← Chapters

လူ ၁၀ ယောက်မှာ ၉ ယောက်! ဘာမှမရိုး! ၃

Vol. 14 Ch. 210

လူ ၁၀ ယောက်မှာ ၉ ယောက်! ဘာမှမရိုး! ၃

Vol. 14 Ch. 210

ချင်ရန်လည်း_ ''လင်ဇီ... ငါမင်းကို ကုမ္ပဏီ ၄ ခုရဲ့ တံဆိပ်တွေရွေးပေးထားတယ်... နှစ်ခုက သဲမြို့တော်က... ငါတံဆိပ်တွေယူလာတယ်... မင်းကိုယ်တိုင်တစ်ခုရွေးလိုက်''

ချင်းလင်စံအိမ်မှာအလွန်နာမည်ကျော်သည်။ သူ့လွှမ်းမိုးနိုင်စွမ်းက ရုံချန်းစီရင်စုတင်မဟုတ်။

သူတို့စာပို့လိုက်သည်နှင့် သဲမြို့တော်မှကုမ္ပဏီတချို့က သူတို့ကိုဆက်သွယ်လာသည်။

''အထဲဝင်ရအောင်'' ချင်လင်ကပြုံးပြီး သူတို့နှစ်ယောက်ကိုကြိုဆိုလိုက်သည်။ ထို့နောက် ကောင်းယောင်ယောင်ကိုခေါ်၍ အသီးအနှံနှင့်သောက်စရာတချို့ပို့ခိုင်းလိုက်၏။

ထိုင်ပြီးနောက် ဟူဖေးထိုင်ပုံမှာ သက်သောင့်သက်သာမရှိမှန်းတွေ့ရ၍ ချင်လင်အံ့သြသွားသည်။

ထိုပုံစံကြောင့် သူ့မျက်လုံးများဝင်းလက်သွားပြီး အမှတ်တမဲ့မေးလိုက်၏_ ''ဟူဖေး... ဘာဖြစ်လို့လဲ?''

ဟူဖေးပြန်မဖြေနိုင်ခင် ချင်ရန်ကစလိုက်သည်_ ''သူလိပ်ခေါင်းထနေတာကွာ... မနေ့ကစတာပဲ... ဒီနှစ်ရက်ကို ကောင်းကောင်းလည်း မထိုင်နိုင်ဘူး မတ်တပ်လည်းမရပ်နိုင်ဘူး... သူခဏခဏဖြစ်တယ်... တစ်နေ့ရွှေ တစ်နေ့ငွေပဲ''

ဟူဖေးက စိတ်ပျက်လက်ပျက်နှင့်_ ''ချင်ရန်... ဟာသလုပ်နေတာလား? ခင်ဗျားလည်း အရင်ကလိပ်ခေါင်းမဖြစ်ဖူးတာကျနေတာပဲ''

ချင်ရန်က ချက်ချင်းငြင်းလိုက်သည်_ ''ဘာတွေပြောနေတာလဲ? ငါကမင်းလို တစ်နေကုန်ကွန်ပျုတာရှေ့ထိုင်နေတာမဟုတ်ဘူး... ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ်နဲ့ လိပ်ခေါင်းဖြစ်မှာလဲ?''



သို့သော် ချင်လင်ပြုံးမိသည်။

ဟူဖေးက သူလက်တွေ့စမ်းသပ်ရမယ့် အစမ်းသပ်ခံမလား?

သူကချက်ချင်း ဟူဖေးအား_ ''ဟူဖေး... မင်းကံကောင်းတယ်... ငါအခုပဲ လိပ်ခေါင်းကုနိုင်တဲ့ဆေးဖက်ဝင်ဝိုင်လုပ်ထားတာ... မင်းစမ်းကြည့်လို့ရတယ်''

သူက ဆေးဖက်ဝင်ဝိုင်ပုလင်းကို ဟူဖေးလက်ထဲထည့်၍ ကောင်တာသွားပြီး သူ့အတွက်ဖန်ခွက်ယူပေးလိုက်သည်။

......

ထိုမြင်ကွင်းကြောင့် ချန်တပေက သတိလက်လွတ်လှမ်းကြည့်လိုက်မိသည်။

လီခိုင်လည်း အနောက်ဘက်ခြံဝင်းတံခါးမှ ထွက်လာနေ၏။

ဟူဖေးက ဆေးဖက်ဝင်ဝိုင်ပုလင်းကြည့်ပြီး ချင်လင်ကိုမယုံတဝက်ယုံတဝက်နှင့်မေးလိုက်သည်_ ''ဥက္ကဌချင်... လိပ်ခေါင်းရှိရင် အရက်ရှောင်ရတာမလား? ဒီဝိုင်က တကယ်ထိရောက်ပါ့မလား?''

သူကမေးသာမေးသော်လည်း သူ့ဘာသာဝိုင်တစ်ခွက်ငှဲ့လိုက်သေး၏။

ချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်း သူသိသည်။ နာမည်ကျော်လွန်းသဖြင့် နတ်ဆေးဟု တင်စားကြ၏။

ဒီဆေးဖက်ဝင်ဝိုင်က တကယ်အာနိသင်ရှိလောက်သည်။

''ဒီဝိုင်အရသာကောင်းတယ်'' ဟူဖေးက သောက်ကြည့်ပြီး မျက်လုံးများအရောင်တောက်သွား၏။ ဝိုင်ကိုဘယ်လိုအရသာခံရမှန်း သူမသိသော်လည်း ဝိုင်ကောင်းမှန်းတော့သိသည်။

ဒါသေချာပေါက် ဝိုင်ကောင်းပဲ။

ဟူဖေးက မနေနိုင်ဘဲ နောက်တစ်ခွက်ငှဲ့သောက်လိုက်သည်။

ဒီဝိုင်ကအရသာရှိလိုက်တာ။

သို့သော် သူနှင့်ချင်ရန်က အလုပ်ကိစ္စကြောင့်လာမှန်းအသိရှိ၍ စာဖိုင်အိတ် ၄ ခုကို ချင်လင်လက်ထဲ မြန်မြန်ကမ်းပေးလိုက်ကာ_ ''ဥက္ကဌချင်... အဆိုပြုလွှာ ၄ စောင်ကိုကြည့်လိုက်ပါဦး... ဘယ်ဟာကအဆင်ပြေမလဲလို့''

ချင်လင်ကခေါင်းညိမ့်ပြီး အဆိုပြုလွှာ ၄ စောင်ကိုယူလိုက်သည်။ သူကပထမစာဖိုင်ကိုယူပြီးဖွင့်ကြည့်လိုက်၏။ အဆိုပြုလွှာတွင် စာမျက်နှာသုံးမျက်နှာသာပါသည်။ ပထမစာမျက်နှာမှာ ပုံစံငယ်၊ ဒုတိယစာမျက်နှာမှာ ပစ္စည်းမိတ်ဆက်နှင့် နောက်ဆုံးတွင် တန်ဖိုး၊ ဒီဇိုင်းအယူအဆကိုတင်ပြထား၏။



ပထမဆုံးဒီဇိုင်းအသွင်အပြင်မှာ သူ့ကြေးညိုဝိုင်ပုလင်းပုံစံကိုယူထားခြင်းဖြစ်သည်။ ဂန္တဝင်ပုံစံကိုတုပထားခြင်းလည်းဖြစ်၏။ 'ချင်းလင်ဝိုင်'စာလုံးအနေအထားတောင် 'ချင်းလင်ဆေးဖက်ဝင်ဝိုင်'အနေအထားနှင့်တူနေသည်။

ဒီပုံစံဆွဲသူက ဉာဏ်ကောင်းသည်။ ဒီအချက်က ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့်ချင်းလင်ဝိုင်ကို ပိုပြီးသဟဇာတဖြစ်စေ၏။ ဘယ်သူမဆို တစ်ချက်ကြည့်ရုံနှင့် ကုမ္ပဏီတစ်ခုတည်းဖြစ်ကြောင်းသိနိုင်သည်။

ချင်လင်က ပထမအဆိုပြုလွှာမှ ပုံစံငယ်ကိုဖတ်ကြည့်ပြီးနောက် ဒုတိယအဆိုပြုလွှာကိုဖွင့်မည်အပြု ဟူဖေးကရုတ်တရက်အသံထွက်လာသည်_ ''အာ... မြန်လိုက်တာ?''

''ဘာမြန်တာလဲ?'' ချင်ရန်မျက်မှောင်ကြုတ်လိုက်သည်။

''ဝိုင်လေ... အစွမ်းပြနေပြီလားပဲ?'' ဟူဖေး၏မျက်နှာမှာ မယုံနိုင်ပုံ၊ အံ့အားသင့်နေပုံတောင် ပေါက်နေသည်။

ဝိုင်နှစ်ခွက်သောက်ပြီး အချိန်ခဏလေးပဲရှိသေး၊ အမှန်ပင် လိပ်ခေါင်းနားတဝိုက် အပူနည်းနည်းစုလာသလိုခံစားလိုက်ရသည်။ ထို့နောက် ရေနွေးတဘက်ကပ်လိုက်သလို စူးရှသောနာကျင်မှုမှာ အတော်သက်သာသွား၏။

အာနိသင်က အံ့သြစရာပဲ။

အကောင်းဆုံးလိပ်ခေါင်းလိမ်းဆေးသုံးရင်တောင် အာနိသင်ပြဖို့ နေ့တဝက်လောက်ယူရပြီး သက်သာဖို့ဆို တစ်ပတ်လောက်အချိန်ကြာတတ်သည်။

ချင်လင်လည်း နည်းနည်းအံ့သြသွား၏။ ကြည့်ရတာ လိပ်ခေါင်းသက်သာစေတဲ့ +၂ အာနိသင်သုံးချက်က ထူးထူးခြားခြားအစွမ်းထက်တဲ့ပုံပဲ။

''သောက်... လင်ဇီရဲ့ဝိုင်က တကယ်လိပ်ခေါင်းသက်သာတာလား?'' ချင်ရန်အံ့အားသင့်နေသည်။ သူက ဟူဖေးသောက်ထားသော ဖန်ခွက်ကိုအမှတ်တမဲ့ယူပြီး သူကိုယ်တိုင်သောက်ရန် ဝိုင်တစ်ခွက်ငှဲ့လိုက်၏။

ချင်လင်နှင့်ဟူဖေးက ချက်ချင်းပင် ချင်ရန်ကို မျက်တောင်မခတ်ကြည့်လိုက်ကြသည်။

ချင်ရန်ကရုတ်တရက် ရှက်ကိုးရှက်ကန်းဖြစ်ပြီး ရယ်လိုက်ကာ_ ''အင်း... ဟူဖေးက ဝိုင်ကိုအရသာရှိတယ်လို့ပြောတယ်မလား? ငါမြည်းကြည့်မလို့''

ချင်လင်ကစလိုက်သည်_ ''တရန်... အပြင်လူတွေ မရှိပါဘူးကွာ... ဘာမှရှက်စရာမလိုဘူး''

''ညီလေးချင်... မင်းတို့ကောင်တွေ အထဲမှာ ဒီဆေးဖက်ဝင်ဝိုင်အသစ်က အရသာကောင်းတယ်လို့အော်နေတာကြားတယ်... ငါမြည်းကြည့်ချင်လို့'' လီခိုင်ကရုတ်တရက် ကောင်တာမှဖန်ခွက်နှင့်ရောက်လာပြီး ဝိုက်တစ်ခွက်ငှဲ့လိုက်သည်။

ချင်လင်က လီခိုင်ကိုကြောင်ပြီးကြည့်နေ၏။

သို့သော် လီခိုင်က ဘာမှမဖြစ်သလိုပင် ဖန်ခွက်ကောက်ကိုင်ပြီးသောက်လိုက်သည်။

''အင်း... ဒီဝိုင်အရသာက တကယ်ကောင်းတာပဲ'' လီခိုင်က အလေးအနက်ချီးကျူးလိုက်၏။ သူကသူ့လက်ထဲရှိဖန်ခွက်ထဲ နောက်တစ်ခွက်ပင်ငှဲ့လိုက်ပြီး သောက်ရင်းနှင့် အနောက်ဘက်ခြံဝင်းထဲလျှောက်သွားလေသည်။

ချန်တပေကရုတ်တရက် ချင်လင်ဘေးနားရောက်လာပြီး အိုးတိုးအန်းတန်းနှင့်မေးသည်_ ''သူဌေး... ဒီဝိုင်တစ်ခွက်လောက်သောက်လို့ရမလား?''

“???” ချင်လင် ချက်ချင်းသဘောပေါက်သွား၏။

သူသိပြီ။ ယောက်ျား ၁၀ ယောက်မှာ ၉ ယောက်က လိပ်ခေါင်းရှိတာပဲ။ ဒီစံအိမ်ထဲမှာ သူဘယ်လိုလုပ်ပြီး သားကောင်ရှာတွေ့မလဲ? သောက်ရမ်းမရိုးသားတာတွေ။



All Chapters