← Chapters

အခန်း (၉၈၂)

Vol. 71 Ch. 982

အခန်း (၉၈၂)

Vol. 71 Ch. 982

အင်မော်တယ်ရင်းမြစ်ကမ္ဘာသည် အမှန်တကယ်ပင် ပြိုကျနေသည်။

လောကတစ်ခုလုံးက ပျက်စီးခြင်းစွမ်းအားကို ခံစားလိုက်ရသည်။

ကောင်းကင်နှင့်မြေကြီးက ကျွမ်းကျင်သူများကို ထွက်သွားရန် သတိပေးနေသည်။

“ဝီ”

ဓားအလင်းသည် လေဟာနယ်ကို ထိုး‌ဖောက်သွားသည်။

ပေတစ်သိန်းရှည်လျားသော အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာပြီး လီယွင်ကန်းက ဟန်မူယဲ့၏နောက်သို့ ရောက်လာသည်။

သူက သွေးပင်လယ်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။

“ဒါက ဘယ်လိုဖြစ်ရတာလဲ”

သင်္ဘောပျံတစ်စင်းသည် အက်ကွဲကြောင်းထဲမှ ပေါ်ထွက်လာသည်။

စုရှင်းဟယ်က သင်္ဘောဦးထိပ်တွင် ရပ်နေသည်။ နတ်ဘုရားဘုရင်ချီယု၊ မူဝမ်၊ ယွင်ကျင်းနှင့် တခြားလူများက သင်္ဘောပေါ်တွင် ပါလာကြသည်။

ဤဖြစ်ရပ်ကို သူတို့က မျှော်လင့်မထားကြပေ။

“သွားကြစို့၊ ဝါးမြိုနေတဲ့စွမ်းအားက ဒီလောကထက် ကျော်လွန်နေတယ်။ ငါတို့က သွေးပင်လယ်ကို ဖျက်ဆီးလိုက်ရင်တောင် ဒီကမ္ဘာက ပျက်စီးသွားအုံးမှာပဲ”

လီယွင်ကန်းက နောင်တရနေသောမျက်နှာထားဖြင့် ခေါင်းခါသည်။

သူက ဤကမ္ဘာတွင် ပျော်ရွှင်နေခဲ့‌‌သော်လည်း ပျက်စီးခြင်းနှင့် ကြုံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဤကမ္ဘာသည် ဟန်မူယဲ့ကို ပျိုးထောင်ပေးခဲ့ပြီး တန်ပြန်ဒဏ်ကို ခံစားနေရသည်။

“သွားရမှာလား”

ဟန်မူယဲ့က ပြုံးသည်။

“ဘာဖြစ်လို့ ထွက်သွားရမှာလဲ”

လီယွင်ကန်းက ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။

“ဒီကမ္ဘာက ပြိုကျနေပြီ။ ပြန်ကောင်းလာဖို့ မဖြစ်နိုင်တော့ဘူး။ လက်လျော့လိုက်ပါတော့”

ဟန်မူယဲ့က ဤလောကကို လက်မလွှတ်ချင်ကြောင်း သူနားလည်သည်။

သို့သော် ဤလောကကို မကယ်တင်နိုင်တော့ပေ။

“ဒီကမ္ဘာက ပြန်ကောင်းလာဖို့ မဖြစ်နိုင်တော့ဘူးတဲ့လား”

ဟန်မူယဲ့က အင်မော်တယ်အလင်းကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်ကိုကြည့်၍ တည်ငြိမ်စွာပြောသည်။

“အဲဒါဆိုရင် ကျွန်တော်က ဒီနေ့မှာ ကောင်းကင်ကို လက်တစ်ဖက်နဲ့ ပြုပြင်လိုက်မယ်”

‘ဒီကမ္ဘာက မပြည့်စုံတော့ဘူး’

‘ဒီကမ္ဘာက ပြိုကျနေတာလား’

‘အဲဒါက ခွန်အားမလုံလောက်လို့ပဲ’

‘လုံလောက်တဲ့ခွန်အားရှိရင် သေဆုံးနေတဲ့ကမ္ဘာကိုတောင် ပြန်ပြီး အသက်သွင်းနိုင်တယ်’

ဟန်မူယဲ့က ပြုံးသည်။

‘ချမ်းသာကြွယ်ဝနေတာ တကယ်ကောင်းတာပဲ’

သူက လက်မြှောက်ပြီး ကြည်လင်သော အင်မော်တယ်ကျောက်တုံးကို ထုတ်ယူသည်။

အင်မော်တယ်ကျောက်တုံးက ပြိုကွဲသွားပြီး အင်မော်တယ်စွမ်းအင်ကို ထုတ်လွှတ်သည်။

လီယွင်ကန်းက မျက်မှောင်ကြုတ်သည်။

ထို့နောက် သူက မျက်လုံးပြူးသွားပြီး မထိန်းချုပ်နိုင်တော့ပဲ ခန္ဓာကိုယ်တွင် ဓားအလင်းပေါ်လာသည်။

“မင်း၊ မင်းက ဘာလုပ်နေတာလဲ”

ဟန်မူယဲ့က လက်ထဲတွင် သိုလှောင်အိတ်ကိုင်ထားပြီး ခပ်ဟဟရယ်သည်။

“ခန်းဆောင်သခင်လီက ခန့်မှန်းပြီးပြီမဟုတ်ဘူးလား”

‘ခန့်မှန်းတာလား’

‘ဘာလဲ’

မူဝမ်၊ ဟွမ်ခြောက်နှင့် တခြားလူများက နားမလည်နိုင်ကြပေ။

ယခုအခြေအနေတွင် ဟန်မူယဲ့က မည်သည့်အရာကို လုပ်နိုင်မည်နည်း။

ဟန်မူယဲ့က သိုလှောင်အိတ်ကို ခါချလိုက်သည်။

အင်မော်တယ်ကျောက်တုံးများ ထွက်ကျလာပြီး အင်မော်တယ်စွမ်းအင်ကို ထုတ်လွှတ်သည်။

ယခုအချိန်တွင် အင်မော်တယ်အလင်းက ပတ်ဝန်းကျင်သို့ ဖြာထွက်သွားပြီး ကောင်းကင်နှင့်မြေကြီးကို အစိမ်းရောင်သန်းနေစေသည်။

“သူ့မှာ ဦးနှောက်မရှိဘူးလား”

ပေါက်ကွဲသွားသော အင်မော်တယ်ကျောက်တုံးများနှင့် ပျောက်ကွယ်သွားသော အင်မော်တယ်စွမ်းအင်ကို မြင်ရသောအခါတွင် ဟယ်ချူနှင့် အင်မော်တယ်ကျင့်ကြံသူများက နာကျင်စွာ ရေရွတ်လိုက်ကြသည်။

‘အနည်းဆုံး အင်မော်တယ်ကျောက်တုံးတစ်သိန်းလောက် ရှိတယ်မဟုတ်လား’

ထိုလူ၏ အင်မော်တယ်ကျောက်တုံးများသည် သူတို့အားလုံး၏ စုပေါင်းကြွယ်ဝမှုနှင့် ယှဉ်နိုင်သည်။

ထိုကျောက်တုံးများ ပျောက်ကွယ်သွားသည့်အတွက် အလွန်နှမြောစရာကောင်းသည်။

ဟယ်ချူက ကိုယ်ပိုင်အင်မော်တယ်ကျောက်တုံးများ ဖျက်ဆီးခံလိုက်ရသကဲ့သို့ နာကျင်နေသည်။

“ဟမ့်၊ မင်းက သေတော့မှာဆိုတော့ အင်မော်တယ်ကျောက်တုံးတွေကို ဖျက်ဆီးပစ်နေတယ်။ တကယ်တုံးအပြီး တစ်ကိုယ်ကောင်းဆန်တာပဲ”

ဟယ်ချူက ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင်ရှိသော အင်မော်တယ်ချီစွမ်းအင်ကို ကြည့်လိုက်ပြီး ‌ခေါင်းခါလျက် အထင်သေးစွာပြောသည်။

အင်မော်တယ်ကျောက်တုံးများက ဆက်တိုက်ပျက်စီးနေသည်။

ဟန်မူယဲ့က လက်‌မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။

ရာချီနေသော သိုလှောင်အိတ်များ ပေါ်ထွက်လာသည်။

အကယ်၍ သိုလှောင်အိတ်တစ်အိတ်က အင်မော်တယ်ကျောက်တုံးတစ်သိန်းကို သယ်ဆောင်ထားလျှင် သိုလှောင်အိတ်တစ်ရာတွင် အင်မော်တယ်‌ကျောက်တုံးဆယ်သန်း ရှိနေလိမ့်မည်။

‘သူက ဘယ်လောက်တောင် ချမ်းသာနေတာလဲ’

ဟယ်ချူနှင့် တခြားလူများက စိတ်ရှုပ်သွားကြသည်။

“သူ့မှာ အင်မော်တယ်‌ကျောက်တုံးတွေ အများကြီးရှိနေတာကို သိခဲ့ရင် အသက်ချမ်းသာပေးလိုက်ပါတယ် ....”

အင်မော်တယ်‌ကျင့်ကြံသူတစ်ဦးက တီးတိုးပြောသည်။

“ငတုံး၊ သူက တစ်ခုခုကို စီစဉ်နေတာပဲ ဖြစ်လိမ့်မယ်”

ဟယ်ချူက ဆဲရေးလိုက်ပြီး သွေးပင်လယ်နှင့် ပြိုကျနေသောကမ္ဘာကို ကြည့်သည်။

“ဒါပေမဲ့ အရမ်းနောက်ကျနေပြီ”

‘မင်းမှာ အင်မော်တယ်‌ကျောက်တုံးတွေ ထပ်ရှိနေရင်ရော ဘာဖြစ်လဲ’

‘ဒီကမ္ဘာကို အင်မော်တယ်စွမ်းအင်နဲ့ ဖြည့်တင်းပြီး အင်မော်တယ်ကမ္ဘာအဖြစ် ပြောင်းလဲနိုင်မှာလား’

“ရူးနေတာပဲ”

လီယွင်ကန်းက ရေရွတ်လိုက်ပြီး ဆက်တိုက်လှုပ်ရှားနေသော ဟန်မူယဲ့ကို ကြည့်သည်။

ပတ်ဝန်းကျင်သည် အင်မော်တယ်စွမ်းအင်ဖြင့် ပြည့်နှက်နေသည်။

သို့သော် အချိန်ခဏအတွင်း ပျောက်ကွယ်သွားသည်။

ဤလောကကို အင်မော်တယ်စွမ်းအင်ဖြင့် မည်သို့ ဖြည့်တင်းနိုင်မည်နည်း။

“နည်းနည်း နှေးနေတယ် ....”

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လေဟာနယ်က ဆက်လက် အက်ကွဲနေသည်။

သူက ဓားအလင်းကို ထုတ်ဖော်သည်။

“ဘုန်း ....”

ဓားအလင်းက လောကကို ထိုးခွဲလိုက်ပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများကို ပေါ်လာစေသည်။

ထို့နောက် ဟန်မူယဲ့က ရာချီသော သိုလှောင်အိတ်များကို အက်ကွဲကြောင်းထဲသို့ ပစ်သွင်းလိုက်သည်။

ဓားအလင်းကို ထပ်မံထုတ်ဖော်ပြီး သိုလှောင်အိတ်များကို ဆက်လက်ထည့်သွင်းသည်။

ဓားတစ်ချက်၊ သိုလှောင်အိတ် ....

ဓားတစ်ချက်၊ သိုလှောင်အိတ် ....

ပတ်ဝန်းကျင်တွင် လူတိုင်းက ငေးမောနေကြသည်။

‘သူက အင်မော်တယ်‌ကျောက်တုံးတွေ ဘယ်လောက်သုံးပြီးပြီလဲ’

‘သန်းတစ်ထောင်လား’

‘သန်းတစ်သောင်းလား’

လီယွင်ကန်းက ဟန်မူယဲ့၏ ရူးသွပ်မှုကို ကြည့်နေပြီး ကျောရိုးတစ်လျှောက် အေးစက်သွားသည်။

တစ်ဖက်တွင် ဟယ်ချူနှင့် တခြားလူများက ချွေးထွက်နေကြသည်။

သူတို့၏ဂိုဏ်းက အင်မော်တယ်ကမ္ဘာတွင် ခွန်အားကောင်းသည်။

သို့သော် သန်းရာချီသော အင်မော်တယ်‌ကျောက်တုံးများကိုသာ ထုတ်ပေးနိုင်လိမ့်မည်။

သန်းတစ်ထောင်ဆိုလျှင် ပြောနေရန်မလိုတော့ပေ။

သို့သော် သူတို့၏ရှေ့တွင်ရှိသော ကျင့်ကြံသူက အင်မော်တယ်ကျောက်တုံး သန်းတစ်သောင်းကို ဖြုန်းတီးပစ်ခဲ့သည်။

သူတို့၏ အင်မော်တယ်ကမ္ဘာတွင် ထိုလူမျိုး မရှိပေ။

ဟယ်ချူက လက်ကို ပါးစပ်ထဲသို့ ထိုးထည့်ပြီး ပြင်းထန်စွာ ကိုက်ချလိုက်သည်။

သူက အိပ်မက်ဖြစ်နေမှာကို စိုးရိမ်သည်။

သို့သော် အိပ်မက် မဟုတ်ခဲ့ပေ။

သွေးပင်လယ်က ဆက်လက်လှုပ်ရှားနေသည်။

သွေးပင်လယ်က ကြောက်ရွံ့မှုကို ခံစားနေရပုံပေါ်ပြီး အစွမ်းကုန်ထုတ်သုံး၍ ဤလောကကို ဝါးမြိုနေသည်။

လောကသည် ဆက်လက်ပြိုကျနေသည်။

သို့သော် ပြိုကျနေသော အမြန်နှုန်းက နှေးကွေးသွားပုံရသည်။

ဟန်မူယဲ့၏ရှေ့တွင် အက်ကွဲကြောင်းများ ပေါ်လာကြသည်။

သူက မရေမတွက်နိုင်သော အင်မော်တယ်‌ကျောက်တုံးများကို ထည့်သွင်းလိုက်သည်။

သူက မကျေနပ်သေးပဲ လက်မြှောက်ပြီး နတ်စွမ်းအားသလင်းကျောက်များကို ပစ်ထည့်လိုက်သည်။

“ဘုန်း ....”

နတ်စွမ်းအားသလင်းကျောက်များက အစပျိုးပေးလိုက်ပုံပေါ်သည်။

ရွှေရောင်နတ်ဘုရားအလင်းနှင့် အစိမ်းရောင်အင်မော်တယ်အလင်းသည် သွယ်ယှက်နေပြီး လောကတစ်ခုလုံး တုန်ခါသွားသည်။

အဆုံးမရှိသော အလင်းစီးကြောင်းများ ပေါ်ထွက်လာပြီး လောကသည် အသက်ဝင်နေသည်။

ဟန်မူယဲ့၏ရှေ့တွင် လောကကြီးတစ်ခုလုံးက စိတ်အားထက်သန်နေသည်။

“မလုံလောက်သေးဘူးလား”

“ယူလိုက်”

သူက လေဟာနယ်ကို ဓားဖြင့်ထိုးခွဲပြီး အင်မော်တယ်‌ကျောက်တုံး သန်းတစ်သောင်းကို ပစ်ထည့်လိုက်သည်။

ထိုအင်မော်တယ်ကျောက်တုံးများကြောင့် လောကသည် အစိမ်းရောင်သန်းသွားသည်။

“မလုံလောက်သေးဘူးလား”

“ထပ်ယူလေ”

နောက်ထပ် အင်မော်တယ်‌ကျောက်တုံး သန်းတစ်သောင်း ပေါ်လာပြန်သည်။

ဟန်မူယဲ့က ရှစ်ကြိမ်တိတိ ထည့်သွင်းပေးခဲ့ပြီး ကောင်းကင်နှင့်မြေကြီးက ဆက်တိုက်တုန်ခါနေသည်။ ထို့အပြင် အင်မော်တယ်အလင်းက ပတ်ဝန်းကျင်တွင် သွယ်ယှက်နေပြီး ဆက်လက်မတောင်းဆိုတော့ပေ။

“ဝီ”

လောကကြီးတစ်ခုလုံးက ပြန်လည်ကောင်းမွန်လာသည်။

အစိမ်းရောင်အလင်းသည် သွေးပင်လယ်ကို လွှမ်းခြုံထားသည်။ သွေးပင်လယ်က ရုန်းမထွက်နိုင်ခဲ့ပေ။

ယခင်ကမ္ဘာသည် သွေးပင်လယ်၏ ဝါးမြိုခြင်းကို မခုခံနိုင်ပေ။

သို့သော် ယခုကမ္ဘာသည် အင်မော်တယ်စွမ်းအင်ဖြင့် ပြည့်နှက်နေပြီး သွေးပင်လယ်ထက် အဆပေါင်းများစွာ သန်မာသည်။

“လူသားကမ္ဘာကို အင်မော်တယ်ကမ္ဘာအဖြစ် ပြောင်းလဲပစ်တယ် ....”

လီယွင်ကန်းက ရေရွတ်လိုက်ပြီး ဖြည်းဖြည်းချင်း ဓားသိမ်းလိုက်သော ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“အင်မော်တယ်ကျောက်တုံး သိန်းသန်းချီနေလိမ့်မယ်။ ဟုတ်တယ်မလား”

“ဒီလိုကြွယ်ဝမှုမျိုးနဲ့ အင်မော်တယ်ကမ္ဘာတစ်ခုကို ဖန်တီးလိုက်တယ်”

“ဒါက ထိုက်တန်ရဲ့လား”

အင်မော်တယ်‌ကျောက်တုံး သန်းတစ်သိန်း ....

ထိုအရာက မည်သည့် ကြွယ်ဝမှုမျိုး ဖြစ်သနည်း။

အင်မော်တယ်‌ကျောက်တုံး တစ်သိန်းကျော်ကို ကြိုးစားစုဆောင်းခဲ့ရသော စုရှင်းဟယ်၏မျက်နှာထားက ရှုပ်ထွေးနေသည်။

‘မင်းပြုတ်ကျခဲ့တဲ့ သိုလှောင်အိတ်ကို ကောက်ရရင်တောင် ငါ့ဘဝတစ်ခုလုံး အဆင်ပြေသွားလိမ့်မယ်’

‘ဒါက ထိုက်တန်ရဲ့လား’

ဟန်မူယဲ့က ပြုံးသည်။

‘ထိုက်တန်တယ်’

အကယ်၍ အင်မော်တယ်ရင်းမြစ်ကမ္ဘာက အင်မော်တယ်ကမ္ဘာတစ်ခု ဖြစ်သွားလျှင် လူတိုင်းက အတားအဆီးမရှိပဲ ဆက်လက်ကျင့်ကြံနိုင်လိမ့်မည်။

နတ်ဘုရားဘုရင်များသာမက ကောင်းကင်အင်မော်တယ်နှင့် ရွှေအင်မော်တယ်များလည်း ပေါ်ထွက်လာကြလိမ့်မည်။

ဟန်မူယဲ့က ကိုယ်ပိုင်စက်ဝန်းဖြင့် အင်မော်တယ်ကမ္ဘာတစ်ခုအဖြစ် အသွင်ပြောင်းနေသော လူသားကမ္ဘာကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

“ဒီကမ္ဘာက ပြန်ကောင်းသွားပြီမဟုတ်ဘူးလား”

အမှန်တကယ်ပင် ပြန်ကောင်းသွားသည်။

ပြန်ကောင်းသွားရုံသာမက ဆက်လက်ကျယ်ပြန့်လာသည်။

ဤကမ္ဘာသည် ပတ်ဝန်းကျင်တွင်ရှိသော မရေမတွက်နိုင်သည့် ပြန့်ကျဲနေသောကမ္ဘာများကို ဆွဲယူနေသည်။

ဝိညာဉ်လေးပါးကမ္ဘာ၏ ကျင့်ကြံသူများကလည်း ထိုခွန်အားကြောင့် ဆွဲယူခံလိုက်ရသည်။

အစပိုင်းတွင် သူတို့က ပျော်ရွှင်နေကြသည်။

အင်မော်တယ်ကမ္ဘာတစ်ခုသို့ ရောက်သွားသည့်အတွက် ဝမ်းနည်းနေသောလူ မရှိနိုင်ပေ။

သို့သော် သူတို့က စွမ်းအားကို အာရုံခံကြည့်လိုက်‌သောအခါတွင် မျက်နှာထား ပြောင်းလဲသွားသည်။

သူတို့က ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို အသက်မသွင်းနိုင်ပေ။ အင်မော်တယ်စွမ်းအင်ကိုလည်း မစုပ်ယူနိုင်ပေ။

ဤလောကတွင် သူတို့က ကိုယ်ပိုင်ခွန်အားမှလွဲ၍ သာမန်လူသားများသာ ဖြစ်ကြသည်။

သူတို့သာမက နေရာအနှံ့သို့ ထွက်ပြေးသွားသော ဟယ်ချူနှင့် အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများကလည်း ထိတ်လန့်နေကြသည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက သူတို့၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းကို ဖိနှိပ်ထားသည်။

သူတို့၏ အင်မော်တယ်အလင်းကို ကမ္ဘာက ချေဖျက်ပစ်နေသည်။

သူတို့က အလွန်အားနည်းလာသည်။

All Chapters