ပြိုင်ပွဲ စတင်ပြီ ... ။
Vol. 137 Ch. 1917
ကျန်းယွီ ရောက်ရှိ လာခြင်းသည်၊ လူအုပ်အား ရုတ်ရုတ် သဲသဲ ဖြစ်စေ၏။ ၎င်းအား သစ်ပင်၌ ကိုယ်တုံးလုံး ချိတ်ဆွဲ ခံရ သည်ကို၊ ဂိုဏ်းတွင် မသိသူ မရှိ ခဲ့ချေ။
ကြောင် တစ်ကောင်မှ ပါးရိုက်ပြီး၊ ကိုယ်လုံးတီး ချွတ်သွားသည့် သူတော်စင် တပည့် ဟူ၍ ၎င်းသာ ရှိသည်။
“ မင်း ဘယ်လိုများ ... ပြန်ကောင်း လာတာလဲ၊ အောင်မြင်မှု တစ်ခုတောင် ရခဲ့တာ လား၊ အံ့သြ မိပါတယ်။ ”
လင်းယွန်က ကြည့်ကာ ပြောသည်။
“ အဲဒီ အတွက် ... ၊ ကျေးဇူး တင်ပါတယ်။ ”
-ဟု ကျန်းယွီမှ အံကြိတ်လျက် ဆိုပြီး၊
“ မင်း ... ဒီ-အဆင့်ကို ... ၊ ရွေးခဲ့ အတွက် ရောပဲ။
-ဟု ဆက်ပြော လာတော့၏။
လင်းယွန် ကလည်း သူ့နည်း အတိုင်းပင် လေသံကို နှိမ်ချ လိုက်ပြီး၊
“ ကြောင်က ငါ့ ကြောင် ... ။ ”
-ဟု ပြန်ပြောကာ၊ လှည့်ထွက် သွားတော့သည်။
“ သူ ... ဘာပြော တာလဲ ... ။ ”
ယဲ့ဖေးဖန်က မကြားလိုက် သဖြင့် မေး၏။
“ ဘာမှ မဟုတ် ပါဘူး ... ။ ”
ကျန်းယွီမှ ခေါင်းယမ်း လိုက်၏။ မဖြေချေ။ လင်းယွန် ပြောသည့် စကားသည် သူ့ နှလုံးသား အား များစွာ နာကျင် စေ၏။
မရဏ အဆင့် ၌သာ ရှိသော ဤယဲ့ချင်းရှန်သည် ထိုမျှ အစွမ်း ထက်သည့် သားရဲ တစ်ကောင်ကို၊ ပိုင်ဆိုင် နိုင်စရာ အကြောင်း မရှိဟု ယုံကြည်သည်။
ထို့ပြင် လျှို့ဝှက် ဆန်းကြယ်သော မိန်းကလေးလည်း ရှိသေးသည်။ အရေး ကြီး သည်မှာ၊ တရားခံသည် ယဲ့ချင်းရှန် ဖြစ်ဖြစ် မဖြစ်ဖြစ်၊ သူသည် ဂိုဏ်းအတွင်း လူပြက် တစ်ယောက် ဖြစ်လာ ခဲ့ချေ၏။
ကျန်းယွီ မျက်နှာမှာ၊ ကြောက်စရာ ကောင်းလောက်အောင် မည်းမှောင် နေပြီး၊ သူ့ နာမည်အား ဒီ-အဆင့် ပြိုင်ပွဲ၌၊ ချရေးလိုက် တော့သည်။
များမကြာခင် ဤပြိုင်ပွဲ၏ လူစိတ်ဝင် အစားဆုံးသော ပုဂ္ဂိုလ် နှစ်ဦး ရောက်ရှိ လာ လေသည်။
၎င်းတို့မှာ အိုယန်ဟဲနှင့် ချန်ကျန့် ဖြစ်ပြီး၊ ခြွင်းချက် မရှိ ထျန်း-အဆင့်အား ရွေးချယ် ခဲ့ကြ ၏။
တစ်ဖက်တွင် လင်းယွန်က နာမည် စာရင်းသွင်း ပြီးနောက်၊ ထိုင်ခုံဆီ ပြန်လာကာ၊ မျက်လုံးများ မှိတ်လျက်၊ စောင့်ဆိုင်း နေခဲ့ သည်။
“ မရဏ အဆင့်က သူတော်စင် တပည့် တစ်ယောက်က၊ ဒီ-အဆင့်ကို ပါဝင်ဖို့ ... သတ္တိ ရှိတယ် တဲ့လား၊ ငါတို့လို သူတော်စင် တပည့် ဟောင်း တွေကို၊ လျစ်လျူရှု နေပုံပဲ။ ”
ရုတ်တရက် လေှာင်ပြောင် ပြောဆို သံကြောင့်၊ လင်းယွန်မှ မျက်လုံးများ ဖွင့်ကြည့် လိုက်သည်။
ရှိရင်းစွဲ အသက်ထက်၊ များစွာ အိုမင်း နေသော အသက် (၈၀)အရွယ် သူတော်စင် တပည့်ဟောင်း ကျန်းချောင် ဖြစ်သည်။
သူ့ ကျင့်ကြံမှုမှာ နိဗ္ဗာန်-ဒုတိယ အဆင့် ဖြစ်၏။
“ မင်းလို အမှိုက် တစ်စကို ... ၊ ဘယ်သူက မျက်လုံးထဲ ထားမှာလဲ။ ”
လင်းယွန်က နှာခေါင်းရှုံ့ကာ ပြန်ပြောပြီး၊ စိတ်မဝင်စား ဟန်ဖြင့်၊ မျက်လုံးများ မှိတ်ချ လိုက် တော့သည်။
“ မင်း ... ငါနဲ့ မတွေ့ စေနဲ့၊ မဟုတ်ရင် ... နိဗ္ဗာန် အဆင့် ဆိုတာ ဘာလဲ ငါ ပြမယ်။ ”
“ အမှိုက် ... ။ ”
လင်းယွန်က မျက်လုံးဖွင့် မကြည့် တော့ဘဲ ပြောလိုက်သည်။ ထိုအပြု အမူမှာ ကျန်းချောင် အား၊ ဒေါသ ထွက်သွား စေတော့၏။
“ ဒီကောင်က တကယ့် လူမိုက်ပဲ။ ”
ယဲ့ဖေးဖန်က ပြုံးပြီး၊ လင်းယွန်ထံ ကျော်ကြည့်သည်။
“ စင်ပေါ် ရောက်ရင် ... ၊ သူ အခုလိုပဲ မောက်မာ နိုင်ဦး မလား ဆိုတာ ... ငါတို့ ကြည့် ကြမယ်။ ”
ကျန်းယွီမှ သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်အား ထုတ်ဖော်လျက် လှမ်းပြော လိုက်သည်။
အဆင့် သတ်မှတ်ချက် ပြိုင်ပွဲသည် သူတော်စင် တပည့်များ အတွက်၊ စင်မြင် တစ်ခု ဖြစ်၏။
နိဗ္ဗာန် အဆင့်၌၊ ပါရမီရှင် သူတော်စင် တပည့် များစွာ ရှိသည်။ ၎င်းတို့ အားလုံးသည် အမည်ခံ သူတော်စင် ဖြစ်လာရန်၊ အခွင့် အရေး ရှိကြသည်။ အချို့မှာ သူတော်စင် တစ်ပါးပင် ဖြစ်လာ နိုင်၏။
ထို့ကြောင့် ဤပွဲသို့ သူတော်စင် နယ်ပယ်တွင် ရှိကြသော အကြီးအကဲ များစွာ နှင့်၊ မူလ နဂါး မဟာ သူတော်စင် သည်လည်း တက်ရောက် ခဲ့သည်။
ကနဦးတွင် ၎င်းက လာရန် အစီ အစဉ် မရှိ သော်လည်း၊ ယဲ့ချင်းရှန်မှ ဒီ-အဆင့်အား စိန်ခေါ် ခဲ့သည့် သတင်းကို ကြားချိန်၌ မနေနိုင် တော့ချေ။
ထို့ကြောင့် သူတော်စင် အကြီးအကဲများ ကြားတွင်၊ မူလ နဂါး မဟာ သူတော်စင် ကြီးမှ၊ အဘိုးအို တစ်ယောက် ကဲ့သို့၊ ထိုင်နေ ခဲ့၏။
သက်ပြင်း ချလျက်၊ သူ့ တပည့်အား ရှုပ်ထွေးစွာ လှမ်းကြည့် လိုက်မိသည်။ ၎င်းသည် ကောင်းကင် သန့်စင်ခြင်း တောင်၏ စတုတ္ထ အဆင့်သို့ တက်လှမ်း ခြင်းဖြင့်၊ သူ့ အမြင် မှန်ကန်ကြောင်း သက်သေ ပြခဲ့၏။
ယဲ့ချင်းရှန်၏ စရိုက်သည် လူများစွာကို စော်ကား မိသည်။ သတိ မမူသော် အသတ် ခံရ နိုင်၏။
ငရဲ သူတော်စင် ဘုရင်က ပြုံးပြီး၊
“ ယဲ့ချင်းရှန်က တော်တော် ရဲရင့် တာပဲ၊ မဟာ သူတော်စင် တိုက်ရိုက် တပည့် ဖြစ်တာ အံ့သြစရာ မဟုတ်တော့ ပါဘူး ... ၊ သူက ဂုဏ်ယူ စရာ တပည့် တစ်ယောက်ပဲ။ ”
-ဟု လှောင်ပြောင် ချီးကျူး လိုက်သည်။
မူလ နဂါး မဟာ သူတော်စင်က ၎င်း၏ အတွေး များကို သိပြီး၊
“ မင်းရဲ့ တပည့် အတွက် ... သူတော်စင် နဂါး ဆေးလုံး သန့်စင်ဖို့ တောင်းဆို လိုက်တာ ငါ ကြားတယ်။ ”
“ သူ့ ဒဏ်ရာက ... အရမ်း ပြင်းတယ်၊ တွန့်တို နေလို့ မရ တော့ဘူး။ ”
“ ငါ့ တပည့်က ဒီ-အဆင့်ကို ရွေးမယ်လို့ ကြေငြာ လိုက်တာနဲ့ ... ၊ မင်း သူ့ကို ပေးကမ်းဖို့ ဆုံဖြတ် လိုက်တာ မဟုတ်လား။ ”
“ အဲဒီလို မဟုတ် ပါဘူး။ ”
ငရဲ သူတော်စင် ဘုရင်၏ မျက်ဝန်းများ မှေးစင်း သွားသည်။ ဘေးမှ နေ၍ သူတို့ စကား ဝိုင်းကို နားထောင် နေသော ကျန်အကြီး အကဲ များက၊ ပြုံးရုံသာ ပြုံးသည်။
ယဲ့ချင်းရှန်သည် လွန်ခဲ့သော လဝက်က၊ ငရဲ သူတော်စင် ဘုရင်ကို၊ သွေးအန်လု နီးပါး ပြုလုပ် ခဲ့ သည်အား၊ သူတို့ သိထားသည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် ကလဲ့စား ချေလို သည်မှာ သဘာဝ ကျ၏။ ရုတ်တရက် ဒိုင် အဖြစ် တာဝန် ယူမည့်၊ အမည်ခံ သူတော်စင်များ ဆင်းသက် လာတော့သည်။
သည့်နောက် စင်မြင့် များကို ရွှေ၊ သစ်၊ ရေ၊ မီးနှင့် မြေကြီး ဟူ၍ ခွဲခြား ပစ်လိုက် တော့၏။ ဒီ-အဆင့် ဒိုင်၏ အမည်မှာ ချီယွင် ဖြစ်သည်။
သူက သူတော်စင် တပည့် များထံ ဝေ့ကြည့်လျက်၊
“ အဆင့် ပြိုင်ပွဲမှာ ... ၊ အထူး စည်းမျဉ်း မရှိဘူး၊ ဘယ်နည်းလမ်း မဆို အသုံး ပြုနိုင်မယ်၊ အဆိပ်၊ လက်နက်ပုန်းနဲ့ ဘုန်း သူတော်စင် လက်ရာများ အပါ အဝင်ပဲ၊ ဒါပေမယ့် ကျင့်ကြံမှုကို၊ ...
... အတင်း အကြပ် မြှင့်တင် နိုင်တဲ့ ဆေးလုံးမျိုး အသုံး ပြုခွင့် မရှိဘူး၊ ပြိုင်ဘက်က ရှုံးနိမ့်ကြောင်း ဝန်ခံရင် ရပ်ပါ၊ ...
... ဒီစည်းမျဉ်းကို ဖောက်ဖျက်ရင်၊ ရာထူးနဲ့ ဝင်ခွင့်ကို ပယ်ဖျက် ပစ်ပြီး .. ၊ ပြစ်မှု ထင်ရှားရင် ဂိုဏ်းကနေ နှင်ထုတ်မယ်။ ”
စကားဆုံး သည်နှင့် အမည်ခံ သူတော်စင်က လက်ဝှေ့ယမ်းလျက် တံဆိပ် များကို လူတိုင်းထံ ဝေငှ ပေးလာ၏။
လင်းယွန်၏ တံဆိပ်တွင် (၅၉)- ဟု ရေးထွင်း ထားသည်။
“ ဒီ-အဆင့် ပြိုင်ပွဲမှာ ... လူငါးရာ ပါဝင်တယ်၊ တစ်ဝက်ကို ဒီနေ့ ဖယ်ထုတ်မယ်၊ ဒါကြောင့် လူတစ်ရာ ပါတဲ့ အဖွဲ့ ငါးဖွဲ့-ဖွဲ့ထား တယ်၊ အဲဒါက ရွှေ၊ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးပဲ။ ”
ချီယွင် ပြောပြချက်ကြောင့် လင်းယွန်က တံဆိပ်ထံ ပြန်ကြည့် မိသည်။ သူ့ တံဆိပ်မှာ ရွှေ အမျိုး အစား ဖြစ်၏။
“ ငါ အကျိုးဆောင် အမှတ် ရယူပြီး၊ ခရမ်းငယ် အတွက်၊ နဂါး သူတော်စင် သွေးရည် ကြည်နဲ့ လဲလှယ် ပေးရမယ်၊ ချန်ပီယံ ဖြစ်ရင် နိဗ္ဗာန် ဆေးလုံးပေါင်း၊ ...
... သုံးသိန်းလောက် ရနိုင်တယ် ... ၊ ဒါက နိဗ္ဗာန် အဆင့်ကို ရောက်ဖို့ လုံလောက် ပါလိမ့် မယ်။ ”
လင်းယွန် တစ်ယောက် မျှော်လင့်ချက် များဖြင့်၊ ပြည့်နှက် လာခဲ့၏။ နိဗ္ဗာန် ဆေးလုံး အမြောက် အများကို ရရှိ ခြင်းသည်၊ သူ့ကိုယ်သူ အားကောင်း လာအောင် အသုံးချ နိုင်၏။
မဟုတ်သော် ဘဝ-သုံးပါး သစ်သီး၏ အစွမ်းကို သုံးချိန်၌ အရင်းအမြစ် ပြတ်တောက် ကာ၊ အချည်းအနှီး ဖြစ်သွား ပေလိမ့်မည်။
တစ်ဖက်တွင် ဖီးနစ် သစ်ပင်ကို ပျိုးထောင်ရန် အတွက်၊ နဂါး သွေးရည်ကြည် လိုချေပြီ။
ကောင်းကင် တာအို ဂိုဏ်း၏ အုတ်မြစ်မှာ၊ ခိုင်မာလှ သဖြင့်၊ စစ်မှန်သော နဂါး သူတော်စင် သွေး ရည်ကြည် များစွာ ရှိနိုင်မည်။
ချီယွင်မှ စည်းမျဉ်း များကို၊ ကြေငြာ ပြီးနောက်၊ အုပ်စု (၅)ခု ထဲက ပြိုင်ဘက်များ ရွေးထုတ် တော့သည်။
“ တိမ်ပျံ တောင်ထိပ်ရဲ့ ... ရီပိုင် ... ။ ”
“ ယင် နန်းတော်က ... ပိုင်ယွင်ကျန်း ။ ”
လင်းယွန် အကြည့်က ရွှေ-အုပ်စုထဲ ကျရောက် သွားခဲ့သည်။ ၎င်းတို့ နှစ်ဦး လုံးသည် သူတို့၏ အမည် များကို ဦးစွာ မိတ်ဆက် လာကြ ၏။
လှုပ်ရှားမှု တစ်ရာ ကျော်ပြီးနောက် ပိုင်ယွင်ကျန်း တစ်ယောက် ရှုံးနိမ့် သွားသည်။ ပိုင်ယွင်ကျန်းမှာ အသက် နှစ်ဆယ်ကျော် မျှသာ ရှိ၏။
သူ့ ပြိုင်ဘက်သည် အသက် ခုနစ်ဆယ် ကျော်လွန် နေပြီ ဖြစ်သော မျိုးဆက်ဟောင်း သူတော်စင် တပည့် ဖြစ်လေသည်။
“ မျိုးဆက်ဟောင်း သူတော်စင် တပည့် တွေက အားသာချက် ရှိတယ်၊ ပိုင်ယွင်ကျန်းက ပိုင် မိသားစုမှာ၊ ပထမ တန်းစား ပါရမီ ရှင်ပဲ၊ သူ့ အရွယ်နဲ့ နိဗ္ဗာန်-ပထမ အဆင့် ရောက်နေ တာကိုပဲ ကြည့် ... ။ ”
“ သူတို့ရဲ့ အသက် အရွယ်က ... ၊ ကွာဟချက် ကြီးကြီး မားမား ဖြစ်နေ တာ ကြောင့်၊ ကျင့်ကြံမှု တူညီ တာတောင်၊ နိဗ္ဗာန် ရောင်ဝါချင်း ယှဉ်လို့ မရဘူး။ ”
ပိုင်ယွင်ကျန်းသည် နာမည် ရှိသော သူတော်စင် တပည့် တစ်ဦး ဖြစ်သဖြင့်၊ လူ အများက သူ့အပေါ် အာရုံစိုက် မိ၏။
ဤတိုက်ပွဲကို မြင်ပြီး ချိန်၌၊ မျိုးဆက် ဟောင်း သူတော်စင် တပည့်များ အကြောင်း နားလည်မှု အသစ် ရရှိ လာကုန် ကြသည်။
***