နောက်ကျ သွားပြီ။
Vol. 137 Ch. 1914
ကျောက်တိုင် ပေါ်၌ လင်းယွန် နာမည် ဦးစွာပေါ်၏။ ထို့နောက် ဝမ်မူယန်နှင့် ပိုင်ရှုရင် အမည် ဖြစ်သည်။ သည့်ထက် ပို၍ ပေါ်မလာ တော့ချေ။
လူအုပ်ကြီးမှာ နာမည် စာရင်းကို ကြည့်လျက်၊ မယုံကြည် နိုင်စွာ တိတ်ဆိတ် ကုန်တော့၏။
ထိုအချိန်တွင် စတုတ္ထ အဆင့် ရောက် ရှိနေသော လင်းယွန်က ပတ်ဝန်းကျင် အပေါ် စူးစမ်း နေမိသည်။
ကောင်းကင် သန့်စင်ခြင်း တောင်တွင် စုစုပေါင်း အဆင့် ကိုးဆင့် ရှိပြီး၊ အဆင့်တစ်ဆင့် စီသည် တံခါးဝ ဖြစ်၏။
စတုတ္ထ အဆင့်သည်၊ အခြားသော အဆင့် များနှင့် မတူချေ။ စမ်းသပ်မှု သုံးခု ဖြတ်ကျော်ခဲ့ ရုံနှင့်၊ တောင်ထိပ် ရောက်သွားသည်။
ယခင် အဆင့် များတွင် စမ်းသပ်မှု လေးခု တိတိ ဖြတ်ကျော် ပြီးမှသာ၊ ဤသို့ ရောက်ရှိ နိုင်ပေမည်။
စတုတ္ထ အဆင့်ရှိ (၄) ရောင်ခြယ်၊ ကောင်းကင် တိမ်လွှာ သစ်သီး (၁၀) လုံးကို သိမ်းယူ လိုက်သည်။
“ တွေ့ ပြီ ... ။ ”
အဆုံးတွင် စတုတ္ထ အကြိမ်မြောက်၊နောက်ဆုံး စမ်းသပ်မည့် နေရာအား တွေ့ရှိ လိုက်တော့၏။
၎င်းမှာ တိမ်ပင်လယ် အတွင်း နစ်မြုပ် နေသော နန်းတော် တစ်လုံး ဖြစ်သည်။ လျှို့ဝှက် ဆန်းကြယ်ပြီး ရှေးကျသော ပုံသဏ္ဍန် ရှိ၏။
၎င်းမှ ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ဝါသည် ဒေသ တစ်ခု လုံးကို လွှမ်းခြုံ ထားလေသည်။
“ ဝှစ် ... ။ ”
ကျောက်တုံး တစ်တုံးကို ကောက်ယူကာ နန်းတော်ထံ ပစ်ပေါက် မိသည်။ နန်းတော်နှင့် မီတာ တစ်ရာ အကွာသို့ အရောက်၌၊ အမှုန့် အဖြစ် ကြေမွ သွား၏။
ထိုအချိန်တွင် ဝမ်မူယန်နှင့် ပိုင်ရှုရင် ရောက်ရှိ လာသည်။
“ တာအို ယန်နန်းတော်က သန့်ရှင်းသော သားတော် ကလွဲပြီး၊ ဘယ်သူမှ ပဉ္စမ အဆင့်ကို မရောက် နိုင်တာ ဆယ်စုနှစ် တစ်ခု ရှိနေပြီ။ ”
ဝမ်မူယန်က သက်ပြင်းချလျက် တိမ်ပင်လယ် ဆီသို့ ချက်ချင်း ပျံသန်း သွား တော့သည်။
“ ဝှစ် ... ။ ”
ထိုသို့ ပျံသန်း နေစဉ်၊ အနီရောင် အထည်စ များကို ထုတ်ယူ ပစ်ခတ် လိုက်၏။ သူတော်စင် ရူရ်များ ပါရှိပြီး၊ ရှေးဟောင်း ဓားရောင်ဝါ အချို့ ပြေးထွက် လာကာ၊ သူမ အတွက် လမ်းအဖြစ် ဖန်တီး ပေးလေသည်။
“ ဘုန်း လမင်း ဝိညာဉ်တော်။ ”
အနီရောင် အထည် စသည် အမှန်ပင်၊ အစွမ်းထက်သော ဘုန်း သူတော်စင် လက်ရာ တစ်ပါး ဖြစ်၏။
သို့သော် မီတာ တစ်ရာ အနား ကပ်သွား သောအခါ၊ တိမ်ပင်လယ် အတွင်း ရုပ်တု များစွာ ထွက်ပေါ် လာသည်။
အနီရောင် အထည်စက ထိုရုပ်တုများကို ရစ်ပတ်လျက်၊ ကြက်သွေးရောင် မီးလျှံ များဖြင့်၊ လောင်ကျွမ်း ပစ်တော့၏။
“ ဘုန်း-မီး ဝိညာဉ်တော်။ ”
အနီရောင် အထည် စသည် ဘုန်း ဝိညာဉ်တော် နှစ်ပါး လက်ရာ ဖြစ်သည်။
“ ဝိညာဉ် ... ရုပ်သေးတွေလား။ ”
ရုပ်တု များသည်၊ ဝိညာဉ် ရေးရာ ဆရာ သခင်မှ၊ သန့်စင် ထားသော နိဗ္ဗာန် ပထမ အဆင့်၊ ရုပ်သေးများ ဖြစ်၏။
ကျင့်ကြံမှု မြင့်မားခြင်း မရှိသော်လည်း အရေအတွက် များချေပြီ။ အနည်းဆုံး တစ်ရာ ကျော် ရှိ၏။
လင်းယွန်က လှည့်ပတ် ကြည့်မိသည်။ ကောင်းကင် အဆင့် ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး သေဆုံး ပြီးနောက်၊ သူတော်စင် ရုပ်သေးများ ထားရှိ ခဲ့ပုံ ပေပင်။
ဤတိမ် ပင်လယ်သည် ကြီးမားသော ဝိညာဉ် ရေးရာ အစီရင် တစ်ရပ် ဖြစ်ပြီး၊ ၎င်းမှ ထိုရုပ်သေး များကို ထိန်းချုပ် ချေမည်။
ဝမ်မူယန်မှ ဤနည်းဖြင့် ကျော်ဖြတ်ရန် မဖြစ် နိုင်ချေ။ ထင်သည့် အတိုင်းပင်၊ ဝမ်မူယန် တစ်ယောက် ကျရှုံး သွား၏။
နန်းတော်မှ သူတော်စင် ရောင်ဝါကို တွန်းလှန်ပြီး၊ များစွာသော သူတော်စင် ရုပ်သေး များနှင့်၊ တိုက်ခိုက် ရခြင်း ဖြစ်သည်။ မလွယ် လှချေ။
“ ဝှစ် ... ။ ”
သူမ ပြီးနောက် ပိုင်ရှုရင်က ဓားကို ဆွဲထုတ်ကာ၊ ပျံသန်း သွားသည်။ သူမ ဓားမှာ၊ အရှည် မီတာဝက် မျှသာ ရှိသော်လည်း၊ အစွမ်းထက် ချေ၏။
၎င်းတွင် ဘုန်းရွှေနှင့် ဘုန်းသစ်သား ဝိညာဉ်တော်များ ရေးထွင်း ထားပြီး၊ နတ် သစ်သားဖြင့် ပြုလုပ် ထားသည်။
ပိုင်ရှုရင်သည် ဝမ်မူယန်ထက် ပို၍ စွမ်းဆောင်ရည် မြင့်မား၏။ အကွာ အဝေး အရ ငါးပုံ တစ်ပုံ အထိ၊ တိုးကပ် သွားနိုင် ခဲ့သည်။
မကြာခင် ရှုံးနိမ့် သွား ပြန်၏။ နှစ်ယောက် သား ထွက်ခွာရန် ဆန္ဒသေး မရှိဘဲ၊ လင်းယွန်ထံ လှည့်ကြည့် လာသည်။
သို့သော် လင်းယွန်က ကောင်းကင် ကြိုးကြာကို ဆင့်ခေါ်လျက်၊ တောင်ပေါ်မှ ဆင်းသွား တော့သည်။
“ မကြိုးစားဘဲ ... အရှုံးပေး လိုက်တာက နင်နဲ့ မတူဘူး။ ”
ဝမ်မူယန်မှ လှမ်းအော်၏။
“ သန့်ရှင်းသော သမီးတော် ... နှစ်ပါး တောင်မှ မအောင်မြင်တာ ... ၊ ငါက ဘာလို့ စမ်းကြည့် နေရဦး မှာလဲ။ ”
လင်းယွန်မှ ပြန်အော် လိုက်တော့၏။ ဘုန်းသူတော်စင် လက်ရာများ သုံးသည့်တိုင်၊ အောင်မြင်ရန် မသေချာကြောင်း၊ လင်းယွန် သိသည်။
ထို့ကြောင့် ဝှက်ဖဲ များကို ထုတ် မပြလို တော့ချေ။ ပြဿနာမှာ နန်းတော်မှ ထုတ်လွှတ် သော ရောင်ဝါ ဖြစ်သည်။ ၎င်းက ခွန်အားကို ကန့်သတ် ချေ၏။
သည့်နောက်တွင် ပိုင်ရှုရင်နှင့် ဝမ်မူယန် ခြံရံလျက်၊ လင်းယွန်က တောင်ခြေသို့ ရောက်ရှိ လာ တော့သည်။
ဤမြင်ကွင်းက လူများစွာကို မနာလို စိတ်များ ဝင်ရောက် လာစေ၏။ ဝမ်မူယန်အား ယင် နန်းတော်၏ တပည့်များက ဂုဏ်ပြု ကြိုဆိုသည်။
ပိုင်ရှုရင် ကမူ ငရဲ သစ်ခွ ခြံဝင်း၏ တပည့်များထံ၊ လျှောက်လှမ်းကာ ခပ်တိုးတိုး ရှင်းပြ နေ၏။
စတုတ္ထ အဆင့်သို့ ရောက်သူခြင်း အတူတူ၊ လင်းယွန် သာလျှင်၊ ကြိုသူမဲ့ တစ်ဦးတည်း ဖြစ် နေခဲ့သည်။
“ ဟား ဟား ဟား ... ။ ”
သူ့အခြေ အနေကြောင့် လင်းယွန်မှ ရယ်သည်။
“ စီနီယာ အစ်ကို ... ။ ”
ထိုအချိန်တွင် ချန်ဖန်က လူအုပ် အတွင်း တိုးထွက်ကာ၊ စိတ်လှုပ်ရှား စွာဖြင့် အော်ခေါ် လိုက် တော့၏။
“ လာ ပြန်ရအောင် ... ။ ”
လင်းယွန်က အရယ် ရပ်ကာ၊ ချန်ဖန် ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။
“ ဟီး ဟီး ... ။ ”
ချန်ဖန်မှ ခေါင်းညိတ်လျက် ပြုံး၏။
“ အစ်ကိုကြီး ... ၊ မင်းနဲ့ သန့်ရှင်းသော သမီးတော် နှစ်ယောက် ကြားမှာ၊ ဇာတ်လမ်း ဖြစ်ခဲ့ တာလား၊ အထူး သဖြင့် ယင် နန်းတော်ရဲ့ သမီးတော်နဲ့။ ”
“ မဖြစ်ဘူး ... ။ ”
လင်းယွန်က ပြုံးကာ ငြင်းလိုက်သည်။ တခြား သူများ အမြင်၌ စတုထ္ထ အဆင့်ကို ကျရှုံး ပြီးနောက်၊ အမျိုး သမီး နှစ်ယောက် နှင့်အတူ ပြန်လာ နိုင်ခြင်းမှာ မနာလို စရာ ဖြစ်သည်။
လက်တွေ့တွင် ပိုင်ရှုရင်သည် သူ့ကို နားလည်မှု လွဲသွား သဖြင့်၊ အချိန် မရွေး တိုက်ခိုက် လာနိုင်၏။
ဝန်မူယန် အတွက်မူ ဆိုဖွယ် မရှိချေ။ သန့်ရှင်းသော သမီးတော် ဖြစ်နေ လျှင်ပင်၊ သူမ အား အနှေးနှင့် အမြန် ဖြေရှင်းရ ပေမည်။
“ ယဲ့ ချင်း ရှန် ... ။ ”
ရုတ်တရက် ယဲ့ဖေးဖန်က ချန်ကျွယ်နှင့် အဖွဲ့အား ဦးဆောင်ကာ၊ လင်းယွန် လမ်းကို ပိတ်ဆို့ လိုက်သည်။
ယဲ့ဖေးဖန် မျက်နှာ မည်းမှောင် နေပြီး၊ လူကြီး လူကောင်း အသွင်များ ပျောက်ကွယ် နေချေ၏။
“ ဘာတွေ ဖြစ်နေ တာလဲ ... ။ ”
ကျန်ခဲ့ သူများ မသိ သော်လည်း၊ ဒုတိယ အဆင့် ရောက်ခဲ့သည့် သူတော်စင် တပည့်များမှ အဖြစ် အပျက်ကို သိထား ကြသည်။
ယဲ့ဖေးဖန်သည် ဒုတိယ အဆင့်၌၊ အရှက် ခွဲခြင်း ခံထားရ သဖြင့်၊ ယဲ့ချင်းရှန်အား ပြဿနာ မရှာသော်၊ ထူးဆန်း နေပေ လိမ့်မည်။
“ အစ်ကို ယဲ့ ... ၊ ငါတို့ ဘာကူညီ ရမလဲ။ ”
ချန်ဖန်က စိတ်ပျက် ထိတ်လန့် နေသော်လည်း၊ လင်းယွန် မှာမူ တည်ငြိမ် နေ ခဲ့သည်။
“ ဒုတိယ ကောင်းကင်ဘုံမှာ ... ၊ မင်း ပြောခဲ့တာ တွေကို မှတ်မိ သေးလား။ ”
“ အိုး ... ။ ”
လင်းယွန်မှ ခေါင်းညိတ်ပြီး၊
“ မှတ်မိတယ် ... မှတ်မိတယ်၊ မင်းကို သုံးရောင်ခြယ် ကောင်းကင် တိမ်လွှာ သစ်သီး တစ်လုံး၊ စွန့်ကျဲ ပေးမယ်လို့ ... ငါ ကတိ ပေးခဲ့ တာကို ပြောတာ မဟုတ်လား။ ”
သုံးရောင်ခြယ် သစ်သီး တစ်လုံးကို ထုတ်ယူ ပေးလိုက်သည်။
“ တကယ်ပဲ ... ၊ သုံးရောင်ခြယ် ကောင်းကင် တိမ်လွှာ သစ်သီး ... ။ ”
“ ဒါကို စားသုံးရင် ... ဓား ရည်ရွယ်ချက် ဘယ်လောက် သန့်ရှင်း လာမလဲ ဆိုတာကို၊ ငါ သိချင် မိတယ်။ ”
“ အဲဒါ အရေး မကြီးဘူး၊ ယဲ့ချင်းရှန် ပြောလိုက် တာကို မင်း ကြားလား ... ၊ သူက ယဲ့ဖေးဖန် အတွက်၊ စွန့်ကျဲ မှာတဲ့။ ”
ထိုသူ၏ သတိပေး စကားကြောင့်၊ လူတိုင်း အံ့ဩသွားသည်။ ယဲ့ချင်းရှန်သည် လူရှေ့ သူရှေ့ ၌၊ ယဲ့ဖေးဖန်အား စော်ကား ဝံ့ သည်လော။
ယဲ့ဖေးဖန် သည်လည်း၊ ၎င်းကို သတိ ထားမိကာ၊ ဒေါသဖြင့် လှမ်းတက် လာတော့ သည်။
“ မင်း ငါ့ကို တိုက်ခိုက်ချင် လို့လား၊ ယဲ့ဖေးဖန် ... မင်း ရှေ့မှာ ရပ်နေတဲ့ ... ငါက ဘယ်သူလဲ ဆိုတာ ... မင်း သိလား၊ ဟမ့် ...
... မင်းလို သူတော်စင် တပည့် သက်သက် တစ်ယောက်က၊ မူလ နဂါး မဟာ သူတော်စင်ရဲ့ တိုက်ရိုက် တပည့်ကို၊ စော်ကားဝံ့ သလား၊ အသက် ရှင်ရတာ ပင်ပန်း နေပြီ ထင်တယ်။ ”
အဆိုပါ စကား များကြောင့် ယဲ့ဖေးဖန်မှ၊ အေးခဲသွားပြီး ချက်ခြင်း ရပ်လိုက်၏။ ၎င်းအား သူ မေ့သွား ခဲ့သည်။
သူ့တင် မက လူတိုင်းပင်၊ ဤမှသာ ယဲ့ချင်းရှန် ဟူသည်၊ မဟာ သူတော်စင် တပည့် ဖြစ်မှန်း၊ သတိ ရလာ ကြ၏။
၎င်းသည် မရဏ အဆင့် တွင်သာ ရှိ သော်လည်း၊ မည်သူ မဆို ထိတွေ့ နိုင်သော လူမျိုး မဟုတ်ချေ။ ယဲ့ချင်းရှန်ထက် ရာထူး မြင့်မားသူ အနည်းငယ်သာ ရှိတော့သည်။
“ ညီလေး ... ၊ မင်း နောက်နေတာ မဟုတ်လား၊ မူလ နဂါး မဟာ သူတော်စင်ရဲ့ တပည့်ကို ဘယ်လိုလုပ် ငါက ထိဝံ့ မှာလဲ။ ”
အပြုံး တစ်ပွင့်ကို ညှစ်ထုတ်ကာ၊ ယဲ့ဖေးဖန်မှ ပြန်ပြော လိုက်မိသည်။
“ ညီလေး ... ဟုတ်လား၊ ဘယ်သူက မင်း ညီလေးလဲ။ ”
လင်းယွန်မှ အော်ငေါက် လိုက်တော့၏။ ယဲ့ဖေးဖန် မျက်နှာ နီရဲလျက်၊ နှုတ်ခမ်းများ တုန်ယင် လာ တော့သည်။
“ ငါက မဟာ သူတော်စင်ရဲ့ တိုက်ရိုက် တပည့်ပဲ၊ မင်းလို သူတော်စင် တစ်ယောက်ရဲ့ တပည့် မဟုတ်ဘူး၊ မင်းရဲ့ ဆရာက ဘုရင် အဆင့် မှာတောင် မရှိပဲ၊ ပြောဝံ့ သလား၊ ...
... မင်း ငါ့ကို ... အစ်ကိုလို့ ခေါ်သင့်တယ်၊ မူလ နဂါး မဟာ သူတော်စင်ရဲ့ ရာထူးက ဒီလို ခေါ်ဖို့ မထိုက်တန် လို့လား။ ”
“ မ ... မဟုတ် ပါဘူး၊ စီနီယာ အစ်ကို ချင်းရှန်။ ”
“ ကျယ်ကျယ်ခေါ် ... ငါ မကြား ရဘူး။ ”
“ စီနီယာ အစ်ကို ... ။ ”
“ ထပ် ကျယ် ... ။ ”
“ စီနီယာ အစ်ကို ... ။ ”
“ ကောင်းပြီ ... ၊ စီနီယာ အစ်ကို တစ်ယောက် ဖြစ်တဲ့ ငါက ... ၊ ဂျူနီယာ ဖြစ်တဲ့ မင်းကို၊ သုံးရောင်ခြယ် သစ်သီး တစ်လုံး၊ စွန့်ကျဲ တာ သဘာဝပဲ၊ ဒါကို မင်းက ဘာလို့ မယူချင် ရတာလဲ။ ”
“ မဟုတ် ပါဘူး ... ၊ စီနီယာ အစ်ကို။ ”
ယဲ့ဖေးဖန်မှာ ရှက်လွန်း သဖြင့်၊ ဤကိစ္စကို မြန်မြန် အဆုံးသတ် နိုင်စေရန်၊ သုံးရောင်ခြယ် သစ်သီးထံ လက်လှမ်း လိုက်သည် ။
“ ဝှစ် ...။ ”
သို့သော် သစ်သီးမှာ၊ မြေကြီးပေါ် ပြုတ်ကျ သွားပြီး၊ လင်းယွန်၏ ဖြေဖျားဖြင့်၊ နင်းချေခြင်း ခံလိုက် ရတော့သည်။
“ နောက်ကျ သွားပြီ ... ၊ မင်းလို ချင်ရင်၊ နောက်တစ်ခါ ... ငါပေးတဲ့ အချိန်မှာ၊ ချက်ချင်း ယူ ... ။ ”
***