ထွက်သွား ... ။
Vol. 137 Ch. 1911
ယဲ့ချင်းရှန် မျက်နှာပေါ်ရှိ ရိုးသားမှုကို ပိုင်ရှုရင် မြင်၏။ ထို့ကြောင့် တင်းမာ နေသည့် အမူအရာကို အနည်းငယ် လျော့ပါး စေကာ၊ သုံးပေ အကွာ၌ ရပ်လိုက်သည်။
“ နင် ... ငါ့ကို ရှင်းပြ နေစရာ မလိုဘူး၊ နင်ပြောင်းလဲလား ... မပြောင်းလဲ ဘူးလား ... ၊ ငါ ဂရု မစိုက်ဘူး၊ ဓားသမား တစ်ယောက် အနေနဲ့ ... မင်းရဲ့ အရည် အချင်းတွေ နိုးထ လာတဲ့ အပေါ်၊ တန်ဖိုး ထားပါ၊ ...
... ဝမ်မူယန်က ... ဘယ်လို လူလဲ ဆိုတာ၊ ငါသိတယ်၊ သူနဲ့ ရင်းနှီးတဲ့ လူတိုင်း ကစား စရာ တစ်ခုလို ဖြစ်ကုန်ပြီး၊ ပင်ကိုယ် စွမ်းရည် ပျောက်ဆုံး ကုန်ကြတယ်။ ”
သူမသည် လွန်ခဲ့သော ယဲ့ချင်းရှန်ကို မုန်းသော်လည်း၊ ဆရာ သခင်ထံ လွှတ်ပေးရန် ကတိပေး ခဲ့ရသည်။
ယခုမူ ၎င်း၏ နိုးထ လာသော စွမ်းရည် ကြောင့်၊ လာရောက် သတိပေး နေမိဆဲ ပေပင်။ ထိုသို့ သဘောထား ကြီးမြတ်မှုမျိုး၊ လင်းယွန် ပင် မလုပ် နိုင်ချေ။
သို့သော် ဝမ်းနည်း ဟန် ဆောင်လျက်၊
“ ဒါပဲလား ... ။ ”
-ဟု ပြန်မေး လိုက်သည်။
“ ဘာများ ထပ် ရှိဦး မှာလဲ ... ၊ နင့်ရဲ့ လှည့်ကွက် တွေကို ငါ မမြင်ဖူး မထင်နဲ့၊ ပြီးခဲ့တဲ့ နှစ်မှာ ... နင် ဘာတွေကြုံ ခဲ့လဲ၊ ငါ မသိဘူး၊ မူလ နဂါး မဟာ သူတော်စင်က နင့်ကို တပည့် အဖြစ်၊ ခေါ်ယူ လိုက်တဲ့ အတွက်၊ ...
... အခွင့် အရေးကို တန်ဖိုး ထားပါ၊ ယင်နန်းတော်ရဲ့ သန့်ရှင်းသော သမီးတော် အနား အရမ်း မကပ်နဲ့။ ”
စကားဆုံး သည်နှင့်၊ လေပြေ အလား ပျောက်ကွယ် သွားတော့သည်။ ဒေါသ ကင်းစင် နေသည့် အချိန်၌၊ ပိုင်ရှုရင်မှာ ချစ်စရာ ကောင်း ပေ၏။
လင်းယွန်မှ အတွေးပွား နေမိသည်။ ယဲ့ချင်းရှန်အား ပိုင်ရှုရင် ရေချိုးကန် အတွင်း၊ ခိုးဝင် ခိုင်းသူမှာ ဝမ်မူယန် ဖြစ်၏။
ထို့ကြောင့် ဝမ်မူယန်သည် သူ့ကဲ့သို့ ငရဲ သစ်ခွ ခြံဝင်းမှ၊ တစ်စုံ တစ်ရာကို ရှာနေခြင်း ဖြစ်မည်လော။
“ ငရဲ သစ်ခွ ခြံဝင်းရဲ့ ... သန့်ရှင်းသော သမီးတော်က၊ မင်းကို စကား အရင် စပြောခဲ့ တာလား။ ”
ရုတ်တရက် ချန်ကျန့် ရောက်ရှိ လာ၏။ ၎င်းရောက်ရှိ လာသည်ကို လင်းယွန်ပင် သတိ မထားမိ ခဲ့ချေ။
ထိုသူ၌ မကောင်းသော ရည်ရွယ်ချက် မရှိ သည်မှာ၊ ကံကောင်း ချေ၏။
“ မငြင်းနဲ့ ... ၊ မင်းနဲ့သူ ... အတူတူ ရပ်နေ တာကို၊ ငါ တွေ့ပြီးပြီ။ ”
“ အဲဒါ ဘာဖြစ် လို့လဲ၊ မင်းနဲ့ ဆိုင်လို့လား။ ”
လင်းယွန်၏ မေးခွန်းက တစ်ချိန်တွင် သန့်ရှင်းသော သမီးတော်အား လက်ထပ်ရန် ကြံရွယ် ထားသော ချန်ကျန့်အား ပြိုလဲသွား စေသည်။
“ ဖြေလေ ... ၊ ဘာလို့ ပြန်မဖြေ ရတာလဲ၊ မင်းတို့ ငရဲ သစ်ခွ ခြံဝင်းမှာ၊ သူက ဘယ်သူ နဲ့မှ စကား မပြောဖူး လို့လား။ ”
“ မဟုတ်ဘူး ... ၊ သူက ဘယ်တော့မှ ‘စ’မပြောတာ ငါ သိတယ်၊ မင်း ဘယ်လိုများ လုပ်လိုက် တာလဲ။ ”
အဆုံးတွင် စိတ်ဓာတ် ကျနေသော လေသံဖြင့်၊
“ မင်းကို ... ဘယ်နေရာမှာ၊ ရှုံးသွားမှန်း ငါမသိ တော့ဘူး၊ ရုပ်ရည်က လွဲရင် ... မင်းမှာ ဘာများ ရှိလို့လဲ။ ”
-ဟု ထုတ်ဖော် ညည်းတွား တော့၏။
ထိုစကားကြောင့် လင်းယွန်မှ မထိန်း နိုင်တော့ဘဲ ရယ်မော လိုက်မိသည်။
“ ဟား ဟား ဟား ... သိချင်လား၊ ဒါဆို ... ငါ့မှာ မေးခွန်း တစ်ခု ရှိတယ်၊ မင်း ဖြေပေးရင် ဒီလျှို့ဝှက်ချက် ပြောပြမယ်။ ”
“ မေး ... ။ ”
“ ဘာလို့ မင်း ခန္ဓာကိုယ် ထဲမှာ၊ ငရဲ စွမ်းအင် ရှိနေ ရတာလဲ။ ”
ဤသည်မှာ သူသိ ချင်နေသော မေးခွန်း ပေပင်။ ချန်ကျန့်မှ ပြုံးလိုက်ပြီး၊
“ ဒါက ငရဲ ကမ္ဘာ ခန်းမရဲ့ ... ၊ ငရဲ ဓားသုတ္တန် ကြောင့်ပဲ၊ ငရဲ ကမ္ဘာ ခန်းမက ဓား ဂိုဏ်းရဲ့ လက်တံ တစ်ခု ဖြစ်ခဲ့ ဖူးတယ်၊ သူတို့က အရိယာ ဓားသုတ္တန်ကို၊ ငရဲ ဓားသုတ္တန် အဖြစ်၊ ပြောင်းလဲ နိုင်လိုက်တယ်။ ”
“ ပြောင်းလဲ နိုင်တယ်လား။ ”
လင်းယွန်မှ သံသယ ဝင်လာသည်။ အရိယာ ဓားသုတ္တန် ဟူသည် မပြည့်စုံသော တော်ဝင်ဓား ကျမ်းမှ လာခြင်း ဖြစ်သည်။
“ ဟုတ်တယ် ... ၊ အထွတ် အထိပ် ရောက်ပြီးရင်၊ အရိယာ ဓားသုတ္တန်က တော်ဝင် ဓားကျမ်းဆီ ဆက်သွား နိုင်တယ်၊ ငရဲ ကမ္ဘာ ခန်းမမှာ၊ တော်ဝင် ဓားကျမ်း မရှိဘူး၊ ...
... ဒါကြောင့် သူတို့က ... ၊ ငရဲဓား သုတ္တန် အဖြစ် ပြောင်းလဲဖို့၊ မိစ္ဆာ လမ်းစဉ်က ကျင့်ကြံမှု နည်းစနစ် အချို့နဲ့၊ ပေါင်းစပ် လိုက်တယ်၊ ဒါက ငရဲ ကမ္ဘာ ခန်းမ အတွက် ... ၊ အခြေခံ အုတ်မြစ် တစ်ခု ဖြစ်လာ ခဲ့တာပဲ။ ”
“ နားလည်ပြီ ... ။ ”
ငရဲ ကမ္ဘာ ခန်းမ အကြောင်း လင်းယွန် သိသည်။ အဆုံးတွင် ဓားဂိုဏ်းမှ ငြင်းဆို ခဲ့သော ကြောင့်၊ သီးခြား ရပ်တည် နေသည့်၊ မိစ္ဆာ ဂိုဏ်း တစ်ဂိုဏ်း ဖြစ်၏။
“ အခု ... မင်း အလှည့် ရောက်ပြီ။ ”
ချန်ကျန့်မှ မျှော်လင့်ချက် ကြီးမားသော လေသံဖြင့် မေးဆတ်ပြ လာသည်။
“ အရင်က ... ငါပြောဖူး ပါတယ်။ ”
“ ဘာကိုလဲ ... ။ ”
“ အဖြေက ရှင်းရှင်း လေးပါ ... ၊ မင်းမှာ ငါ့လိုမျိုး ရုပ်ရည် ရှိရင်၊ အရာ အားလုံး အဆင် ပြေ သွားလိမ့်မယ်။ ”
လင်းယွန်က ချန်ကျန့် ပုခုံးကို ပုတ်ပြီး ပြန်ပြော လိုက်တော၏။ ချန်ကျန့်မှ သံသယဖြင့် မော့ကြည့်သည်။ တစ်ဖက် လူမှ အလေး အနက် ပြောခြင်း ဟုတ်-မဟုတ် ဝေခွဲ မရ ဖြစ်နေ မိ၏။
တစ်ဖက်တွင် လင်းယွန်က ခေါင်းယမ်း လျက်၊ ရှေ့သို့ ဆက်လျှောက် သွားတော့သည်။ တတိယ စမ်းသပ်မှုသို့ ရောက်ရန် အချိန် အတော် ကြာ၏။
သူနှင့် မီတာ တစ်ထောင် အကွာ၌ သစ်သားအိမ် (၃၆) လုံး ရှိနေသည်။ အိမ်တိုင်း ဓား ရည်ရွယ်ချက်များ ဖုံးလွှမ်း နေ၏။
၎င်းတို့ အနက် အိမ်နှစ်လုံးတွင်၊ အလင်းရောင် မှိန်ဖျော့ နေသည်။ ထိုအထဲတွင် ဝမ်မူယန်နှင့် ပိုင်ရှုရင် ရှိ၏။
သစ်သား အိမ်များမှာ မရိုး ရှင်းချေ။ အတွင်းပိုင်းကို အကြမ်းဖျင်း မြင်နိုင်၏။ နာရီ ဝက် ကြာသည် အထိ၊ မည်သည့် အရာ ကိုမျှ ထပ်မံ၊ မမြင် ရတော့ချေ။
“ ဒီစမ်းသပ်မှုက မရိုး ရှင်းဘူး၊ (၉၀) ရာခိုင်နှုန်းသော သူတော်စင် တပည့် တွေက ဒီအဆင့်မှာ ကျဆုံး ကြတယ်၊ ငါလည်း အပါ အဝင်ပဲ။ ”
ချန်ကျန့်မှ အနား ရောက်လာပြီး၊ ပြောသည်။
“ မင်း အဆင်ပြေ ရဲ့လား။ ”
လင်းယွန်က လှည့်မေး မိ၏။
“ ငါ့မှာ ... မျှော်လင့်ချက် မရှိ တော့ဘူး၊ ဒါကြောင့် သူတို့ကို စွန့်လွှတ် လိုက်ပြီ၊ ငါ့ဓားက ငါ့အတွက် အဖော်ပဲ၊ ဒါလည်း ကောင်းပါတယ်၊ နေသား ကျနေ ပါပြီ။ ”
ချန်ကျန့်မှ သက်ပြင်းချကာ အလေးအနက် ပြန်ဖြေ၏။ လင်းယွန်က အနည်းငယ် စဉ်းစား လျက်၊
“ တကယ်တော့ ... မင်းမှာ နည်းလမ်း တစ်ခု ရှိပါ သေးတယ်။ ”
-ဟု ဆိုလိုက် တော့သည်။
“ ဘာ နည်းလမ်းလဲ ... ။ ”
“ သန့်ရှင်းသော သမီးတော် အစား၊ သန့်ရှင်းသော သားတော်ကို ကြိုးစား ကြည့် ပါလား၊ ယန် နန်းတော်မှာ၊ သန့်ရှင်းသော သားတော် တစ်ပါး ရှိတယ်လေ။ ”
“ တိတ် စမ်း ... ။ ”
ချန်ကျန့်မှ ကျိန်ဆဲ တော့သည်။
“ ကောင်းပြီ ... အရင်က ... ၊ မင်း ဘယ်လို ရှုံးနိမ့်ခဲ့ တာလဲ။ ”
လင်းယွန်က ပြုံးပြီး အကြောင်းအရာ ပြောင်းလိုက်သည်။
“ ငါ မသိဘူး၊ ဝင်သွားပြီး အမွှေးတိုင် တစ်တိုင်စာ ... လောင်ကျွမ်းချိန် ကြာတော့ ပြန်ထွက် လာရတယ်။ ”
“ ဒါပဲလား ... ။ ”
“ ဟုတ်တယ် ဒါပဲ ... ။ ”
၎င်းအဖြေကြောင့် လင်းယွန်မှ စဉ်းစား သွားသည်။
“ လက်ရှိ ... အမြင့်ဆုံး အောင်မြင် ထားတဲ့ အဆင့်ကို သိလား။ ”
“ အများ စုက စတုတ္ထ အဆင့်မှာ၊ ရပ်ကုန်တယ်၊ လူနည်းစုပဲ ... ပဉ္စမ အဆင့်ထိ ရောက် ကြတယ်၊ ဆဋ္ဌမ အဆင့် ကိုတော့ ... ဘီလူး တွေပဲ ရောက်တယ်။ ”
ချန်ကျန့်မှ ပြော လာသည်။
“ ထင်ထား တာထက် ... ၊ ပိုခက်ပုံ ရတယ်၊ နဝမ အဆင့်ကော ဘယ်လိုလဲ။ ”
လင်းယွန်မှ ထပ်မေးသည်။
“ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာ အတွင်း၊ ဘယ်သူမှ မရောက် ဖူးဘူး။ ”
ချန်ကျန့်က ပြန်ဖြေ၏။
“ တကြိမ် တည်းနဲ့ ... ၊ နဝမ အဆင့် ရောက်ဖို့ ဆိုတာ ... လက်တွေ့မှာ မဖြစ် နိုင်ဖူး ထင်တယ်။ ”
လင်းယွန်က မေးစေ့ကိုင်ကာ ညည်းတွား လိုက်သည်။ ထိုအသံကြောင့် ချန်ကျန့်က အရူး တစ်ယောက်ကို၊ မြင်နေရ သကဲ့သို့၊ ကြည့် လာ၏။
“ မင်းက တကယ် ... ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတာပဲ၊ ကျင့်ကြံမှုက မရဏ အဆင့် လောက်နဲ့၊ တောင်ထိပ်ပေါ် တက်ချင် နေတယ်၊ ဒီတတိယ အဆင့်ကို ဖြတ်ကျော် နိုင်ရင်ပဲ၊ အထင်ကြီး လောက်စရာ ဖြစ်နေပြီ။ ”
“ ဒီသစ်သား အိမ်ကို ပြောနေ တာလား၊ စိတ်မပူနဲ့ ... ငါ့မှာ အကြမ်းဖျင်း အဖြေတွက် ထားတာ ရှိတယ်။ ”
ချန်ကျန့်မှ အံ့ဩ သွားစဉ်၊ လင်းယွန်က သစ်သားအိမ်ထဲ လှမ်းဝင် သွားတော့၏။ ယင်း ကြောင့် ချန်ကျန့်အား ချီတုံချတုံ ဖြစ်လာစေ ခဲ့သည်။
သစ်သား အိမ်ထဲတွင် လွတ်နေ၏။ ဖျာတစ်ချပ်နှင့် နံ့သာ ပေါင်းအိုး တစ်အိုးမှ လွဲ၍၊ အခြား မရှိချေ။
လောင်ကျွမ်း နေသော အမွှေးတိုင်ကို ကြည့်ပြီး၊ လင်းယွန်က ဖျာပေါ် ထိုင်ချ လိုက် သည်။ ဤအဆင့် စမ်းသပ် မှုတွင် အချိန် ကန့်သတ်ချက် မရှိချေ။
လူ တစ်ယောက်၏ နားလည် နိုင်စွမ်းနှင့် ဓားတာအိုကို စမ်းသပ်ခြင်း မည်၏။ အဖြေသည် သစ်သား အိမ်များ ပေပင်။
ဓား ရည်ရွယ်ချက်အား ထုတ်ဖော် လိုက်သော အခါတွင်၊ ဝန်းကျင်၌ ပိုးစုန်းကြူး များ၊ ဖြစ်ပေါ် လာတော့သည်။
အချိန် ကုန်လာ သည်နှင့် အမျှ လင်းယွန် နဖူးထက်၌ အလင်းရောင်များ တောက်ပလာ ခဲ့၏။
ထိုအလင်းများ အတွင်း၊ လူရိပ်များ ပျံသန်း နေချေပြီ။ ဤသည်မှာ သူ နားလည် ထားသော ဓားတာအို အစ-အဆုံး ဖြစ်၏။
ရှန်ရှင်း ဓားမှ အစပြု ချေသည်။ လမ်း တစ်လျှောက် အမှား များကို ဖယ်ကာ၊ အချို့ အရာများကို မေ့ပစ် ခဲ့၏။ အမှန် တရား သည်သာ၊ ကျန်ရှိ ခဲ့သည်။
ထိုနားလည် မှုသည် နက်ရှိုင်းပြီး၊ အရိုး ထိတိုင်၊ စွဲမြဲ နေ၏။ အချိန် ကြာလာ သည်နှင့် အမျှ၊ အလင်းများ ပို၍ စူးရှ တောက်ပ လာသည်။
ဓား နှလုံးသားမှာ သလင်းကျောက် ကဲ့သို့ ဖြူစင် လာပြီး၊ ဓားအိမ် တစ်ခု အသွင် ဖြစ်တည် လာတော့၏။
ဓားအိမ်သည် ငွေရောင် ဖြစ်သည်။ ထိုစဉ် သစ်သားအိမ် အတွင်း၌၊ အလင်းများ တွန့်လိမ် လျက်၊ အဖြူဝတ် အဘိုးအို တစ်ဦး ပေါ်လာ၏။
လင်းယွန်မှ မျက်လုံး ဖွင့်ကြည့် လိုက်သည်။ ဓားတာအိုတွင် တိုးတက်မှု မရှိ သော်လည်း၊ သူ့ နှလုံးသားမှာ ပို၍ ပေါ့ပါး လာသည်ဟု ခံစား လိုက်ရ၏။
“ စီနီယာ ... ။ ”
အဘိုးအိုက သူ့အား ကြည့်ကာ၊
“ ငယ်ငယ် ရွယ်ရွယ်နဲ့၊ ဓား နှလုံးသားကို ဆုပ်ကိုင် ထားနိုင် တာလား၊ ဒါက မယုံနိုင် စရာ ငါပဲ၊ ငါသာ အသက်ရှင် နေသေးရင်၊ မင်းကို တပည့် အဖြစ်နဲ့ ခေါ်ပြီး၊ ...
... ဓားသူတော်စင် တစ်ပါး ဖြစ်အောင် ပျိုးထောင်ပေး မိမှာ၊ နေဦး ... မဟုတ်ဘူး ဓား ဧကရာဇ် အထိ ... ။ ”
“ စီနီယာ ... ၊ ငါက ဓား နတ်ဘုရား ဖြစ်ချင် တာပါ။ ”
လင်းယွန်မှ တည်ငြိမ်သော အသံဖြင့် ဝင်ပြော လိုက်သည်။ အဘိုးအို ခမျာ မျက်နှာ ပြောင်းလဲ သွားပြီး၊
“ မင်း ... ကောင်လေး၊ မင်း ... အခု ထွက်သွား၊ ဒီစမ်းသပ်မှု ဖြေစရာ မလို တော့ဘူး၊ မင်း ... ကျရှုံးတယ်။ ”
-ဟု ဒေါသ တကြီး၊ မောင်းထုတ် လာတော့သည်။
***