အရှိန် ကုန်ရင် ... ရပ်သွား လိမ့်မယ်။
Vol. 137 Ch. 1912
“ ကျရှုံးတာလား။ ”
လင်းယွန်က ဖြည်းညှင်းစွာ ထရပ်ပြီး၊
“ ဒီစမ်းသပ်မှုက အစထဲက ဘာမှ မရှိ တာကိုး။ ”
-ဟု ရေရွတ် လိုက်သည်။
“ မှန်တယ်၊ မရှိဆို ဗလာပဲ၊ ဒီသစ်သား အိမ်(၃၆) လုံးမှာ၊ ဓား သူတော်စင်တွေ ထားရစ် ခဲ့တဲ့ ... ကာကွယ်သူ ဝိညာဉ် တွေပဲ ရှိတယ်၊ ...
... သူတို့ အားလုံးက၊ ... နဝမတန်းကို ကျော်လွန်တဲ့ ဓား ရည်ရွယ်ချက်တွေ .. ချန်ထား ခဲ့တယ်၊ လေးနက် လွန်းတာကြောင့် လူတိုင်းက၊ ဘာမှ မရှိ ဖူးလို့ ထင်နေ ကြတာ။ ”
“ နဝမ တန်းထက် သာလွန်တဲ့ ဓားရည်ရွယ်ချက် ရှိနေ တာလား။ ”
လင်းယွန်က ထွက် မသွား သေးဘဲ၊ အခန်းထဲ ဝေ့ကြည့်ကာ အတွေးနက် သွားခဲ့ သည်။ ယင်းသာ အမှန် ဖြစ်က သူ့ အတွက် များစွာ အကျိုး ရှိရမည် ဖြစ်သည်။
“ ငါ့ဓားကို မေ့ထားပြီး ... ၊ ဒီသစ်သား အိမ်ကို သန့်စင်ပစ် ရမှာလား ... ။ ”
ထိုအတွေးကြောင့် ရှက်ရွံ့စွာ ပြုံးလိုက် မိသည်။ အဘိုးအို၏ မျက်ဝန်း များတွင် အထင် အမြင် သေးမှုများ ထင်ဟပ် လာပြီး၊
“ မင်း စကား ကြားရတာ ... ၊ ငါ့ကို အမြင် ကျယ်စေ ပါတယ်၊ မင်း အသက် အရွယ်နဲ့ အိမ် တွေကို သန့်စင် ချင်နေတာလား၊ ငါတို့က အသက် တစ်ထောင် ကျော် နေပြီ၊ ...
... ငါတို့ မျက်လုံးထဲ မှာတော့ ... ၊ မင်းက စာရွက်အလွတ် တစ်ရွက်နဲ့ မခြားပါဘူး၊ လက်ရှိ ကျင့်ကြံမှုနဲ့ ... မင်း လုပ်သင့်တဲ့ အရာများ ထင်နေလား။ ”
“ တောင်းပန် ပါတယ် ... ။ ”
“ ဟား ဟား ဟား ... ။ ”
အဘိုးအိုက လှောင်ပြောင် ရယ်မော လိုက်သည်။
“ မင်းမှာ ဓားနှလုံးသား ရှိရဲ့နဲ့၊ အခုလို ကျရှုံးရတာ သနား စရာပဲ၊ ဒါကြောင့် အမွှေးတိုင် တစ်တိုင် ... ထပ်ထွန်း ပေးဖို့၊ ငါ ... လာခဲ့တာ၊ ဝါး ... ။
အဘိုးအိုက သမ်းဝေလျက်၊
“ ဒါပေမယ့် အခု ... ငါ စိတ်ပြောင်း သွားပြီ။ မင်း ထွက်သွားတော့ ... ။ ”
-ဟု မောင်းထုတ် လာတော့သည်။
ပြီးနောက် အဘိုးအိုက ဖျာပေါ် လှဲချကာ၊ မျက်လုံးများ မှိတ်ချ ပစ်သည်။ သို့သော် အနည်း ငယ် ဖွင့်ဟလျက်၊ တိတ်တိတ်လေး ခိုးကြည့် နေခဲ့၏။
ဤလူငယ်သည် အလွန် မောက်မာ လွန်းသောကြောင့် သင်ခန်းစာ ပေးလို ခြင်းသာ ဖြစ်သည်။
လင်းယွန်က ခေါင်းယမ်း လိုက်ပြီး၊
“ သူတို့လို ကျင့်ကြံမှုပဲ ... ၊ အာရုံစိုက် ခဲ့တာမှ မုတ်တာ၊ ငါ ဒါကို ရှင်းရှင်း လင်းလင်း လုပ်နိုင်ခဲ့ တာပဲ၊ ထူးဆန်းတယ်…”
-ဟု ဆိုကာ လှည့်ထွက် သွားတော့သည်။
“ ရပ်စမ်း ... ။ ”
အဘိုးအိုက ချက်ချင်း ထထိုင် လျက်၊
“ ကောင်လေး ... ၊ မင်း ဘာပြော လိုက်တာလဲ။ ”
-ဟု ပြန်မေး၏။။
“ အရာ အချို့ကို ငါ မေ့သွားပြီ၊ ငါ့ရဲ့ ကောင်းကင် အမိုးဓားက ပိုသန့်ရှင်း လာတယ်၊ ဓား နှလုံးသားတောင် အပြည့် အဝ ပွင့်လာ တာပဲ။ ”
“ လခွမ်း ... ၊ မင်း အသက် အရွယ်နဲ့ ဒါတွေကို ဘယ်လိုလုပ် လုပ်နိုင် မှာလဲ၊ ဒီမှာ ဟန်ဆောင် နေတာ တွေကို ရပ်စမ်း ... ၊ အခု မင်းရဲ့ ဓားပင်လယ်ကို ပြ ... ။ ”
အဘိုးအိုက ‘မယုံ၊’ဟု ဆိုသော်လည်း၊ မျက်နှာ အမူအရာမှာ၊ စိုးရိမ် ထိတ်လန့် နေခဲ့ သည်။
လင်းယွန်က ဓားပင်လယ်ကို ဖွင့်ကာ အဘိုးအိုအား စစ်ဆေးခွင့် ပြုလိုက်၏။ ဓား ပင်လယ် ပေါ်၌ အဘိုးအို တစ်ဦး ချက်ချင်း ပေါ်လာသည်။
အဖိုးအိုက နဂါး တစ်ကောင်ကို ဦးစွာ မြင်သည်။ နဂါးတွင် ခရမ်းရောင် အကြေးခွံ များ နှင့် တောက်ပသော မျက်ဝန်း တစ်စုံ ရှိ၏။
“ မိုးပြာ နဂါး ဓားဝိညာဉ် ... မဆိုး ပါဘူး၊ ဒီနဂါးက ဆယ်ပေပဲ ရှိပေမယ့် ပြတ်သားတယ်။ ”
အဘိုးကြီးက ခေါင်းညိတ်သည်။ ထိုအချိန်တွင် ရွှေလူသားက မျက်လုံး ဖွင့်ကြည့် လာ၏။ သူ့အကြည့်က ထက်ရှသော ဓား နှစ်လက် ကဲ့သို့ တောက်ပ နေသည်။
“ ဓား နှစ်လက် ဝိညာဉ် ... ။ ”
အဘိုးအို မျက်နှာ ပြောင်းသွားသည်။ ပြီးနောက် ဓားပင်လယ်ထံ စိုက်ကြည့်ကာ၊
“ အရွယ် အစားက မကြီးဘူး၊ ဒါပေမယ့် ရေကန်က အညစ် အကြေးတွေ ... ၊ ကင်းရှင်း သန့်စင် နေတယ်။
-ဟု ချီးကျူး လိုက်၏။
“ ဒါကို ... ၊ မင်း ဘယ်လို လုပ်လိုက် တာလဲ။ ”
အဘိုးအိုက သူ့တစ်သက်တွင်၊ ပါရမီရှင် များစွာကို မြင်ဖူး၏။ ထိုလူ များ၏ ဓားပင်လယ် သည် လင်းယွန်ထက် ကြီးမား သော်လည်း၊ အညစ် အကြေး အချို့ ရှိနေသည်။
လင်းယွန်၏ ဓားပင်လယ် မှာမူ၊ တည်ငြိမ် သန့်ရှင်း ခေျ၏။ ယင်းသာ လှိုင်းထန် လာသော်၊ မည်မျှ ကြောက်စရာ ကောင်းမည်ကို သိ၏။
အသေးစိတ် စစ်ဆေး ပြီးနောက်၊ အဘိုးကြီး ပြန်ထွက် လာသည်။
“ ဒါကို ... ၊ မင်း ဘယ်လို လုပ်လိုက် တာလဲ။ ”
“ တတ်နိုင် သလောက် မေ့ပစ်ပါ၊ မလုပ် နိုင်ရင် မလုပ်နဲ့၊ ဒီနည်းလမ်းနဲ့ ... တော်တော် များများကို ... ဖယ်ရှား ပစ်ခဲ့တာ။ ”
ထိုအဖြေကြောင့် အဘိုးအိုမှ သက်ပြင်းချ လိုက်ပြီး၊
“ မင်းက တကယ့် ဉာဏ်ကြီးရှင်ပဲ ... ၊ ငါမှာ မင်းကို သင်ပေးစရာ ဘာမှ မရှိတော့ ပါဘူး။ ”
-ဟု ဆိုလိုက် တော့သည်။
“ ဒါက ဘာများ ခက်လို့လဲ ... ၊ ကြယ်ဓား နားလည် နိုင်ဖို့ လောက်တောင် မခက် ပါဘူး။ ”
လင်းယွန် အတွက် မေ့ပစ် ခြင်းသည် မခဲယဉ်းချေ။ ကြယ်ဓားကို လိုက်ဖမ်း နေရ သည်သာ ခက်ခဲ နေ၏။
“ ဒါကြောင့် မင်းကို ငယ်သေး တယ်လို့ ... ၊ ငါ ပြောတာပေါ့။ ”
သို့သော် အဘိုးအိုက ပြုံးသည်။
“ ကောင်းကင် အမိုးဓား တုန်းကရော လွယ်ခဲ့သလား၊ အရိယာ ကောင်းကင် ဓားရော၊ ဝိညာဉ်ရေး ဓား၊ ရှန်ရှင်းဓား ... ဘယ်ဓားများ လွယ်ခဲ့လဲ။ ”
ထိုမေးခွန်းက လင်းယွန်ကို တုန်လှုပ် သွားစေသည်။ များ မကြာခင် ဖြစ်ပျက် နေသည် များကို နားလည် သွား၏။
အကြင်သူသည် အရည် အချင်းနှင့် အချိန်သာ အလုံ အလောက် ရှိပါက၊ နဝမတန်း အထက်မှ ဓားကို၊ သိရှိ နိုင်ပေမည်။
သို့သော် လင်းယွန် ကဲ့သို့၊ နာကျင် စရာ များကို မေ့ပစ်ရန်၊ သူတော်စင် ဤအဘိုးကြီး အတွက်ပင်၊ ခက်ခဲ ချေ၏။
“ မင်းမှာ အခြားလူတွေ မလုပ်နိုင်တဲ့ ... ၊ အလေ့ အထ တစ်ခု ရှိရမယ်၊ ဒါက မင်း အတွက် အရာရာကို၊ မေ့ပစ် နိုင်အောင်၊ ကူညီ ပေးနေ တာပဲ ဖြစ်မယ်။ ”
အဖိုးအိုက တိကျသော အသံဖြင့် ပြောသည်။
“ ဘယ်လို အလေ့အထ မျိုးလဲ။ ”
“ ဘယ်လို အလေ့ အထလဲ ဆိုတာ ... ၊ မင်းကိုယ်တိုင် ပြန်တွေးကြည့် ... ။ ”
အဖိုးအို စကား အတိုင်း၊ လင်းယွန်က အချိန်အတော် ကြာအောင် စဉ်းစား ပြီးနောက်၊
“ ဒါက ဓားရေး တိုင်းကို၊ သရုပ်ဖော် အဆင့်ထိ ရောက်ဖို့ ကြိုးစား ခဲ့တာမျိုး ဖြစ်နိုင် မလား၊ ရှန်ရှင်း နယ်ပယ် မရောက်ခင် တည်းက၊ ဒီလို အလေ့ အထမျိုး ရှိဖူးတယ်။ ”
“ ဖြစ်နိုင်မယ်၊ ဓားသမား အများ စုက နယ်ပယ် တစ်ခု တက်လာတိုင်း ... ၊ နည်းစနစ် အသစ်ကို ပြောင်းလဲ လေ့ကျင့်ကြတယ်၊ ဒီလ ရှန်ရှင်း နယ်ပယ်မှာ ရှိပြီး၊ နောက်လ ခရမ်းရောင် နန်းတော် နယ်ပယ် ၊ ...
... ရောက်ရင် ရောက်နိုင် ကြတယ်၊ ဒါကြောင့် ... သူတို့ရဲ့ ဓားရေး တွေကို အဆုံး မသတ်နိုင် ခဲ့ကြဘူး။ ”
“ ပြောတာ ကောင်းတယ် ... ။ ”
လင်းယွန်က ထောက်ခံ လိုက်သည်။ အဖိုးအိုမှ ပြုံးပြီး၊
“ ဓားနတ်ဘုရား တစ်ပါးရဲ့ ... ချီးကျူးခြင်းကို၊ ငါ ဘယ်လိုလုပ် လက်ခံ နိုင်မှာလဲ၊ ငါက သေနေပြီ၊ အရေး မကြီး တော့ဘူး၊ ဟားဟား ဟား ... ။ ”
-ဟု အော်ရယ် တော့သည်။
“ မင်း ... နောက်တစ်ကြိမ် စမ်းကြည့် နိုင်တယ်၊ မင်းရဲ့ ရေကန် သေးသေး လေးကို ငါ လမ်းပြ ပါရစေ။ ”
အဘိုးအိုက စကားဆုံး သည်နှင့်၊ အမွေးတိုင် တစ်တိုင်ကို ထွန်းညှိ ပေးလာသည်။
ထိုအချိန်တွင် ဝမ်မူယန်နှင့် ပိုင်ရှုရင် တို့က၊ သစ်သား အိမ်ထဲမှ ထွက်လာပြီ ဖြစ်၏။ သူတို့ မျက်နှာ များမှာ ငြိမ်သက် နေပြီး၊ စမ်းသပ်မှု အောင်မြင်ကြောင်း မြင်သာ နေသည်။
နှစ်ယောက်သား အကြည့်ချင်း ဖလှယ် မိချိန်၌၊ ဝမ်မူယန်က ပြုံးပြလိုက် သော်လည်း ပိုင်ရှုရင်မှ လျစ်လျူရှု ခဲ့သည်။
“ ညီမလေး ရှုရင် ... ၊ သူ ဒီစမ်းသပ်မှုကို အောင်မြင် နိုင်မလား ဆိုတာ ... ၊ နင် သိချင်နေ တယ် မလား။ ”
ပိုင်ရှုရင်က ဆက် မသွားဘဲ၊ သူမ ကဲ့သို့ ထိုင်ချလိုက် သဖြင့်၊ ဝမ်မူယန်မှ ပြုံးကာ မေး ခြင်း ဖြစ်သည်။
“ နင်နဲ့ ဘာဆိုင်လဲ ... ။ ”
“ ဟား ဟား ဟား ... ပိုင်ရှုရင်၊ နင် သူနဲ့ ဝေးဝေးနေ သင့်တယ်၊ သူက ငါ့ ကောင်လေးပဲ၊ ငါ့ဆီ ကနေ ဆွဲထုတ် သွားလို့ မရဘူး။ ”
“ အပိုတွေ ပြော မနေနဲ့ ... ၊ သူက ငါ့စိတ်ကူးယဉ် ရတဲ့ ... အရည် အချင်းမျိုး မရှိ သေးဘူး၊ ဒါပေမယ့် သူ့ကို ... နင့်အနား မကပ်အောင် တားရမယ်။ ”
ပိုင်ရှုရင်က ယုံကြည်ချက် ရှိစွာဖြင့် ပြောလိုက်သည်။ ယဲ့ချင်းရှန်သည် သူမအား စောင့်ဆိုင်းပြီး ရှင်းပြရန် ကြိုးစား ဖူး၏။
ထို့ကြောင့် ယဲ့ချင်းရှန် သည်သာ အမှန် ပြောင်းလဲသွား ပါက၊ ဝမ်မူယန်၏ ရုပ်သေးရုပ် ဖြစ်လာ မည်ကို စိုးရိမ် ချေပြီ။
“ ဒါဆို ငါတို့က ဘာလို့ ... ၊ လောင်းကြေး မထပ် ရတာလဲ၊ သူ ထွက်လာရင် ... ငါ့ဆီ အရင် လာရမယ်။ ”
“ စိတ် မဝင်စားဘူး။ ”
ပိုင်ရှုရင်က ချက်ချင်း ငြင်းဆန် လိုက် သော်လည်း၊ စိတ်ထဲမှ မခံချင် စိတ်ဖြင့် စောင့် ကြည့်နေ ခဲ့သည်။
“ ဟား ဟား ဟား ... ။ ”
ဝမ်မူယန်က ရယ်ပြီး ပါးစပ် ပိတ်သွား တော့သည်။ ထိုအချိန်တွင် ယဲ့ဖေးဖန်မှာ စိတ် ပျက်စွာဖြင့် ထွက်လာ၏။
အိမ်ထဲ၌ ဓား ရည်ရွယ်ချက် ရှိသည်ကို သိ သော်လည်း၊ ၎င်းကို သန့်စင်ရန် ကြိုးစားသော အခါ ပျောက်သွား ခဲ့သည်။
ကြိုးစားမှု အားလုံး အချည်းနှီး ဖြစ်လာ ရချေပြီ။ သူသည် ကျွမ်းကျင်မှုနှင့် နားလည်မှု မြင့်မားသူ ဖြစ်သည်။
သို့သော် ယဲ့ မိသားစု၏ သခင်လေး ဖြစ်သဖြင့်၊ ဘဝ တစ်လျှောက် ချောမွေ့ လွန်းခဲ့ ၏။
သူ့ အသက်ကို အကြိမ်ပေါင်း များစွာ ကြိုးတန်းပေါ် တင်ခဲ့ဖူးသော လင်းယွန်နှင့် ယှဉ်နိုင် စရာ မရှိချေ။
အကယ် ၍သာ ထိုအခြေ အနေ မျိုးကို မပြောင်း လဲသော်၊ သူတော်စင် တစ်ပါး ဖြစ်လာ ရန်ပင်၊ ခက်ခဲ သွားနိုင်၏။
အိုယန်ဟဲ သည်လည်း၊ သူ့နောက်၌ သက်ပြင်းချလျက် လှမ်းထွက် လာသည်။ သူ ကျရှုံး ခဲ့သည်။
သည့်နောက် စိတ်ဓာတ်ကျ နေသော အမူအရာ များဖြင့်၊ လူများစွာ ထွက်လာ ကြတော့သည်။
သူတော်စင် တပည့်များ ကြားတွင် ၎င်းတို့သည်၊ ပါရမီရှင်များ ဖြစ်ကြ သော်လည်း မအောင်မြင် ခဲ့ကြချေ။ ချန်ကျန့် ပြော သလိုပင်၊ ဤအဆင့်သည် ခက်ခဲ ပေ၏။
“ ယဲ့ချင်းရှန် ထွက် မလာ သေးဘူး။ ”
“ ဟုတ်တယ် ထွက်မလာ သေးဘူး၊ ဒါပေမယ့် အချိန် ကုန်သွားပြီ ဆိုတော့ သူလည်း ကျရှုံး သွားမှာပါ။ ”
“ ဒါက သူ့ရဲ့ ပထမဆုံး အကြိမ်ပဲ ... ၊ ဒီစမ်းသပ်မှုကို ဖြတ်ကျော် ချင်တယ် ဆိုရင် တော့ ... ၊ အနည်းဆုံး နောက်ထပ် သုံးနှစ်လောက် စောင့်ရမယ်။ ”
ယဲ့ဖေးဖန်မှ ဝင်ပြော လိုက်သည်။
“ မှန်တယ် ... ၊ အသစ် ခန့်အပ် ထားတဲ့ သူတော်စင် တပည့် တစ်ယောက်က ဒီလောက် အထိ၊ ရောက်လာ နိုင်တာ ကိုပဲ၊ အထင်ကြီး စရာ ဖြစ်နေ ပါပြီ။ ”
ဆွေးနွေးမှုမှာ ပတ်ဝန်းကျင် တစ်ခုလုံး ကူးစက် သွား၏။ ယဲ့ချင်းရှန်သည် သူတော်စင် တပည့် အသစ် မျှသာ ဖြစ်သည်။
သူတို့ ထဲတွင် လွန်ခဲ့သော ဆယ်နှစ် ကတည်းကပင်၊ သူတော်စင် တပည့် ဖြစ်လာ သည့် လူများ ပါဝင် နေ၏။
ယဲ့ချင်းရှန် သည်သာ တစ်ကြိမ် တည်းဖြင့်၊ အောင်မြင် သွားသော်၊ ၎င်းအားလုံး အမှိုက်များ ဖြစ်ကြောင်း၊ ပြသရာ ရောက်သွား ပေမည်။
“ တကယ်တော့ သူ့ကို သနားလို့ ... ၊ ငါတို့ ဘိုးဘေး တွေက၊ သူတော်စင် မူလ တစ်ဝက်ကို သန့်စင်ခွင့် ပေးလိုက် တာပါ၊ သူက ...
... ငါတို့နဲ့ အဆင့် မတူ သေးဘူး၊ မယုံရင် စောင့်ကြည့်လိုက် ... ၊ မကြာခင် အရှိန် ကုန်ပြီး၊ ရပ်သွား လိမ့်မယ်။ ”
“ ကျွီ ... ။ ”
ထိုစဉ် သစ်သား အိမ်တစ်လုံး တံခါးပွင့် လာပြီး၊ လင်းယွန် တစ်ယောက် လှမ်းထွက် လာ တော့သည်။
***