ရနံ့ ... မွှေးတယ်။
Vol. 137 Ch. 1907
ကောင်းကင် ကြိုးကြာကို စီးနင်းလျက်၊ ပတ်ဝန်းကျင် ရှုခင်းများ အပေါ်၊ လှည့်ပါတ် ကြည့်ရှု နေမိသည်။
ကောင်းကင် တိမ်လွှာ သစ်သီးပေါင်း နှစ်ရာကျော်ကို သိမ်းယူ ခဲ့၏။ ‘အဲဒီ အတွက် တောင်းပန် ပါတယ်၊’ -ဟု ဆိုကာ၊ သစ်သီး တစ်လုံးအား ထုတ်ယူ ဝါးစား လိုက်သည်။
ချိုမြိန်ပြီး၊ ရနံ့သည် ကျေနပ်ဖွယ် ကောင်း ချေ၏။ နှစ်ကိုက် ကိုက်ရုံဖြင့် တစ်လုံးလုံး ကုန် သွား လေသည်။
လက်မောင်း တစ်လျှောက်၊ ပူနွေးသော စွမ်းအင် စီးကြောင်း တစ်ခု ရွေ့လျား လာပြီး၊ နဖူးထံ ဦးတည် တော့၏။
ကောင်းကင် တိမ်လွှာ သစ်သီး များမှာ၊ အဖိုးတန် သော်လည်း၊ အကျိုး သက်ရောက်မှု မသိသာ လှချေ။
“ အရသာ တော်တော် ရှိတာပဲ ... ။ ”
ပြုံးပြီး ကောင်းကင် တိမ်လွှာ သစ်သီး များကို ထုတ်ယူလျက်၊ ပါးစပ်ထဲ ပစ်ထည့်ကာ၊ ကိုက်ဝါး မိတော့သည်။
ထိုမြင်ကွင်းကို အခြားသူ များသာ မြင်က မျက်လုံးပြူး သွားပေမည်။ သစ်သီး (၅၀) ကျော် စားသုံး ပြီးနောက်၊ အတော မသတ် နိုင်ချေ။
ဒုတိယ အဆင့်သို့ ရောက်ရှိ ချိန်၌၊ ကောင်းကင် တိမ်လွှာ သစ်သီးများ အားလုံး ကုန်ဆုံး သွား၏။
သူ့ရှေ့တွင် မီးခိုးရောင် ဝတ် လူငယ် တစ်ဦး ရပ်နေသည်။ ၎င်းခန္ဓာကိုယ် ထဲမှ၊ ငရဲ စွမ်းအင် များကို ခံစားလိုက် ရ၏။
“ မင်း ... ဘာလုပ် နေတာလဲ။ ”
လင်းယွန်က စိတ်ဝင်တစား မေးလိုက် မိသည်။ မီးခိုးရောင် ဝတ် လူငယ်က၊
“ ကောင်းကင် တာအို ဂိုဏ်းရဲ့ ... ၊ အလှ တရား နှစ်ပါးက ... အခုတင် ဖြတ် သွားတယ်၊ တစ်ယောက်က ... ငါ့ကို တစ်ချက်ပဲ ကြည့်ပြီး ထွက်သွားတယ်၊ နောက် တစ်ယောက်က ကြည့်တောင် မကြည့်ဘူး။ ”
မီးခိုးရောင် ဝတ် လူငယ် ဟူသည် သူတော်စင် တပည့် ဖြစ်ခဲ့ သည်မှာ၊ ကြာပြီ ဖြစ်သည်။
သို့သော် အရွယ် ရောက် လာသည့်၊ သန့်ရှင်းသော သမီးတော် နှစ်ယောက်သည်၊ သူ့အား လျစ်လျူရှု ခဲ့သောကြောင့်၊ အဆင် မပြေ ဖြစ်လာပုံ ရသည်။
“ ညီအစ်ကို ... ၊ သစ်တောထဲ ရောက်နေ ပြီးမှ၊ သစ်ပင်လေး နှစ်ပင် ပေါ်မှာပဲ၊ အာရုံစိုက် မနေ ပါနဲ့၊ မင်းက ကြည့်ကောင်း ပါတယ်၊ မင်း အတွက် အမျိုးသမီး တစ်ယောက်တော့ ... ၊ ဒီကမ္ဘာ ကြီးမှာ ... ရှိဦး မှာပါ။ ”
“ ငါ ... သူတို့ကို မကြိုက်ဘူး၊ မြောင်ရင် အပါအဝင် သန့်ရှင်းသော သမီးတော် တွေကိုပဲ ကြိုက်တယ်။ ”
မီးခိုးရောင် ဝတ် လူငယ်မှ ခေါင်းမာသော လေသံဖြင့် ပြန်ပြောသည်။ သို့သော် ချက်ချင်း စိတ် ဓာတ်ကျ သွားပြီး၊
“ ဒါပေမယ့် သူတို့ အားလုံးက ... ငါ့ကို မကြိုက်ကြ ပါဘူး၊ ငါ့ တစ်ဘဝလုံး ... ငါ့ဘေးမှာ ... ဓားပဲ ရှိတယ်၊ ဒီခံစားချက်ကို မင်း နား မလည် ပါဘူး။ ”
ထိုစကားကြောင့် လင်းယွန်မှ ပြုံးလိုက်သည်။
“ တကယ်တော့ ... မင်း အထီးကျန် မနေ ပါဘူး။ ”
မီးခိုးရောင်ဝတ် လူငယ်က လင်းယွန်ထံ လှည့်ကြည့် လိုက်ပြီး၊
“ မင်းမှာ အဖြေ ရှိလား ... ။ ”
-ဟု ပြန်မေး၏။
“ မင်းက ယောက်ျားပဲ ... ကြိုးစား ကြည့်ပေါ့။ ”
လင်းယွန်မှ ပြန်ဖြေ၏။ ယင်းကြောင့် မီးခိုးရောင်ဝတ် လူငယ်က သူ့အား အထက် အောက် ပြန်ကြည့်ကာ၊
“ ကျေးဇူးပြုပြီး ... ငါနဲ့ ဝေးဝေး နေပါ။ ”
-ဟု မောင်းထုတ် တော့သည်။
“ ဟား ဟား ဟား ... ။ ”
လင်းယွန်မှ ရယ်မော လိုက်မိသည်။ ဤလူငယ်သည် စိတ်ဝင် စားစရာ ကောင်းချေ ၏။ ထို့ကြောင့် ၎င်းနောက်သို့ အမြန် လိုက်ပါ သွားမိသည်။
သို့သော် မီးခိုးရောင် ဝတ် လူငယ်က လျစ်လျူရှုပြီး၊ သူနှင့် စကား ပြောဆိုရန် ဆန္ဒ မရှိဟန်ဖြင့်၊ တိတ်ဆိတ် နေခဲ့၏။
၎င်း အမြင်၌ လင်းယွန်သည် မရိုးရှင်းကြောင်း ခံစားမိပြီး၊ နန်းတော် နှစ်လုံး ခြံဝင်း သုံးခုမှ ကျွမ်းကျင်သူ တစ်ဦး အဖြစ် ထင်ထား ခဲ့သည်။
မဟုတ်မှန်း သိပြီးနောက်၊ သူတို့သည် တစ်ကမ္ဘာတည်းမှ မဟုတ်ကြောင်း ခံစားလာ ရသည်။
သို့သော် ခံစားချက် များကို မျက်နှာ၌ ထုတ်မပြ ခဲ့ဘဲ၊ ယဉ်ကျေးစွာဖြင့် လျစ်လျူရှု လိုက်တော့သည်။
တစ်ဖက်တွင် လူငယ်နှင့် ရင်းနှီးမှု ရယူ ကြည့်ရန် စဉ်းစား ထားသော လင်းယွန် ခမျာ၊ သက်ပြင်းချလျက် ခေါင်းယမ်း လိုက်၏။
ရုတ်တရက် သူ့ဗိုက်ထဲ ပူလောင်သော ဝေဒနာကို ခံစား လိုက်ရပြီး၊ စားသုံး ထားသည့် ကောင်းကင် တိမ်လွှာ သစ်သီး (၂၀၀)သည် ရွှေရည် အဖြစ် ပြောင်းလဲ သွားတော့သည်။
တစ်ကိုယ်လုံး မီးဖိုကြီး တစ်လုံးလို ပူလောင်လျက်၊ နဂါး မြစ်တွင် မြင့်မားသော လှိုင်းများ ရုန်းကြွ လာ၏။
တစ်ဆက်တည်း မှာပင်၊ ဝမ်းဗိုက် နေရာ ဖောင်းကား လာပြီး၊ ရှည်လျားသော လေတိုးသံ ထွက်ပေါ် လာသည်။
“ ပူ ... ။ ”
သို့မှသာ သက်သာရာ ရသွား ခဲ့သည်။ ကျယ်လောင်သော ထိုအသံကြောင့် မီးခိုးရောင် ဝတ် လူငယ်က သူ့အား လှည့်ကြည့် လာ၏။
“ မင်း ... ရူးသွား တာလား။ ”
ထိုအချိန်တွင် သိပ်သည်းဆ မြင့်မားပြီး၊ ဝိညာဉ် စွမ်းအင်များ ပါရှိသော ရနံ့ အချို့ ပျံ့နှံ့ လာခဲ့သည်။
မီးခိုးရောင် ဝတ် လူငယ်က မျက်လုံး မှိတ်လျက်၊ ထိုရနံ့ကို ပြင်းပြင်း ရှူကြည့် လိုက် လေသည်။
ထို့နောက် မျက်လုံး ပြန်ဖွင့် လာကာ၊
“ ရနံ့က မွှေးတယ်။ ”
-ဟု ရေရွတ်လျက် လင်းယွန်ထံ ပြန်ကြည့်သည်။
သို့သော် ချက်ချင်း သူ့မျက်နှာ ပြောင်း သွားသည်။ လင်းယွန် သည်လည်း အဆင် မပြေ ဖြစ်လာ၏။
ချစ်ခြင်းနှင့် လေလည်ခြင်း ဟူသည်၊ ထိန်းမရသော ခန္ဓာကိုယ် တောင်းတမှုများ ဖြစ် ခေျ၏။ မတတ် နိုင်ချေ။
“ ပီ ... ပီ ... ပူ ... ။ ”
အဆုံးတွင် နောက်ထပ် လေလည်သံ (၃)ကြိမ် တိတိ မြည်လာသည်။ တစ်ချိန် တည်း မှာပင်၊ ရောင်ဝါ သည်လည်း မြင့်တက် လာ၏။
ခဏချင်း မရဏ-စတုတ္ထ အဆင့်သို့၊ ရောက်ရှိသွား ခဲ့သည်။ ထို့ကြောင့် လင်းယွန်က အဆင် မပြေသော အသွင်ဖြင့်၊ ထွက်သွားရန် ကြိုးစား မိ၏။
ထိုအချိန် ချိန်တွင်၊ မီးခိုးရောင် ဝတ် လူငယ်က သတ်ဖြတ် လိုသော ဆန္ဒ များနှင့်၊ စိုက်ကြည့် လာသည်။
၎င်းမျက်ဝန်း၌ ဒေါသနှင့် အံ့ဩ စိတ်များ ထင်ဟပ် လာခဲ့၏။ လေလည် ခြင်းနှင့် အဆင့် တက်နိုင်သော ကျင့်ကြံမှု နည်းစနစ်မျိုး၊ အမှန် တကယ် ရှိနေ သည်လော။
ယုံနိုင်စရာ မရှိ သော်လည်း၊ ယင်းအား မျက်မြင် ဖြစ်သည်။ လင်းယွန် အတွက်မူ၊ ဤ အခြေ အနေ အပေါ်၊ သည်းမခံ နိုင်တော့ သဖြင့်၊
“ ဟုတ်တယ်၊ အနံ့က ... တော်တော် မွှေးတယ်။ ”
-ဟု ပြန်ပြော လိုက်တော့သည်။
တစ်ဆက်တည်း မှာပင် ပြောင်ကျကျ၊
“ ငါ ထွက်သွားလို့ ရမလား၊။ ”
-ဟု မေးလိုက် မိ၏။ ထိုအချိန်တွင် မီးခိုးရောင်ဝတ် လူငယ်မှ အသက် ပြင်းပြင်း ရှူလျက်၊ သတ်ဖြတ် လိုသော ဆန္ဒအား ထုတ်ဖော် လာသည်။
သို့သော် ချက်ချင်း သတိ ရသွားပြီး၊ လေထုအား အမြန် ပိတ်ဆို့လျက်၊ လင်းယွန်ထံ ပြန်လှည့် ကြည့်ကာ၊ အသက်အောင့် ထားလိုက် တော့၏။
***