← Chapters

အခန်း (၇၈၆)

Vol. 53 Ch. 786

အခန်း (၇၈၆)

Vol. 53 Ch. 786

“ဘယ်သူက မှ ငရဲဘုံကိုးခု ဧကရာဇ်ရဲ့ အမိန့်ကို မနာခံပဲနေရဲမှာမဟုတ်ဘူး”

ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က သူတို့၏ခေါင်းများကိုမော့လိုက်ပြီး မြင့်မားပြီး တန်ဖိုးကြီးဇိမ်ခံပစ္စည်းများဖြင့်ပြည့်နှက်နေသော နေဝင်ဆည်းဆာမြို့အလယ်ရှိ နန်းတော်ကဲ့သို့ အဆောက်အဦး ကြီးကိုကြည့်လိုက်သည်။ ယင်းမှာ နေဝင်ဆည်းဆာမြို့ အရှင်သခင်ဖြစ်သူ၏ အိမ်တော်ပင်ဖြစ်သည်။

ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က လှုပ်ရှားလိုက်ပြီး နန်းတော်ကဲ့သို့ မြို့အရှင်သခင်အိမ်တော်ထံသို့ ပျံသန်းလိုက်သည်။

“ညီမကိုစောင့်ပါအုံး”

ဇီယာမှာ ရှစ်ဖုန့်အဝေးသို့ပျံသန်းသွားသည်ကို တွေ့လိုက်ရသောအခါတွင် အလျှင်အမြန်လိုက်ပါပြီး သူ့နောက်သို့အမှီလိုက်လိုက်သည်။

မကြာခင်တွင် ရှစ်ဖုန့်နှင့်အခြားသူနှစ်ယောက်တို့မှာ မြို့အရှင်သခင်အိမ်တော်၏ ထိပ်ဖျားသို့ရောက်ရှိလာပြီး ရပ်တန့်လိုက်သည်။ သူတို့က မြို့အရှင်သခင်အိမ်တော်၏ အထက်တွင်ဝင့်ကြွားစွာရပ်လိုက်ပြီး အောက်သို့ငုံ့ကြည့်လိုက်သည်။

“ရဲတင်းလိုက်တာ.. မင်းသို့သုံးယောက်က ဘယ်သူလဲကွ. နေဝင်ဆည်းဆာမြို့ရဲ့ကောင်းကင်ထက်မှာ ဘယ်လိုတောင်ပျံရဲပြီး မြို့အရှင်သခင်ရဲ့အိမ်တော်ထက်မှာရပ်ရဲရတာလဲ”

ဤအချိန်တွင် မြို့အရှင်သခင်၏အိမ်တော်မှ ဒေါသတကြီးအော်သံတစ်ခုထွက်ပေါ်လာသည်။ အောက်ဘက်ရှိမြို့အရှင်သခင်အိမ်တော်မှ သတ်ဖြတ်ခြင်းအော်ရာများစွာ မြင့်တက်ထွက်ပေါ်လာ၏။ ထို့နောက် မြို့အရှင်သခင်အိမ်တော်မှ ရွှေရောင်အလင်းတန်းများစွာ အပေါ်သို့ထိုးတက်လာပြီး မျက်စိတစ်မှိတ်အတွင်း ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့၏ရှေ့၌ရပ်တန့်လိုက်သည်။

ရွှေရောင်အလင်းတို့မှေးမှိန်ပျောက်ကွယ်သွားသောအခါတွင် မျက်နှာများထက်၌လေးနက်သော

အမူအယာများနှင့် ရွှေရောင်ချပ်ဝတ်စစ်သည်များထွက်ပေါ်လာသည်။ ၎င်းတို့စုစုပေါင်းအယောက်

တစ်ရာရှိသည်ဖြစ်သည်။

ဤရွှေရောင်ချပ်ဝတ်စစ်သည်များကြားထဲတွင် သိုင်းနယ်ပယ်အနိမ့်ဆုံးကျင့်ကြံမှုမှာ သူတော်စင်နယ်ပယ်ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူမှာ သူ၏လက်ထဲ၌ရွှေရောင်ဓားတစ်ချောင်း

ကိုကိုင်ထားသော သက်လတ်ပိုင်းအရွယ် ကြယ်ငါးပွင့် မဟာသူတော်စင်နယ်ပယ်ဖြစ်သည်။

ဤအချိန်တွင် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူက သူ၏ရွှေရောင်ဓားအားရှစ်ဖုန့်နှင့်အခြား

သူနှစ်ယောက်ထံသို့ထိုးညွှန်လိုက်သည်။ သူ၏မျက်နှာကအေးစက်နေပြီး သတ်ဖြတ်ခြင်းအော်ရာတို့ဖြင့်ပြည့်နှက်နေသည်။ သူက သူ၏နောက်ရှိရွှေရောင်ချပ်ဝတ်စစ်သည်များကို အော်ပြောလိုက်သည်။

“ဒီမနာခံတတ်တဲ့သူအကုန်လုံးကို ဖမ်းစမ်း”

ဤသုံးယောက်ထဲမှ လူနှစ်ယောက်၏ ကျင့်ကြံမှုနယ်ပယ်ကို သူဖောက်မြင်နိုင်ခြင်းမရှိသော်လည်း ၎င်းတို့က သူ၏အထက်၌ရှိမည်မှာသေချာသည်ဖြစ်သည်။

သို့သော်ထိုသို့ဖြစ်တော့ရောဘာဖြစ်သေးသနည်း။ ဤသည်ကား နေဝင်ဆည်းဆာမြို့ဖြစ်သည်။ ဤနေရာ၌မြို့အရှင်သခင်ဖြစ်သူအား သစ္စာစောင့်သိသော ကျွမ်းကျင်သူများစွာ ရှိနေသည်ဖြစ်၏။ ဘယ်လိုဖြစ်ပြီး၎င်းတို့က မိမိကိုယ်ကိုယ်စိတ်ကြီးဝင်ကာ ဆန့်ကျင်အတိုက်အခံပြုရဲပါသနည်း။

အကယ်၍ ၎င်းတို့သာပြန်တိုက်ခိုက်ရဲလျှင် ၎င်းတို့အနေဖြင့် အရမ်းအရမ်းကို ဆိုးဆိုးရွားရွားဖြင့်သာသေဆုံးရလိမ့်မည်ဖြစ်သည်။

“မဟုတ်သေးဘူး.ဒါကလူသုံးယောက်မဟုတ်ဘူးပဲ.. သူတို့ကြားထဲက လှပတဲ့အမျိုးသမီးက တကယ်တမ်းတော့ မြွေလူသားမျိုးနွယ်က အမျိုးသမီးတစ်ယောက်ပဲ”

“မြွေလူသားမျိုးနွယ်ကအမျိုးသမီးတစ်ယောက်”

သက်လတ်ပိုင်းအရွယ်ရွှေရောင်စစ်သည်မှာ မြွေလူသားမျိုးနွယ်မှလှပသောကောင်မလေးဖြစ်သူဇီယာအားကြည့်လိုက်ပြီး သူ၏နှလုံးသားထဲ၌ ထူးဆန်းသောခံစားချက်တစ်ခုမြင့်တက်လာသည်။

“ဟုတ်ကဲ့”

ရွှေရောင်ချပ်ဝတ်ကျင့်ကြံသူ၏ အမိန့်အားကြားလိုက်ရသောအခါတွင် ဒါဇင်နှင့်ချီသော ရွှေရောင်ချပ်ဝတ်စစ်သည်များမှာ ပြိုင်တူတုန့်ပြန်လိုက်ကြသည်။ ထို့နောက် ၎င်းတို့က လူသုံးဦးထံသို့တစ်ဟုန်ထိုးဝင်ရောက်လိုက်ကြ၏။ ရှေ့ဆုံးရှိ ရွှေရောင်ချပ်ဝတ်စစ်သည်သုံးဦး၏ လက်ထဲတွင် ရွှေရောင်ချိန်းကြိုးသုံခုပေါ်လာသည်။

ကြည့်ရသည်မှာ၎င်းတို့အနေဖြင့် ယောက်ျားနှစ်ယောက်နှင့် မြွေလူသားမိန်းကလေးတစ်ဦးတို့အား ရွှေရောင်ချိန်းကြိုးများဖြင့်ချည်နှောင်

လိုဟန်ရှိသည်။

“စိတ်ကြီးဝင်လွန်းလိုက်တာ..လောလုံရဲ့ ငယ်သားတွေအားလုံးကအရမ်ကိုရဲတင်းနေပါလား”

ဤအချိန်တွင် လောချင်းချွမ်က ရှေ့သို့ထွက်လာပြီး သူ့ရှေ့ရှိရွှေရောင်ချပ်ဝတ်စစ်သည်များအား ခက်ထန်စွာအော်ငေါက်လိုက်သည်။ ရုတ်ခြည်းသူ၏လက်ဝါးအားရှေ့သို့ရိုက်ထုတ်လိုက်၏။ လောချင်းချွမ်၏လက်ဝါးရှေ့တွင် များစွာသော အဖြူရောင်လက်ဝါးရိပ်များကရုတ်ခြည်းပေါ်လာသည်။ ထို့နောက်၎င်းတို့က မုန်တိုင်းတစ်ခုကဲ့သို့ရှေ့သို့ ဝင်ရောက်သွားသည်။

“အား..အား..အား.အား..အား”

ရှေ့သို့ တက်လာသော ဒါဇင်နှင့်ချီသည့် ရွှေရောင်ချပ်ဝတ်စစ်သည်များအားလုံးအား အဖြူရောင်လက်ဝါးရိပ်တို့ကထိမှန်သွားသည်။ ဟင်းလင်းပြင်ထဲတွင်နာကျင်စွာဖြင့်အော်ဟစ်သောအသံများထွက်ပေါ်လာသည်။

ထို့နောက်ဒါဇင်နှင့်ချီသော ရွှေရောင်ချပ်ဝတ်စစ်သည်များမှာ အဖြူရောင်လက်ဝါးရိပ်များ၏ ရိုက်ခြင်းကိုခံလိုက်ရပြီး အတောင်ကျိုးသွားသောငှက်များကဲ့သို့ ဖြစ်ကုန်သည်။

“ဟမ့်”

ဤလူများအားဖြတ်ရိုက်ပြီးသည့်နောက် လောချင်းချွမ်က အေးစက်စွာနှာမှုတ်လိုက်သည်။ သူ၏လက်တို့အားနောက်ပစ်ထားလိုက်ပြီး သူ၏ရှေ့ရှိရွှေရောင်ချပ်ဝတ်စစ်သည်အား အေးစက်စွာကြည့်လိုက်၏။

လောချင်းချွမ်က အေးစက်စွာပြောလိုက်သည်။

“လောလုံကိုပြောလိုက် ဒီနေရာကိုထွက်လာခဲ့လို့”

“ဟမ်”

ရွှေရောင်ချပ်ဝတ်စစ်သည်မှာထိုလူ၏စကား

တို့အားကြားလိုက်ရသောအခါတွင် သူ၏မျက်မှောင်ကြုတ်လိုက်သည်။ ဤလူကတကယ်ပဲအရမ်းကိုမောက်မာပြီး မြို့အရှင်သခင်အားထွက်လာရန်တိုက်ရိုက်ပြောရဲသည်။

ဤလူ၌တကယ်ပဲကြီးမားသည့်နောက်တစ်ခုရှိနေသည်များဖြစ်နိုင်သည်လော။ ထိုသို့သာမဟုတ်ပါက ဘယ်လိုဖြစ်ပြီး ၎င်းတို့အနေဖြင့်အရမ်းမောက်မာမာန်တက်

နေပါမည်နည်း။

“သူတို့က ပိုင်ကျန်းမင်းဆက်ကများဖြစ်နေနိုင်မလား”

ပိုင်ကျန်းမင်းဆက်။ နေဝင်ဆည်းဆာမြို့မှာ အပေါ်ယံမျက်နှာပြင်တွင် ပိုင်ကျန်းမင်းဆက်၏မြို့တစ်မြို့ဖြစ်ပြီး မြောက်ပိုင်းဒေသကြီးအတွင်း၌ရပ်တည်နေသောမြို့များထဲမှတစ်မြို့ဖြစ်သော်လည်း တစ်သီးတစ်ခြားလွတ်လပ်စွာဖြစ်နေသည်မှာ

ကြာပြီဖြစ်ပြီး ပိုင်ကျန်းမင်းဆက်၏အမိန့်များအား

ထပ်မံနားထောင်ခြင်းမရှိတော့ပေ။

“မင်းတို့ကဘယ်သူတွေလဲ”

ခဏမျှကြာအောင်စဉ်းစားပြီးနောက် ရွှေရောင်ချပ်ဝတ်စစ်သည်က ထပ်မံအော်ပြောလိုက်သည်။ အခြားတစ်ဖက်သူ၏ သရုပ်မှန်အားအရင်ဆုံးဆွဲထုတ်ခြင်းက ပိုကောင်းသည်ဟုသူခံစားရ၏။

၎င်းတို့ကပိုင်ကျန်းမင်းဆက်မှဖြစ်စေ သို့မဟုတ် အခြားသောအင်အားစုများမှဖြစ်စေ နေဝင်ဆည်းဆာမြို့အရှင်သခင်အား

တိုက်ရိုက်ထွက်လာရန်ပြောရသည့်၎င်းတို့၌ သေချာပေါက်ကြီးမားသည့်နောက်ခံတစ်ခုရှိရမည်သာဖြစ်သည်။

၎င်းတို့က နေဝင်ဆည်းဆာမြို့သို့ သေဖို့ရောက်လာသည့် စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်နေသောအရူးများမှလွဲ၍ဖြစ်သည်။

“မင်းမှာ ငါတို့ဘယ်သူလဲဆိုတာကိုသိပိုင်ခွင့်မရှိဘူး. လောလုံကို နာရီဝက်အတွင်းထွက်လာဖို့ပြေလိုက်. မဟုတ်ရင် နေဝင်ဆည်းဆာမြို့ထပ်ပြီးရှိနေဖို့မ

လိုအပ်တော့ဘူး”

လောချင်းချွမ်ကထပ်မံအေးစက်စွာ

ပြောလိုက်သည်။

သူလိုချင်သည်က အတ္တဆန်ဆန်အရမ်းကိုမောက်မာခြင်းဖြစ်သည်။ ဤသည်ကားက လောလုံအား ငရဲဘုံကိုးခု ဧကရာဇ်ပြန်လာခြင်းကိုပြသနိုင်သည့်တစ်ခုတည်းသောအရာဖြစ်သည်။ ထိုထက်ပိုသည်ကားယင်းမှာ အသန်မာဆုံးသောပုဂ္ဂိုလ်ဖြစ်သည့် ငရဲဘုံကိုးခု ဧကရာဇ် ပြန်လာခြင်းကို ပြသခြင်းပင်ဖြစ်သည်။

“ရိုင်းစိုင်းလိုက်တာ”

“မောက်မာလိုက်တာ. မင်းတို့ကအရမ်းမောက်မာပြီး ဥပဒေမဲ့နေတာပဲ. မင်းတို့မျက်လုံးထဲမှ နေဝင်ဆည်းဆာမြို့ကိုထည့်မထားဘူးလား. ဒါက နေဝင်ဆည်းဆာမြို့ကိုဆန့်ကျင့်ဖို့စစ်ကြေညာတာလား”

“စစ်ကြေညာတာ. နေဝင်ဆည်းဆာမြို့က စစ်ပွဲတစ်ခုမဖြစ်တာ အချိန်တော်တော်ကြာပြီဆိုပေမဲ့ နေဝင်ဆည်းဆာမြို့က ဘယ်သူ့ကိုမှမကြောက်ဘူးကွ”

“ဒီလို ကိုယ့်ကိုယ်ကိုယ်စိတ်ကြီးဝင်ပြီး ရဲရဲတင်းတင်းပြောတဲ့အတွက် ဒီလူသေရမယ်”

လောချင်းချွမ်၏ စကားများက ရွှေရောင်ချပ်ဝတ်စစ်သည်များ၏ တိုက်ခိုက်ခြင်းစိတ်ဝိညာဉ်ကို ရုတ်ခြည်းမြင့်တက်လာစေပြီး ၎င်းတို့၏ကိုယ်များမှ သတ်ဖြတ်ခြင်းအော်ရာများကလည်းရုတ်ခြည်းမြင့်တက်လာသည်။

လောချင်းချွမ်၏ မောက်မာသောစကားများအားကြားပြီးနောက် ဤရွှေရောင်ချပ်ဝတ်စစ်သည်များ၌နှစ်ပေါင်းများစွာငုတ်လျှိုးနေသောတိုက်ခိုက်ရေးစိတ်ဝိညာဉ်များကနိုးထလာပြီးဖြစ်သည်။၎င်းတို့ထဲကအများစုက စိတ်လှုပ်ရှားမှုများဖြင့်တုန်ယင်နေကြသည်။

အကယ်၍ ၎င်းတို့ကိုသာလုပ်ခွင့်အမိန့်ပေးခဲ့လျှင် ၎င်းတို့အနေဖြင့် လောချင်းချွမ်ထံသို့ ဦးတည်သွားပြီးဖြစ်သည်။

“တိတ်စမ်း”

ဤအချိန်တွင် သက်လတ်ပိုင်းအရွယ်ရွှေရောင်ချပ်ဝတ်စစ်သည်က သူ၏လက်ကိုဝေ့ယမ်းကာအော်ပြောလိုက်သည်။

သူ၏အော်သံအားကြားလိုက်ရသောအခါတွင် ရွှေရောင်ချပ်ဝတ်စစ်သည်များမှာကို့ရိုး

ကားယားဖြစ်ကုန်သည်။ သို့သော် ၎င်းတို့၏တိုက်ပွဲစိတ်ဆန္ဒ၊သတ်ဖြတ်ခြင်း

စိတ်ဆန္ဒနှင့် ရက်စက်သောနှလုံးသားတို့ကိုတော့

ရုတ်သိမ်းခြင်းမပြုပေ။

ရွှေရောင်ချပ်ဝတ်စစ်သည်၌ လေးနက်သောမျက်နှာထားရှိနေပြီး မောက်မာသော လောချင်းချွမ်အားစိုက်ကြည့်နေသည်။ သူကဤလူအားဖောက်ထွင်းမြင်လို့သဖြင် ခြုံငုံကာကြည့်နေသည်။

“ဒီလူဘယ်နေရာကနေလာတာလဲ.. ဘယ်လိုဖြစ်ပြီးဒီလိုမောက်မာတဲ့စကားတွေကိုပြောရဲတာလဲ”

အဆုံးသတ်တွင် ရွှေရောင်ချပ်ဝတ်စစ်သည်က ဤကိစ္စအား မြို့အရှင်သခင်ထံသို့တင်ပြပြီး ၎င်းကိုယ်တိုင်ဆုံးဖြတ်စေရန် စိတ်ပိုင်းဖြတ်လိုက်သည်။

ထို့နောက်ရွှေရောင်ချပ်ဝတ်စစ်သည်က လောချင်းချွမ်အားကြည့်လိုက်ပြီး ပြောလိုက်၏။

“မင်းတို့အားလုံးဒီမှာခဏစောင့်နေ.. ငါမြို့အရှင်သခင်ကို တင်ပြဖို့ တစ်ယောက်ယောက်လွှတ်လိုက်မယ်”

ခဏမျှစဉ်းစားပြီးနောက် ရွှေရောင်ချပ်ဝတ်စစ်သည်ကပြောလိုက်သည်။

“ငါကိုယ်တိုင်ပဲ မြို့အရှင်သခင်ကိုသွားပြီး တင်ပြလိုက်မယ်”

ရွှေရောင်ချပ်ဝတ်စစ်သည်မှာဤကိစ္စက လွန်စွာအရေးကြီးသော ကိစ္စတစ်ခုအဖြစ်ခံစားရသည်။သူကိုယ်တိုင်သွားပြီး ဤလူနှင့်သူ၏ စကားများအား မြို့အရှင်သခင်ထံအသေးစိတ်တိတိ

ကျကျတင်ပြခြင်းက ပိုကောင်းသည်ဖြစ်သည်။

ထို့နောက်ရွှေရောင်ချပ်ဝတ်စစ်သည်က လှည့်လိုက်ပြီး သူ၏နောက်မှ ရွှေရောင်ချပ်ဝတ်စစ်သည်များကိုပြောလိုက်သည်။

“မင်းတို့တွေအမိန့်မရပဲ ဘာမှမလုပ်ကြနဲ့ မဟုတ်ရင် မင်းတို့တွေစစ်ဥပဒေအတိုင်းအရေးယူခံရမယ်”

“ဟုတ်”

“ဟုတ်”

ခေါင်းဆောင်ဖြစ်သူ၏ ဤကဲ့သို့စကားများအားကြားပြီးနောက် ရွှေရောင်ချပ်ဝတ်စစ်သည်များမှာ တစ်ယောက်ပြီးတစ်ယောက်တုန့်ပြန်လိုက်ကြ

သည်။ ဤအချိန်တွင် သက်လတ်ပိုင်းအရွယ်ရွှေရောင်ချပ်ဝတ်စစ်

သည်ကအနည်းငယ်ခေါင်းညိမ့်လိုက်ပြီး အောက်ဘက်ရှိမြို့အရှင်သခင်အိမ်တော်သို့

ဆင်းသက်လိုက်သည်။

All Chapters