← Chapters

ပထမ ကောင်းကင်ဘုံ။

Vol. 137 Ch. 1905

ပထမ ကောင်းကင်ဘုံ။

Vol. 137 Ch. 1905

နဂါး မူလနှင့် ဓား ရည်ရွယ်ချက်ကို ထိန်းမနိုင် သိမ်းမရ ဖြစ်လာသဖြင့်၊ လင်းယွန်မှ ထိတ်လန့် စပြု လာသည်။

သွေးကျီးကန် များက ရှေ့တွင် ရှိနေပြီး၊ အမည် မသိသော အမျိုးသမီးမှာ သူ့နောက် ကပ်လိုက် နေ၏။

“ ဒီကောင် ... ၊ ပြုတ်ကျ တော့မယ်။ ”

လှုပ်ရမ်း နေသော သံကြိုး ပေါ်ရှိ၊ လင်းယွန်ထံ ကြည့်ကာ၊ လူတိုင်း ပြုံးရွှင် လာကြ လေသည်။

အောက်သို့ ပြုတ်ကျ ခြင်းဖြင့်၊ မသေ သော်လည်း၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိမည် ဖြစ်သည်။

“ ချွင် ချွင် ချွင် ... ။ ”

ရုတ်တရက် သံကြိုး လှုပ်ခါ သွားပြီး၊ နောက်မှ ကပ်လိုက် လာသော အမျိုး သမီး ခမျာ၊ ပြုတ်ကျ မလို ယိမ်းယိုင် သွား၏။

လင်းယွန်က စိုးရိမ် စွာဖြင့်၊ သူမ လက်ကို လှမ်းဆွဲကာ၊ အောက်သို့ ငုံ့ကြည့် လိုက် မိသည်။ ယိမ်းထိုး နေသော သံကြိုးကြောင့်၊ အနည်းငယ် မူးဝေ သွား၏။

အံကြိတ်လျက် အမျိုး သမီးအား၊ အမြန် ဆွဲတင်လိုက် တော့သည်။ အမျိုးသမီးမှ သံကြိုး ပေါ် ပြန်ရောက် လာပြီး၊ လင်းယွန် ရင်ခွင်ထဲ လဲပြို သွား၏။

မသိ စိတ်က ပွေ့ဖက် လိုက်စဉ်၊ သံကြိုး အောက်မှ မမြင်နိုင်သော လက် တစ်စုံဖြင့် သူ့ကို ဆွဲချ နေသလို၊ ခံစားလာ ရသည်။

“ ဟား ဟား ဟား ... ၊ အခုတော့ နင်ငါ့ကို မထားခဲ့ နိုင်ဘူး မဟုတ်လား၊ ပြုတ်ကျ သွားလို့ ... ငါ မသေ ပါဘူး။ ”

လင်းယွန် ရင်ခွင် ထဲမှ အမျိုးသမီးက ပြုံးကာ ပြောသည်၊

“ ဒါက လုပ်ဇာတ်ပဲ။ ”

အသိ ဝင်လာပြီး၊ အမျိုးသမီးအား လွှတ်ချ ပေးလိုက်၏။ ရုတ်တရက် ဖြစ်ရာ မတုန့်ပြန် နိုင် တော့ဘဲ၊ အမျိုးသမီး ခမျာ ပြုတ်ကျ သွား တော့သည်။

ထို့ကြောင့် သံကြိုး ပေါ်၌ လင်းယွန် တစ်ယောက်တည်း ကျန်ရစ် ခဲ့သည်။ အသက် ပြင်းပြင်း ရှူလျက်၊ နဂါး မူလနှင့် ဓား ရည်ရွယ် ချက်ကို ငြိမ်သက်ကာ၊ သွေးကျီးကန်း များထံ ပြန်ကြည့် လိုက်မိသည်။

အရာ အားလုံး ပြတ်ထင်စွာ ငြိမ်သက်သွား သဖြင့်၊

“ ဒီဖြစ်ရပ် တွေကို လုပ်နေတာ အဲဒီ ကောင်မလေးပဲ။ ”

-ဟု သဘော ပေါက်လာကာ၊ ဆက်လျှောက် လာခဲ့သည်။

ထိုစဉ် အမျိုးသမီးက သူ့ရှေ့ သံကြိုးပေါ် ပျံသန်း ဆင်းသက် လာပြီး ... ၊ ‘နင်က တကယ် ရက်စက် တာပဲ၊’ -ဟု ဆိုကာ၊ ပြုံးလျက် ထွက်ခွာ သွား တော့သည်။

ဤအရာက လင်းယွန်အား မျက်မှောင် ကျုံ့သွား စေ၏။ (၁၅) မိနစ် အကြာ၌ သံကြိုး အဆုံးသို့ ရောက်ရှိ လာကာ၊ နန်းတော်ထံ ဆက်လျှောက် သွားမိသည်။

“ ကျွီ ... ။ ”

တံခါးများကို တွန်းထုတ် ပစ်လိုက်ရာ၊ နံရံပေါ်တွင် မရေတွက် နိုင်သော စကားလုံး များစွာကို၊ မြင်လိုက် ရသည်။ ၎င်းတို့သည် ဓားရှည်များ ကဲ့သို့၊ လှုပ်ယမ်း နေ၏။

“ စမ်းသပ်မှုကို ဖြတ်ကျော်ဖို့၊ စကားလုံး တစ်လုံး ရေးခဲ့ပါ။ ”

နန်းတော် အတွင်းမှ၊ စကားသံ တစ်သံ ထွက်ပေါ် လာသည်။ ထို့နောက် နံရံဘေးတွင် မှီထားသော စားပွဲ တစ်လုံးထံ လှမ်းလာ လိုက်သည်။ စားပွဲ ပေါ်တွင် စက္ကူနှင့် မှင်များ၊ အမွှေး တိုင်များ ရှိနေသည်။

ဤစမ်းသပ်မှုသည် တစ်စုံ တစ်ယောက်ကို ကြည့်ခြင်း မည်၏။ စကား လုံးသည် ဓားဖြစ်ပြီး၊ အဓိပ္ပါယ်သည် လမ်းစဉ် ဖြစ်သည်။

စုတ်တံကို ကောက်ယူကာ၊ အပူပင် ကင်းသော ဓား(၉) လက်၏ ‘ရှေးဟောင်း’ ဟူ သည့်၊ ဓားကွက်ကို ရေးသား လိုက်သည်။

“ ကျွီ ... ။ ”

၎င်းအတွင်း ပါရှိသော ရည်ရွယ်ချက်နှင့် နက်နဲ သိမ်မွေ့မှုကြောင့်၊ နံရံမှာ ပွင့်ထွက် သွား တော့၏။

“ ဒါက နည်းနည်းတော့ ... ၊ လွယ် မနေဖူးလား။ ”

တစ်ကိုယ်တည်း ရေရွတ်လျက်၊ လျှောက်လှမ်း လာစဉ်၊ တိမ်ပင်လယ် အတွင်း၌ နန်းတော် တစ်လုံးအား မြင်လိုက် ရသည်။

ထိုနေရာတွင် လူတော်တော် များများ ပိတ်မိနေ ခဲ့၏။ သူတို့က တံခါး ပွင့်သံကြောင့် လှည့်ကြည့် လာသည်။

“ ယဲ့ချင်းရှန် မဟုတ်လား ... ၊ ဒီကောင် မြန်လိုက်တာ ...၊ နိဗ္ဗာန် အဆင့်များ ရောက်နေ ပြီလား။ ”

လူတိုင်း အံ့ဩ နေစဉ်၊ အစောပိုင်း အမျိုးသမီးက လင်းယွန် အနား ရောက်လာပြီး၊ အံ့ဩသော အမူ အရာဖြင့်၊

“ နင် ... ဘယ်လို လုပ်လိုက် တာလဲ၊ အရမ်း မြန်တယ်။ ”

-ဟု ပြောကြား လာ၏။

“ မင်းက ... ငါ့ ထက်တောင် ... အရင် ပြီးမြောက် ခဲ့တယ် မဟုတ်လား၊ ဘာများ ဆန်း လို့လဲ။ ”

“ နင် မေ့သွား ပြီလား ... ၊ ငါက ဒီစမ်းသပ်မှု တွေကို၊ စတုတ္တ အဆင့်ထိ ဖြတ်ကျော် ထားခဲ့ပြီး သားလေ။ ”

လင်းယွန်က စကား တုန့်ပြန်ခြင်း မရှိ တော့ဘဲ၊ လှေကား ဆီသို့ လျှောက်လှမ်း သွား တော့သည်။

ကောင်းကင် သန့်စင်ခြင်း တောင်သည်၊ ခွန်လွန်၏ ကောင်းကင်ဘုံ ကိုးပါးအား တုပကာ စမ်းသပ်မှုများ ပြုလုပ် ထားခြင်း ဖြစ်၏။

ထို့ကြောင့် ပထမ ကောင်းကင် ဘုံကို ဖြတ်ကျော် နိုင်ရန်၊ စမ်းသပ်မှု လေးခု ဖြေဆို ရပေမည်။

ဤနည်းဖြင့် ကောင်းကင်ဘုံ (၉)ခု၊ စမ်းသပ်မှု (၃၆) ခုကို ဖြေဆို ပြီးနောက်၊ ကြယ် ဓား ရည်ရွယ်ချက်အား ရှာတွေ့မည် ဖြစ်သည်။

ချန်ဖန်သည် ပထမ စမ်းသပ်မှု ကိုပင် မဖြတ်ကျော် နိုင်သဖြင့်၊ ထိုအချင်း အရာများ အပေါ်၊ မသိ ခဲ့ချေ။

“ ဒါဟာ ပထမ အဆင့်မှာ၊ နောက်ဆုံး စမ်းသပ်မှုပဲ၊ လှေကား ထစ်ပေါင်း (၉၉၉) ထစ် ရှိတယ်၊ နင် ... ချက်ချင်း စတင် ချင်တာ သေချာလား။ ”

အမျိုးသမီးက လိုက်လာပြီး မေးသည်။ လင်းယွန်မှ လှေကား ထစ်ပေါ် ခြေချ ခြင်းနှင့် ပြန်ဖြေ ပြလိုက်၏။

လှေကားပေါ် ခြေချမိ ချိန်၌၊ မမြင် ရသော အရိပ် အယောင်ဖြင့်၊ နဂါး မူလ ကြေမွလု နီးပါး၊ ဖိအား ပေးခံ လိုက်ရသည်။

ခြေရာတိုင်း ဖိအားများ တိုးလာ နေ၏။ ကျင့်ကြံမှုမှာ အသုံး မဝင် တော့ဘဲ၊ ဓားကိုသာ အားကိုး လိုက်ရသည်။

လှေကားထစ် (၈၀၀) ရောက်သော အခါ၊ လူတစ်ယောက် သွေးများ အလိမ်း လိမ်းဖြင့် သူ့ ထံသို့၊ ဦးတည် ပြေးလွှား လာသည်။

ယင်းက ထိုသူ့၏ ဒဏ်ရာ များကို၊ ပို၍ ပြင်းထန် စေ၏။ လူတိုင်းက ထိတ်လန့် စွာဖြင့် နံဘေးသို့ ရှောင်တိမ်း ပေးလိုက် ကြသည်။

၎င်းသည် သူ့ကိုယ်သူ ဓားဖြင့် ရစ်သိုင်းလျက်၊ တက်ရောက် လာခြင်း ဖြစ်ရာ၊ အတိုက်ခံ ရသူသည်၊ လှေကားထစ် များမှ ပြုတ်ကျသွား နိုင်၏။

နောက်ဆုံးတွင် သူ့အနား ရောက်ရှိ လာ တော့သည်။ ထို့ကြောင့် ကောင်းကင် အမိုးဓား အား ထုတ်ဖော်လျက်၊ ၎င်း၏ ကျောပြင်ကို လက်ဖဝါးဖြင့်၊ ထိန်းပေး လိုက်မိသည်။

“ ထန် ... ထန် ... ။ ”

ဓား နှစ်လက် တိုက်မိ သံများ ညံလာ တော့၏။ ကျောပြင်နှင့် လက်ဖဝါး ထိလိုက်စဉ်၊ ထိုလူက လင်းယွန်ထံ ပြန်ကြည့်ကာ၊

“ မရဏ အဆင့်နဲ့ ... ၊ ကောင်းကင် အမိုးဓားကို ဆုပ်ကိုင် ထားနိုင် တာလား၊ ဒီလို ထက်ရှတဲ့ ဓားသမား တစ်ဦး ဂိုဏ်းမှာ ဘယ်တုန်းက ရှိနေ ရတာလဲ။ ”

-ဟု အံ့ဩ သွားသည်။

၎င်းသည် မီးခိုးရောင် ဝတ်စုံကို ဆင်မြန်း ထားပြီး၊ နိဗ္ဗာန်-စတုတ္ထ အဆင့် ရောက်ရှိ ထား သည်မှာ၊ ကြာပုံ မရ သေးချေ။

သူ့ထံမှ ထွက်လာသော ရောင်ဝါသည် ငရဲ စွမ်းအင်ဖြင့် နီးစပ် သောကြောင့်၊ လင်းယွန် က စိတ်ဝင်စား သွားသည်။

“ မရဏ မိုးကြိုး တောင်က ... ယဲ့ချင်းရှန်။ ”

“ ယဲ့ချင်းရှန် လား ... ။ ”

ထိုလူငယ်က သူ့အမည်ကို မသိ သဖြင့်၊ စိတ်မဝင်စား တော့ဘဲ၊

“ လှေကားပေါ် တက်လာတဲ့ လူတိုင်းကို ကယ်တင်ဖို့ မကြိုးစား ပါနဲ့ ... ၊ မင်း ကျရှုံးသွား နိုင်တယ်။ ”

-ဟု သတိ ပေးကာ၊ ဆက်၍ ပြေးတက် သွားတော့သည်။

လင်းယွန်မှာ ထိုလူနှင့် စကား ပြောချင် သေးသော်လည်း၊ ခေါင်းယမ်းလျက် ကျန်ရစ်ခဲ့ သည်။

လှေကား ထစ်များ အဆုံးတွင် ချောက်ကမ်းပါး တစ်ခု ရှိပြီး၊ ဓား တစ်လက် ထိုးစိုက် ထား၏။

လှေကား ပေါ်ရှိ ဖိအားသည် ထိုဓားမှ လာခြင်း ဖြစ်သည်။ အဖြူဝတ် ဓားသမားက ထိုဓား အနားတွင် ထိုင်နေ၏။

တောင်ခါးပန်းတွင် ထိုင်ကျန် ခဲ့သော ချန်ဖန်သည် ကေျာက်တိုင် ပေါ်၌ ယဲ့ချင်းရှန် အမည်ကို မြင်လိုက် ရသဖြင့်၊ စိတ်လှုပ်ရှား လာတော့သည်။

ဤသည်မှာ ပထမ အဆင့်ကို အောင်မြင်စွာ တက်လှမ်း နိုင်ခြင်း မည်၏။

“ စီနီယာ အစ်ကိုက လေးနာရီ အတွင်း စမ်းသပ်မှုကို ဖြတ်ကျော် ခဲ့တယ်၊ မယုံ နိုင်စရာ ပါပဲ။ ”

သူ့ စကားကြောင့် အနားရှိ လူတိုင်းက သတိပြုမိ ကုန်သည်။ အမှန်ပင် အံ့ဩ စရာ ကောင်းချေပြီ။

“ ယဲ့ချင်းရှန် ဘေးက ... နာမည်ကို ကြည့်စမ်း၊ ချန်ကျန့် မဟုတ်လား၊ သူလည်း အောင်မြင် သွားပြီ။ ”

“ ချန်ကျန့် ဟုတ်လား၊ သူက ဘယ်သူလဲ။ ”

ချန်ဖန်မှ လဲ့ချင်းရှန် အမည် ဘေးရှိ နာမည်ကို ဖတ်ကာ ပြန်မေး လိုက်တော့သည်။

***

All Chapters