အခန်း (၉၉၄)
Vol. 71 Ch. 994
“မြေအောက်မြစ်ရဲ့ မိုင်ပေါင်းသန်းရှစ်ဆယ်မှာ ဘယ်အရာမှ မရှိနိုင်ဘူး”
ဟွမ်ခြောက်က ရေရွတ်လိုက်ပြီး မြေအောက်မြစ်ကို ကြည့်သည်။
မြေအောက်မြစ်က အလွန်အားကောင်းပြီး ကောင်းကင်နှင့်မြေကြီးကို တိုက်စားနိုင်သည်။ ထို့ကြောင့် ဤနေရာတွင် သဘာဝစည်းမျဉ်းများ မရှိပေ။
ထို့ကြောင့် ဤကမ္ဘာသည် ဖရိုဖရဲဖြစ်နေသည်။
စိတ်ကြိုက်သောင်းကျန်းချင်သော မိစ္ဆာကျင့်ကြံသူများအတွက် ဤနေရာသည် သုခဘုံ ဖြစ်သည်။
ထို့အပြင် သူတို့၏ သွေးနှင့်ချီကို မြေအောက်မြစ်တွင် သန့်စင်ပြီး အကျိုးအမြတ်ရနိုင်သည်။
ဟန်မူယဲ့တို့ ရောက်လာသောအခါ ပတ်ဝန်းကျင်တွင်ရှိသော မိစ္ဆာနှင့် သားရဲများက သတိထားမိသွားကြသည်။
ယခုအချိန်တွင် ဟန်မူယဲ့က အနက်ရောင်ဝတ်စုံကို ဝတ်ပြီး မျက်နှာတစ်ဝက်ကို နဂါးကြေးခွံမျက်နှာဖုံးဖြင့် ဖုံးကွယ်ထားသည်။ သူက နောက်ကျောတွင် မီးခိုးရောင်ဓားတစ်လက်ကို သယ်ထားသည်။
သူက မိစ္ဆာစွမ်းအင်ဖြင့် ပြည့်နှက်နေသော ထိုဓားရှည်ကို သေချာရွေးချယ်ထားခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကိုလည်း မှော်ရတနာဖြင့် ဖုံးကွယ်ပြီး မိစ္ဆာကျင့်ကြံသူတစ်ယောက်အဖြစ် ရုပ်ဖျက်ထားသည်။
“ငါက မိစ္ဆာကျင့်ကြံသူတစ်ယောက်နဲ့ ဆက်သွယ်ဖူးတယ်။ သူက မြေအောက်မြစ်ကနေ ရောက်လာတာပဲ”
ဟွမ်ခြောက်က အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး မြစ်ကမ်းပါးကို ညွှန်ပြသည်။
သူက အရိုးပုလွေတစ်ခုကို ထုတ်ယူပြီး မှုတ်လိုက်သည်။
“ဝူ ....”
ခပ်နိမ့်နိမ့်ပုလွေသံက ဝမ်းနည်းမှုကို ဖြစ်ပေါ်စေသော နူးညံ့သည့်ခံစားချက်ဖြင့် ပြည့်နှက်နေသည်။
ထိုအသံကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်တွင်ရှိသော မိစ္ဆာနှင့် သားရဲများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူတို့က နေရာအနှံ့သို့ ထွက်ပြေးသွားကြသည်။
ဟန်မူယဲ့ကလည်း အံ့အားသင့်သွားသည်။
သွေးရောင်မြေအောက်မြစ်တွင် ပေတစ်ထောင်ရှည်လျားသော အရိုးလှေတစ်စင်း ညင်သာစွာ ပေါ်ထွက်လာသည်။
“မြေအောက်မြစ်မှာ ရွက်လွှင့်လို့မရဘူးလို့ ပြောကြတယ်မဟုတ်လား”
ဟန်မူယဲ့က ဟွမ်ခြောက်ကို လှည့်ကြည့်သည်။
“သူကတော့ ရွက်လွှင့်နိုင်လို့ နေမှာပေါ့”
ဟွမ်ခြောက်က လက်မြှောက်ပြီး လက်ထဲတွင်ရှိသော အရိုးပုလွေကို ကြည့်သည်။
အရိုးပုလွေသည် အရိုးလှေနှင့် တူညီသည်။
“အစ်ကိုခြောက်လား”
သင်္ဘောပေါ်မှ အသံတစ်သံ ထွက်လာသည်။ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က မိစ္ဆာအငွေ့အသက်များကို ထုတ်လွှတ်ပြီး လှေထိပ်တွင် ရပ်နေသည်။
“ကျွန်တော့်အစ်မကိုတွေ့ဖို့ ရောက်လာတာလား”
ဟွမ်ခြောက်၏မျက်နှာထားက အနည်းငယ် ထူးဆန်းနေသည်။
ဟန်မူယဲ့က သူ့ကို ကြည့်လိုက်သည်။
“အဟမ်း၊ ဒီလိုပါပဲ ....”
ဟွမ်ခြောက်က ပြန်ပြောလိုက်သည်။ ထို့နောက် ဟန်မူယဲ့ကို တီးတိုးပြောသည်။
“သူတို့က မြေအောက်မြစ်ရဲ့ လှေသမားတွေပဲ။ မင်းက မြေအောက်မြစ်မှာ တစ်ယောက်ယောက်ကို ရှာချင်ရင် သူတို့ကို ခေါ်မှရမယ်”
ဟွမ်ခြောက်၏အဖြေကို ကြားလိုက်ရသောအခါတွင် အရိုးလှေက အနက်ရောင်လှေကားတစ်စင်းကို ချပေးလိုက်သည်။
ဟန်မူယဲ့နှင့် ဟွမ်ခြောက်က လှေကားပေါ်သို့ ခုန်တက်သွားကြသည်။
သူတို့နှစ်ယောက်က ဖြည်းဖြည်းချင်း ရှေ့ဆက်သွားလိုက်သည်။ လှေကား၏အဆုံး မြေအောက်မြစ်အပေါ်သို့ ရောက်သွားသောအခါ ဟန်မူယဲ့၏ မျက်နှာထားက ပြောင်းလဲသွားသည်။
သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော အင်မော်တယ်စွမ်းအားက ပျောက်ကွယ်သွားသည်။
ယခုအချိန်တွင် သွေးစွမ်းအားမှလွဲ၍ သူက သေမျိုးတစ်ယောက်နှင့် တူသည်။ ဓားဆန္ဒကိုပင် မသုံးနိုင်တော့ပေ။
ကံကောင်းစွာဖြင့် ဝိညာဉ်စွမ်းအားကို သုံးနိုင်သည်။ မူလဝိညာဉ်ဓားကိုလည်း အာရုံခံနိုင်သည်။
မြေအောက်မြစ်သည် ထူးခြားသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။
ဟွမ်ခြောက်က ဤနေရာသို့ မလာချင်သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
“ဒါက ငါ့ညီလေး ဟန်မူယဲ့ပဲ”
ဟွမ်ခြောက်က သင်္ဘောပေါ်သို့ ရောက်သွားသောအခါတွင် ဟန်မူယဲ့ကို ညွှန်ပြလိုက်ပြီး ပြောသည်။ ထို့နောက် သူက လူငယ်လေး၏ပခုံးကို ပုတ်လိုက်သည်။
“ကောင်လေး၊ မင်းက အရွယ်ရောက်လာပြီပဲ”
ဟွမ်ခြောက်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။
“ငါက မိစ္ဆာနယ်မြေကို ရောက်သွားတဲ့အချိန်မှာ ပေါ်လာခဲ့တဲ့ မိစ္ဆာနဂါးကို မှတ်မိသေးလား”
“အဲဒါက သူ့အစ်မပဲ”
ဟွမ်ခြောက်က အနောက်ဘက်နယ်စပ်ကုန်းမြေတွင် မိစ္ဆာစွမ်းအင်ကို အသက်သွင်းပြီး မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းခဲ့သည်။
သူက မိစ္ဆာချပ်ဝတ်ကို ဝတ်ဆင်ပြီး မိစ္ဆာနဂါးကို ဆွဲဆောင်၍ ကောင်းကင်နင်းခြေမိစ္ဆာဘုရင် ဖြစ်လာသည်။
သူက မြေအောက်မြစ်နှင့် ထူးဆန်းစွာ ဆက်သွယ်သွားသည်။
ဟွမ်ခြောက်က အဆုံးတွင် မိစ္ဆာနဂါးကို အဝေးသို့ပို့လိုက်ပြီး မရီးခြောက်နှင့်အတူ အနားယူရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောကြသည်။
‘နောက်ကွယ်မှာ ဇာတ်လမ်းတစ်ပုဒ် ရှိနေတာလား’
“ကျွန်တော့်နာမည်က ခယ်ယန်ပါ။ ကျွန်တော်က မြေအောက်မြစ်ရဲ့ လှေသမားကလန်က ခေါင်းဆောင်ငယ်ပါ”
“ခင်ဗျားက အစ်ကိုခြောက်ရဲ့ ညီအစ်ကိုဆိုတော့ ကျွန်တော့်ရဲ့ ညီအစ်ကိုပါပဲ”
ဆံပင်ရှည်များကို မြှောက်စည်းထားသော လူငယ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။
“ဒါနဲ့ ကျွန်တော်ထွက်လာပြီဆိုမှတော့ လက်ဗလာနဲ့ ပြန်သွားလို့ မဖြစ်ဘူး”
ခယ်ယန်က စကားပြောလိုက်ပြီး လက်မြှောက်၍ နေရာအနှံ့တွင် ပြန့်ကျဲနေသော အနက်ရောင်ပုံရိပ်များကို ဆင့်ခေါ်သည်။
“ယင်နဲ့ယန်ကို ဖြတ်ကျော်နေတဲ့ မြေအောက်မြစ်လှေ”
“အခု မင်းတို့က ယင်နဲ့ယန်ကို မြင်သွားပြီဆိုတော့ ဝိညာဉ်ကိုပေးပါ ....”
ခယ်ယန်က ခပ်အုပ်အုပ် အော်ဟစ်လိုက်သည်။ ထူးခြားသော စွမ်းအားတစ်ခုသည် လေဟာနယ်ထဲတွင် တုန်ခါသွားသည်။
ထိုစွမ်းအားသည် မိစ္ဆာများကို တုန်ခါသွားစေသည်။ သူတို့၏ မျက်လုံးများက အသက်မဲ့နေပြီး ခန္ဓာကိုယ်က တောင့်တင်းလာသည်။
အနက်ရောင်ပုံရိပ်များက မိစ္ဆာနှင့်သားရဲများ၏ကိုယ်ပေါ်သို့ ကျဆင်းသွားပြီး သူတို့၏ ဝိညာဉ်စွမ်းအားကို လက်နှစ်ဖက်ဖြင့် ထုတ်ယူ၍ ခယ်ယန်ကို ပေးအပ်လိုက်ကြသည်။
ခယ်ယန်က လက်မြှောက်ပြီး အနက်ရောင်အလင်းသည် သူ့လက်ချောင်းများကြားတွင် လှုပ်ရှားနေသည်။ သူက ဝိညာဉ်စွမ်းအားကို ရွက်တိုင်ထဲသို့ ထည့်သွင်းလိုက်သည်။
ဝိညာဉ်စွမ်းအားကြောင့် လှေက စတင်ရွေ့လျားလာသည်။
“ဒီကမ္ဘာမှာ ခိုင်မြဲမှုအရှိဆုံးက ဝိညာဉ်ပဲ။ လိုက်ဖက်ညီမှုအရှိဆုံး အရာကလည်း ဝိညာဉ်ပဲ။ အလေးလံဆုံးအရာကလည်း ဝိညာဉ်ပဲ”
“အရိုးလှေက ကျွန်တော့်ဝိညာဉ်ကိုအသုံးပြုပြီး ရွေ့လျားတယ်။ အဲဒါကြောင့် ကျွန်တော်က ဝိညာဉ်စွမ်းအားကို လိုအပ်တယ်”
“သွားကြစို့။ မြေအောက်မြစ်ကို ကျွန်တော်လိုက်ပြမယ်”
ခယ်ယန်က ပြုံးလိုက်ပြီး လက်ကိုဝှေ့ယမ်း၍ အရိုးလှေကို ပိုမိုလျင်မြန်စွာ ရွေ့လျားစေသည်။
သူတို့၏ ခေါင်းပေါ်တွင် ဝိညာဉ်များက နာကျင်စွာ ညည်းညူနေကြသည်။
“မကြည့်နဲ့။ ဝိညာဉ်ချေဖျက်အလံမှာ လူကောင်းတွေမရှိဘူး။ ဒီအလံမှာ ဖမ်းဆီးခံထားရတဲ့လူတွေက အပြစ်ကြီးတဲ့လူတွေပဲ”
ဟွမ်ခြောက်က ခေါင်းခါလိုက်ပြီး သွေးမြစ်ကို ကြည့်သည်။
ရေလှိုင်းများက ကောင်းကင်နှင့်မြေကြီးကို ဝါးမြိုတော့မည်ဟု ထင်ရသည်။
“ဒီလောကမှာ အကောင်းနဲ့အဆိုးကို ခွဲခြားပေးနိုင်တဲ့ မြစ်တစ်စင်းရှိနေရင် တကယ်ကောင်းလိမ့်မယ်”
သူက စကားပြောလိုက်သောအချိန်တွင် မြစ်ထဲမှ အနက်ရောင်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
ခယ်ယန်၏မျက်နှာထားက ပြောင်းလဲသွားပြီး ရေရွတ်လိုက်သည်။
“သေစမ်း၊ ငါတို့က အခုမှထွက်လာတုန်းရှိသေးတယ် မြေအောက်မြစ်သားရဲနဲ့ တွေ့နေပြီလား”
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး မြစ်ထဲမှ ခုန်ထွက်လာသော သန္ဓေပြောင်းသားရဲကို ကြည့်သည်။
ထိုသားရဲက မီးခိုးရောင်သန်းနေပြီး ပေတစ်ထောင်ရှည်လျားသည်။ သားရဲ၏ ဦးချိုနှစ်ခုက မည်းနက်နေပြီး မျက်လုံးများက နီရဲနေကြသည်။ ထိုသားရဲက ခြေလေးဖက်ပါသော ငါးတစ်ကောင်နှင့် တူပြီး ထက်မြိသော လက်သည်းများကို ပိုင်ဆိုင်ထားသည်။
ထိုသားရဲက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ရေလှိုင်းများ ဖြစ်ပေါ်လာစေသည်။
သားရဲ၏ နောက်ကျောတွင် ဆူးတောင်မရှိပေ။ သို့သော် ကြည်လင်နေသည့် တောင်ပံတစ်စုံကို ပိုင်ဆိုင်ထားသည်။
“ဝိညာဉ်ကိုအသုံးပြုပြီး မကြည့်နဲ့။ အဲဒီသားရဲက ဝိညာဉ်စွမ်းအားကို အာရုံခံမိရင် လိုက်လာလိမ့်မယ်”
ခယ်ယန်က သတိပေးလိုက်ပြီး သွေးမြစ်တွင် လှုပ်ရှားနေသော သားရဲကို ကြည့်သည်။
“မြေအောက်မြစ်ရဲ့ သားရဲတွေက ဝိညာဉ်ကို စားသုံးတယ်”
‘ဝိညာဉ်ကို စားသုံးတာလား’
လူတစ်ယောက်က ဝိညာဉ်ကို ဆုံးရှုံးသွားလျှင် လမ်းလျှောက်နေသော အလောင်းကောင် ဖြစ်လာလိမ့်မည်။
“ဟူး၊ နှမြောစရာပဲ’
ရှုံးခယ်က ရေရွတ်လိုက်ပြီး လက်မြှောက်သည်။ ရွက်တိုင်တွင် သန့်စင်သော ဝိညာဉ်စွမ်းအားများ စုစည်းလာပြီး ရွှေရောင်ပုတီးစေ့အဖြစ် ပြောင်းလဲသွားသည်။
သန့်စင်သော ဝိညာဉ်စွမ်းအား၏ စုစည်းမှု ဖြစ်သည်။
ဝိညာဉ်စွမ်းအားတိုးမြှင့်ရန်အတွက် ထိုပုတီးစေ့ကို တိုက်ရိုက်အသုံးပြုနိုင်သည်။
ထိုသို့ သန့်စင်သော ဝိညာဉ်စွမ်းအားမျိုးသည် အနည်းဆုံး အင်မော်တယ်ကျောက်တုံးတစ်ရာ တန်ဖိုးရှိသည်။
ထို့အပြင် အာခီမီပညာရှင်များကပင် ထိုသို့ သန့်စင်သော ဝိညာဉ်စွမ်းအားကို စုစည်းရန် ခက်ခဲလိမ့်မည်။
ခယ်ယန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ရွှေရောင်ပုတီးစေ့ကို ပေတစ်သိန်းအကွာသို့ ပစ်လွှတ်သည်။
ပုတီးစေ့ ကျဆင်းသွားသောအခါတွင် သားရဲက ချက်ချင်းဆွဲဆောင်ခံလိုက်ရပြီး တောင်ပံဖြန့်၍ ပြေးထွက်သွားသည်။
တောင်ပံများက ပေတစ်ရာခန့်ရှည်လျားပြီး သားရဲ၏ ကြီးမားသောခန္ဓာကိုယ်နှင့် အချိုးအစားမကျပေ။
သို့သော် ထိုတောင်ပံများက သားရဲကို ပျံသန်းစေနိုင်သည်။
“မြေအောက်မြစ်မှာ ဘယ်အရာမှ မပျံသန်းနိုင်ဘူး။ ဒါပေမဲ့ မြေအောက်မြစ်သားရဲတွေက ထူးခြားမှုတစ်ခုပဲ။ အဲဒီသားရဲက ငယ်သေးတယ်။ အရွယ်ရောက်နေတဲ့ သားရဲတွေက ပေတစ်သောင်းကြီးမားပြီး ကောင်းကင်ကို လွှမ်းမိုးထားနိုင်တယ်”
“မြေအောက်မြစ်မှာ တောင်ပံရှစ်ဖက်အမှောင်သားရဲလည်း ရှိနေတယ်လို့ ပြောကြတယ်။ အဲဒါက ....”
ခယ်ယန်က ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ခေါင်းခါသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အဲဒီသားရဲကို မမြင်ဖူးဘူး။ မြင်ဖူးတဲ့လူတွေကလည်း သေသွားကြပြီ”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
မြေအောက်မြစ်၏ သားရဲများဆီမှ လွတ်မြောက်နိုင်သောလူ သိပ်မရှိပေ။
ဝိညာဉ်ပုတီးစေ့က သားရဲကို ဆွဲဆောင်လိုက်ပြီး မြေအောက်မြစ်က ပြန်လည်ငြိမ်သက်သွားသည်။
ခယ်ယန်စုစည်းခဲ့သော ဝိညာဉ်များက ဝိညာဉ်ပုတီးစေ့ အနည်းငယ်ကိုသာ ဖန်တီးနိုင်သည်။ သူက နှမြောစရာကောင်းသည်ဟု ပြောခဲ့သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
ဟန်မူယဲ့က ရွက်တိုင်ကို ကြည့်လိုက်သည်။
“ဒီရွက်တိုင်က အမှောင်သားရဲရဲ့ တောင်ပံတွေကနေ သန့်စင်ထားတာပဲ။ ကိုယ်ထည်ကလည်း အမှောင်သားရဲရဲ့ အရိုးစုပဲ”
ခယ်ယန်က ဟန်မူယဲ့၏အတွေးကို သိနေပုံပေါ်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ဝိညာဉ်ချေဖျက်အလံကတော့ ကျွန်တော်တို့ မြေအောက်မြစ်လှေသမားကလန်ရဲ့ လျှို့ဝှက်ရတနာပဲ။ အဲဒီအလံကို ဘိုးဘေးကပဲ သန့်စင်နိုင်တယ်”
“တချို့လူတွေက ကျွန်တော်တို့ လှေသမားကလန်ကို ပစ်မှတ်ထားချင်ကြတယ်။ ဒါပေမဲ့ သူတို့အားလုံး မြေအောက်မြစ်မှာ အဆုံးသတ်သွားကြတယ်”
“မြေအောက်မြစ်က ကျွန်တော်တို့ကလန်ရဲ့ အတားအဆီး၊ ကံကြမ္မာနဲ့ စောင့်ရှောက်သူပဲ”
ခယ်ယန်က ခံစားချက်များနှင့် သက်ပြင်းချသည်။
ဟွမ်ခြောက်က ရုတ်တရက် ပြောလိုက်သည်။
“မင်းရဲ့အစ်မက အခု ကလန်ခေါင်းဆောင် ဖြစ်နေပြီလား”
“ကလန်မှာ အစောင့်အကြပ်မရှိလို့ သူမက ပြန်သွားချင်ခဲ့တာလေ”
ခယ်ယန်က ရှုပ်ထွေးသောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။
လှေက ဆက်လက်ရွေ့လျားလာသည်။ သူတို့သုံးယောက်က စကားမပြောခဲ့ပေ။
မြေအောက်မြစ်ကမ္ဘာတွင်လည်း အလင်းရောင်ရှိသည်။ ထို့ကြောင့် ခမ်းနားသော သွေးမြစ်ကို ခံစားကြည့်နိုင်သည်။
တခြားလှေများပေါ်တွင်ရှိသော အနက်ရောင်ပုံရိပ်များက အရိုးစုနှင့်တူကြောင်း ဟန်မူယဲ့က သတိထားမိသည်။ သူတို့က အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး ဝိညာဉ်လှိုင်းကို မထုတ်ဖော်ကြပေ။ သူတို့က လှေကို အသက်မဲ့စွာ မောင်းနှင်နေကြသည်။
ထို့ကြောင့် သူက သင်္ချိုင်းအင်မော်တယ်မြို့တွင်ရှိသော ရုပ်သေးရုပ်များကို သတိရသွားသည်။
ထိုလှေသမားများက ပုံစံကွဲပြားနေခြင်းမှလွဲ၍ ရုပ်သေးရုပ်များနှင့် တူသည်။
“ကျွန်တော်တို့ ရောက်ပြီ”
ခယ်ယန်က ပြောလိုက်သည်။
ဟန်မူယဲ့က ကျွန်းတစ်ကျွန်းကို မြင်လိုက်ရသည်။
ထိုကျွမ်းက ဆယ်မိုင်ခန့်သာကျယ်ဝန်းပြီး စိမ်းလန်းနေသည်။
အနီးကပ်ကြည့်လိုက်သောအခါတွင် ပန်းပင်များဖြစ်ကြောင်း မြင်ရသည်။
ပန်းပွင့်များက လှပစွာ ပွင့်လန်းနေကြသည်။
သွေးမြစ်တွင် စိမ်းလန်းသော ကျွန်းတစ်ကျွန်းရှိနေသည်။ အင်မတန် ရှားပါးသည်။