← Chapters

အခန်း (၇၈၃)

Vol. 53 Ch. 783

အခန်း (၇၈၃)

Vol. 53 Ch. 783

ရွှေရောင်အလင်းတန်း၏အောက်တွင် အနီရောင်မြွေခန္ဓာမှာ လုံးဝခုခံနိုင်ခြင်းမရှိပေ။ ၎င်းမှာရွှေရောင်အလင်းတန်း၏ဖိနှိပ်ခြင်းကိုခံရပြီး ၎င်း၏ကြီးမားသော မြွေဦးခေါင်းကြီးမှာ ရွှေရောင်အလင်းတန်း၏အပြင်ဘက်

သို့တိုးထွက်နိုင်ခြင်းမရှိပေ။

ထို့နောက် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က နောက်ထပ်ရွှေရောင်အလင်းတန်းတစ်ခုကိုပစ်

လွှတ်လိုက်သည်။ ဤရွှေရောင်အလင်းတန်းမှာ ရှစ်ဖုန့်အားရည်ရွှယ်ပြီး မကြာခင်တွင် ရှစ်ဖုန့်၏ခန္ဓာကိုယ်အားလွှမ်းခြုံသွားသည်။

ရုတ်ခြည်း ရှစ်ဖုန့်မှာ ထူးနေ်းသော ခံစားချက်တစ်ခုကိုရရှိလိုက်သည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ထိန်းချုပ်မှုအောက်တွင် သူကအနီရောင်မြွေခန္ဓာတို့ကြားထဲ၌ သခင်နှင့်အစေခံစာချုပ်တစ်ခုဖြစ်ပေါ်သွားသည်။

“အမ်”

ရုတ်ခြည်းရှစ်ဖုန့်မှာအံ့အားသင့်သွားသည်။ ရုတ်ခြည်းသူ့အပေါ်၌တောက်ပနေသော

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ထံမှလာသည့် ထူးဆန်းပြီးရင်းနှီးသောစွမ်းအားတစ်ခုကို သူခံစားလိုက်ရသည်။

“ဒီစွမ်းအား..”

ဤစွမ်းအားမှာ ထျန်းလျန်အင်ပါယာ၌သူရှိစဉ်က ရှစ်ဖုန့်တစ်ယောက် ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်း၌ မျက်မြင်တွေ့ခဲ့ရသော ဆန်းကြယ်စွမ်းအားပင်ဖြစ်သည်.

“ဖြစ်နိုင်တာ ဒီကောင်က ဒီသခင်လေးရဲ့ ရွှေရောင်အရည်တွေကိုခြောက်တဲ့အထိစုပ်ယူပြီး အခု သူအသိဝင်လာမှအဲ့တာကိုရှာတွေ့သွားလို့ ဆန်းကြယ်စွမ်းအားကိုဒီသခင်လေးအတွက်ပြန်ပေးတာများလား”

ရှစ်ဖုန့်စိတ်ထဲမှအလျှင်အမြန်ပျော်ရွှင်သွားသည်။ ထို့နောက် တုန့်ဆိုင်းနေခြင်းမရှိဘဲ သူ၏ကိုယ်ပေါ်မှမွှေးညှင်းပေါက်များအားလုံးကို ဖွင့်ထုတ်လိုက်ပြီး ရွှေရောင်အလင်းတန်းအားစတင်စုပ်ယူတော့သည်။

“အမ်”

ဤအချိန်တွင်လောချင်းချွမ်မှာလည်းသူ့ဘေးရှိရှစ်ဖုန့်အားခံစားမိသည်ဖြစ်သည်။ သူ၏ကိုယ်ပေါ်မှအော်ရာက အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ ရွှေရောင်အလင်းအောက်တွင် တစ်ဟုန်ထိုးမြင့်တက်လာသည်။ ရှစ်ဖုန့်၏ကိုယ်ပေါ်မှ အဖြူရောင်အလင်းတစ်ခုလင်းလက်သွား

သည်ကိုလောချင်းချွမ်မြင်တွေ့လိုက်ရသည်။

“သူ..သူထပ်ပြီးအဆင့်ချိုးဖျက်သွားပြန်ပြီ”

လောချင်းချွမ်အံ့အားသင့်စွာ

ရေရွတ်ပြောလိုက်သည်။

ယနေ့တွင်ရှစ်ဖုန့်ကဝမ်ကူးချိုးနှင့်အောင်လိုင်ရှင်းတို့၏ တပည့်နှစ်ယောက်အားသတ်ဖြတ်ခဲ့ပြီး ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့

အောင်မြင်စွာတက်လှမ်းနိုင်ခဲ့၏။ သို့သော်ယခု နေ့တစ်ဝက်အချိန်ကာလလေးပဲရှိသေးသည် ရှစ်ဖုန့်မှာ တကယ်ကြီးနောက်ထ့ပ်ကြယ်တစ်ပွင့်ချိုးဖျက်တက်လှမ်းသွားပြန်သည်။

“သူက ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်ကနေ ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်ထဲကိုခြေချသွားပြီ.. သူကနေ့တစ်ဝက်တည်းပဲအချိန်ယူခဲ့တာ”

ဤကယ်၍ အခြားသူများသာဤအကြောင်းကိုသိရမည်ဆိုလျှင် ဤအကြောင်းအရာအား အမှန်ဖြစ်သည်ဟု ယုံကြည်ကြမည်မဟုတ်ပေ။ သို့သော် အမှန်တရားက သူတို့၏မျက်လုံးရှေ့မှောက်၌ ဖြစ်ပျက်ခဲ့သည်ဖြစ်သည်.

ဤအချိန်တွင်ရှစ်ဖုန့်၏ကိုယ်က ရုတ်တရက်ထိုးတက်သွားပြီးဟင်းလင်းပြင်ထဲ၌တစ်ယောက်တည်းပျံသန်းလိုက်သည်။

“ဝုန်း”

ဟင်းလင်းပြင်အတွင်းရှစ်ဖုန့်ကပြင်းထန်သောလက်သီးတစ်ချက်ပစ်သွင်းလိုက်ပြီး မိုးခြိမ်းသံကဲ့သို့ပေါက်ကွဲမှုတစ်ခုကို

ထွက်ပေါ်လာစေသည်။

ထိုထက်ပိုသည်ကား လက်သီးချက်ထိမှန်သွားသောနေရာတွင် ဟင်းလင်းပြင်အကွဲကြောင်းတစ်ခုဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။

ရှစ်ဖုန့်၏လက်သီးက ဟင်းလင်းပြင်အားတိုက်ရိုက်ကွဲကြေသွားစေသည်။ သို့သော် ဟင်းလင်းပြင်အကွဲကြောင်းမှာ လျှင်မြန်စွာပိတ်သွားသည်။

“ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်စွမ်းအား”

ရှစ်ဖုန့်က အစောပိုင်းကသူ၏ကာယအင်အားဖြင့် ပစ်လွှတ်လိုက်သောလက်သီးချက်ကို

အာရုံခံကာတီးတိုးရေရွတ်လိုက်သည်။

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ထံမှလာသောဆန်းကြယ်စွမ်းအားက ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်း၌ရှစ်ဖုန့်စုပ်ယူခဲ့သည်ထက်များစွာပိုသန့်စင်ပိုပေါကြွယ်ဝပြီးများစွာခမ်းနားသည်ဖြစ်သည်။ ၎င်းအားဝါးမျိုပြီးနောက် သူ၏သိုင်းနယ်ပယ်ကျင့်ကြံမှုကပါ ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်သို့ဝင်ရောက်ခဲ့သည်သာမက သူ၏ငရဲဘုံကိုးခု ခန္ဓာကလည်း ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်သို့တက်လှမ်းသွားသည်။

“အားကောင်းလိုက်တဲ့စွမ်းအား.. အကိုကြီးရှစ်ဖုန့်က အရမ်းကိုစွမ်းအားကြီးလာတာပဲ”

ဇီယာမှာရှစ်ဖုန့်အားကြည့်၍ အံ့အားသင့်စွာပြောလိုက်သည်။

အစောပိုင်းက ရှစ်ဖုန့်၏လက်သီးချက်၌ကမ္ဘာကြီးအားဖျက်ဆီးပစ်နိုင်လောက်သောစွမ်းအားတို့ပါပုံရသည်ကို သူမအာရုံခံမိသည်ဖြစ်သည်။ အကယ်၍၎င်းသာတောင်တစ်လုံးဆိုလျှင် ၎င်းအား အစိတ်စိတ်အမွှာမွှာကွဲစေလောက်သည်ဖြစ်၏။

“သူရဲ့ကာယခွန်အားက အားကောင်းသန်မာလာပြီ.. အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကတကယ့်ကိုထူးခြားအံ့ဖွယ်ပဲ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှာ နတ်ဘုရားတစ်ပါးဖြစ်လာနိုင်စေတဲ့လျှို့ဝှက်ချက်ရှိတယ်ဆိုတဲ့ ကောလဟာလကိုအံ့ဩတော့ပါဘူး.. အကယ်၍အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကိုရထားတဲ့လူတစ်ယောက်ကသာ ဒီလိုအမြန်နှုန်းမျိုးနဲ့ ဆက်ပြီးကြီးထွားလာခဲ့မယ်ဆိုရင်…”

လောချင်းချွမ်ကရှစ်ဖုန့်၏လက်သီးချက်အားကြည့်၍ အံ့အားသင့်စွာရေရွတ်ပြောလိုက်သည်။ ထို့နောက်သူက အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကိုအံ့အားသင့်စွာကြည့်နေ၏။

သို့သော် လောချင်းချွမ်မှာ ပိုတွေးမိနေခြင်းသာဖြစ်သည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှာ ရှေးကျသောဆရာသမားမျိုးနှင့်တူသည်။ ၎င်းက ထွက်လာချင်သည့်အချိန်မှထွက်လာခြင်းဖြစ်သည်။ အကယ်၍၎င်းသာထွက်မလာချင်လျှင် မည်သူကမျှ၎င်းမည်သည့်နေရာ၌ရှိ

သည်ကိုသိကြမည်မဟုတ်ပေ။ ၎င်းအားရသောလူတစ်ယောက်အတွက် ယင်းကမည်ကဲ့သို့အရမ်းကောင်းမွန်

နိုင်ပါမည်နည်း။

ဤအချိန်တွင်ရှစ်ဖုန့်မှာ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က သူ၏ရွှေရောင်အရည်အားလုံးအား

စုပ်ယူမိသည့်အမှားအတွက် ဆန်းကြယ်သောစွမ်းအားအား

ထုတ်လွှတ်ပေးခြင်းဖြစ်သည်ဟု ယူဆလိုက်သည်။

ထို့နောက်ရှစ်ဖုန့်၏ပုံရိပ်က ရုတ်ခြည်းထပ်မံလှုပ်ရှားသွားပြီး လောချင်းချွမ်နှင့်ဇီယာတို့ဘေးသို့ပြန်လည်ပျံသန်းလာသည်။ ဤအချိန်တွင် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှာ ဤအကြိမ်၌၎င်း၏တာဝန်အားပြီးမြောက်အောင်လုပ်နိုင်သည့်ပုံပေါ်၏။ ၎င်းကရှစ်ဖုန့်ထံသို့လျှင်မြန်စွာပျံသန်းလာပြီး ပျောက်ကွယ်မသွားခင်ရှစ်ဖုန့်၏ရင်ဘက်ထဲသို့ရွှတ်ခနဲဝင်ရောက်သွားသည်။

ရှစ်ဖုန့်မှာ၎င်းအားအာရုံခံဖို့ကြိုးစားခဲ့သော်လည်း ယခင်ကကဲ့သို့ ၎င်းကအတူတူပင်ဖြစ်သည်။ ဤအရာကသူ၏ကိုယ်အတွင်းသို့ဝင်ရောက်သွားပြီးနောက် သူ့အနေဖြင့်၎င်း၏တည်ရှိမှုအားထပ်မံအာရုံခံမိခြင်းမရှိတော့ပေ။

ရှစ်ဖုန့်ကသူ၏ခေါင်းကိုငုံ့လိုက်ပြီး ခေါင်းသုံးလုံးမြွေရှိရာသို့ကြည့်လိုက်သည်။ ရှစ်ဖုန့်၏အတွေးဖြင့် ခေါင်းသုံးလုံးမြွေကလေထဲ၌လှုပ်ရှားလာပြီး သူတို့သုံးဦးထံသို့ပျံသန်းလာသည်။

“သွားစို့.. ကံကြမ္မာမြို့ထဲကိုအရင်ဝင်ရအောင်”

ရှစ်ဖုန့်ကလောချင်းချွမ်နှင့်ဇီယာတို့အားပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ရှစ်ဖုန့်၏ကိုယ်ကဆင်းသက်လိုက်၏။ မျက်စိတစ်မှိတ်အတွင်း သူက အလယ်ရှိ အပြာရောင်မြွေခန္ဓာ၏ဧရာမခေါင်းကြီးပေါ်သို့ ဆင်းသက်လိုက်သည်။

ထို့နောက်ဇီယာနှင့် လောချင်းချွမ်တို့ကလည်းရောက်ရှိလာသည်။ ဇီယာကခရမ်းရောင်မြွေခန္ဓာ၏ဦးခေါင်းပေါ်သို့ဆင်းသက်လိုက်ပြီး လောချင်းချွမ်က အနီရောင်မြွေခန္ဓာ၏ ဦးခေါင်းပေါ်သို့ဆင်းသက်လိုက်သည်။

ထို့နောက် ဧရာမခေါင်းသုံးလုံးမြွေကြီးက

ရုတ်ခြည်းလှုပ်ရှားသွားပြီး ရှစ်ဖုန့်၏အတွေးအတိုင်း ကံကြမ္မာမြို့ရှိရာဦးတည်ချက်ဘက်သို့ တဟုန်ထိုးပျံသန်းသွားသည်။

မကြာခင်တွင်ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့၏ရှေ့၌ စည်ကားသောမြို့တစ်ခုပေါ်လာသည်။

“ဒါကလူသားမျိုးနွယ်တွေရဲ့မြို့ကြီးလား. အရမ်းကြီးတာပဲ.. အရမ်းကို ချမ်းသာဝပြောစည်ပင်လိုက်တာ.ဒီအကြောင်းတွေကို ညီမငယ်ငယ်လေးထဲကအကြီး

အကဲတွေဆီကနေကြားဖူးတယ်…နောက်ဆုံးတော့ဒီနေ့ကိုယ့်မျက်လုံးနဲ့ကိုယ်တိုင်မြင်ရပြီ”

ဇီယာမှာသူမ၏မြင်ကွင်းအတွင်း ကံကြမ္မာမြို့အားမြင်တွေ့ရသောအခါတွင် တုန်လှုပ်အံ့အားသင့်စွာဖြင့် ပြောဆိုနေသည်။

ဤအချိန်တွင် ရှစ်ဖုန့်မှာ ဤကောင်မလေးက အနောက်မြောက်သဲကန္တာရအတွင်းရှိ မြွေလူသားနယ်မြေ၌သာ ကြီးပြင်းခဲ့ရသည်ကို အမှတ်ရသွားသည်။ ယင်းကသူမအတွက် လူသားမျိုးနွယ်၏ မြို့ကြီးတစ်မြို့ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

ထိုထက်ပိုသည်ကား ၎င်းက ကံကြမ္မာမြို့ကဲ့သို့မြို့ကြီးတစ်မြို့ဖြစ်နေခြင်းပင်ဖြစ်သည်။

“သွားစို့..တို့တွေအောက်ဆင်းကြမယ်”

ရှစ်ဖုန့်ကဇီယာကိုပြောလိုက်သည်။ သူစကားပြောပြီးပြီးချင်း ခေါင်းသုံးလုံးမြွေမှာ တစ်ဟုန်ထိုးစတင်ကျုံ့လာသည်။ ၎င်းက လက်ချောင်းတစ်ချောင်းစာအရွယ်

အထိကျုံ့လာသောအခါတွင် အနီ၊အပြာနှင့်ခရမ်းအလင်းအဖြစ်ပြောင်းလဲပြီး ရှစ်ဖုန့်၏လက်သန်းရှိရာနေရာလွတ်

အတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားသည်။

ထို့နောက် ရှစ်ဖုန့်၏ ဦးဆောင်မှုအောက်တွင် သုံးဦးသားအောက်သို့မျောလွင့်ဆင်းကာ ကံကြမ္မာမြို့အတွင်းဆင်းသက်လိုက်သည်။

“ဒီမှာရှိတဲ့အိမ်တွေကမြွေလူသားမျိုးနွယ်ကလိုမျိုးအတူတူပဲကိုး. လူသားမျိုးနွယ်ရဲ့အိမ်တွေကမြွေလူသား

မျိုးနွယ်ထက်အများကြီးပိုပြီးလှတယ်.”

ကံကြမ္မာမြို့အတွင်းဆင်းသက်ပြီးနောက် ဇီယာမှာ ပတ်ဝန်းကျင်ရှိအဆောက်အဦးများအားကြည့်ရှုပြီး ပြောနေဆဲဖြစ်သည်။

စူးစမ်းချင်သောကလေးတစ်ယောက်ကဲ့သို့ တစ်ခုပြီးတစ်ခု အံ့အားသင့်စွာရေရွတ်ပြောနေသည်။

ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က ခပ်ရေးရေးသာပြုံးလိုက်သည်။ ဤကောင်မလေးအတွက် လူသားမျိုးနွယ်၏ မြို့တစ်ခုအားပထမဆုံးအကြိမ် မြင်ဖူးသည့်ဤကဲ့သို့မြင်ကွင်းက သာမန်သာဖြစ်သူည်။

ရှစ်ဖုန့်ကဇီယာအားဘာလုပ်ပါဟု ပြောခြင်းမရှိပေ။ ထိုအစား သူမ၏နှလုံးသားနောက်သို့လိုက်ပါပြီး ပတ်ဝန်းကျင်အားကြည့်ရှုရန်သာပြောခဲ့သည်။

လမ်းမထက်ရှိ လမ်းသွားလမ်းလာများမှာအစကများစွာတွေးတောကြခြင်းမရှိပေ။ သို့သော် လှပသောမိန်းကလေးကိုယ်အောက်ရှိ ခရမ်းရောင်မြွေမြှီးအားသူတို့မြင်

တွေ့သောအခါတွင် ၎င်းတို့ကသူမအားချက်ချင်းပဲ

ထူးဆန်းစွာကြည့်ကြသည်။

မြွေလူသားမျိုးနွယ်၏နုနယ်သောကောင်မလေးဇီယာကတော့ ထိုလူများ၏အကြည့်များကိုသတိမထားမိပေ။ သူမကပတ်ဝန်းကျင်အား ဆက်လက်ကြည့်ရှုပြီး သိချင်စိတ်တို့ဖြင့် အထူးအဆန်းသဖွယ်ဆက်

လက်အံ့အားသင့်စွာပြောဆိုနေသည်။

“အကိုကြီးရှစ်ဖုန့် ညီမ မြွေလူသားမျိုးနွယ်ကိုပြန်ရောက်ပြီးတဲ့အခါကြရင် အကယ်၍များညီမရဲ့ အကြီးဆုံးအမကြီး..ဒုတိယအမနဲ့ အခြားသူတွေကို ညီမလူသားမျိုးနွယ်ရဲ့မြို့ကြီးတစ်ခုထဲကိုဝင်ခဲ့တယ်လို့ပြောပြရင် သူတို့သေချာပေါက်ညီမကို မနာလိုဖြစ်ကြလိမ့်မယ်..”

ဇီယာကရှစ်ဖုန့်ဘက်သို့လှည့်လိုက်ပြီး သူမ၏လှပသောမျက်နှာလေးထက်ရှိ အပြစ်ကင်းသန့်စင်သောအပြုံးတစ်ခုနှင့်အတူ ကြည့်ကာ ပြောလိုက်သည်။

All Chapters