ယဲ့ဖေးဖန်၏ အစီ အစဉ်။
Vol. 137 Ch. 1909
သူ အထင်သေး ခဲ့သည့် ယဲ့ချင်းရှန်အား၊ သန့်ရှင်းသော သမီးတော် နှစ်ပါးမှ အရေး တယူ လုပ်လာ သဖြင့်၊ ချန်ကျန့် ခမျာ နာကျင် သွား တော့သည်။
အခြားသော သူတော်စင် တပည့်များ သည်လည်း အပါ အဝင် ဖြစ်၏။ လင်းယွန်က တုပ်တုပ်မျှ မလှုပ်ချေ။
သူမတို့ ပြောသည် များကို မကြား ချင်ယောင် ဆောင် လိုက်သည်။ ဝမ်မူယန်တွင် မကောင်းသော အကြံ အစည်များ ရှိနေပြီး၊ သူ့အား အတင်း အကြပ် ထုတ်ဖော်ရန်၊ တွန်းအား ပေးနိုင်၏။
တစ်ဖက်တွင် ပိုင်ရှုရင် ရည်ရွယ်ချက် သည်လည်း၊ ကောင်းမွန်ခြင်း မရှိ ကြောင်း ခန့်မှန်း နိုင်သည်။
ထို့ကြောင့် ပန်းချီကား ပေါ်တွင် အပြင်း အထန် တိုက်ပွဲ ဝင်နေသော အိုယန်ဟဲ ထံသာ ကြည့်နေ လိုက်မိ၏။
သူသည် စေ့စေ့ စပ်စပ် ရှိပြီး၊ ဤ စမ်းသပ်မှုတွင် ကျင့်ကြံမှုမှာ၊ အရေး မပါ ကြောင်း၊ သတိ ထားမိ လာသည်။
ပြိုင်ဘက်သည် အိုယန်ဟဲနှင့် တူညီသော နယ်ပယ်၌ ရှိကာ၊ ဓား ရည်ရွယ်ချက် ပေါ်သာ အားကိုးရ ပေမည်။
ဆိုလို သည်မှာ စိန်ခေါ် သူသည်၊ နယ်ပယ်တူရှိ ပြိုင်ဘက်အား အနိုင် ယူရ မည်ဟု အဓိပ္ပါယ် ရ၏။
အိုယန်ဟဲ၏ ကောင်းကင် အမိုးဓားသည် ကနဦး ကျွမ်းကျင်မှုသာ ရှိသော်လည်း၊ လျှပ်စီး ရည်ရွယ်ချက်မှာ သာလွန်၏။
ထိုနှစ်ခုကို ပြီးပြည့်စုံစွာ ပေါင်းစပ် ထားခြင်းဖြင့် လျှပ်စီးဓား ဂုဏ်ရည်ကို အပြည့် အဝ ပြသ နိုင်သည်။
ထူးခြားချက် အနေဖြင့် ဓား ရည်ရွယ် ချက်အား အဖြည့်ခံ အဖြစ်သာ သုံးခဲ့ပြီး လျှပ်စီး တာအို အပေါ် အလေး အနက် ထားပေ၏။
စိတ်ဝင်စားဖွယ် အကောင်း ဆုံးမှာ ၎င်း၏ ဓားရေး ဖြစ်သည်။ ယင်းသည် ပိုးစုန်းကြူး နတ် ဓား ဖြစ်ချေပြီ။
ဤဓားရေးကို မြင့်မြတ်မြေ များ၌ အသုံးများပြီး၊ ၎င်းတို့၏ ဓားသမား တိုင်းမှ လေ့ကျင့်သော ဓားရေး တစ်ရပ် ဖြစ်၏။
အကြိမ် တစ်ရာ လှုပ်ရှား ပြီးနောက်၊ အိုယန်ဟဲက ပြိုင်ဘက်ကို အနိုင်ယူ သွားသည်။ သူက ဆက် မသွားမီ၊ ချန်ကျန့်ဘက် လှည့် ကြည့်ကာ၊
“ တောင်ထိပ်မှာ ... မင်းကို စောင့်နေမယ်။ ”
-ဟု ဆိုလိုက် တော့သည်။
ချန်ကျန့် မှာမူ အသည်း ကွဲနေ သဖြင့်၊ သူ့အား မော့ပင် မကြည့် တော့ချေ။ လူတိုင်း ငြိမ်သက် သွားစဉ်၊ ဝမ်မူယန်က လှစ်ခနဲ လင်းယွန် အနား ရောက်လာ၏။
“ အိုယန်ဟဲရဲ့ ဆရာက ... ၊ လျှပ်စီး သူတော်စင် ဘုရင်ပဲ၊ ဒါကြောင့် သူ့ရဲ့ လျှပ်စီး တာအိုက ကြောက်ဖို့ ကောင်းတယ်။ ”
“ ဂျူနီယာ ညီမလေး မူယန် ... ၊ မင်း ငါ့ကို လူထု ရန်သူ ဖြစ်အောင် လုပ်ဖို့ ... စိတ်ပိုင်းဖြတ် ထား တာလား။ ”
လင်းယွန်က သက်ပြင်းချကာ မေး လိုက်သည်။ ဤအမျိုး သမီးအား၊ ဝမ်မူယန် မှန်း သိပြီးနောက်၊ သူမ အသက်သည် (၁၉) နှစ်သာ ရှိသေးကြောင်း၊ သတိ ရလာ၏။
“ ငါ ... နင့်ကို အချစ် ဆုံးပါ၊ နင်က လူတိုင်းထက် ထူးခြား နေတယ်။ ”
“ ဟုတ်လား ... ၊ ငါက ဘာတွေများ ထူးခြား နေလို့လဲ။ ”
သူ့ မေးခွန်းကြောင့် ဝမ်မူယန်က ပြုံးလျက် နားရွက် အနား တိုးကပ်ကာ၊
“ ယဲ့ချင်းရှန် ဘာဖြစ် သွားလဲ ... ၊ ငါ့ကို ရိုးရိုး သားသား ပြောပြတာ ပိုကောင်းမယ်၊ မဟုတ်ရင် ဒီအစ်မ ကြီးက ... ခွင့်လွှတ်မှာ မဟုတ်ဘူး။ ”
-ဟု တိုးတိုးလေး ပြောလာ တော့၏။
ထိုအချိန်တွင် လူတိုင်းက ဝမ်မူယန် အပြု အမူကြောင့်၊ လှည့်ကြည့် လာ ကြသည်။ သူတို့ စိတ် ချမ်းသာပုံ မရချေ။
လူအုပ် အတွင်း သတ်ဖြတ် လိုသော အကြည့်ဖြင့်၊ စိုက်ကြည့် နေသည့် ပိုင်ရှုရင်အား၊ သတိ ထားမိကာ၊ လင်းယွန်မှ သက်ပြင်းချ လိုက်သည်။
ဤမတိုင်မီ သူမ အပေါ် ရိုးသား ပြကာ၊ ချက်ချင်း ဝမ်မူယန်ထံ ရွေ့သွားသည့် သူ့လုပ်ရပ် ကြောင့်၊ သူမ အဆင်မပြေ ဖြစ်လာပုံ ရ၏။
ယဲ့ဖေးဖန်က မနာလို စိတ်ကို ဖုံးကွယ် မထား နိုင်တော့ချေ။ ပြုံးလျက် လင်းယွန်ထံ လျှောက်လှမ်း လာပြီး၊
“ ယဲ့ချင်းရှန် ... မင်းက မရဏ အဆင့်နဲ့ ကောင်းကင် အမိုးဓားကို နားလည် ထားတယ် မဟုတ်လား၊ ဘာလို့ အခု ပန်းချီကား နှစ်ချပ်ကို စိန် မခေါ်ရ တာလဲ။ ”
-ဟု မေးလာ တော့သည်။
လူတိုင်းက သူ့ စကားကြောင့် လင်းယွန် အဖြေကို အာရုံစိုက် လာကြသည်။ ယဲ့ဖေးဖန်၏ စကား များမှာ၊ ယဲ့ချင်းရှန် အတွက် ကောင်းမွန် သော အရာ မဟုတ်ချေ။
ဤစမ်းသပ်မှုသည် ကျင့်ကြံ မှုနှင့် မသက်ဆိုင် သော်လည်း၊ အခြေခံ အုတ်မြစ် အပေါ်၊ များစွာ သက်ရောက် ချေ၏။
တနည်း အားဖြင့်၊ အခြေခံ အုတ်မြစ် ဟူသည်မှာ၊ ကျင့်ကြံမှု တစ်စိတ် တစ်ပိုင်း ဖြစ် နေ ပြန်သည်။
ခိုင်မာသော အုတ်မြစ် မရှိသော်၊ စွမ်းအား အပြည့် ထုတ်လွှတ် နိုင်မည် မဟုတ်ချေ။ ၎င်းကို ဖယ်ထား လျှင်ပင်၊ ဤအဆင့်ကို ဖြေရှင်းရန် အနိမ့်ဆုံး နိဗ္ဗာန် အဆင့်၌ ရှိရပေမည်။
နိဗ္ဗာန် ရောင်ဝါနှင့် မရဏ ရောင်ဝါတို့ အကြားတွင် ကြီးမားသော ခြားနားချက် တစ်ခု ရှိနေသည်။
“ ယဲ့ဖေးဖန်က ... ယဲ့ချင်းရှန်ကို သေစေ နေလို ပုံပဲ၊ သူတို့ နှစ်ယောက်က၊ မိသားစု တစ်ခု တည်းက ဖြစ်ပြီး၊ ဘာလို့ ဒီလောက် ရွံမုန်း နေရ တာလဲ။ ”
“ ယဲ့ချင်းရှန်က အမှိုက်လေ ... ၊ ယဲ့ မိသားစုမှာ သူ့ကို ဘယ်သူမှ မကြိုက် ကြဘူး၊ အခု ပြန်လာပြီး သန့်ရှင်းသော သမီးတော် နှစ်ပါးရဲ့ အာရုံကို၊ ရယူ ထားတော့၊ မနာလို ဖြစ်တာ သဘာဝ ပါပဲ။ ”
ပတ်ဝန်းကျင်မှ ဆွေးနွေး သံများ ညံလာ တော့သည်။
“ ပန်းချီကား တွေကို များများ ... စိန်ခေါ်နိုင်ရင်၊ ဆုလာဒ် ပိုရ နိုင်လား။ ”
“ ရနိုင် တာပေါ့၊ ပန်းချီကား တစ်ချပ်ကို စိန်ခေါ်ရင် သုံးရောင်ခြယ် သစ်သီး တစ်လုံးပဲ ရနိုင်တယ်၊ နှစ်ချပ် ဆိုရင်၊ အရေ အတွက်၊ ဆယ်ဆ တိုးလာ လိမ့်မယ်၊ ...
... ပန်းချီကား ဆယ်ချပ် အထိ၊ စိန်ခေါ် နိုင်ရင်တော့ ... သုံးရောင်ခြယ် သစ်သီး (၉၀%) ရနိုင်တယ်။ ”
ယဲ့ချင်းရှန်က ပြုံးလျက် ပြန်ဖြေ လာသောကြောင့်၊ လင်းယွန် မျက်ဝန်းများ တောက်ပ သွားသည်။
အဆုံးတွင် သုံးရောင်ခြယ် သစ်သီး၏၊ အကျိုး သက်ရောက်မှုသည်၊ ပထမ အဆင့်မှ သစ်သီး များထက် ဆယ်ဆ သာနိုင်မည်။
“ ဒါဆို စမ်းကြည့် ရအောင် ... ။ ”
လင်းယွန်က စိတ်ဝင်စား သွားသည်။
“ မအောင်မြင်ရင် ... ဆက် မသွား နိုင်တော့ဘူး၊ ပြီးတော့ ... ဒဏ်ရာ ပြင်းထန် ခဲ့ရင်၊ အဆင့် သတ်မှတ်ချက် တိုက်ပွဲကို၊ နင် လက်လွှတ် ရနိုင်တယ်။ ”
ဝမ်မူယန်က သတိ ဝင်ပေး သဖြင့်၊ ယဲ့ဖေးဖန်မှ စောင်းငဲ့ ကြည့်ကာ၊
“ ငါ့ မိသားစုက ... တက်သစ်စ ကြယ်ပွင့်လေးကို၊ အများကြီး မျှော်လင့် ထား သလိုပဲ၊ အမှန်တော့ မဟာ သူတော်စင် တပည့် တစ်ယောက်က ပန်းချီကား နှစ်ချပ် လောက် တော့ ... စိန်ခေါ် သင့်တယ် မဟုတ်လား။ ”
-ဟု ပြောလိုက် တော့သည်။
“ ပန်းချီကား နှစ်ချပ်ပဲ ... စိန်ခေါ် မယ်လို့ ဘယ်သူ ပြောလဲ။ ”
လင်းယွန်က ယဲ့ဖေးဖန်အား လှည့်ကြည့် လိုက်သည်။ ပြီး လက်သုံးချောင်း ထောင်ကာ၊
“ သုံးချပ် ... ၊ ငါ သုံးချပ်ကို စိန်ခေါ်မယ်။ ”
-ဟု ကြေငြာ လိုက်၏။
“ ဒီကောင်က ရူးနေပြီ၊ ပန်းချီကား တစ်ချပ်ကို အနိုင် ယူရုံနဲ့ ... စမ်းသပ်မှုကို ဖြတ် ကျော်နိုင် မဲ့ဟာ၊ သက်သက်မဲ့ ခွန်အား ... ဖြုန်းတီး နေတာပဲ။ ”
“ ဟုတ်တယ် ... ၊ သူ့အပေါ် အကောင်း မြင်နေတဲ့ စိတ်လေးတောင် ... ပျောက်သွားပြီ။ ”
သူတော်စင် တပည့် အပေါင်း တို့က အထင်အမြင် သေးစွာဖြင့်၊ ခေါင်းယမ်း လိုက် ကြသည်။
ယဲ့ဖေးဖန်က ခဏတာ ... အံ့အားသင့် သွားပြီး၊
“ ဟား ဟား ဟား ... ၊ မင်းက မဟာ သူတော်စင် တပည့် ဖြစ်သွားတာ မဆန်းပါဘူး၊ မင်းရဲ့ သတ္တိကို ... ငါ သဘော ကျတယ်။ ”
-ဟု လှောင်ပြောင် ချီးကျူး လိုက်၏။
လူတိုင်းက လင်းယွန်အား အရူး တစ်ယောက် ကဲ့သို့ ကြည့်လာ မိကြသည်။ ချန်ကျန့် သည်ပင် အံ့သြစ ပြုလာ၏။
ဤမျှ နုံအသော လူကို သန့်ရှင်သော သမီးတော်များ မျက်စိ ကျနေ သည်မှာ၊ ယုံနိုင် စရာ မရှိချေ။
“ နေဦး ... ၊ သူ့ရုပ်ရည် ကြောင့်လား။ ”
လွှတ်ခနဲ အသံထွက် သွားသော ကြောင့် သူ့ဘေးရှိ တပည့်ငယ်က ပြုံးလျက်၊
“ အဲဒီ လူက ... အမြဲတမ်း မာန ကြီးတယ်၊ သူ့ရဲ့ ရုပ်ရည်က တကယ်ပဲ၊ အသုံးဝင် တယ်လို့ ထင်နေ ပုံရတယ်၊ တစ်နေ့ လဲကျ လိမ့်မယ်။ ”
-ဟု ဝင်ပြော လာတော့သည်။
ထိုအချိန်တွင် လင်းယွန်က လေထဲ ခုန်တက်ပြီး ပန်းချီကား များနှင့် မီတာ တစ်ရာ အကွာ၌ ရပ်ကာ၊
“ ငါ သုံးကား ရေွးတယ်။ ”
-ဟု ပြောလိုက် လေသည်။
သူတော်စင် ရောင်ခြည်များ ချက်ချင်း ဆင်းသက် လာပြီး၊ ပန်းချီကား သုံးချပ် ပွင့်ကာ၊ ကြီးမားသော စင်မြင့် အဖြစ် ဖွဲ့တည် နေ၏။
“ ဟိတ် ... ။ ”
လင်းယွန်က လေထု အလယ် ခြေဖျားကို ညင်သာစွာ ပုတ်လျက်၊ စင်မြင့်ပေါ် ပြေးလွှား ဆင်းသက် လိုက်မိသည်။
စင်မြင့် ပေါ်၌ လေဟာနယ် လှိုင်းထ လာပြီး လူသုံးယောက် တစ်ပြိုင် နက်တည်း ပေါ်လာ၏။ ၎င်းတို့က ဓားများကို လွှဲလိုက်သော အခါ၊ ဓား အလင်းသည် သားရဲများ အဖြစ်သို့၊ ပြောင်းလဲ သွားကုန်သည်။
“ ဒါ ... သရဲ ဟောင်ကောင်ပဲ။ ”
သူတော်စင် တပည့် အားလုံး အသက် ပြင်းပြင်း ရှူလိုက် ကြသည်။ ယင်းကို ပထမဆုံး အကြိမ် တွေ့မြင် ဖူးခြင်း ဖြစ်ပြီး၊ စိတ် လှုပ်ရှား လာတော့၏။
“ ကောင်းကင် တိမ်လွှာ သစ်သီးတွေ ရဖို့ ဆိုတာ ... တကယ် လွယ်ပုံ မရဘူး။ ”
လင်းယွန်က သက်ပြင်းချ လိုက်၏။ ပြိုင်ဘက် များနှင့် ပတ်သက်ပြီး၊ ထူးခြားမှုကို သတိ ထားမိသည်။
၎င်းတို့ သုံးယောက် လုံးသည် သူ့ထက် သာလွန်သော မရဏ အဆင့် အထွတ် အထိပ်၌ ရောက်ရှိ နေကြ၏။
ထို့ပြင် ဖန်တီး ထားသော သားရဲ များက၊ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်၏ ရောင်ဝါ ကိုပင်၊ ချိုးနှိမ် နိုင်သည်။
“ ရွှမ် ... ။ ”
သို့သော် လင်းယွန်က ဓားဆွဲ ထုတ်ကာ ဝင်လာသော သားရဲများ အားလုံးကို ဖျက်ဆီး ပစ်လိုက်သည်။
ထိတ်လန့် တုန်လှုပ် ဖွယ်ရာ မြင်ကွင်း ဖြစ်၏။ ဤသည်မှာ ပိုးစုန်းကြူး နတ်ဓား ပေပင်။
“ ဖျပ် ဖျပ် ... ။ ”
ပန်းသင်္ချိုင်း ဓားမှ ထွက်လာသော ငရဲ စွမ်းအင် များကြောင့်၊ တံခါးစောင့် နှစ်ယောက်မှ ပြန်ဆုတ် သွား၏။
“ အာရုဏ်ဦး ရောင်ခြည် ... ။ ”
သို့သော် လင်းယွန်က ပန်းသင်္ချိုင်းကို ညင်သာစွာ ထိုးသွင်း လိုက်ရာ၊ နောက်ဆုတ် နေသော ထိုနှစ်ယောက် ကွဲကြေ ကုန်သည်။
ကျန်ရှိ နေသော ပြိုင်ဘက်မှာ၊ ဓားလှိုင်း လွတ်ရာသို့ ဆုတ်ခွာ ထားနိုင် သဖြင့်၊ အားယူ လျက်၊ ပြန်လည် တိုက်ခိုက်ရန် ပြင်၏။
“ ဝှစ် ... ။ ”
ယင်းကို မြင်ချိန်၌ လင်းယွန်က ပန်းသင်္ချိုင်း ဓားဖြင့် ပစ်လွှတ်ကာ၊ ဖောက်ခွဲ ပစ်လိုက် တော့ သည်။
“ ပိုးစုန်းကြူး နတ်ဓား ... ။ ”
ယဲ့ဖေးဖန် တစ်ယောက် မျက်လုံးပြူး သွားသည်။ သူ မြင်ထား သည်ကို မယုံ နိုင်ချေ။ တစ်နှစ် အတွင်း အမှိုက်က ရွှေဖြစ် လာခေျပြီ။
“ ဓားကွက် နှစ်ကွက်လုံး သရုပ်ဖော် အဆင့်။ ”
ချန်ကျန့်မှ အေးစက်သော လေများ ရှူရှိုက်လိုက် မိသည်။ ပိုးစုန်းကြူး နတ်ဓားကို ဓားသမား အများစုမှ လေ့ကျင့် ကြ၏။
သို့သော် လူ အနည်းငယ် သည်သာ၊ ဤယဲ့ချင်းရှန် နည်းတူ၊ သရုပ်ဖော် အဆင့်ထိ ရောက်ရှိ နိုင်ပေမည်။
***