← Chapters

နင် ... ငါ့ကို စောင့်နေ တာလား။

Vol. 137 Ch. 1910

နင် ... ငါ့ကို စောင့်နေ တာလား။

Vol. 137 Ch. 1910

ဤမြင်ကွင်းကို ကြည့်နေသော ဝမ်မူယန် မျက်ဝန်းများ မှေးစင်း သွားသည်။ လွန်ခဲ့သော တစ်နှစ်က အရေး မပါသော လူ တစ်ယောက် သည် ဤမျှ အစွမ်းထက် လာ နိုင်စရာ အကြောင်း မရှိချေ။

ယဲ့ချင်းရှန်အား လူစား လဲလိုက် သည်နှင့် တူနေ၏။ အမှန်တွင် အချို့အရာများကို သံသယ ဖြစ်ဖွယ်၊ မေ့လျော့ နေရုံက လွဲပြီး၊ စိတ်နေ စိတ်ထားမှာ ယဲ့ချင်းရှန် ဖြစ်နေဆဲ ပေပင်။

ပြောစရာ ရှိနေ သည်မှာ ယဲ့ချင်းရှန် အမှန်သာ ဖြစ်သော်၊ သူမကို မေ့သွား နိုင်စရာ အကြောင်း မရှိဟု ယုံကြည်၏။

ယင်းသည် ရည်ရွယ်ချက် ရှိရှိ မေ့ထား ခြင်းမျိုး ဖြစ်နိုင်၏။ ထို့ကြောင့် ယဲ့ချင်းရှန်သည် သူမ မမြင်နိုင် တော့သည့်၊ လူတစ်ဦး အဖြစ် ပြောင်းလဲ သွားချေပြီ။

ယဲ့ချင်းရှန်၏ ဓားသည် အနည်းငယ် ကြောက်စရာ ကောင်းလွန်း သ​ဖြင့်၊ ပိုင်ရှုရင် မှ အာရုံစိုက် ကြည့်မိသည်။

နောက်ဆုံး ပြိုင်ဘက်နှင့် ရင်ဆိုင် ရာ၌၊ မည်သည့် ဓားရေး ကိုမျှ အသုံး မပြုချေ။ ထိုစဉ် ခေါင်းပြတ် နေသော နောက်ဆုံး ပြိုင်ဘက် ထံမှ၊ ဓားအလင်း တစ်စ လွင့်ထွက် လာသည်။

၎င်းသည် အနက်ရောင် မျောက် တစ္ဆေ အဖြစ် ပြောင်းလဲလျက်၊ စင်ပေါ်မှ ဆင်းတော့ မည့် လင်းယွန်ထံ ဝင်ရောက် လာ၏။

“ သနား စရာ ကောင်းလိုက်တဲ့ ... ကစားကွက် လေးတွေ ... ။ ”

လင်းယွန်မှ ခေါင်းခါ၏။ သူ၏ နဂါး သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်မှ ရောင်ဝါ သည် ဖိနှိပ် ခံရ သော်လည်း၊ ဓား ရည်ရွယ် ချက်မှာ၊ လွတ်လပ် နေသေးသည်။

ပန်းသင်္ချိုင်း ဓားကို သိမ်းပြီး ဖြစ်သဖြင့်၊ မဆွဲထုတ် တော့ဘဲ၊ ဓားအလင်းနှင့် တောက် ထုတ် လိုက်သည်။

“ ရွှပ် ... ။ ”

ဓား ရောင်ခြည်မှ အနက်ရောင် မျောက် တစ္ဆေ ကိုသာ မက၊ ခေါင်းပြတ် နေသော တံခါး စောင့်ထံမှာ ပြေးဝင် ဖျက်ဆီး တော့သည်။

“ မင်း စမ်းသပ်မှုကို အောင်သွားပြီ။ ”

“ ဝှစ် ... ။ ”

ယဲ့ဖေးဖန်မှ အာမေဋိတ်သံ ပြုလိုက် မိသည်။ လင်းယွန်က စင်ပေါ်မှ ခုန်ဆင်းပြီး သူ့ထံ လှည့် ကြည့်ကာ၊

“ အခုလို ရှင်းပြတဲ့ အတွက်၊ ကျေးဇူးတင် ပါတယ်၊ မဟုတ်ရင် ဒီစမ်းသပ်မှုကို အောင်မြင် ကြောင်း၊ ငါ သိမှာ မဟုတ်ဘူး၊ တောင်ထိပ်ကို ရောက်တဲ့ အခါ၊ မင်း အတွက် ... ကောင်းကင် တိမ်လွှာ သစ်သီး တစ်လုံး ငါ ပေးမယ်။ ”

-ဟု လှောင်ပြောင်လျက် ချက်ချင်း ထွက်ခွာ သွားတော့သည်။

“ ဒီကောင် တကယ့် မလွယ်ဘူး။ ”

ချန်ကျန့်မှ ပြုံးလိုက်သည်။ သူ့ဘေးရှိ ငရဲ သစ်ခွ ခြံဝင်း တပည့်များ မှလည်း၊ ခေါင်းညိတ် လိုက်ကြ၏။

“ ဟား ဟား ဟား ... သူ့ကိုယ်သူ အောင်မြင်မှန်း သူ သိတာတောင် ယဲ့ဖေးဖန်ကို၊ လှောင်ပြောင်ဖို့ မမေ့ဘူး။ ”

“ ငါသာ ယဲ့ဖေးဖန် ဆိုရင် ... ၊ ဒေါသ ထွက်ပြီး၊ တိုက်ခိုက် မိမှာ အမှန်ပဲ၊ အခုတော့ သူရဲဘော ကြောင် လိုက်တာ။ ”

ပတ်ဝန်းကျင်မှ ဆေွး​နွေးသံ များကို ယဲ့ဖေးဖန်မှ ကြား​နေ ရသဖြင့်၊ အဆင် မပြေ ဖြစ်လာ တော့သည်။

“ ယဲ့ချင်းရှန် ... ခဏ စောင့်ဦ ... ။ ”

ဝမ်မူယန်က ပြုံးပြီး၊ ကောင်းကင် ပေါ် ပျံတက်လိုက် တော့သည်။ သူမ အနေဖြင့် ဤ အဆင့်ကို ဖြတ်ကျော် ထားပြီး ဖြစ်၏။

ယဲ့ချင်းရှန်အား စောင့်ကြည့် လိုသော ကြောင့်သာ၊ ဤနေရာ၌ ရှိနေခြင်း ဖြစ်၏။ ၎င်းမှ ပြသ ထားသော စွမ်းရည်သည်၊ မရဏ အဆင့် ထက် သာလွန် နေသည်။

ယဲ့ဖေးဖန် အကြည့် များမှာ၊ ချက်ချင်း အေးစက် လာပြီး၊ ယဲ့ချင်းရှန်သည် သူ့အား အရူးလုပ် ခဲ့ကြောင်း နားလည် လာ၏။

သူ သည်သာ သည်လိုမှန်း သိက၊ ပိုင်ရှုရင် ရေှ့တွင် လူကြီး လူကောင်း တစ်ယောက် ကဲ့သို့ ပြုမူ ပြနေ မိမည် မဟုတ်ချေ။ ယဲ့ချင်းရှန်အား၊ သင်ခန်းစာ ပေး မိမည် ဖြစ်သည်။

ဝမ်မူယန်မှ လင်းယွန်အား လိုက်မီ လာသည်။

“ နင်တော့ ... ဒုက္ခ ရောက်ပြီ ယဲ့ချင်းရှန် ... ။ ”

ခရမ်းရောင် ၀တ်စုံဖြင့်၊ သူမ အသွင်က ထူးထူး ခြားခြား လှပ နေသည်။ ယင်းကြောင့် ဝမ်မူယန်မှာ၊ အထူး ကျင့်ကြံမှု နည်းစနစ် တစ်ခု ခုကို လေ့ကျင့် ထားမှန်း၊ နားလည် လိုက်၏။

“ အဲဒီ လူက အပေါ်ယံမှာ ... ၊ လူကြီး လူကောင်း တစ်ယောက်လို ပြုမူ ပြနေ ပေမယ့်၊ သူ့စိတ်ဓာတ်က သေးသိမ် တယ်၊ အရင် အချိန် တွေတုန်းက နင့်ကို အမြဲ သင်ခန်းစာ ပေးနေ ကျပဲ၊ အခု ... နင် သူ့ကို စော်ကား လိုက်တဲ့ အတွက်၊ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ”

ဝမ်မူယန်က အပြစ် ကင်းစင်သော အသွင်ဖြင့်၊ သတိပေး လာသည်။

“ အားလုံးက ... ၊ မင်း ကြောင့်ပဲ မဟုတ်လား၊ ဒါပေမယ့် ကိစ္စ မရှိဘူး၊ ငါလည်း သူ့ကို လွှတ်ထားဖို့ ရည်ရွယ်ချက် မရှိဘူး။ ”

လင်းယွန်မှ ပြန်ပြောသည်။ ကောင်းကင် တာအို ဂိုဏ်းမှ၊ ပါရမီရှင် များ၏ ဖိအား သုံးကာ၊ ကြယ်ဓားကို ဆုပ်ကိုင်ရန် ​ကြံရွယ် ထား၏။

“ နင် ဘာလို့ ... ယင်နန်းတော်ကို မလာ တာလဲ၊ ယဲ့ မိသားစုမှာ နင့် အတွက် နေရာ မရှိ တော့ဘူး၊ ပထမ ကျန်းယွီ၊ ဒုတိယ ပိုင်ရှုရင် အခု ယဲ့ဖေးဖန် ... တို့ကို စော်ကားခဲ့ ပြီးပြီ၊ နင့်မှာ ရွေးချယ် စရာ ဆိုလို့ ...

... ကောင်းကင် တာအိုဂိုဏ်းရဲ့ မျိုးနွယ်စု လေးခု ထဲက၊ ငါ့ ဝမ်မိသားစုပဲ ကျန်တော့တယ် မဟုတ်လား။ ”

ဝမ်မူယန်က ပြုံးပြီး လင်းယွန်ရှေ့ ကျော်တက် လာကာ၊

“ ဝမ် မိသားစုရဲ့ ... သမက် ရာထူးကို နင့်အတွက် ငါ ပေးနိုင်တယ်၊ ငါ့နောက် လိုက်နေ သရွေ့၊ နင့်ကို ဘယ်သူမှ အနိုင် မကျင့် စေရဘူး ။ ”

“ စိတ် မဝင်စားဘူး ... ။ ”

“ ယဲ့ချင်းရှန် ... ၊ နင် တကယ် ပြောင်းလဲ သွားပြီ၊ ငါတို့ မတွေ့တာ တစ်နှစ်ပဲ ရှိသေးတယ်၊ ဘာလဲ ... ပိုင်ရှုရင်က ငါ့ထက် ဆွဲဆောင်မှု ပိုရှိ နေလို့လား။ ”

“ မိန်းကလေး ... ၊ မင်း ငါ့ကို ဖျားယောင်း သွေးဆောင်ဖို့ မကြိုးစားနဲ့၊ စိတ်မဝင် စားဘူး၊ ငါ့ အမြင်မှာ ... မင်း နည်းလမ်း တွေက ရယ်စရာ ကောင်းနေတယ်။ ”

လင်းယွန် ပြုံးပြီး ဆက်သွားသည်။

“ မိန်းမ တေွကို ကြင်နာဖို့ ... ၊ နင့်ဆရာက သင် မပေးထား ဖူးလား။ ”

ဝမ်မူယန်မှာ ပြုံးနေ သော်လည်း၊ သူမ မျက်ဝန်း အတွင်း၌ သွေးလမင်း တစ်စင်း ထွက် ပေါ်လာသည်။

သည့်နောက် လက်ငါးချောင်းမှာ၊ သလင်းကျောက် အလား စူးရှသော ရောင်ဝါ များ ထွက်လာ၏။

တစ်ချိန်တည်း မှာပင်၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက် သည်လည်း ဖြစ်ပေါ် လာသည်။ လင်းယွန်နှင့် သူမ ကြား နီးကပ်လွန်း သဖြင့်၊ ဤအချိန် လုပ်ကြံသော်၊ လှည့်ကြည့် ချိန်ပင် ရှိမည် မဟုတ်ချေ။

“ ဝှစ် ... ။ ”

အတွေး မဆုံးခင် မှာပင်၊ ဓား​မြည်သံ ပဲ့တင်ထပ် လာကာ၊ ပန်းသင်္ချိုင်းက ဓားအိမ်မှ တိုးထွက် လာပြီး၊ သူမ နဖူးထံ ချိန်ရွယ် လိုက်တော့သည်။

ဝမ်မူယန်က ၎င်းကို ဂရု မစိုက်ဘဲ၊ လက်ဖဝါးဖြင့် ရိုက်ရန် ပြင်လိုက် ချိန်တွင်၊ ဓား ရောင်ခြည်များ ပြေးထွက် လာ၏။ ထို့ကြောင့် နောက်ဆက်တွဲ ပုံရိပ်များ ချန်ကာ အမြန် ပြန်ဆုတ် လိုက်ရသည်။

“ ဘုန်း သူတော်စင် လက်ရာ။ ”

အမြန် ဆုတ်ခွာ လိုက်ရသဖြင့်၊ ကိုယ်ဟန် မထိန်းနိုင်​ တော့ဘဲ၊ မြေပြင်ပေါ် လဲကျ သွား၏။ ထိတ်လန့် နေသော ဝမ်မူယန်ထံ လင်းယွန်မှ လှည့်ကြည့်သည်။

ဓား နှလုံးသားသည် အန္တရာယ်ကို ခံစား နိုင်သော်လည်း၊ အချိန်မီ ရှောင်တိမ်းရန် အခွင့် မသာ တော့ချေ။

ထို့ကြောင့် လှည့်ကြည့် လိုက်ချိန်၌ ပန်းသင်္ချိုင်းက ပျံသန်းလျက်၊ ဓားအိမ်ထဲ ပြန်ဝင် လာသည်ကို မြင်လိုက် ရသည်။

“ မိန်းကလေး ဝမ် ... ၊ မင်းက ငါ့ကို ယင်-ယန် ကျင့်​ကြံဖို့ ပြောခဲ့တယ် မဟုတ်လား၊ အခု ဘာလို့ ... ကိုယ့် ယောက်ျားကို၊ သတ်ချင် နေရတာလဲ။ ”

“ ဘယ်သူက နင်နဲ့ အတူ၊ ယင်-ယန် ကျင့်ကြံ ချင်တယ် ပြောလို့လဲ၊ နင့်ကိုယ်နင် ငါနဲ့ ထိုက်တန်တယ် ထင်နေ သလား၊ အခု နင့်ကို မေးစရာ တစ်ခုပဲ ရှိတယ်၊ နင် ဘယ်သူလဲ။ ”

လင်းယွန်က အနား တစ်ဝိုက်တွင် တစ်စုံ တစ်ဦး ရှိနေ မည်ကို စိုးရိမ် သဖြင့် သတိ ထား ကာ၊

“ ငါက ယဲ့ချင်းရှန် ပါပဲ၊ မှတ်ဉာဏ် အချို့ ဆုံးရှုံး ထားတယ်။

-ဟု ပြန်ဖြေ လိုက်ရသည်။

“ ငါ နင်နဲ့ အချိန် ဖြုန်းဖို့ ... စိတ် မ၀င် စားဘူး၊ ဒီဓားက နင့် အသက်ကို ကယ်နိုင်မယ် မထင်နဲ့၊ ယဲ့ချင်းရှန် အဖြစ် ဘာလို့ အသွင်ယူ ထားတာ၊ မရှင်းပြရင် ... ဒီနေ့ နင် သေဖို့သာ ပြင်ထား။ ”

“ မင်းရော ... ဘယ်သူ လဲ၊ ဒီကို ဘာလာ လုပ်တာလဲ။ ”

ဤအမျိုး သမီးတွင် မ​ကောင်း​သော ရည်ရွယ်ချက်များ ရှိနေ သည်ဟု ခံစား မိသည်။

“ ငါ ဘယ်သူလဲ ... နင် သိချင်လား။ ”

ဝမ်မူယန်က ပြုံးပြီး မေး၏။ သူမ စွန့်လွှတ် လိုက်သော ရောင်ဝါသည် နိဗ္ဗာန် စတုတ္ထ အဆင့် အထွတ် အထိပ်သို့၊ ရောက်ရှိ လာသည်။

သို့တိုင် သူမက လင်းယွန်၏ ဓားကို အထူး အာရုံ စိုက်လျက်၊ တိုးကပ် နေရ၏။ တစ်ဖက် လူ သည် ဓားဆွဲရန် ရည်ရွယ်ချက် ရှိ-မရှိ၊ သူမ မခန့်မှန်းနိုင် ဖြစ်​​နေသည်။

“ ပထမ တစ်ကြိမ် ... ။ ”

အဆုံးတွင် သည်းမခံ နိုင်တော့ဘဲ၊ သူမ၏ လက်ငါးချောင်းကို ဖွင့်လျက် လင်းယွန် ထံသို့ ပျံသန်း လာခဲ့သည်။

“ ..... ။ ”

သို့သော် ရုတ်တရက် ကျမ်းစာ ရွတ်သံများ ဆူညံလာပြီး၊ ဘုန်း သူတော်စင် ရောင်ဝါ အချို့၊ လင်းယွန်ကို ရစ်သိုင်း လာခဲ့သည်။

ထိုအသံကြောင့် လေဟာနယ် ပုံပျက် သွားကာ၊ သူမ၏ စိတ်ဝိညာဉ်ထံ အဟုန်ဖြင့် တိုးဝင် ရိုက်ခတ် လာ၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ရှောင်တိမ်းရန် အချိန် မရှိတော့ သဖြင့်၊ အသံလှိုင်းကို လက်သည်းနှင့် အမြန်ကုပ် ချကာ၊ ခြေလှမ်း (၁၀)ခန့် ဆုတ်ခွာ လိုက်ရသည်။

ရပ်ခြေ ငြိမ်သည်နှင့်၊ ပြန်မော့ ကြည့် လိုက်ရာ၊ ယဲ့ချင်းရှန် ညာလက်၌ ပုတီး တစ်ကုံး ကိုင်ထား သည်ကို မြင်လိုက် ရ၏။

ဤသည်မှာ နောက်ထပ် ဘုန်း သူတော်စင် လက်ရာ တစ်ပါး ဖြစ်သည်။

“ နင် ... နင် ဘယ်သူလဲ၊ နင်မှာ ဘာလို့ ဘုန်းသူ​တော်စင် လက်ရာ​တွေ ... ၊ အများကြီး ရှိနေရ တာလဲ ... ။ ”

“ ချွမ် ... ။ ”

လင်းယွန်မှ ပြန်မဖြေ တော့ဘဲ၊ ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ် လိုက်၏။ ဓားထံမှ တောက်ပမှု တစ်ခု လွင့်ထွက် လာသည်။

“ ဟိတ် ... ။ ”

ဝမ်းမူယန်က အားယူလျက်၊ ပြေးဝင် တိုက်ခိုက်လာ တော့သည်။ အကြိမ် အနည်းငယ် တိုက်ခိုက် ပြီးနောက်၊ ဝမ်မူယန် တစ်ယောက် ပို၍ ဒေါသ ထွက်လာသည်။

သူမ ခွန်အားသည် လင်းယွန်ထက် သိသိ သာသာ အားကောင်း သော်လည်း အနား မကပ် နိုင် ဖြစ်နေသည်။

သူမ အနား ရောက်ချိန်တိုင်း၊ ပုတီး ထွက်ပေါ် လာကာ၊ ပြန်လည် တွန်းထုတ်ခြင်း ခံရမည် ဖြစ်သည်။

“ ငါ ... လက်လျှော့ လိုက်ပြီ။ ”

ဝမ်မူယန်က ရပ်လိုက်၏။ ဤနေရာသည် ကောင်းကင် သန့်စင်ခြင်း တောင် ဖြစ်နေသဖြင့်၊ အခြား လူများ ရောက်ရှိ လာ နိုင်သည်။

“ တော်ပြီ ... ၊ နင် ဘယ်သူလဲ ဆိုတာ ... ၊ ဂရုမစိုက်ဘူး၊ ဒါ​ကြောင့် ငါ့​ ကိစ္စ​တေွ မှာလည်း၊ ဝင် မ​ပါ​နဲ့၊ နင့် ကိစ္စ​ မှာလည်း၊ ဝင်​ မပါဘူး။ ”

“ တစ်ယောက် ကိစ္စကို ... ၊ တစ်ယောက် ဝင်ပြီး မရှုပ်ဖို့ ... မင်း ပြောနေ တာလား၊ အဲဒါကို ငါ အာမ မခံ နိုင်ဘူး။ ”

စီနီယာ အစ်ကိုနှင့်၊ စီနီယာ အစ်မသည်၊ ဤဂိုဏ်းတွင် နေထိုင် သောကြောင့်၊ လျစ်လျူရှု ထားရန်၊ ရည်ရွယ်ချက် မရှိချေ။

“ ဟား ဟား ဟား ... ၊ အဲဒီ ... ဘုန်း သူတော်စင် လက်ရာ နှစ်ခုနဲ့ ... ၊ နင် ငါ့ကို အနိုင်ယူ နိုင်မယ်လို့ ... ထင်​နေ တာလား၊ ကောင်းပြီ ... ငါတို့ တွေ့မယ် ... ။ ”

ဝမ်မူယန်က လင်းယွန်အား အေးစက်စွာ ဆိုလျက်၊ လှည့်ထွက် သွားတော့၏။ လင်းယွန် က ဓားအား ပြန်သိမ်း လိုက်သည်။

ဘုန်း သူတော်စင် လက်ရာ နှစ်ခုကို၊ တစ်ပြိုင် နက်တည်း သုံးရ သည်မှာ၊ ပင်ပန်း ချေပြီ။

ပန်းသင်္ချိုင်းသည် သူ့ခန္ဓာကိုယ် အစိတ် အပိုင်း တစ်ခု ဖြစ်သောကြောင့်၊ အဆင် ပြေလှ သော်လည်း၊ ပုတီးသည် သူ့အား ပင်ပန်း နွမ်းနယ် စေ၏။

၎င်းသည် နဂါး မူလသာ မက၊ သူ၏ သွေးသား စွမ်းအင်နှင့်၊ စိတ်စွမ်းအင် ကိုပင်၊ ကုန်ဆုံး စေသည်။

တစ်ဖက် တွင်လည်း ကောင်းကင် တာအိုဂိုဏ်း အတွင်းရှိ အမျိုးသမီး များသည် ကြောက်မက်ဖွယ် ကောင်းကြောင်း သဘောပေါက် လာခဲ့သည်။

ဝမ်မူယန် ပြန်လာ မည်ကို စိုးသဖြင့်၊ ပန်းသင်္ချိုင်း ဓားအား အနား၌ ပျံဝဲ စောင့်ကြပ် စေကာ၊ တရား ထိုင်လိုက်၏။

နာရီဝက် အကြာတွင်၊ တရား ထိုင်ရာမှ မျက်လုံး ဖွင့်လိုက်သည်။ အဝေး တစ်နေရာမှ အဖြူရောင် ပုံရိပ် တစ်ရိပ်၊ လျှောက်လှမ်း လာ သည်ကို မြင်လိုက် ရ၏။

“ နင် ... ငါ့ကို စောင့်နေ တာလား။ ”

ယင်းမှာ ပိုင်ရှုရင် ဖြစ်သည်။ သို့သော် ထိုမေးခွန်းအား မျှော်လင့် မထား သောကြောင့်၊ လင်းယွန်မှ တုံ့ဆိုင်း သွားပြီး၊

“ အင်း ... ဟုတ်တယ်၊ စီနီယာ အစ်မပိုင် နားလည်မှု မလွဲအောင် ရှင်းပြ ချင်လို့၊ စောင့်နေ တာပါ။ ”

-ဟု သံယောင်လိုက် ဖြေကြား မိတော့သည်။

***

All Chapters