← Chapters

အခန်း (၉၈၃)

Vol. 71 Ch. 983

အခန်း (၉၈၃)

Vol. 71 Ch. 983

ဟန်မူယဲ့က သူတို့ကိုမကြည့်ပဲ လီယွင်ကန်းကို ကြည့်သည်။

“ခန်းဆောင်သခင်လီ၊ ဒီကမ္ဘာက ဘယ်လိုနေလဲ”

လီယွင်ကန်းက စိတ်ရှုပ်ထွေးနေပြီး ခေါင်းညိတ်သည်။ ထို့နောက် ‌ခေါင်းခါသည်။

မရေမတွက်နိုင်သော အင်မော်တယ်ကျောက်တုံးများကို အသုံးပြုပြီး အင်မော်တယ်ကမ္ဘာတစ်ခုကို ဖန်တီးခဲ့သည်။

သူက ထိုနည်းလမ်းမျိုးကို မသင်ယူနိုင်ပေ။ ဖူယွီအင်မော်တယ်ကမ္ဘာတွင်ရှိသော ဂိုဏ်းများကလည်း ထိုသို့ မလုပ်နိုင်ကြပေ။

ထိုအရာသည် အင်မော်တယ်ကျောက်တုံးနှင့် မသက်ဆိုင်ပေ။

ဤလောကတွင် မွေးဖွားခဲ့သော ဟန်မူယဲ့ကသာ ဤလောကကို အဆင့်မြှင့်ပေးနိုင်သည်။

ဟန်မူယဲ့လိုလူမျိုး သိပ်မရှိပေ။

အင်မော်တယ်ကမ္ဘာများသည် လူသားလောကမှ ထွက်ပေါ်လာသော အတုအယောင်အင်မော်တယ်များကို အထင်သေးကြသည်။

အင်မော်တယ်ကမ္ဘာတွင် ရွှေအင်မော်တယ်အဆင့်သို့ ရောက်လာခဲ့သော အတုအယောင်အင်မော်တယ်များသည် ခံစားချက်များကို ဖြတ်တောက်ထားသောကြောင့် လူသားလောကကို သတိမရတော့ပေ။

“မင်းက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်ချင်တာ မထူးဆန်းတော့ပါဘူး”

လီယွင်ကန်းက တွေးမိသွားပြီး တီးတိုးပြောသည်။

ဤကမ္ဘာသည် အင်မော်တယ်ကမ္ဘာ ဖြစ်လာသော်လည်း တခြားကမ္ဘာများနှင့် ချိတ်ဆက်မထားပေ။ အပြင်လူများကလည်း ဤနေရာတွင် အင်မော်တယ်ကမ္ဘာတစ်ခု ရှိနေကြောင်း မသိကြပေ။

အင်မော်တယ်တက်လှမ်းစင်မြင့်ကသာ ဤကမ္ဘာနှင့် အပြင်လောကကို ချိတ်ဆက်ပေးထားသည်။

အကယ်၍ အင်မော်တယ်တက်လှမ်းစင်မြင့်က တခြားလူများ၏လက်ထဲတွင် ရှိနေလျှင် သူတို့က စစ်တပ်တစ်ခုစေလွှတ်ပြီး ဤကမ္ဘာကို သိမ်းပိုက်ကြလိမ့်မည်။

ယခုအချိန်တွင် ဟန်မူယဲ့က အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်ထားသောကြောင့် ဤကမ္ဘာတွင်ရှိသော လူအားလုံးကို ဖူယွီအင်မော်တယ်ကမ္ဘာသို့ ခေါ်လာနိုင်သည်။ သို့မဟုတ် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပိတ်ထားရန် ရွေးချယ်နိုင်သည်။

ဤလောကတွင် ကျွမ်းကျင်သူများ ပေါ်ထွက်လာပြီး အင်မော်တယ်သင်္ချိုင်းမြို့နှင့် ယွင်လန်မြို့၏ ထောက်ပံ့မှုကို ရရှိထားလျှင် တခြားအင်မော်တယ်ကမ္ဘာများနှင့် ယှဉ်နိုင်သော ကမ္ဘာတစ်ခု ဖြစ်လာလိမ့်မည်။

လီယွင်ကန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး စကားမပြောတော့ပေ။

သူက ဤကိစ္စကို အချိန်အတော်ကြာအောင် စီစဉ်ထားခဲ့ပုံပေါ်သည်။

အခက်အခဲ ပြေလည်သွားသည်။

သို့သော် ဖြေရှင်းသည့်နည်းလမ်းကို ဟန်မူယဲ့မှလွဲ၍ တခြားလူများ အသုံးမပြုနိုင်ကြပေ။

‘မင်းက ငါ့ရဲ့ အင်မော်တယ်ရင်းမြစ်ကမ္ဘာကို တိုက်ခိုက်ချင်တာလား’

‘ကောင်းပြီလေ။ အဲဒါဆိုရင် အင်မော်တယ်ကမ္ဘာအဖြစ် အဆင့်မြှင့်ပစ်လိုက်မယ်’

ယခုအချိန်တွင် လူသားလောက၏ သက်ရှိများအားလုံးက ပြောင်းလဲမှုကို အာရုံခံနိုင်ခဲ့သည်။

ချီစွမ်းအင်သည် အဆပေါင်းများစွာ ပိုမိုအားကောင်းသော အင်မော်တယ်စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်နှင့် မြေကြီးသည်လည်း အလွန်သန်မာလာသည်။

ယခင်က နတ်ဘုရားဘုရင်တစ်ပါးသည် တိုက်ကွက်တစ်ခုဖြင့် လောကကို ဖျက်ဆီးနိုင်သော်လည်း ယခုအချိန်တွင် မလုပ်နိုင်တော့ပေ။

ကောင်းကင်အဆင့် ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးပြုနိုင်သော်လည်း ယခုအချိန်တွင် ပေတစ်ရာပတ်ဝန်းကျင်တွင်ရှိသော စွမ်းအားကိုပင် မသုံးနိုင်တော့ပေ။

သို့သော် သူတို့အားလုံးက ထိတ်လန့်မသွားပဲ ပျော်ရွှင်နေကြသည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားသည် ပိုမိုထူထပ်လာသည်။ ချီစွမ်းအင်က အလွန်အဖိုးတန်သော အင်မော်တယ်စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။

သူတို့အားလုံးက အင်မော်တယ်စွမ်းအင်ဖြင့် ကျင့်ကြံပြီး ခွန်အားတိုးလာကြသည်။

အရေးအကြီးဆုံးအနေဖြင့် ကျင့်ကြံဆင့်တွင် ကန့်သတ်ချက်မရှိတော့ပေ။

နတ်ဘုရားဘုရင်များသည် ထိပ်တန်းအဆင့် မဟုတ်တော့ပဲ အစပိုင်းသာ ဖြစ်သည်။

“ဘုန်း”

အရင်ဆုံး ပြောင်းလဲသွားသော နေရာသည် အဆုံးမဲ့ပင်လယ် ဖြစ်သည်။

လှိုင်းထန်နေသော အဆုံးမဲ့ပင်လယ်တွင် အလွှာနန်းဆောင်များ ပေါ်ထွက်လာသည်။

ငရဲကြီးဆယ့်ရှစ်ထပ် ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအား တိုးတက်လာ‌သောကြောင့် ငရဲကြီးဆယ့်ရှစ်ထပ်သည် အဆုံးမဲ့ပင်လယ်တွင် လျင်မြန်စွာ ဖြစ်တည်လာခဲ့သည်။

လောကတွင်ရှိသော အငြိုးအတေးစွမ်းအားများက ငရဲကြီးဆယ့်ရှစ်ထပ်တွင် စုစည်းလာကြသည်။

အဆုံးမဲ့နတ်ဘုရားဘုရင်က အံ့အားသင့်နေသောမျက်နှာထားဖြင့် စွမ်းအားများကို ထုတ်လွှတ်နေပြီး ငရဲကြီးဆယ့်ရှစ်ထပ်တွင် ပေါ်လာသည်။

သူက ကောင်းကင်ကိုဆန့်ကျင်၍ ကျင့်ကြံခဲ့ပြီး အဆင့်တက်သွားမည့်အချိန်ကို မသိနိုင်ခဲ့ပေ။

ယခုအချိန်တွင် အင်မော်တယ်ရင်းမြစ်ကမ္ဘာက အင်မော်တယ်ကမ္ဘာအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ခွန်အားက တိုးတက်လာပြီး ဖိနှိပ်ထားရန် မလိုတော့ပေ။

အဆုံးမဲ့ပင်လယ်၏ စွမ်းအားကလည်း တိုးတက်လာသည်။

ချက်ချင်းဆိုသလိုပင် သူက ကောင်းကင်အင်မော်တယ် လေဟာနယ်လမ်းကြောင်းအဆင့်သို့ ရောက်သွားသည်။

သူ့ရှေ့တွင်ရှိသော အဆုံးမဲ့ပင်လယ်က ကမ္ဘာငယ်ဖြစ်သည်။ သူ၏ ကိုယ်ပိုင်စွမ်းအားက ဆက်လက်တိုးတက်နေပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်သွားသည်။

အဆုံးမဲ့ပင်လယ်သာမက တခြားနေရာများကလည်း အင်‌မော်တယ်စွမ်းအင်ဖြင့် ပိုမိုသိပ်သည်းလာသည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာသည် အင်မော်တယ်အလင်းဖြင့် တောက်ပနေခဲ့သည်။

ယခုအချိန်မှစ၍ ဤနေရာသည် လူသားလောက မဟုတ်တော့ပေ။

အင်မော်တယ်ရင်းမြစ်ကမ္ဘာသည် အင်မော်တယ်ကမ္ဘာ ဖြစ်လာသည်။

“ပြန်သွားကြရအောင်”

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြောသည်။

သူတို့က အလာလမ်းတွင် လေဟာနယ်ကို ထိုးခွဲခဲ့သော်လည်း အပြန်လမ်းတွင် ပျံသန်းသွားရုံသာ တတ်နိုင်တော့သည်။

ဟန်မူယဲ့နှင့် လီယွင်ကန်းမှလွဲ၍ တခြားလူများက လေဟာနယ်ကို မထိုးဖောက်နိုင်တော့ပေ။

စုရှင်းဟယ်လည်း မလုပ်နိုင်ပေ။

ဤလောကသည် တည်ငြိမ်နေသောကြောင့် လေဟာနယ်ကို ထိုးဖောက်ရန် ခက်ခဲသည်။

“ခန်းဆောင်သခင်လီ၊ အကြီးအကဲရှင်းဟယ်၊ ဒီကမ္ဘာက အခုမှ အင်မော်တယ်ကမ္ဘာအဖြစ် အဆင့်တက်လာတာ။ ကျင့်ကြံခြင်းနည်းစနစ်တွေ လိုအပ်နေသေးတယ်။ ဒါက အခွင့်ကောင်းတစ်ခုပဲ”

ဟန်မူယဲ့က လီယွင်ကန်းနှင့် စုရှင်းဟယ်ကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

အင်မော်တယ်ကျင့်ကြံခြင်းအမွေအနှစ် ....

သူတို့၏ မျက်လုံးများက တောက်ပသွားသည်။

ဤကမ္ဘာတွင် အမွေအနှစ်များ ရှိသော်လည်း အလွန်နည်းပါးသည်။

ထိုအမွေအနှစ်များကို မူရုံကျန်းနှင့် တခြားလူများက ချန်ရစ်ခဲ့သည်။

ယခုအချိန်တွင် ဤကမ္ဘာက အင်မော်တယ်ကမ္ဘာ ဖြစ်သွားသောကြောင့် ဓားဂိုဏ်း၏အမွေအနှစ်ကို ချန်ထားခဲ့လျှင် နှစ်ပေါင်းတစ်ထောင်အတွင်း၌ ဓားတာအိုကမ္ဘာတစ်ခု ဖြစ်လာလိမ့်မည်။

ကိုယ်ပိုင်အမွေအနှစ်ကို ချန်ထားခဲ့လျှင် ပါရမီရှင်များကို ပျိုးထောင်ပေးနိုင်ရုံသာမက နာမည်လည်း ကျန်ရစ်ခဲ့မည်။

သူတို့၏ ကျင့်ကြံခြင်းကို သုံးသပ်၍ ကိုယ်ပိုင်ကျင့်ကြံခြင်းကို ပြီးပြည့်စုံအောင် လုပ်နိုင်မည်။

“ဟားဟား၊ မင်းအဆင်ပြေရင် ပြီးတာပဲ။ ငါက ကျင့်ကြံခြင်းနည်းစနစ်တွေအားလုံး ချန်ထားခဲ့မယ်”

လီယွင်ကန်းက ရယ်လိုက်သည်။

ထိုအရာသည် သူ့အတွက် စိတ်ကူးမယဉ်နိုင်သော အခွင့်အရေးတစ်ခု ဖြစ်သည်။

ယွင်လန်ဓားအင်မော်တယ်က အခွင့်အရေးများကို အမှန်တကယ်ပင် သယ်ဆောင်ထားသည်။

စုရှင်းဟယ်ကလည်း ပြုံးနေသည်။

ဓားကျင့်ကြံသူစစ်တပ်က အထက်ဘုံသို့ ပြန်သွားကြသည်။ ဟန်မူယဲ့နှင့် တခြားလူများက သင်္ဘောပျံနှင့် ထွက်လာကြသည်။

ဟွမ်ကျစ်ဟူကလည်း သင်္ဘောပျံပေါ်တွင် ပါလာသည်။

အင်မော်တယ်ကမ္ဘာအဖြစ် ပြောင်းလဲသွားသော အခွင့်အရေးကို မည်သူမှ လက်မလွှတ်ချင်ကြပေ။

အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင် လူတိုင်းက ရူးသွပ်စွာ ကျင့်ကြံနေကြသည်။

ဤခွင့်အရေးမျိုးကို လွှတ်မပေးနိုင်ပေ။

“ဒေါ်လေးဝမ်၊ သမီးကို ဘယ်တော့ မောင်လေးတစ်ယောက် ပေးမှာလဲ”

“ဒေါ်လေးကျင်းက ဒီအချိန်ကို စောင့်နေခဲ့တာမဟုတ်လား။ သေချာဖမ်းဆုပ်ထားရမယ်”

မိန်းကလေးဝတ်စုံနှင့် ဟွမ်ကျစ်ဟူက မူဝမ်နှင့် ယွင်ကျင်းကို စနောက်နေသည်။

“ဟေး၊ နင်နဲ့ ယွင်သွမ့်ကမှ စိုးရိမ်သင့်တာ”

ယွင်ကျင်းက ရှက်သွားပြီး မူဝမ်၏အင်္ကျီလက်ကို ဆွဲလိုက်သည်။

“ငါတို့ ပြန်ရောက်ရင် နင်နဲ့ ယွင်သွမ့်ရဲ့ကိစ္စအတွက် အစ်ကိုဟန်ကို ကိုင်တွယ်ခိုင်းလိုက်မယ်”

ဝူဝမ်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ကျစ်ဟူက လူရွေးမယ့်အကြောင်း သတင်းပြန့်သွားရင် အမျိုးသားကျင့်ကြံသူတွေက သုံးရက်သုံးညကြာအောင် တန်းစီနေကြလိမ့်မယ်”

ဟွမ်ကျစ်ဟူက ခြေဆောင့်လိုက်ပြီး ပြေးထွက်သွားသည်။

သင်္ဘောပျံပေါ်တွင်ရှိသော လူအများစုက ယခုအချိန်တွင် ကျင့်ကြံခြင်းကို အာရုံစိုက်ထားကြသည်။

ဤလောကသည် အင်မော်တယ်ကမ္ဘာအဖြစ် ပြောင်းလဲသွားသောကြောင့် လူတိုင်းက အင်မော်တယ်စွမ်းအင်ကို စတင်ကျင့်ကြံနေကြသည်။

သူတို့က လျင်မြန်စွာ တိုးတက်လာလျှင် တစ်လှမ်းချင်းစီ ဆက်သွားနိုင်လိမ့်မည်။

ထိုအချိန်တွင် ဟန်မူယဲ့က သွေးချီတစ်ခုနှင့် ရင်ဆိုင်နေသည်။

သွေးပင်လယ်ဘိုးဘေး ....

လှံကျိုး၏ဝိညာဉ် ဖြစ်သည်။

“သွေးပင်လယ်ဘိုးဘေးတဲ့လား”

“မင်းကဘာလဲ ကြည့်ရအောင်”

ဟန်မူယဲ့က ဆက်ဆိုက်ရုန်းကန်နေသော အနက်ရောင်လှံကျိုးကို ဆုပ်ကိုင်လိုက်သည်။

သူက ဓားဆန္ဒကို ထည့်သွင်းလိုက်သောအခါ စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။

“သွေးပင်လယ်”

“ကမ္ဘာဦးခေတ်”

“ကောင်းကင်နဲ့မြေကြီးကို ဝါးမြိုမယ်”

မူလကမ္ဘာသည် ပြိုကွဲသွားသည်။ ကမ္ဘာတစ်ခုသည် မရေမတွက်နိုင်သော ကမ္ဘာများအဖြစ် ပြောင်းလဲသွားသည်။

လှံရှည်သည် မူလကမ္ဘာ၏ ပျက်စီးမှုကို ကြုံတွေ့ခဲ့ရသည်။

“ဟမ်၊ တစ်ယောက်ယောက်က ငါ့မှတ်ဉာဏ်ကို စစ်ဆေးကြည့်နိုင်တယ်လား”

ဟန်မူယဲ့က အသံတစ်သံကို ကြားလိုက်ရသည်။

သွေးရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က သူ့ကို ကြည့်နေသည်။

“ကောင်းပြီ။ မင်းက ဘယ်သူလဲ ကြည့်ရအောင်”

လူအိုကြီးက ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး သွေးအလင်းကို ထုတ်လွှတ်သည်။ ထိုသွေးအလင်းက ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲအထိ ကျူးကျော်လာသည်။

“ငါက လက်ရွေးစင်တွေကို သွေးရုပ်သေးအဖြစ် ပြောင်းလဲပစ်ရတာ သဘောကျတယ်။ မင်းရဲ့ ရုပ်ခန္ဓာက မဆိုးဘူးပဲ”

လူအိုကြီးက ရယ်မောလိုက်ပြီး ဟန်မူယဲ့၏စိတ်ထဲတွင် ပေါ်လာသည်။

သွေးအလင်းသည် သူ့ဝိညာဉ်ကို နီရဲသွားစေသည်။ စိတ်နယ်ပယ်တစ်ခုလုံးသည် သွေးရောင်သန်းနေသည်။

သို့သော် ဟန်မူယဲ့က မလှုပ်ရှားပဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

သွေးရောင်က စိတ်နယ်ပယ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့မည့်အချိန်တွင် ဓားတစ်လက် ပေါ်လာသည်။

ဓားသည် အစိမ်းပုပ်ရောင်သန်းနေပြီး သွေးအလင်းကို တစ်ချက်တည်း ဖျက်ဆီးပစ်လိုက်သည်။

“ဒါက .... ဝိညာဉ်ဓားလား”

သွေးဝတ်စုံနှင့် လူအိုကြီးက အံ့အားသင့်သွားသည်။

ချက်ချင်းဆိုသလိုပင် ဓားအလင်းနှင့် လျှပ်စီးကြောင်းများသည် ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် ပြည့်နှက်သွားသည်။

“ချမ်းသာပေးပါ ....”

သွေးဝတ်စုံနှင့် လူအိုကြီးက ထိတ်လန့်စွာ အော်ဟစ်လိုက်သော်လည်း ဓားအလင်းနှင့် လျှပ်စီးကြောင်းများကြောင့် ပျောက်ကွယ်သွားသည်။

ရွှေရောင်သွေးပုတီးစေ့တစ်ခုသည် ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် ပေါ်လာခဲ့သည်။

“အင်မော်တယ်ဘုရင် မင်ဟယ်လား”

ဟန်မူယဲ့က လက်မြှောက်ပြီး သွေးပုတီးစေ့ကို ဆုပ်ကိုင်သည်။ သူက အံ့အားသင့်နေပြီး ပျော်ရွှင်သွားသည်။

“အဆုံးမဲ့ပင်လယ်ရဲ့ အောက်ခြေမှာ အင်မော်တယ်ဘုရင်မင်ဟယ် ကျဆုံးသွားခဲ့တာလား”

“အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်၊ တကယ်ကောင်းတာပဲ ....”

ရှေးခေတ်တွင် မဟာကျွမ်းကျင်သူကြီးများက ကမ္ဘာဖျက်စစ်ပွဲတွင် သေဆုံးသွားကြသည်။

ကျွမ်းကျင်သူကြီးတစ်ယောက်က ရတနာများနှင့်အတူ အဆုံးမဲ့ပင်လယ်၏အောက်ခြေတွင် ကျဆုံးသွားခဲ့သည်။

ထို့ကြောင့် အဆုံးမဲ့ပင်လယ်က အငြိုးအတေးစွမ်းအားများဖြင့် ပြည့်နှက်လာခဲ့သည်။

လှံကျိုးကို အင်မော်တယ်ဘုရင်မင်ဟယ်က ပိုင်ဆိုင်ခဲ့သည်။ သို့သော် အင်မော်တယ်ကမ္ဘာသို့ ရောက်လာပြီး ဟယ်ချူက မတော်တဆ ရခဲ့သည်။

“ဝီ”

ဟန်မူယဲ့က သွေးပုတီးစေ့ကို လက်ဝါးဖြင့်ဖိချပြီး သိမ်းထားလိုက်သည်။

သူက အင်မော်တယ်ဘုရင်မင်ဟယ်၏ အမွေအနှစ်ကို ရှာချင်သည်။ သို့သော် အချိန်မကျသေးပေ။

အင်မော်တယ်ရင်းမြစ်ကမ္ဘာသည် အင်မော်တယ်ကမ္ဘာတစ်ခု ဖြစ်လာသောကြောင့် စီမံပေးရန် လိုအပ်နေသည်။

လောကကြီးက ရုတ်တရက် ပြောင်းလဲသွားသောကြောင့် ကျင့်ကြံသူများက အသားကျရန် အချိန်လိုလိမ့်မည်။

ဟန်မူယဲ့က ဤကမ္ဘာကို စောင့်ကြပ်ပေးရမည်။ ထွက်မသွားနိုင်သေးပေ။

သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး စိတ်ထဲတွင် ဓားအလင်းကို ထုတ်‌ဖော်သည်။

သူက လီယွင်ကန်းနှင့် စုရှင်းဟယ်ကို အမွေအနှစ်ချန်ထားရန် ပြောခဲ့သော်လည်း မလုံလောက်သေးပေ။

သူက နေရာတိုင်းကို ဖိနှိပ်ရန်အတွက် အားကောင်းသော အင်မော်တယ်ကျင့်ကြံသူများကို လိုအပ်နေသည်။

“မြောက်ပိုင်းကြယ်ဓားနည်းစနစ်”

“လေပြင်းနှင့်မီးတောက် အင်မော်တယ်ဓားနည်းစနစ်”

“ကြယ်ကြွေကောင်းကင် ဓားနည်းစနစ်”

ဟန်မူယဲ့က ဓားနည်းစနစ်များကို ကျောက်စိမ်းပေလွှာထဲတွင် မှတ်သားပြီး အပြင်ဘက်သို့ ပို့ပေးလိုက်သည်။

All Chapters