← Chapters

အခန်း (၇၈၁)

Vol. 53 Ch. 781

အခန်း (၇၈၁)

Vol. 53 Ch. 781

အပြာရောင်မြွေခန္ဓာက ရှစ်ဖုန့်၏ညာလက်သန်းနေရာလွတ်အတွင်းမှထွက်လာပြီးပြီးချင်း ကျယ်လောင်စွာမြည်တွန်လိုက်ပြီး အောက်ဘက်ရှိမြေပြင်ကလည်း ရုတ်ခြည်းပြင်းထန်စွာမြည်ဟိန်းလာသည်။

ဟင်းလင်းပြင်အတွင်း ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့မှာ မြည်ဟိန်းသံနှင့်အတူ မြေကြီးအတွင်းမှတိုးထွက်လာသည့် တစ်ခုကအနီနှင့်တစ်ခုကခရမ်းရောင်ရှိသော ကြီးမာသည့်ပုံရိပ်နှစ်ခုကိုမြင်တွေ့လိုက်ရသည်။

အနီရောင်နှင့်ခရမ်းရောင်နဂါးနှစ်ကောင်ကဲ့သို့ ၎င်းတို့က အပေါ်သို့တည့်တည့်ထိုးတက်လာသည်။

“ဟမ်”

ခရမ်းရောင်ပုံရိပ်အားမြင်ပြီးပြီးချင်းတွင် ရှစ်ဖုန့်၏မျက်ခုံးက ကျဉ်းမြောင်းသွားသည်။ ၎င်းမှာမြွေလူသားနယ်မြေအတွင်း၌အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ ထိန်းချုပ်ခြင်းကိုခံခဲ့သော ခရမ်းရောင်မြွေခန္ဓာပင်ဖြစ်သည်။

ရှစ်ဖုန့်မှာခရမ်းရောင်မြွေခန္ဓာအားမြင်လိုက်ရသောအခါတွင် သူ၏နှလုံးသားထဲ၌ ထူးဆန်းသောခံစားမှုတစ်ခုကိုခံစားလိုက်ရသည်။ ယင်းမှာ သခင်နှင့်အစေခံစာချုပ်ချုပ်ဆိုပြီးနောက် သခင်နှင့်အစေခံကြားမှဖြစ်ပေါ်လာသည့် ဆက်နွယ်မှုဖြစ်သည်။

အခြားသောအနီရောင်ပုံရိပ်ကလည်း ကြီးမားသည့်အနီရောင်မြွေကြီးဖြစ်သည်။ အရောင်ကွဲပြားသည်မှလွဲ၍ ၎င်းမှာ အပြာရောင်မြွေခန္ဓာ၊ခရမ်းရောင်မြွေခန္ဓာတို့နှင့်တစ်ထေရာတည်းတူညီသည်ဖြစ်သည်။

ရှစ်ဖုန့်ကလည်းဤအရာ၏ အရမ်းအရေးကြီးသော အခိုက်အတန့်ဖြစ်သော မြွေနှစ်ကောင်ခန္ဓာကိုယ်၏ သုံးပုံတစ်ပုံလောက်က ကွဲနေသော်လည်း အောက်ပိုင်းကိုယ်နှင့်အမြှီးတို့က တကယ်ကြီးတစ်ခုအဖြစ်ပေါင်းစည်း

နေပြီးခရမ်းရောင်နှင့်အနီရောင်ရောထွေးနေသော မြွေခန္ဓာတစ်ခုအဖြစ်ပြောင်းလဲ

နေသည်ကိုတွေ့ရှိလိုက်ရသည် ။

“ရွှီး..ရွှီး..”

ခရမ်းနှင့်အနီမြွေနှစ်ကောင်က လည်း ကောင်းကင်အားလှုပ်ခတ်စေနိုင်သော မြည်တွန်သံတို့ကို အဆက်မပြတ် မြည်တွန်နေကြသည်။

“ဟမ်”

ဟင်းလင်းပြင်ထဲ၌ဝင့်ကြွားစွာရပ်နေသော လောချင်းချွမ်မှာ အပေါ်သို့တည့်တည့်ထိုးတက်လာသည့် ခရမ်းနှင့်အနီရောင် မြွေနှစ်ကောင်ကိုကြည့်လိုက်ပြီး နောက် ဤအချိန်၌ သူတို့၏အောက်တွင် ရစ်ဝဲနေသည့် အပြာရောင်မြွေကိုလည်းအံအား

သင့်သောမျက်နှာနှင့်ကြည့်လိုက်သည်။

ဤမြွေသုံးကောင်က တူညီသော မျိုးစိတ်တစ်ခုတည်းမှဖြစ်သည်မှာသိသာသည်။

သို့သော မြွေနှစ်ကောင်၌ ဦးခေါင်းနှစ်လုံးနှင့်ကိုယ်တစ်ခုရှိသည်ဖြစ်သည်။

“ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ် ခေါင်းနှစ်လုံးမြွေနတ်ဆိုးသားရဲ”

ထို့နောက်လောချင်းချွမ်က အောက်ရှိခေါင်းနှစ်လုံးမြွေ၏ အဆင့်ကို မြင်လိုက်ရသည်။

“ဒီဘာမှမသိတဲ့ ကောင်မလေးကလည်း ဒီမှာရှိနေတာပဲ”

ရုတ်ခြည်း ခရမ်းရောင်မြွေခန္ဓာ၏ ကြီးမားသောဦးခေါင်းထက်၌ တင်ပျဉ်ခွေထိုင်နေသော ခရမ်းရောင်နှင့်ကောင်မလေးတစ်ယောက်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

“အကိုကြီးရှစ်ဖုန့်.. ဘာလို့ဒီနေရာမှာရှိနေတာလဲ”

ကောင်မလေးမှာရှစ်ဖုန့်အားတွေ့သောအခါတွင် အော်ပြောလိုက်သည်။ ထို့နောက်သူမက အံ့အားသင့်စွာပြောလိုက်၏။

“ ခန္ဓာရှစ်ပါး နတ်ဘုရားမြွေရဲ့ နောက်ထပ်ကိုယ်ပွားတစ်ခုဖြစ်တဲ့ အပြာရောင်မြွေခန္ဓာ…နောက်ဆုံးတော့ဒါကိုငါရှာတွေ့ပြီ”

ဤခရမ်းရောင်နှင့်ကောင်မလေးမှာ မြွေလူသားမျိုးနွယ်၏ မင်းသမီးဖြစ်သူ ဇီယာပင်ဖြစ်သည်။

“ရွှီး”

ဤအချိန်တွင်အပြာရောင်မြွေခန္ဓာမှာ အောက်ရှိ ခေါင်းနှစ်လုံးမြွေကိုမြင်လိုက်သည်။ ဧရာမအပြာရောင်ကိုယ်ကြီးက အောက်သို့ထိုးဆင်းပြီး ရုတ်တရက် ခေါင်းနှစ်လုံးမြွေပေါ်သို့ခုန်အုပ်လိုက်၏။

“ရွှီး..ရွှီး.”

ခရမ်းနှင့်အနီမြွေနှစ်ကောင်ကလည်း တုန့်ပြန်မှုတစ်ခုကိုရရှိလိုက်သည်။ ၎င်းတို့ကပြိုင်တူ မြည်တွန်လိုက်ကြပြီး အပြာရောင်မြွေခန္ဓာနှင့်ပူးပေါင်းရန် မစောင့်နိုင်သကဲ့သို့ သူတို့၏ခန္ဓာကိုယ်အား ရုတ်တရက်အရှိန်တင်လိုက်သည်။

မကြာခင်တွင် ကိုယ်ပွားသုံးခုက အတူတကွစုစည်းသွားသည်။ တစ်ချိန်တည်းမှာပင် ခန္ဓာရှစ်ပါးနတ်ဘုရားမြွေ၏ ကိုယ်ပွား သုံးခုမှာ တစ်ကောင်နှင့်တစ်ကောင်ရစ်ခွေလိုက်ကြ၏။

ထို့နောက်လိုက်ပါ၍ မြွေသုံးကောင်မှ ၎င်းတို့၏ကိုယ်ပိုင်အရောင်များဖြစ်ကြသော ခရမ်းရောင်၊အပြာရောင်နှင့် အနီရောင်တို့က လင်းလက်တောက်ပလာသည်။

ဤကမ္ဘာမှာလည်း ဤအလင်းတန်းသုံးခု၏အရောင်တို့ စွန်းထင်းသွားသည်။

ဤအချိန်တွင် ရစ်ခွေနေသော ခရမ်းရောင်မြွေပေါ်ရှိ ခရမ်းရောင်နှင့်ကောင်မလေးက ပျံတက်လိုက်ပြီး ခရမ်းရောင်မြွေခန္ဓာကိုယ်ပေါ်မှထွက်ခွာလာသည်။

ရှစ်ဖုန့်မှာဇီယာသူ့ထံသို့ပျံသန်းလာနေသည်ကို တွေ့ရသောအခါတွင် တွေ့ရသောအခါတွင် သူ့ဖာသာသူတွေးလိုက်သည်။

“ဒီကောင်မလေး ကြယ်ခုနှစ်ပွင့် ဘုရင်နယ်ပယ်တောင်ဖြစ်လာပြီ”

ရှစ်ဖုန့်မြွေလူသားမျိုးနွယ်၏နယ်မြေမှ

ထွက်ခွာလာစဉ်တုံးက ဇီယာမှာ ကြယ်လေးပွင့်ဘုရင်နယ်ပယ်သာရှိသေးသည်ဖြစ်သည်။

နှစ်ဝက်ကြာပြီးသည့်နောက် ဤကောင်မလေးမှာ ကြယ်လေးပွင့်ဘုရင်နယ်ပယ်အဆင့်မှ ကြယ်ခုနှစ်ပွင့်ဘုရင်နယ်ပယ်အထိ အဆင့်တက်လှမ်းနိုင်ခဲ့သည်။ သူမ၏ကျင့်ကြံမှု အမြန်နှုန်းအားအကဲဖြတ်ရသလောက် သူမအနေဖြင့်တစ်စုံတစ်ခုအား ရှာတွေ့ခဲ့ပုံရသည်ဖြစ်သည်။

“အကိုကြီးရှစ်ဖုန့်.. ဘာလို့ဒီနေရာကိုရောက်နေတာလဲ”

ဇီယာကရှစ်ဖုန့်၏ရှေ့သို့ရောက်

ရောက်ချင်းလျှင်မြန်စွာမေးလိုက်သည်။

မေးမြန်းပြီးနောက် ဇီယာက မလှမ်းမကမ်းရှိ တောင်တန်များနှင့်ကုန်းမြေတို့ကိုကြည့်ရှုစစ်ဆေးလိုက်၏။ ထို့နောက်သူမက ရှစ်ဖုန့်အား စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်သည်။

“စကားမစပ် အကိုကြီးရှစ်ဖုန့်..ဒါက ဘယ်နေရာလဲဟင်”

နောက်ဆုံးမေးခွန်းအားကြားပြီးနောက် ရှစ်ဖုန့်ရယ်ချင်သွားသည်။ သူမကသူ့အားဤနေရာသို့ဘာကြောင့်

ရောက်နေကြောင်းမေးခဲ့သော်လည်းသူမကိုယ်တိုင်က ဘယ်နေရာသို့ရောက်နေမှန်းပင်မသိချေ။

“မြောက်ပိုင်းဒေသကြီးအပြင်ဘက်က ကံကြမ္မာမြို့”

ရှစ်ဖုန့်ကပြန်ဖြေလိုက်သည်။

“မြောက်ပိုင်းဒေသကြီး”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက် ဇီယာက အံ့အားသင့်စွာရေရွတ်လိုက်သည်။

“ငါက မြောက်ပိုင်းဒေသကြီးမှာရောက်နေတာ”

ဇီယာမှာ ကံကြမ္မာမြို့ဆိုသည်ကို မကြားဖူးသော်လည်း အရှေ့ပိုင်းဒေသကြီးအတွင်းရှိမြွေလူသားနယ်မြေအတွင်း၌ အချို့ကိုတော့သိသည်ဖြစ်သည်။ သူမမျိုးနွယ်တူလူများထံမှ ထျန်းဟန်တိုက်ကြီးအား ဒေသကြီးငါးခုအဖြစ်ပိုင်းခြားထားပြီး အရှေ့ပိုင်းဒေသကြီးမှာ အခြားသောဒေသများနှင့် မိုင်ပေါင်းမီလီယံရာချီဝေးကွာသည်ဆိုသည်

ကိုတော့ကြားဖူးသည်ဖြစ်သည်။

ဇီယာ၏အံ့အားသင့်စွာရေရွတ်သံကိုကြားရပြီး သူမ၏ချစ်စဖွယ်ကောင်းသောအသွင်အပြင်

အားမြင်ရပြီးနောက် ရှစ်ဖုန့်အနည်းငယ်အံ့အားသင့်သွားသည်။ ဤကောင်မလေးမှာ မြောက်ပိုင်းဒေသကြီးသို့ရည်ရွယ်ချက်ရှိရှိ

ရောက်လာပုံမပေါ်ပေ။ သူမမှာ မြွေနှစ်ကောင်၏ခေါ်ဆောင်လာခြင်း

အားခံခဲ့ရခြင်းဖြစ်ရမည်ဖြစ်သည်။

ထိုထက်ပိုသည်မှာ မြွေနှစ်ကောင်မှလွဲ၍သူမတစ်ယောက်တည်းဖြစ်နေခြင်းဖြစ်သည်။ အခြားသောမြွေလူသားများသူမဘေး၌ရှိမနေပေ။

ထို့နောက်ရှစ်ဖုန့်ကမေးလိုက်သည်။

“ဘာဖြစ်ခဲ့တာလဲ.. မင်းဘာလို့မြွေလူသားနယ်မြေကနေတစ်ယောက်တည်းထွက်လာတာလဲ”

“ညီမ”

ဇီယာကပြောလိုက်သည်။

“သိပ်မကြာသေးခင်က ခရမ်းရောင်မြွေခန္ဓာက အပြာရောင်မြွေခန္ဓာကိုအာရုံခံမိတယ်လို့

ရုတ်တရက် ထုတ်ပြန်ချက်တစ်ခုပို့ခဲ့တယ်.. အဲ့နောက် အပြာရောင်မြွေခန္ဓာကိုရှာဖို့အတွက် ခရမ်းရောင်မြွေခန္ဓာနဲ့အတူ မြွေလူသားနယ်မြေကနေ ညီမထွက်လာခဲ့တာ”

“အဲ့နောက် ခရမ်းရောင်မြွေခန္ဓာရဲ့အာရုံခံမှုအတိုင်းလိုက်လာခဲ့ပြီး တစ်လမ်းလုံးပျံသန်းလာခဲ့တာ. နောက်ပိုင်း ခရမ်းရောင်မြွေခန္ဓာက ညီမကိုဆန်းကြယ်တဲ့အမှောင်ကမ္ဘာ

တစ်ခုထဲခေါ်သွားတယ်. အဲ့မှာ ညီမတို့ အမှောင်နတ်သူငယ်မင်းသား

အက်စ်ခေနဲ့တွေ့ခဲ့တယ်”

“မင်းအမှောင်နတ်သူငယ်မင်းသား

နဲ့တွေ့ခဲ့တာလား”

ဇီယာ၏စကားများအားကြားပြီးနောက် ရှစ်ဖုန့်မှာ လွန်ခဲ့သောနှစ်ဝက်က ဤကြင်နာတတ်သော မြွေလူသားမလေးမှာ ကန္တာရအတွင်း အမှောင်နတ်သူငယ်မင်းသားငယ်တစ်ပါးကိုကယ်တင်ခဲ့သည်ကိုသူအမှတ်ရသွားသည်။

ထိုအမှောင်နတ်သူငယ်မင်းသားငယ်က သူမ၏ကြင်နာမှုကိုပြန်လည်မပေးဆပ်ရုံသာမက သူမ၏အလှအား ငမ်းငမ်းတက်လိုချင်ခဲ့သည်။အဆုံးသတ်တွင် မြွေလူသားမျိုးနွယ်နှင့် အမှောင်နတ်သူငယ်တို့စစ်ပွဲဖြစ်ပွား

တော့မည့်အခြေအနေဖြစ်ခဲ့သည်။

ကံကောင်းစွာနှင့် ရှစ်ဖုန့်ကထိုအချိန်တွင်း အနောက်မြောက်သဲကန္တာရအတွင်းသို့ဝင်ရောက်လာခဲ့သည်။ သူကမြွေလူသားမလေး၏ သွေးအတွက် မြွေလူသားနယ်မြေသို့ဝင်ရောက်ခဲ့ပြီး အမှောင်နတ်သူငယ်မင်းသားကိုသတ်ခဲ့သည်။

သို့သော် ထိုအချိန်က အမှောင်နတ်သူငယ်မင်းသား အက်စ်ခေမှာ သူသေဆုံးသောနေရာ၌ အမှောင်ရုပ်သေးရုပ်တစ်ရုပ်ကိုအစားထိုးခဲ့သည်။ ထို့နောက် သူပျောက်ကွယ်သွားသည်။

“အင်း”

ဇီယာက ခေါင်းညိမ့်ပြီးပြန်ဖြေသည်။

“သူကအရင်ကထက်ပိုပြီးသန်မာလာတယ်..သူက ကြမ်းတမ်းပြီးရက်စက်လာတယ်.. သူက ညီမကိုတွေ့တဲ့အခါညီမနဲ့ခရမ်းရောင်မြွေခန္ဓာကို ဖမ်းခဲ့တယ်..အဲ့အမှောင်ကမ္ဘာထဲမှာ ဆန်းကြယ်တဲ့အမှောင်သတ္တဝါပေါင်း သောင်းနဲ့ချီကိုလည်းစုစည်းထားခဲ့တယ်…သူကအနောက်မြောက်သဲကန္တာရထဲကို ပြန်သွားပြီး မြွေလူသားမျိုးနွယ်နဲ့ရှင့်ကိုအစုလိုက်

အပြုံလိုက်သတ်ချင်တယ်လို့ပြောခဲ့တယ်”

“အဲ့နောက်ရော”

ရှစ်ဖုန့်ကထပ်မံမေးခဲ့သည်။ ကောင်မလေး၏စကားများအား

နားထောင်ပြီးနောက် သူမအားဂရုတစိုက်ကြည့်လိုက်၏။ ထိုသူတောင်းစားကသူမ၏အလှအားငမ်းငမ်းတက်လိုချင်နေသည်ဖြစ်သည်။ အကယ်၍ သူမသာထိုသူတောင်းစား၏ဖမ်းဆီးမှုကိုခံခဲ့ရသည်ဆိုလျှင်…….

ဇီယာဆက်ပြောသည်။

“ထို့နောက် သူက အမှောင်အစီအရင်တစ်ခုကို ပြင်ဆင်ပြီးညီမကိုစတေးဖို့အသုံးပြုခဲ့တယ်…အမှောင်အသူတရာချောက်နက်ထဲမှကျဆုံးသွားတဲ့ ရှေးဟောင်းနတ်ဘုရားကိုဆင့်ခေါ်ဖို့အတွက် ရှေးဟောင်းလျှို့ဝှက်နည်းလမ်းတစ်ခုကို သူကအသုံးပြုခဲ့တယ်.. အဲ့နောက် သူဆင့်ခေါ်လိုက်တဲ့မြွေနတ်ဘုရားက တကယ်တမ်းမှာ ကျွန်မတို့မြွေနတ်ဘုရားရဲ့ကိုယ်ပွားဖြစ်တဲ့ အနီရောင်မြွေခန္ဓာဖြစ်နေလိမ့်မည်တော့လို့ သူမမျှော်လင့်ထားခဲ့ဘူး”

ဇီယာက အနီရောင်မြွေခန္ဓာကိုပြောလိုက်သည့်အခါတွင် ရှစ်ဖုန့်၏မျက်လုံးတို့က မသိလိုက်ပါဘဲ အောက်သို့ထပ်မံကြည့်လိုက်သည်။ဝိညာဉ်ချင်းယှက်နွယ်နေသော မြွေကြီးသုံးကောင်မှာ ဤအချိန်တွင်တောက်ပသောအနီရောင်၊ခရမ်းရောင်နှင့်အပြာရောင်အရောင်သုံးရောင်ဖြစ်နေသည်။ အလင်းများအားလုံးကတစ်ခုနှင့်

တစ်ခုတုန့်ပြန်နေပြီး တစ်ခုတည်းအဖြစ်ပေါင်းစည်းနေကြ၏။

All Chapters