← Chapters

အမျိုးသမီး နှစ်ဦး။

Vol. 137 Ch. 1906

အမျိုးသမီး နှစ်ဦး။

Vol. 137 Ch. 1906

“ ချန်ကျန့်က ... ငရဲ သစ်ခွ ခြံဝင်းရဲ့ တပည့်ပဲ၊ သူ ဂိုဏ်းက ထွက်သွားတာ (၁၀)နှစ် ရှိပြီ၊ အဲဒီ ဆယ်နှစ်လုံး ... နတ်ဘုရား သင်္ချိုင်း တောအုပ်ရဲ့၊ ငရဲ ကိုးထပ် တိုက်ပွဲ မြေပြင်မှာ၊ ကျင်လည် ကျင်စား နေခဲ့တယ်၊ ...

... တစ်ချိန် ကတော့ ငရဲ သစ်ခွ ခြံဝင်းရဲ့ ... ပါရမီရှင် ဓားသမားလို့ ဆိုနိုင်တယ်၊ သူတော်စင် တပည့် ... ဖြစ်လာတာ(၁၀)နှစ် ရှိပြီ၊ ...

... နှစ် တစ်ရာ အတွင်း ... ၊ ငရဲ ဓား သုတ္တန်ကို၊ လေ့ကျင့် အောင်မြင် နိုင်တဲ့၊ တစ်ဦး တည်းသော ပုဂ္ဂိုလ်ပဲ ... ။ ”

“ ငရဲ ဓားသုတ္တန်လား။ ”

ချန်ဖန် မျက်နှာ ပြောင်းလဲ သွားသည်။ သင်ယူရန် အခက်ခဲ ဆုံးသော ဓားသုတ္တန်များ အနက်မှ၊ တစ်ခု အဖြစ် ကျော်ကြား ချေ၏။

မူရင်းမှာ ငရဲ ကမ္ဘာ ခန်းမ၏ ဓားသုတ္တန် ဖြစ်ပြီး၊ ၎င်းကို ငရဲ သစ်ခွ ခြံဝင်း၏ အကြီးအကဲ တစ်ဦးမှ ရရှိကာ၊ ဂိုဏ်း၌ ထားရှိ ခဲ့ခြင်း ဖြစ်သည်။

“ ဒီတစ်ကြိမ် အဆင့် တိုက်ပွဲက ... စိတ်ဝင် စားစရာ ကောင်းလာပြီ၊ အိုယန်ဟဲ၊ ယဲ့ဖေးဖန်နဲ့၊ ချန်ကျန့် တို့တောင် ... ရောက် လာတယ်။ ”

“ ယဲ့ဖေးဖန်နဲ့ ပိုင်ရှုရင်က ... ဒုတိယ အဆင့်ကို ကျော်ဖြတ် ခဲ့ပြီး သားမို့၊ တတိယ အဆင့် အတွက် ကျော်ဖြတ် နိုင်မှာပါ။ ”

“ ချန်ကျန့် ကလည်း နှစ်တွေ ကြာပြီမို့ သူတို့ကို အသာလေး အမီ လိုက်နိုင် ပါတယ်၊ ရလာဒ်က စတုတ္ထ အဆင့်ကို ဘယ်သူ တက်နိုင် မလဲ ဆိုတာပဲ။ ”

ယဲ့ချင်းရှန်သည် ကောင်းကင်ကို အံတု နေသော်လည်း၊ မရဏအဆင့် တွင်သာ ရှိသဖြင့်၊ မည်သူမျှ အကောင်း မြင်ခြင်း မရှိချေ။

ရှေးဟောင်း ဓားသည် မြေပြင်မှ ဆယ်ပေ မြင့်သော နေရာ၌ ရှိပြီး၊ သူ့ ပတ်ပတ် လည်တွင်၊ အသီးအနှံ များစွာ ရှိ၏။

လင်းယွန်က ဓားသမားကို အနိုင်ယူပြီး၊ ဖြစ်သဖြင့်၊ သူတော်စင် သစ်သီး တစ်လုံးအား၊ ချက်ချင်း ခူးယူ လိုက်သည်။

သစ်သီး အတွင်း ဓား ရည်ရွယ်ချက်များ ပါဝင် ချေ၏။

“ ကောင်းကင် တိမ်လွှာ သစ်သီး။ ”

မီးခိုးရောင် ဝတ် လူငယ်က၊ လျှောက်လှမ်း လာလျက်မှ သစ်သီး တစ်လုံးကို ဖမ်းဆုပ်ကာ အမည်အား ရေရွတ် လိုက်သည်။

သို့သော် လင်းယွန်မှ ထိုသစ်သီးကို သိမ်းလိုက် သည်အား၊ မြင်သော အခါတွင်၊

“ ဒီနေရာက ထွက်ပြီးရင်၊ အကျိုး သက်ရောက်မှုတွေ လျော့နည်း သွားလိမ့်မယ်၊ အကောင်း ဆုံးက သစ်သီး တွေကို၊ ဒီမှာ သန့်စင်တာ အကောင်း ဆုံးပါပဲ။ ”

-ဟု ဝေမျှပေး လာသည်။

လင်းယွန်က ထိုသတိ ပေးချက် အတွက် ကျေးဇူးတင် သော်လည်း၊ ချက်ချင်း သန့်စင်ရန် ရည်ရွယ်ချက် မရှိ သဖြင့်၊ သစ်သီးကို သိမ်းဆည်း ထားဆဲ ဖြစ်သည်။

ဤမြင်ကွင်းကြောင့် မီးခိုးရောင် ဝတ် လူငယ်က ပြုံးရုံသာ ပြုံးပြီး၊ စကား ဆက်မပြော တော့ချေ။

“ မင်း ... နာမည် ဘယ်လို ခေါ်လဲ။ ”

လင်းယွန်မှ မေးသည်။

“ ငါ့နာမည်ကို သိဖို့ ... ၊ မင်းက မထိုက်တန် သေးပါဘူး။ ”

မီးခိုးရောင် ဝတ် လူငယ်က သူ့ခါးမှ တံဆိပ်ကို ဖြုတ်ယူကာ၊ ကောင်းကင် ကြိုးကြာ ငှက် တစ်ကောင်ကို ခေါ်ယူလျက်၊ တိမ်များ အတွင်း ပျံသန်း သွားတော့သည်။

“ ဝှစ် ... ။ ”

သူ ထွက်သွား ပြီးနောက်၊ လင်းယွန်က ခေါင်းယမ်းကာ၊ နေ-လ ထီးကို ထုတ်ဆောင်း လိုက်သည်။ တစ်ချိန်တည်း မှာပင်၊ လိပ်နက် သံကြိုးအား ပစ်လွှတ် လိုက်၏။

ဤနည်းဖြင့် ပတ်ဝန်းကျင်ရှိ သစ်သီးများ အားလုံးကို ခူးဆွတ် လိုက်လေသည်။ ထို့နောက် နှာခေါင်းအား ပွတ်ကာ၊ သံကြိုး များနှင့် နေ-လ ထီးအား ပြန်သိမ်း လိုက်၏။

“ နောက်ဆုံးတော့ ငါတို့ စကား ပြောဖို့ သင့်တော်တဲ့ နေရာ တစ်ခု ရောက်ပြီ၊ ယဲ့ချင်းရှန် နင် ငါ့ကို မေ့သွား ပြီလို့ ... မပြောနဲ့ ... ။ ”

ရုတ်တရက် အစောပိုင်း အမျိုးသမီးက သူ့အနား လျှောက်လှမ်း လာ၏။ ဤတစ်ကြိမ်၌ သူမသည် အနည်းငယ် ချစ်စရာ ကောင်းနေ သဖြင့်၊ အံ့ဩသွား တော့သည်။

“ အခု ဒီမှာ ဘယ်သူမှ မရှိ တော့ဘူး၊ ဒါကြောင့် လွန်ခဲ့တဲ့ တစ်နှစ်က ငါ ရှာခိုင်းတဲ့ အရာကို၊ နင် ... တွေ့ခဲ့လား ပြောပါ။ ”

အမျိုး သမီးက ပြုံးလျက် မေးသည်။ လင်းယွန် အကြည့်များ ချက်ချင်း စူးရှ သွား၏။ လွန်ခဲ့သော တစ်နှစ်က ပိုင်ရှုရင် ရေချိုးနေ သည်အား၊ ယဲ့ချင်းရှန်မှ ချောင်းကြည့် ခဲ့၏။

ဤမျိုးသမီးသည် ထိုဖြစ်စဉ်အား နောက်ကွယ်မှ ချုပ်ကိုင်သူ ဖြစ်ကြောင်း နားလည် လိုက်တော့သည်။

“ ယဲ့ချင်းရှန် ... ၊ နင် အရင်တုန်းက ငါနဲ့ ယင်ယန် ကျင့်ကြံမှုကို ... လေ့ကျင့် ချင်တယ်ဆို၊ အခု နင့်ရဲ့ ဆန္ဒကို၊ ငါ ဖြည့်ဆည်း ပေးရ မလား။ ”

လင်းယွန်က ပြန် မဖြေဘဲ၊ လေးလေး နက်နက် တွေးတော နေမိသည်။ ဤအမျိုးသမီး သည် မည်သူ ဖြစ်သနည်း။

မည်သူမျှ မသိအောင်၊ ကောင်းကင် တာအိုဂိုဏ်း အတွင်း ခိုးဝင် နိုင်သောကြောင့် သူမသည် မရိုးရှင်း နိုင်ချေ။

အမျိုးသမီးက သူ့အနားကို တိုးကပ် လာပြီးနောက်၊

“ နင်က ယဲ့ချင်းရှန် မဟုတ်ဘူး။ ”

-ဟု လူသတ် လိုသော ရည်ရွယ်ချက်ဖြင့်၊ ပြောကြား လာသည်။

“ မင်း ကရော ဘယ်သူလဲ ... ။ ”

လင်းယွန်က တည်ငြိမ်စွာ ပြန်မေး၏။

“ ဟား ဟား ဟား ... ၊ နင် ငါ့ကိုတောင် မေ့သွား ပြီလား၊ ကြည့်ရတာ နင်က ယဲ့ချင်းရှန် မဟုတ်တာ သေချာ နေပြီ၊ ပြော ... ယဲ့ချင်းရှန် ဘယ်မှာလဲ။ ”

အမျိုးသမီး မျက်နှာသည်၊ သူနှင့် နီးကပ် လာပြီး၊ အရည် ပျော်ကျ လာသော နှင်းပွင့်များ ကဲ့သို့၊ စွဲမက်ဖွယ် ကောင်းနေ၏။

စိတ် စွမ်းအင်ကို အသုံး ပြုကာ၊ သူမ မျက်နှာအား ကျက်သရေ အပြည့်ဖြင့်၊ ခြယ်မှုန်း ထား လေသည်။

သို့သော် လင်းယွန် အနား တိုးကပ် လိုက် ချိန်တွင်၊ သူမ၏ စိတ် စွမ်းအင်များ ထူးဆန်းစွာ ပျောက်ဆုံး သွားခဲ့၏။

“ ငါ ဘယ်သူလဲ သိချင်ရင် ... ၊ မူလ နဂါး မဟာ သူတော်စင်ကို သွားမေး ... ။ ”

လင်းယွန်က တစ်ဖက် လူ၏ မျက်ဝန်း အတွင်း၊ စိုက်ကြည့်ကာ ပြန်ဖြေ၏။ နှစ်ဦးသား နီးနီး ကပ်ကပ် ရှိနေ သော်လည်း၊ အချိန် မရွေး သတ်နိုင်သော အခြေ အနေ ဖြစ်လာသည်။

“ ယဲ့ချင်းရှန် ... ၊ နင် ဘာလုပ် နေတာလဲ။ ”

ရုတ်တရက် အော်ငေါက်လျက် ပိုင်ရှုရင် လှမ်းဝင် လာသဖြင့်၊ အမျိုး သမီးမှ ချက်ချင်း ပြန်ဆုတ် သွားတော့၏။

“ ဂျူနီယာ မောင်လေး ယဲ့က ... ငါနဲ့၊ ယင်ယန် ကျင့်ကြံမို့ ပြောနေ တာပါ၊ ဘာဖြစ် လို့လဲ ... ညီမ ပိုင်လည်း ပါဝင်ချင် လို့လား၊ ဒါဆို ... တန်းစီ ရမယ်နော်။ ”

အမျိုးသမီးက ပြုံးကာ ပြန်ဖြေ၏။

“ ဝမ်မူယန် ... ရွံစရာ ကောင်းတဲ့ စကားတွေ မပြောနဲ့။ ”

ပိုင်ရှုရင် ခမျာ ရှက်ရွံ့ စွာဖြင့် မျက်နှာ နီရဲ လာ၏။

“ ဟား ဟား ဟား ... ၊ ငရဲ သစ်ခွ ခြံဝင်းရဲ့ သန့်ရှင်းသော သမီးတော်က၊ ဖြူစင် ချင်ယောင် ဆောင်နေ တာပဲ ... ၊ အချစ် ဆိုတာ ဘာများ ဆန်းလို့လဲ၊ ဒါက လူတွေကို ပျော်ရွှင် စေပါ တယ်၊ နင် ... နားမလည် ပါဘူး။ ”

စကားဆုံး သည်နှင့် ပြုံးပြီး၊ ထွက်ခွာ သွားတော့သည်။ ပိုင်ရှုရင်အား သူမ ကြောက် သဖြင့်၊ ကြာကြာ မနေ လိုချေ။

“ ဂျူနီယာ မောင်လေး ယဲ့ ... ၊ ငါတို့ ပြန်ဆုံ ကြမယ်။ ”

ဝမ်မူယန် အသံက လေထဲ ပဲ့တင် ကျန် ခဲ့သည်။ သူမ ထွက်သွား ပြီးနောက် ပိုင်ရှုရင်က လင်းယွန်အား အထင် သေးစွာ ကြည့်၏။

“ ယဲ့ချင်းရှန် ... ၊ နင်က တကယ်ကို အထင်ကြီး စရာပဲ၊ ဘယ်တုန်း ကများ ... ယင် နန်းတော်ရဲ့ သမီးတော်နဲ့၊ ပတ်သတ်ခဲ့ တာလဲ၊ ငါတောင် ... မသိ ရပါလား။ ”

လင်းယွန်မှ ကူကယ်ရာ မဲ့စွာဖြင့်၊ ပြုံး လိုက်မိသည်။ ယခင် အချိန် များ၌ ပိုင်ရှုရင်အား တွေ့ရန် ကြောက်ရွံ့ သော်လည်း၊ ယခုမူ များစွာ သက်တောင့် သက်သာ ဖြစ်လာ၏။

ဝမ်မူယန်တွင် ထူးဆန်းသော အရာ တစ်ခု ရှိသည်။ အစောပိုင်း အချိန်၌ သူမအား စုံစမ်းခဲ့ သော်လည်း၊ မည်သည့် အရာမျှ မတွေ့ချေ။

သူမ၏ ကျင့်ကြံမှု ကိုပင် မမြင်နိုင် သဖြင့်၊ သူ့ကိုယ်သူ ညံ့ဖျင်းသော အနေ အထား ရောက် နေမှန်း သိလိုက် ရသည်။

သို့သော် ပိုင်ရှုရင်မှ ယင် နန်းတော်၏ သန့်ရှင်းသော သမီးတော်ဟု ဆိုလိုက် ချိန်တွင်၊ ယင်းက အဓိပ္ပါယ် ရှိလာ ပြန်၏။

တစ်ဖက်တွင် ယဲ့ချင်းရှန်အား ငရဲ သစ်ခွခြံဝင်း အတွင်း အဘယ့်ကြောင့် ခိုးဝင်ခိုင်း သည်ကိုလည်း သိချင် လာသည်။

“ နင် သူနဲ့ ... ၊ ဝေးဝေး နေတာ ကောင်းမယ်၊ သူတော်စင် တပည့်တိုင်း လိုလို၊ သူ့ကြောင့် စိတ်လွတ် ကုန်ဖူးတယ်။ ”

သူမ စကားဆုံး သည်နှင့် ကောင်းကင် ကြိုးကြာ တစ်ကောင်ကို ခေါ်ပြီး၊ ထွက်ခွာ သွား တော့သည်။

အပြင်ပိုင်း တည်ငြိမ် နေသော်လည်း၊ ပိုင်ရှုရင်မှာ ဒေါသ ထွက်နေသည်။ ယဲ့ချင်းရှန် အပေါ်၊ မကျေနပ် စိတ်များ ဖြစ်လာ၏။ ထိုစဉ် ကတည်းက ၎င်းအား သတ်သင့်သည်။

“ ယဲ့ချင်းရှန် ... ငါ့ရှေ့မှာ ဘယ်တော့မှ ... ပေါ် မလာ စေနဲ့။ ”

အဆုံးတွင် သည်းမခံ နိုင်တော့ပဲ၊ အော်ဟစ် သတိပေး လိုက်တော့သည်။

“ ဘာဖြစ် တာလဲ ... ၊ ဝမ်မူယန်ကို ရှောင်ဖို့ သူပဲ သတိ ပေးပြီး၊ သူ့ရှေ့မှာ မလာဖို့ ကြိမ်းဝါး သွား ပြန်တယ်။ ”

လင်းယွန်က ခပ်တိုးတိုး ရေရွတ်လျက်၊ ကောင်းကင် ကြိုးကြာ ခေါ်ကာ ဒုတိယ အဆင့် သို့၊ တက်ရောက် လာခဲ့သည်။

***

All Chapters