← Chapters

သူက ငါ့ တပည့်ပဲ။

Vol. 137 Ch. 1918

သူက ငါ့ တပည့်ပဲ။

Vol. 137 Ch. 1918

ပြင်ပ ကမ္ဘာတွင်၊ ရှားပါးသော တစ္ဆေ ဝိညာဉ် ပညာရပ် များစွာ ရှိသည်ကို ကောင်းကင် တာအို ဂိုဏ်းမှ ပြသ နေသည်။

အချိန် အနည်းငယ် အတွင်း၊ တစ္ဆေ ဝိညာဉ် ပညာရပ် (၁၀)မျိုး အထိ မြင်တွေ့ လာ၏။ များ မကြာခင် ယဲ့ဖေးဖန် စင်ပေါ် တက်လာသည်။

ပြိုင်ဘက်ကို အနိုင် ယူရန်၊ လှုပ်ရှားမှု သုံးကြိမ်သာ အသုံးပြု ခဲ့သည်။ ၎င်းပြိုင်ဘက် သည် တူညီသော ကျင့်ကြံမှု၌ ရှိသည့်၊ မျိုးဆက် ဟောင်း သူတော်စင် တပည့် ဖြစ်သည်။

“ သူက ပါရမီရှင်ပဲ၊ အနည်းဆုံးတော့ ထိပ်တန်း (၃) ယောက် ထဲကို ဝင်နိုင်မယ်။ ”

ပြိုင်ဘက်ကို သုံးကြိမ် အတွင်း အနိုင်ယူ ခဲ့သဖြင့်၊ လူတိုင်းက ယဲ့ဖေးဖန်အပေါ် အာရုံစိုက် မိကုန်သည်။

၎င်းက စင်မြင့် ပေါ်မှ ဆင်းလာစဉ်၊ လင်းယွန်ထံ စူးစူးဝါးဝါး စိုက်ကြည့် သွားတော့ ၏။ လင်းယွန်နှင့် အကြည့်ချင်း ဆုံချိန်၌ ပြုံးလျက်၊

“ ညီအစ်ကို၊ အခု မင်း နောင်တရဖို့ အရမ်း နောက်ကျ သွားပြီ၊ မင်း ဆရာ ရှိနေခဲ့ ရင်တောင် ဒီပွဲမှာ ကယ်တင် နိုင်မယ် မထင်ဘူး။ ”

မူလ နဂါး မဟာ သူတော်စင် ဤနေရာ၌ ရှိနေ သည်ကို ကြားလိုက် ရသဖြင့်၊ လင်းယွန်က ခေါင်းမော့ ကြည့်လိုက်သည်။

သူတော်စင်များ ကြားတွင်၊ သူ့ထံ လှမ်းကြည့် နေသော သူတော်စင် လုံယွင်ကို မြင်လိုက် ရ၏။ ၎င်းက သူ အသတ်ခံ ရမည် အား၊ စိုးရိမ် နေပုံ ရသည်။

“ ဟား ဟား ဟား ... ။ ”

ယဲ့ချင်းရှန် တစ်ယောက် နှုတ်ဆိတ် သွားသည်ကို မြင်သော အခါ၊ ယဲ့ဖေးဖန်မှ ကျယ်လောင်စွာ ရယ်မော တော့သည်။

လင်းယွန်က အကြည့်ကို ရုတ်လိုက်ပြီး၊ ပတ်ဝန်းကျင်ရှိ တိုက်ပွဲ များထံ ဆက်ကြည့် နေမိ၏။

ကောင်းကင် တာအို ဂိုဏ်း၏ သူတော်စင် တပည့်များသည် ထူးထူး ခြားခြား ဖြစ်ကြောင်း သူ ဝန်ခံရ ပေမည်။

သူတော်စင် တပည့် ဟောင်းများ ပင်လျှင် ထူးချွန် ထက်မြက်ပြီး၊ အထင် ကြီးစရာ ကောင်း လှ၏။

သူတို့၏ တိုက်ပွဲ များကို ကြည့်လျက်၊ ဓားပင်လယ် အတွင်းမှ ရွှေလူသားနှင့် နဂါး ဓား ဝိညာဉ်မှာ လိုက်ပါ လှုပ်ရှားနေ တော့သည်။

ရွှေလူသား အတွက်၊ ပြိုင်ဘက် များစွာ ရုတ်တရက် ပေါ်လာသည်။ သူတို့နှင့် ရင်ဆိုင် ကာ၊ အတွေ့အကြုံ များကို စုပ်ယူ နေ၏။

မည်သည့် အရာမျှ လုပ်စရာ မလိုဘဲ၊ နားလည် နိုင်စွမ်း တိုးလာ သောကြောင့်၊ ဤလူ များမှာ၊ အမှန်ပင် အားကောင်းကြောင်း သက်သေ ပြနေသည်။

“ ရွှေ အဖွဲ့ ... နံပါတ်(၅၉) နဲ့ ... ၊ နံပါတ် (၆၀) ... ။ ”

ချီယွင်မှ ကြေငြာ လိုက်သည်နှင့် စင်မြင့် ပေါ်သို့၊ လူရိပ် တစ်ရိပ် လှမ်းတက် လာတော့ သည်။

ဤလူမှာ ကျန်းချောင် ဖြစ်ပြီး၊ သိပ်သည်းသော ဓားရောင်ဝါကို ထုတ်လွှတ် ထားသည်။

၎င်းသည် သူတော်စင် တပည့်ဟောင်း တစ်ဦးလည်း ဖြစ်ကာ၊ လူတိုင်းက သူ့ရန်သူ မည်သူ ဖြစ်မည်ကို သိချင် လာတော့၏။

အဆုံးတွင် သွေ့ရော်ခြင်း ဓားမော့ ပညာရပ်ကို လေ့ကျင့် ထားပြီး၊ နိဗ္ဗာန်-ဒုတိယ အထွတ် အထိပ် အဆင့်၊ ကျွမ်းကျင်သူ ဖြစ် လေသည်။

သူတော်စင် တပည့် အဟောင်းများ ကြားတွင် အလွန် ကျော်ကြား ချေ၏။

“ မင်းရဲ့ ပြိုင်ဘက်က ငါပဲ ... ။ ”

စင်မြင့် ပေါ်သို့ ပုံရိပ် တစ်ရိပ် ဆင်းသက် လာတော့သည်။

“ ယဲ့ချင်းရှန် ... ၊ စိတ်ဝင်စား စရာပဲ။ ”

ကျန်ချောင်း၏ ပြိုင်ဘက်မှာ၊ လင်းယွန် ဖြစ်နေ သဖြင့်၊ လူတိုင်း အာရုံစိုက် လာတော့၏။ ယဲ့ချင်းရှန် အမည်ကို ဂိုဏ်း၌၊ မသိ သူ မရှိ တော့ချေ။

လူအချို့ ကသာ သူ့ကို အကောင်းမြင် ကြသည်။ တပည့် အများစုသည် မရဏ အဆင့် တွင် ရှိသော လင်းယွန် အပေါ်၊ အကောင်း မမြင် ကြချေ။ ဒီ-အဆင့် အတွင်းရှိ မည်သူ မဆို သူ့ကို အလွယ် တကူ နှိပ်စက် နိုင်မည်ဟု ယုံကြည်၏။

“ မရဏ မိုးကြိုး တောင်ထိပ်က ... ယဲ့ချင်းရှန်။ ”

လင်းယွန်က သူ့ကိုယ်သူ မိတ်ဆက် လိုက်တော့သည်။

“ ကောင်းကင် ရေစင် တောင်ထိပ်က၊ ကျန်းချောင် ... ။ ”

ကျန်းချောင်မှ ပြုံးပြီး ပြန်ပြောသည်။

“ ဒီ-အဆင့်ရဲ့ ... တပည့် တော်တော် များများက၊ မင်းကို တိုက်ခိုက်ချင် နေကြတယ်၊ အခုလို ပထမ ပွဲမှာ ... ၊ ငါနဲ့ ဆုံမယ်လို့ မထင် ထားမိဘူး၊ ယဲ့ချင်းရှန် မင်းကို လူ ဘယ်နှစ် ယောက် ... မုန်းတီး နေလဲ သိလား။ ”

“ စီနီယာ အစ်ကို ကျန်း ... ၊ သူ့ကို မြန်မြန် ရိုက်ပါ၊ အရှုံးကို ဝင်ခံချိန် မပေးနဲ့။ ”

“ မှန်တယ် ... ၊ သူလို လူကို ဂိုဏ်းကနေ နှင်ထုတ် သင့်တယ်။ ”

လူအုပ်ကြားမှ အော်သံများ ရုတ်ရုတ် သဲသဲ ထွက်ပေါ် လာတော့သည်။

“ ကြားလား ... ။ ”

ကျန်းချောင်က ပြုံးလျက် မေးဆက် ပြလိုက်သည်။

“ မင်း ... တကယ် ငါ့ကို ရိုက်နိုင် ပါ့မလား။ ”

လင်းယွန်မှ ပြန်မေး၏။

“ ဘာလို့ မလုပ်နိုင် ရမှာလဲ။ ”

“ ဒါဆို လာပါဦး ... ။ ”

“ မင်းက သေခါနီးတောင် အရမ်း မိုက်မဲ နေတုန်းပဲ။ ”

ကျန်းချောင်မှ ဓားကို ဆွဲထုတ် လိုက်ပြီး၊ နိဗ္ဗာန် အဆင့် ကျင့်ကြံမှု ရောင်ဝါဖြင့် လင်းယွန် အပေါ်၊ ကန့်သတ် တော့သည်။

“ ဝှစ် ... ။ ”

ပြီးနောက် ရိပ်ခနဲ ပြေးတက် သွားရာ၊ သူထံမှ လာသော လှိုင်းလုံးသည်၊ စင်မြင့် ပေါ်ရှိ ရူရ်များကို လင်းလက် သွားစေ၏။

သို့သော် လွဲချော် သွားသည်။ လင်းယွန်က အသာ အယာ ပြုံးလျက်၊ လက်ညှိုး တစ်ချောင်း ဖြင့်၊ သူ့ထံ လှမ်းထိုး လာ၏။

“ ဝေါ့ ... ။ ”

နိဗ္ဗာန် ရောင်ဝါ ပြိုကွဲ သွားပြီး၊ ရင်ဘတ်ကို ထိမှန်ကာ၊ ကျန်းချောင် တစ်ယောက် ဆယ်ပေ အကွာသို့ လွင့်စဉ်လျက်၊ သွေးများ အန်ထွက် လာတော့၏။

ရင်ဘတ်ကို ငုံ့ကြည့် လိုက်ရာ၊ အပေါက်ကြီး တစ်ခု ဖြစ်ပေါ် နေသည်။ ဤအရာက တစ်ဖက် လူ မည်မျှ သန်မာ သည်ကို၊ မြင်သာ စေ၏။

သူ၏ မြင့်မားသော ကျင့်ကြံမှု ကြောင့်သာ မဟုတ်သော်၊ ထို လက်ညှိုးဖြင့် အသက် ဆုံးရှုံး သွားပေ လိမ့်မည်။

“ ရွှပ် ... ။ ”

ထိုအချိန်တွင် ယဲ့ချင်းရှန်က ဓားအလင်း တစ်လက်ဖြင့်၊ သူ့လက်ထဲရှိ ဓားမော့ထံ ပစ်ချ လာသည်။

“ ချလွမ် ... ။ ”

“ ငါ့ဓား ... ။ ”

ကျန်းချောင် တစ်ယောက် လွင့်စဉ် သွားသော ဓားမော့ထံ လှည့်ကြည့်ပြီး၊ ခေါင်း ပြန် အမော့တွင်၊ ဓားတစ်လက်က သူ့နဖူးထံ ချိန်ရွယ် ထားချေပြီ။

“ ဒါသာ အသက်နဲ့ သေခြင်း တိုက်ပွဲ ဖြစ်ခဲ့မယ် ဆိုရင်၊ မင်း သေသွားတာ ကြာပြီ။ ”

လင်းယွန်မှ ဓား ပြန်ရုတ်လျက်၊ ပြောလိုက် တော့သည်။

“ ဒါ ... ။ ”

ကျန်းယွီနှင့် ယဲ့ဖေးဖန်မှာ ထိတ်လန့် သွားသည်။ သူတို့ နှစ်ဦး စလုံးသည် ပြိုင်ဘက် များကို အနိုင် ယူခဲ့ကြ သော်လည်း၊ ယဲ့ချင်းရှန် ကဲ့သို့၊ ကြီးစိုးခြင်း မရှိ ခဲ့ချေ။

ယဲ့ချင်းရှန်သည် မရဏ-ပဉ္စမ အဆင့်ဖြင့်၊ နိဗ္ဗာန်-ဒုတိယ အဆင့် ပြိုင်ဘက်အား အလွယ် တကူ အနိုင်ယူ သွားသည်။

သူတော်စင် အကြီးအကဲ များပင်၊ ထိုမြင်ကွင်းကြောင့် အံ့သြ ကုန်၏။ သူတို့၏ ကျင့်ကြံမှု အရ၊ ဤတိုက်ပွဲ အပေါ် ပို၍ မြင်နိုင် လေသည်။

မရဏ အဆင့်နှင့် နိဗ္ဗာန် အဆင့်သည် ခြားနားချက် ကြီးမားချေ၏။ နိဗ္ဗာန်-တတိယ အဆင့်မှ တစ်စုံ တစ်ဦးသည်၊ နိဗ္ဗာန်-ပထမ အဆင့်ကို ရှုံးနိမ့်သော်၊ အံ့သြ စရာ မရှိချေ။

သို့သော် မရဏ အဆင့်မှ တစ်စုံ တစ်ဦး အပေါ်၊ ရှုံးနိမ့် ခြင်းသည် အံ့သြ စရာ ဖြစ်သည်။ မူလ နဂါး မဟာ သူတော်စင်ပင်၊ လင်းယွန် ဤမျှ သန်မာနေ လိမ့်မည်ဟု၊ မမျှော်လင့် ထားချေ။ ထို့ကြောင့် မှင်တတ် နေရာမှ၊ ချက်ချင်း ဝမ်းမြောက် လာသည်။

“ မဆိုး ပါဘူး ... ။ ”

မူလ နဂါး မဟာ သူတော်စင်မှ ဂုဏ်ယူသော အမူအရာဖြင့် ပြောသည်။

“ မဟာ သူတော်စင်ရဲ့ တပည့်က ... ၊ ပါရမီရှင် တစ်ယောက် ဖြစ်လို့ ... ဝမ်းမြောက် ဂုဏ်ယူ ပါတယ်။ ”

“ မဟာ သူတော်စင်က ... ၊ တပည့် မခေါ် ခဲ့တာ၊ နှစ်ပေါင်း နှစ်ရာကျော် နေပြီ၊ ခေါ်မယ့် ခေါ်တော့ အကောင်းဆုံး တစ်ယောက်ကို ရွေးနိုင် လိုက်ပုံပဲ။ ”

“ သူတော်စင် တပည့် လက်ခံပွဲ တုန်းက၊ ငါနည်းနည်း တုန့်ဆိုင်း သွားတယ်၊ အမှန် သူ့ကို တပည့် အဖြစ်၊ ခေါ်လိုက် ရမှာ။ ”

“ မူလ နဂါး မဟာ သူတော်စင်ကြီး ... ၊ သူတော်စင်ကြီး မအား ခဲ့ရင်၊ သူ့ကို သင်ပေးဖို့၊ ငါ့ဆီ ... ခဏ ပို့ထားလို့ ရတယ်နော်။ ”

“ ဟုတ်တယ် ... သူက ကျောက်ရိုင်းတုံး တစ်တုံးပဲ၊ သွေးယူ ရမယ်။ ”

သူတော်စင် အကြီးအကဲ တစ်ချို့က ချီးကျုးလိုက် ကြသည်။ မူလ နဂါး မဟာ သူတော်စင်က ပြုံးလျက်၊

“ မစဉ်း စားနဲ့၊ ဒီကလေးက ငါ့ တပည့်ပဲ။ ”

-ဟု ဂုဏ်ယူစွာ ဝင်ပြော လိုက် တော့သည်။

လင်းယွန် အပေါ်၊ လူအများ စိတ်ဝင်စား နေကြ သည်အား မြင်လိုက် ရသဖြင့်၊ လုံယွင်မှ ရွှင်မြူး သွားသည်။

ငရဲ သူတော်စင် ဘုရင် သည်သာ၊ အေးစက်သော မျက်နှာဖြင့်၊ သူ့ ဒေါသ များကို မြိုသိပ် ထားလိုက် ရ၏။

***

All Chapters