← Chapters

အခန်း (၇၈၅)

Vol. 53 Ch. 785

အခန်း (၇၈၅)

Vol. 53 Ch. 785

“ဝုန်း”

ရှစ်ဖုန့်၏ညာလက်ပေါ်၌ သွေးနီရောင်မီးတောက်တစ်ခု လင်းလက်လာပြီး အဘွားအို၏ကိုယ်အားလောင်ကျွမ်းသွားသည်။

သွေးနီရောင်မီးတောက်များက ရုတ်ခြည်းအဘွားအို၏ ကိုယ်ကိုဝါးမျိုသွားပြီးနောက် ရှစ်ဖုန့်၏လက်အတွင်းသို့ပြန်လည်လှိမ့်ဝင်လာကာ ရှစ်ဖုန့်၏စုပ်ယူခြင်းကိုခံလိုက်ရသည်။

ရှစ်ဖုန့်၏ အဖြူရောင်ပုံရိပ်က မျောလွင့်ဆင်းလာပြီး မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။

“သခင်လေးဖုန့်.. အဲ့လူက ငရဲလုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းက လုပ်ကြံသူတစ်ယောက်ဖြစ်လောက်တယ်.. ကျွန်တော်သာမမှားဘူးဆိုရင် ဒီလူက မြေကမ္ဘာအဆင့်လုပ်ကြံသတ်ဖြတ်သူ လက်ဝါးတစ်ထောင် ယွိလောရှာပဲ”

လောချင်းချွမ်မှာလည်း သူမ၏သိုင်းပညာရပ်မှ အဘွားအို၏မူလဇစ်မြစ်ကိုမြင်နိုင်ခဲ့သည်။

ထို့နောက်လောချင်းချွမ်က အေးစက်စွာပြောလိုက်၏။

“ ဘယ်သူတောင်းစားက သခင်လေးကိုသတ်ဖို့ ငရဲလုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းက လုပ်ကြံသူတစ်ယောက်ကိုငှားခဲ့တာလဲ”

“ဒီသခင်လေးတကယ်မသိဘူး”

ရှစ်ဖုန့်က ခေါင်းခါယမ်းပြီးပြောလိုက်သည်။

“ဒီသခင်လေးကလူတွေအများကြီးကို သတ်ခဲ့ပြီး ဒီသခင်လေးရဲ့အသက်ကိုလိုချင်နေကြတဲ့သူတွေကလည်းအများကြီးပဲ.. ထားလိုက်တော့. ဒီအကြောင်းကိုမတွေးကြစို့.. အကယ်၍ ငရဲလုပ်ကြံသူအဖွဲ့အစည်းကသာ လုပ်ကြံသူတွေကိုပိုပြီး လွှတ်ရဲရင် ဒီသခင်လေးက သူတို့မလာရဲတော့တဲ့အထိ အားလုံကို သတ်ပစ်မယ်”

အဆုံးသတ်သို့ရောက်လာသောအခါတွင် ရှစ်ဖုန့်၏ လေသံက ဖြည်းဖြည်းချင်းအေးစက်မှုအဖြစ်ပြောင်းလဲလာပြီး သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒမှာလည်း ထိတ်လန့်ဖွယ်ကောင်းလာသည်။

ဤအချိန်တွင် ရှစ်ဖုန့်မှာ ကောင်မလေး၏နောင်တရစွာသက်ပြင်း

ချသံကိုကြားလိုက်ရသည်။

“အား.. နှမြောဖို့ကောင်းလိုက်တာ.. နမည်ကြီးသကြားသီးချောင်းတွေအများကြီးက မြေကြီးထဲပြုတ်ကျသွားပြီးအားလုံး ညစ်ပတ်ကုန်ပြီ”

ရှစ်ဖုန့်ကသူ၏ခေါင်းကိုလှည့်လိုက်ပြီး ဘေးရှိဇီယာကိုကြည့်လိုက်သည်။ ဤအချိန်တွင် ဇီယာမှာ သူမ၏ခေါင်းလေးကိုငုံ့ပြီး သူမ၏မျက်လုံးများကလည်းမြေကြီးထဲသို့ပြုတ်ကျသွားသော သကြားသီးချောင်းများပေါ်သို့ကျရောက်နေသည်။

ကောင်မလေး ၏ အသွင်အပြင်အမူအယာအားကြည့်၍ ရှစ်ဖုန့်ကသွားပေါ်အောင်ရယ်လိုက်ပြီး ပြောလိုက်သည်။

“မင်းစားချင်သေးလား”

ရှစ်ဖုန့်၏အသံအားကြားသောအခါတွင် ဇီယာကဖြည်းဖြည်းချင်းခေါင်းကိုမော့လိုက်ပြီး ရှစ်ဖုန့်ကိုကြည့်လိုက်သည်။ ထို့နောက် သူမက ခေါင်းကိုခပ်ပြင်းပြင်းလေးငြိမ့်လိုက်ပြီး ရှစ်ဖုန့်ကို ပြန်ဖြေလိုက်သည်။

“အင်း”

ရှစ်ဖုန့်ကလမ်းမထက်သို့တစ် ချက်ကြည့်လိုက်ပြီးသိပ်ဝေးသောနေရာ၌သကြားသီးချောင်းများကိုရောင်းနေသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထို့နောက်သူကလောချင်းချွမ်ကိုပြောလိုက်၏။

“သွားပြီး သူ့ရဲ့သကြားသီးချောင်းအကုန်လုံးကို

ဝယ်လာခဲ့ပေး”

“အင်း”

လောချင်းချွမ်ကခေါင်းညိမ့်လိုက်သည်။ သူ၏ ဆရာကသူ့အားတောင်းဆိုသည်ဖြစ်သောကြောင့် သူ့အနေဖြင့်ထပ်မံတုန့်ဆိုင်းနေခြင်းမရှိပေ။ သူ၏ပုံရိပ်ကဖျက်ခနဲဖြစ်သွားပြီး လမ်းမထက်ရှိ သကြားသီးချောင်းရောင်းသည်ထံသို့ ဖျက်ခနဲရောက်ရှိသွားသည်။

“မင်းမကြာခင်စားလို့ရတော့မှာပါ”

ရှစ်ဖုန့်က ဇီယာအား လောချင်းချွမ်နှင့်သကြားသီးချောင်းများ

ကိုရောင်းနေသော သက်လတ်ပိုင်းအရွယ်လူရှိရာသို့ ထိုးညွှန်ပြလိုက်သည်။

“ဟီးဟီး.. အကိုကြီးရှစ်ဖုန့်..အကိုကြီးက အကောင်းဆံးပဲ”

ဇီယာကရှစ်ဖုန့်၏စကားများအားကြားပြီးနောက် ချိုသာစွာပြုံးလိုက်သည်။

သိပ်ကြာခင်‌ လောချင်းချွမ်က များပြားလှသော သကြားသီးချောင်းထိုးထံကြီးနှင့်ရောက်ရှိလာသည်။ ဇီယာက တစ်ချောင်းကိုယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်၏။ သူမ၏မျက်လုံးတို့ကအနည်းငယ်ကျဉ်း

မြောင်းသွားပြီး စိတ်လှုပ်ရှားပျော်ရွှင်ယစ်မူးသောပုံစံတစ်ခုကိုပြသလာ၏။

ယခုသူမအားကြည့်လိုက်လျှင် သူမမှာ ရိုးရှင်းစွာ စားကောင်းသောက်ကောင်းတစ်ခုကိုစား

နေခြင်းပင်ဖြစ်သည်။

ထို့နောက်တွင် ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့က ကံကြမ္မာမြို့ရှိနေရာကူးပြောင်းအစီအရင်ရှိရာ

သို့ဆက်သွားလိုက်ကြသည်။

အမည်မသိနေရာတစ်ခုရှိ အမှောင်ထိုထောင့်စွန်းတစ်နေရာတွင် အသံတစ်ခုကပြောလိုက်သည်။

“ပစ်မှတ်ရဲ့သတင်းအချက်အလက်တွေကမှား

နေတယ်. သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ရဲ့အထက်မှာရှိတယ်. ယွိလောရှာသေပြီ.. နောက်ထပ်တို့တွေ အထက်ကလာမဲ့ညွှန်ကြားချက်တွေကိုပဲစောင့်ဆိုင်းရမယ်”

အမှောင်ထုထောင့်စွန်းတစ်နေရာမှအသံက တိတ်ကျသွားသည်။ ထို့နောက်အသံတိုးတစ်ခုထွက်ပေါ်လာသည်။

“ငရဲရဲ့ မြေကမ္ဘာအဆင့် ပါရမီရှင် လုပ်ကြံသတ်ဖြတ်သူအသစ် ယန်ကျုံးကို လွှတ်လိုက်”

“ယန်ကျုံး”

ပထမအသံရှင်မှာ အသံတိုးတိုးအားကြားလိုက်ရသောအခါတွင် အနည်းငယ်အံ့အားသင့်သွားသည်။

‌

မြေကမ္ဘာအဆင့်လုပ်ကြံသတ်ဖြတ်သူအသစ် ပါရမီရှင် ယန်ကျုံးမှာ လွန်ခဲ့သောသုံးလကမှ ငရဲလုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သူကမီးဓာတ်အခြေပြုတိုက်ခိုက်မှု၌တော်ပြီး ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦးဖြစ်သည်။ လွန်ခဲ့သောသုံးရက်က သူ့ထက်ကျင့်ကြံမှုအဆင့်မြင့်အားသော ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦးကို သတ်ဖြတ်ခဲ့သည်ဖြစ်သည်။

“ယန်ကျုံး”

ထိုလူက နမည်ကိုထပ်မံရေရွတ်လိုက်သည်။

ပြင်းထန်စွာလောင်ကျွမ်းနေသော မီးတောက်ပင်လယ်တစ်ခု၏အထက်တွင် အဝတ်မဲ့သောခန္ဓာကိုယ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ငယ်ရွယ်သောမျက်နှာထက်ရှိ မျက်လုံးတို့က ပိတ်ထားပြီး သူ့အနေဖြင့် ကျင့်ကြံခြင်းအခြေအနေတစ်ခုသို့ဝင်ရောက်

နေသည့်ပုံပေါ်သည်။

အကယ်၍ ဂရုတစိုက်သေချာကြည့်မည်ဆိုလျှင် မီးတောက်များက လူငယ်၏ကိုယ်အတွင်းသို့ ရေကဲ့သို့စီးဝင်နေသည်ကို တွေ့ရလိမ်မည်ဖြစ်သည်။

“ဟမ်”

ဤအချိန်တွင် လူငယ်ကရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။ သူ၏မျက်လုံးတို့ကိုဖွင့်ကာ ခေါင်းကိုမော့လိုက်၏။

ထို့နောက်အဝတ်မဲ့ကိုယ်နှင့် လူငယ်မှာ ကောင်းကင်ထက်မှကျဆင်းလာသောအနက်ရောင်ကျောက်ပြားတစ်ခုကိုတွေ့လိုက်ရသည်။ လူငယ်ကသူ၏ညာလက်ဖြင့်လှမ်းဖမ်းလိုက်ပြီး အနက်ရောင်ကျောက်ပြားက သူ၏လက်ဖဝါးပေါ်ကျရောက်လာသည်။

“ငရဲလုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်း”

လူငယ်က အနက်ရောင်ကျောက်ပြားကို ကြည့်လိုက်ပြီး ချက်ချင်းပဲ ၎င်း၏ဇစ်မြစ်ကို သိလိုက်သည်။

ထို့နောက်လူငယ်က အနက်ရောင်ကျောက်ပြားကိုသူ၏မျက်ခုံး

နှစ်ခုကြား၌ထားလိုက်ပြီး အထဲရှိအချက်အလက်များကိုဖတ်ရှုလိုက်၏။

ထို့နောက် အချက်အလက်များအားဖတ်၍ပြီးသွား

သောအခါတွင် သူကရုတ်တရက်သွားပေါ်အောင်ရယ်လိုက်သည်။

“ဘာဖြစ်လို့လဲ ကျုံးအာ.ငရဲအဖွဲ့အစည်းကမင်းကိုဘာလုပ်စေချင်တာလဲ”

ဤအချိန်တွင် လူငယ်၏လည်ပင်း၌ချိတ်ဆွဲထားသော အစိမ်းရောင်ကျောက်ပြားထံမှ ရုတ်တရက်အိုမင်းသောအသံတစ်ခုထွက်ပေါ်လာသည်။

“ဆရာ.ငရဲအဖွဲ့အစည်းမှာ တာဝန်အသစ်တစ်ခုရှိတယ်. ဒါပေမဲ့ ဒီတစ်ကြိမ် အဲ့တာကဘယ်သူလို့ဆရာထင်လဲ”

ယန်ကျံဒးက ပြုံး၍ မေးလိုက်သည်။

“ငါမသိဘူး”

ကျောက်စိမ်းပြားထဲမှအိုမင်းသောအသံက အမှန်အတိုင်းပြောလိုက်သည်။

“ဟားဟား..အဲ့တာရှစ်ဖုန့်ပဲ”

ယန်ကျုံးမှာ ဤနမည်အားပြောသောအခါတွင် သူ၏အသံကရုတ်ခြည်းအေးစက်လာသည်။

“ရှစ်ဖုန့်”

အိုမင်းသောအသံရှင်မှာ ထပ်မံပြောလိုက်ပြီး ယင်း၌ လေးနက်မှုတို့ဖြင့်ပြည့်နှက်နေသည်။

ဤနမည်အားသူကြားသောအခါတွင် ငရဲဘုံကိုးခု ၏ မျိုးဆက်လူငယ်ဖြစ်သောသာလွန်သော

ပါရမီစွမ်းရည်နှင့်လူငယ်ကိုသူတွေးမိလိုက်သည်။

“ဟမ့်”

ယန်ကျုံးက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာထပ်မံပြောလိုက်သည်။

“ငရဲအဖွဲ့အစည်းက ကျွန်တော်ကို သူတို့နဲ့ပူးပေါင်းစေချင်ပြီး သူတို့ကကျွန်တော့်ကို မြေကမ္ဘာအဆင့်မီးတောက် ဖြစ်တဲ့ ငရဲရဲ့အနက်ရောင်မီးတောက်ကိုပေးခဲ့တယ်.. သူတို့အတွက် ကျွန်တော်တို့က လူအချို့ကိုသတ်ပေးရတာက လုပ်သင့်တဲ့အရာပဲ”

“ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့ သူ့ကိုသတ်ရလိမ့်မယ်လို့မမျှော်လင့်ထားမိဘူး. ဟားဟား..ဟားဟားဟားဟား.ရှစ်ဖုန့်. ဒီတစ်ကြိမ်တော့ မင်းရဲ့ခေါင်းကိုယူခွင့်ပြုပါ”

ယန်ကျုံးမှာရယ်မောနေရင်း သူ၏ကိုယ်ဝန်းကျင်၌ လက်သီးဆုပ်အရွယ်ရှိသောမီးတောက်ငါးခုပေါ်လာသည်။ ၎င်းတို့က အနက်၊ အစိမ်း၊အပြာ၊ခရမ်းနှင့်လိမ္မော်ဟူသည့် မတူညီသောအရောင်တို့ကိုအသီးသီးကိုယ်စား

ပြုသည်ဖြစ်သည်။

ဤမီးတောက်ငါးခုက မြေကမ္ဘာအဆင့်မီးတောက်များဖြစ်ကြသည်။ ၎င်းတို့အားလုံးကအဆင့်ကိုး ဧကရာဇ်နယ်ပယ်များဖြစ်ကြ၏။

နှစ်ရက်ကြာပြီးနောက် ရှစ်ဖုန့်နှင့်အခြားသူနှစ်ယောက်မှာ နောက်ဆုံး၌သူတို့၏ပန်းတိုင်သို့ရောက်

ရှိလာသည်။ ယင်းမှာ ပုံမှန်အားဖြင့် စည်းကား နေသောမြို့ဖြစ်သည့် နေဝင်ဆည်းဆာမြို့ပင်ဖြစ်သည်။

နေဝင်ဆည်းဆာမြို့မှာ နေဝင်ဆည်းဆာမြို့၏အရှင်သခင်ဖြစ်သူ လောလုံနှင့်ဆက်နွယ်သည်ဖြစ်သည်။ လောလုံမှာကောလဟာလများအရ ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ဖြစ်သည်။

“နောက်ဆုံးတော့တို့တွေ နေဝင်ဆည်းဆာမြို့ကိုရောက်ပြီ”

လောချင်းချွမ်မှာ နေရာကူးပြောင်းအစီအရင်မှထွက်လာပြီး

နောက်လေးနက်သောအသံဖြင့်ပြောလိုက်ပြီး လူစည်ကားရာ ပြင်ပရှိလမ်းမများထက်သို့ဦးတည်လိုက်သည်။

ထို့နောက်သူကရှစ်ဖုန့်အား ကြည့်၍မေးလိုက်၏။

“သခင်လေးဖုန့် ကျွန်တော်တို့အခုဘာလုပ်သင့်လဲ လောလုံဆီကို တည့်တည့်ပဲသွားမလား”

“အင်း. သူ့ကိုတည့်တည့်ပဲသွားတွေ့ကြတာပေါ့”

ရှစ်ဖုန့်ကပြောလိုက်သည်။

ထို့နောက်ရှစ်ဖုန့်က အေးစက်သောအပြုံးနှင့်ပြောလိုက်၏။

“အလယ်ပိုင်းဒေသကြီးရဲ့ အလင်းနယ်မြေက ကံတရားဧကရာဇ်ဆိုတဲ့ကောင်စုတ်က ဒီသခင်လေး ဒီကမ္ဘာမှာ ပြန်ပြီးမွေးဖွားလာပြီလို့ပြောခဲ့တယ်မလား.. ထျန်းဟန်တိုက်ကြီးပေါ်က လူတော်တော်များများဒီအကြောင်းကို သိပြီးမှာသေချာတယ်”

“တို့တွေလောလုံနဲ့တွေ့တဲ့အခါကြရင် တို့တွေက အနောက်ပိုင်းဒေသကြီးကို ငရဲဘုံကိုးခုဧကရာဇ်ရဲ့ အမိန့်အရသွားမယ်လို့ပြောမယ်.. တို့တွေက လောလုံ ကိစ္စတွေခက်ခဲအောင်လုပ်ရဲမလားဆိုတာ

ကိုကြည့်ကြသေးတာပေါ့”

ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် လောချင်းချွမ်က ရှစ်ဖုန့်အား အဓိပ္ပါယ်ပါပါဖြင့်ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။

“ငရဲဘုံကိုးခု ဧကရာဇ်ရဲ့အမိန့်.ဟားဟား အဲ့လောလုံသေချာပေါက် လုပ်ရဲမှာမဟုတ်ဘူး”

“ဘာကိုငရဲဘုံကိုးခုဧကရာဇ်လဲ. အကိုကြီးတို့ပြောနေတာကို ညီမလုံးဝနားမလည်ဘူး”

မြွေလူသားမျိုးနွယ်မှကောင်မလေးဇီယာမှာ လောချင်းချွမ်နှင့်ရှစ်ဖုန့်တို့ကြားထဲမှ စကားများကိုနားထောင်ရင်းစိတ်ရှုပ်ထွေးနေသည်။ သူတို့ဘာကိုပြောနေသည်ဆိုသည်ကို သူမလုံးဝနားလည်ခြင်းမရှိပေ။

“ဘာမှမဟုတ်ပါဘူး”

ရှစ်ဖုန့်ကအနည်းငယ်ပြောလိုက်ပြီး မြွေလူသားမလေးအား ရိုးရှင်းစွာပင်ပြောလိုက်သည်။

All Chapters