အရသာ မရှိသော ဝိုင် ။
Vol. 137 Ch. 1908
“ နေဦး ... ။ ”
လင်းယွန်က ထွက်သွား မည့်ဟန် ပြင်နေ သဖြင့်၊ မီးခိုးရောင် ဝတ် လူငယ်က တားလိုက် ပြီး၊
“ ငါက ငရဲ သစ်ခွ ခြံဝင်းက ချန်ကျန့်ပဲ၊ ငါ မင်းကို မေးစရာ ရှိတယ်၊ မေးပြီးရင် ... ငါ အရင် ထွက်သွား ပေးမယ်။ ”
“ မေးပါ ... ။ ”
“ မင်းက ... အမြဲတမ်း အခုလို ... လေလည်ပြီး၊ အောင်မြင်မှု ရယူ နေကြလား။ ”
ချန်ကျန့်မှ စူးစမ်းလို စိတ်ဖြင့် မေးလာ၏။
“ ထွက် သွား စမ်း ... ။ ”
လင်းယွန်မှ မျက်နှာ မည်းမှောင် လာပြီး လှည့်ထွက် သွားတော့၏။ သို့သော် ဦးတည်ရာ အရပ် တူနေ သဖြင့်၊ နှစ်ယောက် သား အတူတူ လျှောက်လှမ်း လာမိသည်။
“ မင်း ... ၊ ငါနဲ့ ဝေးဝေး နေလို့ ... မရဘူးလား။ ”
ချန်ကျန့်မှ စိတ် မချမ်းသာ စွာဖြင့် မေးလိုက်သည်။
“ မင်းသာ ငါ့နောက် လိုက်နေတာ။ ”
လင်းယွန်မှ ချက်ချင်း ပြန်ပြော ၏။
“ ငါက ဘာလို့ မင်းနောက် လိုက်ရ မှာလဲ၊ မင်းရဲ့ အနံ့ဆိုးတွေ ရှူဖို့လား။ ”
ချန်ကျန့်က ချက်ချင်း ပါးစပ် ပိတ်ကာ၊ အရှိန်မြှင့် လိုက်သည်။ ယဲ့ချင်းရှန်၏ ကျင့်ကြံမှု အရ၊ ဒုတိယ ကောင်းကင်ဘုံကို မအောင်မြင် နိုင်ဟု၊ သူ ယူဆ ထား၏။
သို့သော် လင်းယွန်က သူနှင့် အတူ၊ စမ်းသပ်ချက် များကို၊ ကျော်ဖြတ် နိုင်ခဲ့သည်။
လမ်း တစ်လျှောက် ကောင်းကင် တိမ်လွှာ သစ်သီးများ အားလုံးကို ချေဖျက်ခဲ့ပြီး ဖြစ်သော ကြောင့်၊ လင်းယွန်မှာ မရဏ-စတုတ္ထ အဆင့် အထွတ် အထိပ်သို့၊ ရောက်ရှိ လာ၏။
ပတ်ဝန်းကျင်ရှိ ကောင်းကင် တိမ်လွှာ သစ်သီး များကို ကြည့်မိရာ၊ ရောင်စဉ် နှစ်သွယ် ဖြစ်နေ သည်အား၊ မြင်လိုက် ရသည်။
ဆိုလို သည်မှာ ဤနေရာရှိ ကောင်းကင် တိမ်လွှာ သစ်သီး များသည်၊ အဆင့် အတန်း မြင့်မား သည်ဟု အဓိပ္ပါယ် ရ၏။
သို့သော် လင်းယွန်က ၎င်းတို့အား ရွံရှာစွာ ကြည့်ပြီး၊ ဤတစ်ကြိမ်၌ ထားခဲ့ရန် ဆုံးဖြတ် လိုက် မိသည်။
တစ်ဖက်တွင် ချန်ကျန့်က လင်းယွန်ထံ ကြည့်ကာ၊ လေလည် ခြင်းဖြင့် မည်သို့ လုပ်ဆောင်ခဲ့ သည်ကို၊ တွေးနေ၏။
သူကိုယ်တိုင် ကြုံခြင်း မရှိသော်၊ ထိုအရာ အပေါ်၊ ယုံမိမည် မဟုတ်ချေ။ လင်းယွန်မှ ပြန်၍ လှည့်ကြည့် လာ သဖြင့်၊ အကြည့်အား ပြန်ရုတ်ကာ၊ ထိုင်ချ လိုက်သည်။
ထိုအချင်း အရာကို မြင်ပြီးနောက်၊ လင်းယွန်မှာ ကူကယ် ရာမဲ့ သွား၏။ ရှင်းပြချင် သော်လည်း၊ မတတ် နိုင်ချေ။
သစ်သီးပေါင်း နှစ်ရာ ကျော်ကို စားသုံး ခဲ့သည့် သူ့ကိုယ် သူသာ အပြစ် တင်နိုင် မည်။ တတိယ အဆင့်သို့ ရောက်ချိန်၌ သူတော်စင် တပည့်ပေါင်း၊ တစ်ရာကျော် စုဝေး ရောက်ရှိ နေသည်ကို၊ မြင်လိုက် ရ၏။
ဤနေရာသို့ ရောက်နိုင်သူ အများစုမှာ၊ အသက် (၅၀) အောက် ငယ်ရွယ်သော ပါရမီ ရှင်များ ဖြစ်သည်။
ထို့ကြောင့် မည်သူမျှ မရိုးရှင်းချေ။ ဝမ်မူယန်နှင့် ပိုင်ရှုရင် သည်လည်း ရောက်ရှိ နေသည်။
လေထု အတွင်း ပျံဝဲ နေသော ပန်းချီကား များစွာ ရှိသည်။ ၎င်းမှ ထွက်သော ရောင်ဝါတွင် အားကောင်းသော ဓား ရည်ရွယ်ချက် ပါ၀င်၏။
ခြေလှမ်း အနည်းငယ် လှမ်းရုံဖြင့်၊ လူတိုင်း ရင်သို့ စူးရှစွာ ထိုးဖောက် ဝင်ရောက် လာသည့် အငွေ့ အသက်ကို ခံစား နိုင်မည် ဖြစ်သည်။
ထိုအငွေ့ အသက်က နှလုံးသား ထံ၊ ရောက်ရှိသွားသော အခါ၊ ပြင်းစွာ နာကျင် ရ၏။ နိဗ္ဗာန် အဆင့်၌ ရှိသော တာအို ယန်နန်းတော်မှ သူတော်စင် တပည့် တစ်ဦးက၊ ပန်းချီကား ထဲမှ လူနှင့်၊ ယှဉ်ပြိုင် နေသည်။
ဆယ်ကြိမ် အပြီးတွင်၊ ပန်ချီကား ထဲမှ ထွက်လာသော အဖြူဝတ် ဓားသမားအား ရှုံးနိမ့် သွား၏။
ပန်းချီကား ပြန်ပိတ် သွားပြီး၊ လူငယ်က အနားယူရန် ထိုင်ချ လိုက်သည်။ ဤစမ်းသပ် မှု အပေါ်၊ မည်သူ မည်ဝါမှ၊ အောင်မြင်စွာ ဖြတ် ကျော်နိုင် မည်ကို၊ သိချင် နေသေး၏။
ထို့ပြင် တိုက်ပွဲ များကို ကြည့်ခြင်းဖြင့် အတွေ့ အကြုံများ ရရှိကာ၊ ထိုးထွင်း သိမြင် နိုင်စွမ်းများ ရရှိ နိုင်၏။
၎င်းအသက်မှာ ငယ်ရွယ်လွန်း သဖြင့်၊ စမ်းသပ်မှု မအောင်မြင် သော်မှ၊ မည်သူမျှ မထီ မဲ့မြင် မပြုဝံ့ ကြချေ။
ဆန့်ကျင်ဘက် အနေဖြင့်၊ လူတိုင်းက လေးစားမှု အပြည့် ရှိကြသည်။ နိဗ္ဗာန် အဆင့်သို့ ရောက်အောင် ကျင့်ကြံ အားထုတ် နိုင်သည် ကပင်၊ ကောင်းစွာသော သက်သေ ဖြစ်၏။
“ ကောင်းယန် ... အနား ယူပါ၊ စိတ်ဓာတ် မကျနဲ့၊ နောက်နှစ် ... ထပ်ကြိုး စားလို့ ရတယ်၊ မင်းရဲ့ ကျင့်ကြံမှုနဲ့ ... ၊ ဒီအထိ ရောက်လာတာ ကိုက၊ အထင်ကြီး စရာပဲ။ ”
ယဲ့ဖေးဖန်မှ နှစ်သိမ့် လိုက်သည်။
ကောင်းယန် အမည်ရှိ လူငယ်က ခေါင်းညိတ်ကာ၊
“ ငါ အဆင်ပြေ ပါတယ် ... စီနီယာ အစ်ကို၊ မင်းလည်း စမ်းသပ်မှု ခံယူတဲ့ အခါ ... သတိ ထားပါ။ ”
-ဟု တုန့်ပြန် လိုက်သည်။
ထိုအချိန်တွင် တစ်စုံ တစ်ယောက်က လင်းယွန်နှင့် ချန်ကျန့် ရောက်ရှိ လာ သည်ကို သတိ ပြုမိ သွား၏။
“ လူ နှစ်ယောက် ... ထပ်ရောက် လာပြီ။ ”
“ အဲဒါ ... ချန်ကျန့် ပဲ ။ ”
မီးခိုးရောင် ဝတ် ထားသည့် လူငယ်၏ အမည်ကို ကြားသောအခါ၊ လူတိုင်း လှည့်ကြည့် လာတော့သည်။
တစ်ချိန်က ချန်ကျန့်သည် ငရဲ သစ်ခွ ခြံဝင်း၏ ဒဏ္ဍာရီ ဖြစ်၏။ ထို့ကြောင့် ငရဲ သစ်ခွ ခြံဝင်းမှ သူတော်စင် တပည့်များက၊ ချက်ချင်း ထွက်လာပြီး၊ သူ့ကို နှုတ်ဆက် ကြသည်။
“ သူ့ ဘေးမှာ ... ယဲ့ချင်းရှန် ... ။ ”
“ ဒီကောင်က ဘယ်လိုလုပ် ... ၊ ဒီရောက် လာရ တာလဲ၊ သူ့ ကျင့်ကြံမှုက .. မရဏ အဆင့် ကျင့်ကြံမှု မှာပဲ၊ ရှိသေးတယ် မဟုတ်လား။ ”
လင်းယွန်၏ နည်းပါးသော ကျင့်ကြံမှု အဆင့်ကြောင့်၊ ကောင်းယန် ခမျာ အဆင် မပြေ သော အနေ အထားသို့၊ ရောက်ရှိ လာ၏။
အဆုံးတွင် တစ်ဖက် လူ၏ ကျင့်ကြံမှုသည် သူ့ထက် များစွာ အားနည်းသော မရဏ-စတုတ္ထ အဆင့်တွင် ဖြစ်သည်။
“ သူ့ကို စိတ် မဝင်စားနဲ့၊ သူက မင်းရဲ့ တိုက်ခိုက်မှု တစ်ကြိမ် ကိုတောင်၊ မခံယူ နိုင်တဲ့ အမှိုက် တစ်စပဲ၊ သူ့ရဲ့ စွမ်းဆောင် ရည်က မင်းထက် ညံ့ဖျင်းတယ်။ ”
ယဲ့ဖေးဖန်က အထင်အမြင် သေးစွာဖြင့် သတိပေး လိုက်သည်။
“ ချန်ကျန့် ... ၊ ငါတို့ မတွေ့တာ ... ၊ ဆယ်စုနှစ် တစ်ခုတောင် ရှိနေပြီ၊ နတ်ဘုရား သင်္ချိုင်း တောအုပ်ရဲ့ ... ငရဲ ကိုးထပ် စစ် မြေပြင်မှာ၊ မင်း သေသွားပြီ ထင်နေတာ။ ”
ချန်ကျန့်အား မြင်ချိန်၌ အိုယန်ဟဲက ရှေ့တစ်လှမ်း လှမ်းတက်ကာ၊ ပြောလိုက် တော့ သည်။
“ ငါလည်း ငါ့ကိုယ်ငါ သေပြီ ထင်နေတာ၊ အခုတော့ ... ပြန်လာ နိုင်ခဲ့ ပါပြီ။ ”
ချန်ကျန့်မှ ခေါင်းညိတ် လိုက်၏။
“ ဒါဆို ငါတို့ ... ၊ ဘာလို့ မပြိုင် ရတာလဲ။ ”
အိုယန်ဟဲမှ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာ၏။ သူ့ဝန်းကျင်၌ ကြောက် မက်ဖွယ်၊ လျှပ်စီးများ ခုန်ပေါက် နေသည်။
“ လျှပ်စီး ဓား ... ။ ”
လင်းယွန်က စိတ်ထဲမှ အသိအမှတ် ပြုလိုက်သည်။ အိုယန်ဟဲသည် သူ ထင်ထား သည်ထက်၊ ပို၍ သန်မာ နေပုံ ရ၏။
အဆိုပါ အိုယန်ဟဲသည် သူ့ကို စိန်ခေါ် နိုင်သော အရည် အချင်း ရှိသည်။ ထို့ကြောင့် ၎င်းမှ စိတ်ဝင်စား နေသော ချန်ကျန့်သည် မရိုးရှင်းကြောင်း ပြောနိုင်၏။
ထို့ပြင် တစ်ယောက်သည် လျှပ်စီး ဓား တာအို ဖြစ်ပြီး၊ ကျန် တစ်ယောက်သည် ငရဲ စွမ်းအင်ကို အောင်မြင်ထား သဖြင့်၊ တကယ် တိုက်သော်၊ စိတ်ဝင် စားစရာ ဖြစ်၏။
သို့သော် ချန်ကျန့်မှ စိန်ခေါ်မှု အပေါ်၊ ငြင်းဆို လိုက်လေရာ၊ စိတ်ပျက် သွားရတော့ သည်။
“ စိတ် မဝင်စားဘူး။ ”
တတိယ အဆင့်သည် မရိုးရှင်း သဖြင့်၊ မည်သူမျှ ပေါ့ပေါ့ ဆဆ ပြုမူ ဝံ့ခြင်း မရှိကြောင်း မြင်သာ၏။ နိဗ္ဗာန်-ပဉ္စမ အဆင့် ကျွမ်းကျင်သူ များပင်၊ အကဲခတ် နေရသည်။
အဆုံးတွင် ကောင်းကင် သန့်စင်ခြင်း တောင်၏ စမ်းသပ်မှု များသည်၊ အမြင် အာရုံ၊ စဉ်းစားဉာဏ်၊ အရည် အချင်း၊ ဓား တာအိုနှင့်၊ ကံကြမ္မာပေါ် မူတည်၏။
စတုတ္ထ အဆင့်ကို အောင်မြင်သော်၊ ဆုလာယ်မှာ အကျိုးကျေးဇူး ကြီးမား ပေမည်။ သုံးရောင်ခြယ် ကောင်းကင် တိမ်လွှာ သစ်သီး ကပင်၊ တန်ဖိုး မဖြတ်နိုင် ဖြစ်၏။
“ ဒါဆို ... ငါ အရင် သွားမယ် ... ၊ တောင်ထိပ်ကို ဘယ်သူ အရင် ရောက်နိုင် မလဲ ဆိုတာ ... ကြည့်ကြ ရအောင်။ ”
ချန်ကျန့်၏ ငြင်းပယ်မှု ခံရ ပြီးနောက် အိုယန်ဟဲက ပန်ချီကား များထံ အာရုံကျ သွား တော့သည်။
စမ်းသပ်မှု မဖြေ ဆိုမီ အနား ယူချင် သော်လည်း၊ ချန်ကျန့်ကို မြင်ချိန်၌ တိုက်ပွဲဝင် ဆန္ဒများ ပေါက်ကွဲ လာခြင်း ဖြစ်၏။
ထထွက် လာပြီး၊ ပန်းချီကား တစ်ချပ်ကို ရွေးလိုက်သည်။ ပန်းချီကား ပွင့်လာသော အခါ စင်မြင့် တစ်ခု ဖြစ်ပေါ်လျက်၊ တိုက်ပွဲ စတင် တော့၏။
သို့သော် ချန်ကျန့်က သူ့တိုက်ပွဲအား စိတ်မဝင်စား တော့ဘဲ၊ ယဲ့ချင်းရှန် အကြောင်း မေးမြန်းရန်၊ ငရဲ သစ်ခွ ခြံဝင်း၏ တပည့်ငယ် တစ်ဦးအား လှမ်းခေါ် လိုက်သည်။
တပည့်ငယ် ပြော သမျှကို နားထောင် ပြီးနောက်၊ ခေါင်းယမ်းလျက် အထင်သေးသော အမူအရာများ ဖြစ်ပေါ် လာ၏။
ဤယဲ့ချင်းရှန် အပေါ် အထင်ကြီး စိတ်များ ပျောက်ကွယ် သွားကာ၊ ဝိုင် ပုလင်း ထုတ်လျက် ငှဲ့သောက်ရန်၊ ပြင်လိုက် တော့သည်။
ထို့စဉ် ဝမ်မူယန် မျက်လုံးများ ပွင့်လာပြီး၊ လင်းယွန်အား မြင်သော အခါ ပြုံးလျက်၊ လက် ဝှေ့ယမ်း တော့သည်။
“ ယဲ့ချင်းရှန်၊ ဒီကိုလာ ... ။ ”
“ သွားရဲရင် သွားကြည့် ... ၊ နင့်ကို ငါသတ်မယ်။ ”
ရုတ်တရက် ပိုင်ရှုရင် ကပါ မျက်လုံး ဖွင့်လျက်၊ ဝမ်မူယန် စကားနှင့် တဆက်တည်း ကြိမ်းမောင်း လိုက်သည်။
“ အဟွတ် ... ဟွတ် ။ ”
ချန်ကျန့် တစ်ယောက် ဝိုင်သီး သွား၏။ သူ့ကိုယ်သူ နားကြားများ မှားခဲ့သည် လောဟု သံသယ ဝင်လာ မိသည်။
ကိုယ့်ကိုယ်ကို အကောင်းမြင် စိတ်များ ပျောက်ကွယ် သွားကာ၊ လက်ကျန် ဝိုင်ခွက်အား၊ တစ်ဟုန်ထိုး မော့ချ ပစ်တော့၏။
ဝိုင် အရသာမှာ၊ ချက်ချင် ခါးသက်သက် ဖြစ်လာ ခဲ့လေသည်။
***