← Chapters

ကောင်းကင်ကြီး ပြိုကျ လာရင်၊ ဘာဖြစ် မလဲ။

Vol. 137 Ch. 1915

ကောင်းကင်ကြီး ပြိုကျ လာရင်၊ ဘာဖြစ် မလဲ။

Vol. 137 Ch. 1915

ကောင်းကင် တိမ်လွှာ သစ်သီးကို ခြေထောက်ဖြင့် နင်းချေ ပြီးနောက် ထွက်ခွာ သွားတော့သည်။

ဤသည်မှာ သုံးရောင်ခြယ် ကောင်းကင် တိမ်လွှာ သစ်သီး ဖြစ်သောကြောင့်၊ လူတိုင်း အသက်ရှူ ရပ်ကုန်၏။

ယဲ့ဖေးဖန် အနားရှိ ချန်ကျွယ်မှ၊ အသံ မထွက်ရဲ ချေ။ ချန်ဖန် သာလျှင် ရယ်ချင် စိတ်ကို ထိန်းလျက်၊ ပါးစပ်ကို ကွယ်လိုက် ရသည်။

ယဲ့ မိသားစုတွင် ယဲ့ချင်းရှန်အား မည်သူမျှ နေရာ မပေးချေ။ ကောင်းကင် တာအို ဂိုဏ်းရှိ လူတိုင်းပင်၊ အနိုင်ကျင့် ကြသည်။

ထို့ကြောင့် ဤတစ်ကြိမ် အစ်ကိုကြီး၏ အပြုအမူ များမှာ၊ လူစားဝင် လိုက် သကဲ့သို့၊ ကြီးစိုး နေသည်။ သို့သော် မိုက်၏။

“ ယဲ့ချင်းရှန် ... မင်း သေချင် နေတာပဲ။ ”

ယဲ့ဖေးဖန်က ဒေါသ မထိန်းနိုင် တော့ဘဲ၊ ပြေးဝင် တိုက်ခိုက် လိုက်တော့သည်။ အမှန်မှာ တစ်ဖက် လူသည်၊ မဟာ သူတော်စင်၏ တိုက်ရိုက် တပည့် ဖြစ်၏။

၎င်းအား တိုက်ခိုက် လိုသော်၊ အနိမ့်ဆုံး သူ့ဆရာသည် သူတော်စင် ဘုရင် အဆင့်၌ ရှိရ ပေမည်။

သူတော်စင် သခင်၏ တပည့် မျှသာ ဖြစ်သော သူ့အတွက်၊ လုံးဝ မကြံအပ်သည့် အရာ ဖြစ်သည်။

“ မူလ နဂါး မဟာ သူတော်စင်က၊ မင်းလို အရှက်မဲ့တဲ့၊ တပည့် တစ်ယောက် လက်ခံခဲ့တာ ငါ မယုံနိုင်ဘူး၊ မင်းက စီနီယာ အစ်ကို၊ ...

... ဆိုရင်ရော ဘာဖြစ်လဲ၊ ဂျူနီယာ တစ်ယောက်ကို အရှက် ခွဲခွင့် ရှိတယ်လို့ မဆိုလို ပါဘူး၊ မဟာ သူတော်စင် ဒီမှာ ရှိနေ ရင်တောင် မင်းကို သင်ခန်းစာ တစ်ခု သင်ပေး ရမယ်။ ”

သို့သော် လင်းယွန်က ပြန် မတိုက်ပဲ၊ မူလ နဂါး မဟာ သူတော်စင် တံဆိပ်ကို ထုတ်ယူကာ၊ ယဲ့ဖေးဖန်အား ကြည့်လိုက်သည်။

တံဆိပ်မှ မဟာ သူတော်စင် တစ်ပါး၏ အငွေ့ အသက်များ ပျံ့နှံ့ လာသဖြင့်၊ ယဲ့ဖေးဖန် တစ်ယောက် ကြောက်ရွံ့မှုများ ဖြစ်ပေါ် လာ၏။

ဒေါသများ ပျောက်ကွယ် လျက်၊ အသိစိတ်များ ချက်ချင်း ဝင်ရောက် လာတော့ သည်။

“ ဘာလို့လဲ ... ငါ့ကို မူလ နဂါး မဟာ သူတော်စင် ရှေ့မှာတောင်၊ သင်ခန်းစာ သင်ပေး ပြမယ်လို့၊ အခုပဲ မင်း ပြောခဲ့တယ် မဟုတ်လား၊ လာပါ အဲဒီမှာ ရပ်မနေနဲ့။ ”

နောက်ပြန် ဆုတ်သွားသော ယဲ့ဖေးဖန်အား ကြည့်ကာ၊ လင်းယွန်မှ ရယ်မော လိုက်သည်။

“ အစ်ကိုကြီး ... ၊ ငါ တောင်းပန် ပါတယ်။ ”

ယဲ့ဖေးဖန် တစ်ယောက် ဖြူဖျော့သော မျက်နှာဖြင့်၊ လက်ဝှေ့ယမ်းကာ တောင်းပန် တော့သည်။

“ ငါ့ကို ခွင့်လွှတ် စေချင်လား၊ ဒါဆို အဲဒီ ကောင်းကင် တိမ်လွှာ သစ်သီး အားလုံးကို၊ စား ပြပါ။ ”

လင်းယွန်က သူ နင်းချေ ထားသော သစ်သီးထံ လက်ညှိုး ထိုးပြ လိုက်သည်။ ယန် နန်းတော်၏ တပည့်များ မျက်နှာ ပြောင်းလဲ သွားတော့၏။

“ ဟား ဟား ဟား ... ၊ ငါ နောက်တာပါ၊ တကယ် မင်း ... စားစရာ မလို ပါဘူး။ ”

လင်းယွန်မှ ပြုံးပြီး၊ ယဲ့ဖေးဖန် အနား လျှောက်လာကာ၊ ဝတ်ရုံကို သပ်သပ် ရပ်ရပ် ဖြစ်အောင် ပြင်ပေး လိုက်၏။

“ ယဲ့ဖေးဖန် ... ၊ မင်းက ငါ့ရဲ့ မျိုးရိုးတူ ညီလေး ဖြစ်တယ် ဆိုတာ ... ၊ နောင် ဂိုဏ်းက လူတိုင်း သိလာ ကြလိမ့်မယ်၊ မင်းက အရင်က ငါ့ကို အမြဲ သင်ခန်းစာ ပေးခဲ့တယ်၊ အခု ...

... ငါက မဟာ သူတော်စင် တပည့် ဖြစ်လာပြီ ဆိုတော့၊ နောက်နောင်မှာ ... ငါ့ကို သင်ခန်းစာ ပေးစရာ မလို တော့ဘူး။ ”

လင်းယွန်က ပြုံးလျက်၊ ယဲ့ဖေးဖန် ပါးပြင်အား ဖျပ်ဖျပ် ရိုက်ပြီး သတိ ပေးကာ၊ လှည့်ထွက် သွားတော့သည်။

“ ယဲ့ချင်းရှန် ... ၊ မင်းက မဟာ သူတော်စင်ရဲ့၊ တပည့် တစ်ဦး ဆိုရင်၊ ‘ဒီ’အဆင့် ပြိုင်ပွဲမှာ ... ပါဝင် ရဲလား။ ”

ယဲ့ဖေးဖန်မှ အံကြိတ်လျက် လှမ်းအော် မေးလိုက်သည်။

“ စိတ်မပူ ပါနဲ့ ... ၊ ငါ ‘ဒီ-အဆင့်’ မှာပဲ ... ပါဝင်ဖို့ ဆုံးဖြတ် ပြီးပြီ၊ မင်း ... လက်စားချေဖို့ အခွင့် အရေး ... ငါ ပေးမယ်။ ”

လင်းယွန်က လှည့်မကြည့် တော့ဘဲ၊ ပြန်လည် ဖြေကြားကာ ပျောက်ကွယ် သွား တော့၏။ ချန်ကျွယ်က ယဲ့ဖေးဖန်အား အကြိမ်ကြိမ် ခိုးကြည့် နေမိသည်။

“ ဒီကောင် ... ယဲ့ချင်းရှန် ရူးနေ တာလား၊ ‘ဒီ-အဆင့်’ ပြိုင်ပွဲဆိုတာ၊ နိဗ္ဗာန် စတုတ္ထ အဆင့် သူတော်စင် တပည့်တွေ အတွက်ပဲ၊ မရဏ အဆင့်နဲ့ ... ဘယ်လိုလုပ် လက်လှမ်းမီ မှာလဲ။ ”

“ ငါကတော့ မယုံဘူး၊ သူ ကြွားဝါ နေတာ။ ”

ထိုအချိန်တွင် ချန်ကျန့်က ကောင်းကင်မှ ဆင်းသက် လာ၏။ အစောပိုင်း အဖြစ် အပျက် များကို၊ သူ အဝေးမှ မြင်တွေ့ ခဲ့ရသည်။

“ ဒီကောင် ... ‘ဒီ-အဆင့်’ကို ပြိုင်ချင်တာလား၊ စိတ်ဝင် စားစရာ ပဲ ... ။ ”

-ဟု ပြုံးပြီး ရေရွတ် လိုက်တော့သည်။

“ ဒါဆို ငါတို့ တွေ့မယ် ... ။ ”

ယဲ့ဖေးဖန်မှ အံကြိတ်ကာ၊ လှည့်ထွက် သွားတော့သည်။ သူ့၌ ဒေါသများ ဆူပွက် နေပြီး အားလုံး ထုတ်ပစ် ချင်၏။ လူရှေ့ သူရှေ့ တွင်ပင်၊ မထိန်းနိုင် တော့ချေ။

မရဏ မိုးကြိုး တောင်ထိပ်သို့ ပြန်ရောက် သောအခါ၊ လင်းယွန်က ခရမ်းရောင် နယ်မြေ အတွင်း ဝင်လိုက်သည်။

သန့်ရှင်းသော သမီးတော် နှစ်ပါးနှင့်၊ သူ့ကြား သိသိ သာသာ ကွာခြားချက် ရှိသည်။ ဒီ-အဆင့် ပြိုင်ပွဲ ဝင်လိုသော်၊ ဝှက်ဖဲ များကို မဖြစ်မနေ ထုတ်ဖော် ရမည် ဖြစ်၏။

ထို့ကြောင့် ကျင့်ကြံမှုနှင့် ဓား ရည်ရွယ်ချက်ကို ဖြတ်ကျော် ထားရန်၊ လိုအပ် ပေမည်။

ခရမ်းရောင် လျှို့ဝှက် နယ်မြေ အတွင်း၊ ခရမ်းငယ်က နဂါးလေးကို လမ်းညွှန် နေသည်။ လက်ဖဝါးကို တွန်းထုတ် လိုက်တိုင်း၊ ထူးခြား သော ရောင်ဝါ တစ်ခု ထွက်လာ၏။

ကြောင်ပုံစံ သည်ပင်၊ နဂါး မျောက်ဝံထက်၊ လုံးဝ အားနည်းခြင်း မရှိသောကြောင့် လင်းယွန် တစ်ယောက် အသက်ရှူ မှားသွားသည်။

၎င်းသည် လျင်မြန်ပြီး ခြေသည်း အစား၊ ဓားမြှောင်ကို ပြောင်းလဲ တိုက်ခိုက် နိုင်ချေ၏။ ဒီမီဂေါ့ဝိုင် ခွက်တစ်ဝက်ကို သန့်စင် ပြီးနောက် နိဗ္ဗာန်-နဝမ အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။

အကယ် ၍သာ နဂါး မျောက်ဝံ့ အသွင် ပြောင်းလဲ လိုက်ပါက၊ အမည်ခံ သူတော်စင်များ ကိုပင်၊ ခုခံနိုင် မည် ဖြစ်၏။

ခရမ်းငယ် အနားသို့ လျှောက်သွား လိုက်ပြီး၊

“ ဒီကောင် အဆင်ပြေလား။ ”

-ဟု မေးလိုက်သည်။

“ ပြေတယ် ... ၊ သူ့ကို ဘယ်သူက လမ်းပြ ပေးနေလဲ ဆိုတာ ကြည့်လိုက်၊ နင် ငါ့ကို ဆရာ အဖြစ် အသိ အမှတ် ပြုရင်၊ ...

... ကောင်းကင် တာအို ဂိုဏ်းထဲက၊ သန့်ရှင်းသော သမီးတော်တွေ အားလုံးကို၊ နင့် အစေခံ ဖြစ်လာအောင် ကူညီ ပေးမယ်။ ”

ခရမ်းငယ်က ကျေနပ်စွာ ပြုံးလိုက်ပြီး၊

“ သန့်ရှင်းသော သမီးတော် တွေကိုသာ ၊ အစေခံ လုပ်လိုက် ရရင်၊ ဘာတွေ ဖြစ်ကုန်မယ် ထင်လဲ။ ”

-ဟု တွေးဆ နေတော့သည်။

“ ဘာလဲ ... သူတို့ကို ခြေထောက် ဆေးခိုင်းမို့လား။ ”

လင်းယွန်မှ ပြုံးပြီး ပြန်မေး လိုက်၏။

“ ဟမ့် ... ၊ ဖီးနစ် တစ်ကောင်ရဲ့ ... ခြေဖျားကို၊ ဆေးကြောခွင့် ရဖို့ လွယ်တယ်များ ထင်နေလား၊ သူတို့ အတွက်၊ ဒါက ဂုဏ်ယူ စရာပါ။ ”

“ ဟုတ် ပါပြီ၊ ... မင်း ဆံပင်တွေ ပြေနေပြီ။ ”

“ ဘာ ... မြန်မြန် ... လုပ်၊ ငါ့ကို ခေါင်း ကောင်းကောင်း ဖြီးပေးဦး ... ၊ ငါ့ ဆံပင်တွေ ... ရှုပ်ပွ နေလို့ မရဘူး။ ”

“ ဒါဆို လာ ... ။ ”

လင်းယွန်က ပြုံးပြီး၊ နဂါး လေးအား ကောင်းကင် တိမ်လွှာ သစ်သီး (၅)လုံး ပေးအပ် လိုက်သည်။ ထို့နောက် ခရမ်းငယ်အား ဖီးနစ် သစ်ပင်ထံ ခေါ်ဆောင် သွား၏။

“ လင်းယွန်၊ ငရဲ သစ်ခွ ခြံဝင်းမှာ နေလ နတ်ရူရ်ကို ငါ မတွေ့ဘူး၊ ဒါက ထူးဆန်းတယ်။ ”

ခေါင်းဖြီး ပေးနေ သည်ကို ခံယူလျက် ခရမ်းငယ်မှ ပြောသည်။

“ ငါ ... မျှော်လင့် ထားပြီး သားပါ။ ”

“ အဲဒီ တုန်းက ... ၊ နေ-လ နတ်ရူရ် ရောင်ဝါက အားနည်း ပေမယ့်၊ သူ ရှိနေ တာကို ငါ တကယ် ခံစား ရတယ်။ ”

“ ဘာတွေ အလျင်လို နေတာလဲ၊ အချိန် တန်ရင် တွေ့မှာပေါ့။ ”

“ ဟမ့် ... နင်က လူယုတ်မာ၊ နေ-လ နတ်ရူရ်ကို ရှာဖို့ ... လုံးဝ စိတ် မဝင်စားဘူး မဟုတ်လား။ ”

“ မဟုတ် ပါဘူး ... ၊ ငါသာ ငရဲ သစ်ခွ ခြံဝင်းကို ထပ်သွားရင်၊ ပိုင်ရှုရင် သတ်တာ ခံရ လိမ့်မယ်။ ”

“ မဟုတ်ဘူး ... ၊ နင် ငါ့ကို ဂရု မစိုက်တာ၊ ပိုင်ရှုရင် ကိုပဲ ဂရုစိုက် နေတယ်၊ ငါ့ ခွန်အားတွေ ပြန်ရ လာတဲ့ တစ်နေ့ ကျရင်၊ သူ့ကို ဖမ်းပြီး၊ အိမ်ဖော် လုပ်ပစ်မယ်။ ”

“ ဟား ဟား ဟား ... မင်း တကယ် ပြောရဲ တာပဲ၊ ဒါနဲ့ ဧကရီ ... တစ်နေ့ ငါတို့ ကောင်းကင် ကြီး ပြိုကျ လာရင် ... ဘာဖြစ် မလဲ။ ”

“ ဘေးဆိုးတွေ ကျလာ မှာပေါ့ ... ။ ”

ခရမ်းငယ်က ရုတ်တရက် သက်ပြင်းချကာ၊

“ ကောင်းကင် ပြိုကျရင်၊ နတ် နဂါးခေတ် ပျောက်ကွယ် သွားလိမ့်မယ် ... ၊ ခွန်လွန်မှာ ရှိတဲ့ လူတိုင်း၊ အဲဒီ အချိန်မှာ ... ထာဝရကျွန် အဖြစ် တိရစ္ဆာန် တွေလို ... ခိုင်းစေခံ ရနိုင်တယ်၊ နင် ဘာလို့ မေးတာလဲ။ ”

-ဟု ဆက်ပြော လာတော့သည်။

“ ဘာမှ မဟုတ် ပါဘူး ... ၊ ဒီအတိုင်း မေးကြည့် လိုက်တာ၊ ငါ ပြီးပြီ ... မင်းဆံပင်တွေ သွားကြည့် လိုက်ဦး။ ”

“ မှန်းစမ်း ... မှန် ဘယ်မှာလဲ။ ”

ခရမ်းငယ်က မှန်တစ်ချပ် ထုတ်ယူကာ၊ ကြည့်သည်။ ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ် လျက်၊ ကျစ်ဆံမြီး များကို ပွတ်သပ် လိုက်၏။

ကလေး တစ်ယောက် ကဲ့သို့ ခုန်ပေါက် ထွက်ခွာ သွားသော ခရမ်းငယ်ကို ကြည့်ကာ၊ လင်းယွန်မှ ပြုံးလိုက် တော့သည်။

သည့်နောက် သုံးရောင်ခြယ် ကောင်းကင် တိမ်လွှာ သစ်သီး တစ်လုံးကို ထုတ်ပြီး၊ စစ်ဆေး ကြည့်နေ မိသည်၊။ ကောင်းကင် သန့်စင်ခြင်း တောင်မှ အကျိုး အမြတ် များစွာ၊ ရရှိ ခဲ့၏။

ကြယ်ဓား မရ သော်လည်း၊ တိုးတက်မှု များစွာ ရှိခဲ့သည်။ တစ်ဖက်တွင် သစ်သား အိမ်မှ အဖိုးအို၏ စကားများ ကိုလည်း၊ ပြန်ကြား လာ မိသည်။

( ယဲ့ချင်းရှန် ... ၊ တစ်နေ့မှာ ကောင်းကင် ပြိုကျပြီး၊ အမှောင်တွေ ပြန်လာ လိမ့်မယ်၊ အဲဒီ အချိန် ကျရင်၊ မင်း လက်ထဲမှာ ... ၊ ဓားရှိ နေသရွေ့ ...

... မျှော်လင့်ချက်ကို မစွန့် လိုက်ပါနဲ့၊ ကောင်းကင် တာအို ဂိုဏ်းရဲ့ တာဝန်က ခွန်လွန် မြေကို ကာကွယ် ဖို့ပဲ။ )

ထို့နောက် သစ်သီးအား ပြန်သိမ်းကာ၊ ခရမ်းရောင် သလင်းကျောက် တစ်လုံး ထုတ်ယူ လိုက်သည်။

သလင်းကျောက် ထဲတွင်၊ မီးများ တောက်လောင် နေပြီး၊ ဓား ရည်ရွယ်ချက်က နှလုံးသား ကဲ့သို့၊ တဆတ်ဆတ် ခုန်နေ၏။

ဤသည်မှာ ဓားသူတော်စင် တစ်ပါး၏ ဓားနှလုံးသား ဖြစ်လေသည်။

***

All Chapters