်ကောင်းလိုအပ်နိုင်သည်။
ထို့အပြင် ဤ +၂ အရည်အသွေးရှိ သက်သာစေသောအာနိသင်မှာ လုံးဝအားပျော့မည်မဟုတ်ပေ။
......
ချင်လင်က ဝက်ခြံအတွက် ဆေးဖက်ဝင်ဝိုင်ယူပြီး နှစ်ငုံသောက်လိုက်သည်။
နှစ် ၂၀ ကျော်သက်တမ်းရင့်ဝိုင်ဖြစ်သည့်အတွက် ဘယ်လိုသောက်ရမှန်းသူမသိရင်တောင်အတွေ့အထိကို နည်းနည်းခံစားမိသည်။
ဖြစ်ချင်တော့ သူ့မှာလိပ်ခေါင်းမရှိ။ ဒီအတွက် ဆေးဖက်ဝင်ဝိုင်က ဘယ်လိုအာနိသင်ရှိလဲ သူမသိ။
ဒီလိုဆိုမှတော့ တခြားသူတွေကိုမေးပြီး ဝိုင်ကိုစမ်းသပ်ရန်သာရှိတော့သည်။
ချင်လင်က ဂိမ်းထဲမှထွက်ပြီး သူ့ရုံးခန်းထဲပြန်ရောက်လာသည်။ အခန်းတံခါးဖွင့်ပြီး လမ်းလျှောက်ထွက်လာကာ ကောင်းယောင်ယောင်နှင့်စားပွဲထိုးမိန်းကလေးတချို့နှင့်သာဆုံသည်။
သူတို့မှာလိပ်ခေါင်းရှိလား မေးရမှာရှက်စရာကောင်းလွန်းသဖြင့် မူလခန်းမဘက်သာလျှောက်သွားလိုက်၏။ သို့ရာတွင် ချန်တပေမှာ လုံခြုံရေးယူနီဖောင်းဝတ်ထားသောလူငယ်တစ်ဦးနှင့်အချက်အလက်ရေးနေသည်ကိုတွေ့ရသည်။
''သူဌေး!'' ချန်တပေက အားတက်သရောခေါ်လိုက်၏။
''သူဌေး!'' လုံခြုံရေးယူနီဖောင်းနှင့်လူငယ်ကလည်း ချင်လင်ကိုရိုရိုသေသေနှုတ်ဆက်လိုက်သည်။
ချန်တပေကရှင်းပြလိုက်သည်_ ''သူဌေး... သူကရှောင်လော့ပါ... ဝိုင်လုပ်ငန်းကို အဆိုင်းနှစ်ဆိုင်းနဲ့ လုံခြုံရေးတချို့လွှတ်တယ်မဟုတ်လား? ရှောင်လော့က အစမ်းခန့်ခေါင်းဆောင်ပါ''
''ဟုတ်ပါပြီ... အလုပ်ကြိုးစားပါ!'' ချင်လင်က လူငယ်ကိုခေါင်းညိမ့်ပြလိုက်သည်။
စံအိမ်ကအသစ်ခေါ်ထားသော လုံခြုံရေးအများစုမှာ လူငယ်များဖြစ်သည်။ တချို့မှာ သူ့ထက်တောင်ငယ်သေးသည်။
ဒီကောင်လေးက ငယ်သေးမှန်းသိသာသည်။
''ကျေးဇူးတင်ပါတယ် သူဌေး!'' ရှောင်လော့က တက်တက်ကြွကြွပြောလိုက်၏။
လုံခြုံရေးစောင့်ရသောအလုပ်မှာ လူငယ်များအလွန်အတိုက်အခံငြင်းသောအလုပ်ဖြစ်သော်လည်း ချင်းလင်စံအိမ်အစောင့်ဖြစ်လျှင်မူ မတူချေ။ ရုံချန်းစီရင်စုထဲရှိပျမ်းမျှလစာထက်ကျော်လွန်ပြီး လစာမြင့်သောကြောင့်ပင်။ အာမခံချက်နှင့်အကျိုးအမြတ်အမျိုးမျိုးရှိသည့်အပြင် အစားအသောက်ပါပေးသည်။ အဆောင်မှာ အချိန်တစ်ခုထိနေနိုင်လျှင် အဆောင်မှာနေ၍ရသေး၏။
အဓိကမှာ လုံခြုံရေးခေါင်းဆောင်အဖြစ် ထပ်တိုးယွမ် ၁၀၀၀ ရသေးသည်။ ဒီလိုနှင့် သူ့လစာက ရှောင်ယွမ်၏လစာထက်ပိုမြင့်သွားမည်။

ရှောင်ယွမ်မှာ အရောင်းစင်တာမှ အရောင်းတာဝန်ခံဖြစ်သည်။ သူ့အကြိုက်မိန်းကလေးပုံစံဖြစ်သော်လည်း သူ့လစာမှာ သူမထက်နိမ့်နေသဖြင့် သူမကိုလိုက်ရန်ယုံကြည်ချက်မရှိပေ။
ရှောင်လော့ဘာတွေးနေသည်ကို ချင်လင်မသိ။ သူကလိပ်ခေါင်းဆေးအကြောင်းတွေးပြီး ချန်တပေကိုမေးလိုက်သည်_ ''ကြီးကြပ်ချန်... ခင်ဗျားမှာ လိပ်ခေါင်းရှိလား? ကျွန်တော့်မှာ လိပ်ခေါင်းအတွက်ဆေးရှိတယ်... ခင်ဗျားသုံးကြည့်မလား?''
သူက ချန်တပေကိုမေးဖို့ စနိုးစနောင့်ဖြစ်နေခြင်းမရှိ။
''ဟမ်?'' ချင်လင်၏အမေးကို ချန်တပေကြားလျှင် အမှတ်တမဲ့သူ့ခြေထောက်များညွတ်ကျသွားသလိုပင်။ ပြီးမှ ခေါင်းခါပြီး ပြာပြာသလဲငြင်းလိုက်၏_ ''သူဌေး... အကြောင်းမရှိအကြောင်းရှာ ကျွန်တော့်မှာဘာလို့လိပ်ခေါင်းရှိရမှာလဲ? ရှောင်လော့ကိုမေးကြည့်ပါလား... သူ့မှာများလိပ်ခေါင်းရှိမလားလို့''
''မရှိဘူး!'' ရှောင်လော့က ချက်ချင်းခေါင်းခါလိုက်သည်။
ချင်လင်မှာ စိတ်ပျက်လက်ပျက်နှင့် ခြံဝင်းထဲလျှောက်သွားလိုက်၏။ လတ်တလောတွင် လီခိုင်က ဖရဲပင်ကို ကိရိယာတစ်ခုနှင့်သတ္တုရည်ထုတ်နေသည်။ သူစမ်းသပ်မှုတချို့လုပ်နေကြောင်း သိသာသည်။
ဒီရက်ထဲတွင် လီရှင်း၏လူများကလည်း သုတေသနတက္ကသိုလ်မှ ပစ္စည်းများပို့ပြီး ကူညီပေးနေသည်။
လီခိုင်က ချင်လင်ဝင်လာသည်ကိုမြင်လျှင် မော့ကြည့်လိုက်ပြီး_ ''ညီလေးချင်... မင်းရဲ့အစိမ်းရောင်မှန်လုံအိမ်ထဲက ဖရဲပင်တွေကို လက်နဲ့ဝတ်မှုန်ကူးပြီးပြီ... ဖရဲသီးကြီးရင် မျိုးယူလို့ရပြီ''
ချင်လင်ကခေါင်းညိမ့်ပြီး လီခိုင်ကိုစိုက်ကြည့်နေသည်။
တစ်ချိန်လုံးဆောင့်ကြောင့်ထိုင်ပြီး လေ့လာနေတဲ့သူမျိုးက လိပ်ခေါင်းဖြစ်ဖို့အလားအလာသိပ်ရှိတယ်မလား?
ထိုအတွေးနှင့် သူကမေးလိုက်၏_ ''လူကြီးမင်းလီ... ခင်ဗျားမှာလိပ်ခေါင်းရှိလား?''
မေးခွန်းကြောင့် လီခိုင်ကြောင်သွားသည်။ ပြီးမှသူက အလျင်စလိုပြောလိုက်၏_ ''ညီလေးချင်... ငါ့ရုပ်က လိပ်ခေါင်းရှိတဲ့ပုံနဲ့တူလို့လား? ဘာလို့အကြောင်းအရင်းမရှိမေးရတာလဲ?''
ချင်လင်ကဖုံးကွယ်မထားဘဲ မတတ်သာပုံနှင့်_ ''ကျွန်တော် လိပ်ခေါင်းအတွက်ထိရောက်တဲ့ဆေးဖက်ဝင်ဝိုင်ရထားတယ်... အဲဒါလူရှာပြီးစမ်းသပ်ကြည့်ချင်နေတာ... ဒါပေမဲ့ မတွေ့သေးဘူး!''
၁၀ ယောက်မှာ ၉ ယောက်လိပ်ခေါင်းရှိတယ်ဆို?
သူကိုယ်တိုင်က လိပ်ခေါင်းမရှိ။ ဒီစာချိုးအရဆို စံအိမ်ထဲမှာကျန်တဲ့ ၉ ယောက်က လိပ်ခေါင်းရှိသင့်တာပေါ့။ ဘာလို့သားကောင်ရှာမတွေ့တာလဲ?
လီခိုင်က ချင်လင်လက်ထဲမှဆေးဖက်ဝင်ဝိုင်ကို အမှတ်တမဲ့စိုက်ကြည့်လိုက်ပြီး_ ''သူဌေးချင်... ခင်ဗျားလက်ထဲကဝိုင်က လိပ်ခေါင်းကုနိုင်တယ်လို့ပြောနေတာလား?''
''ဟုတ်တယ်... စိမ်ထားတာမကြာသေးဘူး'' ချင်လင်သက်ပြင်းချလိုက်သည်။ သူ့ဝန်ထမ်းတွေကို တစ်ယောက်ချင်းလိုက်မေးလို့လည်း မဖြစ်သေးဘူးမလား?
ထားတော့။ နောက်မှ ချန်တပေကိုမေးခိုင်းဖို့ စီစဉ်လိုက်မည်။
''သူဌေးချင်... တကယ်တော့ ငါ့မှာသူငယ်ချင်းတစ်ယောက်ရှိ...'' လီခိုင်က တစ်ခုခုပြောမည်အပြု ချင်လင်ဖုန်းမြည်လာသည်။ သူကဖုန်းကိုင်လိုက်ရာ ချင်ရန်မှန်းသိလိုက်ရ၏။ ဖုန်းဖြေရင်း သူကလမ်းလျှောက်ထွက်သွားသည်_ ''တရန်... ငါက အရင်ခန်းမထဲမှာ... မင်းအပြင်မှာလား? ဝင်လာခဲ့လေ''
ချင်ရန်ဘာလို့လာလဲ သူသိသည်။ အရင်က ချင်းလင်ဝိုင်ပုလင်းအတွက် လေလံဆွဲရန် သူတို့စတူဒီယိုကိုအပ်ထားခဲ့၏။ အခုအဖြေထွက်လာ၍ဖြစ်မည်။
ခန်းမဝင်ပေါက်တွင် ချင်ရန်နှင့်ဟူဖေးလျှောက်ဝင်လာသည်ကို ချင်လင်တွေ့ရသည်။
''ဥက္ကဌချင်!'' ဟူဖေးကအပြုံးနှင့် သူ့ကိုနှုတ်ဆက်လာသည်။