← Chapters

အခန်း (၇၈၇)

Vol. 53 Ch. 787

အခန်း (၇၈၇)

Vol. 53 Ch. 787

ရွှေရောင်ချပ်ဝတ်စစ်သည်ထွက်ခွာသွား

ပြီးသည့်နောက် ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့က လေထဲ၌ ဝင့်ကြွားစွာဆက်လက်ရပ်နေပြီး စောင့်ဆိုင်းနေသည်။

၎င်းတို့ရှေ့၌ရှိနေသော ရာနှင့်ချီသည့် ရွှေရောင်ချပ်ဝတ်စစ်သည်များကလည်း ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့အား ဖော်ရွှေမှုမရှိသောမျက်နှာများဖြင့်ကြည့်

နေကြသည်။ သို့သော်၎င်းတို့အားလုံးက စစ်မြေပြင်၌ဝါရင့်သောသူများဖြစ်ကြပြီး ၎င်းတို့အားလုံးက အမိန့်ကိုနာခံတတ်ကြသည်ဖြစ်သည်။

မြို့အရှင်သခင်ရောက်ရှိလာသောအခါ၌ ၎င်းအနေဖြင့် သူတို့အားဦးဆောင်ပြီး သူတို့ရှေ့ရှိလူသုံးဦးအားသတ်ကာ နေဝင်ဆည်းဆာမြို့က မည်သည့်စွမ်းအား သို့မဟုတ် မည်သည့်အင်အားစုကိုမှ နှိမ့်ချကြည့်ရှုခွင့်မပြုသည်ကို သိစေမည်ဟု တကယ်မျှော်လင့်မိကြသည်။

မြို့အရှင်သခင်အိမ်တော်၏ ညီလာခံခန်းမဆောင်က အဆင့်အတန်းမြင့်မားပြီးခမ်းနားသည်ဖြစ်သည်။ ၎င်းမှာ ဧကရာဇ်တစ်ပါး၏ရာဇပလ္လင်အခန်း

ကဲ့သို့ပင်ဖြစ်သည်။

နေဝင်ဆည်းဆာမြို့အရှင်သခင်လောလုံမှာ ချီလင်ရွှေရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားပြီး ရွှေရောင်ချီလင်ပလ္လင်တစ်ခုထက်တွင် ထိုင်နေသည်။ သူ၏မျက်နှာက ဧကရာဇ်တစ်ပါးကဲ့သို့ထည်ဝါကာ သူက ဘေးတစ်ဖက်တစ်ချပ်ဆီ၌ ရပ်နေကြသော နေဝင်ဆည်းဆာမြို့၏ အရာရှိများကို ငုံ့ကြည့်နေသည်။

နေဝင်ဆည်းဆာမြို့၏အရှင်သခင်ဖြစ်

သူလောလုံမှာ နေဝင်ဆည်းဆာမြို့အတွင်း၌ ဧကရာဇ်တစ်ပါးနှင့်မခြားပေ။

သို့သော် လောလုံအနေဖြင့် သူ့ကိုယ်သူ ဧကရာဇ်တစ်ပါးဟုတော့မခေါ်ရဲပေ.

ပိုင်ကျန်းမင်းဆက်၏ကံတရားက မပြီးဆုံးသေးပေ။ မြောက်ပိုင်းဒေသကြီးအတွင်း ပိုင်ကျန်းမင်းဆက်တည်ရှိနေသေးသ၍ မည်သည့်ဂိုဏ်းမည်သည့်အဖွဲ့အစည်းကမှ သူတို့ကိုယ်သူတို့ ဧကရာဇ်မင်းတစ်ပါးအဖြစ် အမည်တပ်ရဲမည်မဟုတ်ပေ။ ထိုသို့မဟုတ်ပါက များစွာသော လက်အောက်ခံများ၏တိုက်ခိုက်မှုကိုသူ

တို့သေချာပေါက်ခံရလိမ့်မည်ဖြစ်သည်။

ယနေ့တွင်လောလုံက ပုံမှန်ကျင်းပမြဲနံနက်ခင်းညီလာခံသဘင်

ကိုကျင်းပနေပြီး သူ့အောက်ဘက်ရှိ အမှုထမ်းအရာအရှိများ ၏ တင်ပြချက်များကိုနားထောင်နေသည်။

“တင်ပြခွင့်ပြုပါ”

ဤအချိန်တွင် ခန်းမအပြင်ဘက်မှ အမောတကော အော်သံတစ်ခုထွက်ပေါ်လာသည်။

“ဟမ်”

အမောတကောအော်သံအားကြားလိုက်ရသောအခါတွင် လောလုံ မျက်မှောင်ကြုတ်သွားသည်။ သူ၏နဂါးကဲ့သိုမျက်နှာက အနည်းငယ်ဒေါသထွက်သွားပြီး အေးစက်စွာအော်ပြောလိုက်သည်။

“ဘယ်ကောင်ကအော်နေတာလဲ.. ဘာဖြစ်တာလဲ မင်းဘာလို့ အရမ်းထိတ်ထိတ်ပျာပျာဖြစ်နေတာလဲ”

ဤအချိန်တွင် ခန်းမအတွင်းရှိ မှူးမတ်များ စစ်မှုထမ်းများက ခန်းမအပြင်ဘက်သို့ကြည့်လိုက်သည်။

ထိုအချိန်တွင်ရွှေရောင်ပုံရိပ်တစ်ခုက ပျံသန်းဝင်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူက ညီလာခံခန်းမထဲသို့ရောက်ရှိလာသည်။ သူက လောလုံအား မျက်နှာချင်းဆိုင်ပြီး ဒူးထောက်ချလိုက်သည်။ သူက လေးနက်သောအသံဖြင့် အော်ပြောလိုက်သည်။

“ အရှင်.. မြို့အရှင်သခင်ရဲ့အိမ်တော်ထဲကိုမောက်မာ

တဲ့လူအချို့ဝင်လာပါတယ်. သူတို့က အရှင့်ကို အရင်ဆုံးတွေ့ချင်နေပါတယ်”

၎င်းမှာ သက်လတ်ပိုင်းအရွယ်ရွှေရောင်ချပ်ဝတ်စစ်သည်ပင်ဖြစ်သည်။

“သူတို့ကဘယ်သူတွေလဲ”

လောလုံကအေးစက်စွာမေးလိုက်သည်။

“ကျွန်တော်မျိုးမသိပါဘူး သူပြောတာက ကျွန်တော်မျိုးကသူတို့ရဲ့နမည်တွေကိုသိပိုင်ခွင့်မရှိဘဲ အရှင်ကိုယ်တိုင်လာတွေ့တာကိုသူတို့လိုချင်နေပါတယ်.. ပြီးတော့လည်းသူတို့ကပြောပါသေးတယ်.. အကယ်၍အရှင်သာလာမတွေ့ရင်.. အကယ်၍ အရှင်သာလာမတွေ့ခဲ့ရင်..”

ဤအချိန်တွင် စစ်သည်မှာ စတင်ထစ်ငေါ့လာသည်။

ဤအရာအားမြင်သောအခါတွင်လောလုံမှာပို၍ စိတ်မရှည်ဖြစ်လာသည်။ သူကအေးစက်စွာအော်ပြောလိုက်သည်။

“အကယ်၍ ငါသူတို့ကိုမတွေ့ရင်ဘာဖြစ်လဲ.. မင်းဘာလို့ အဲ့အတွက်နဲ့ကယောင်ချောက်ချားဖြစ်နေတာလဲ..ပြောစမ်းငါ့ကို”

“အဲ့လူကပြောပါတယ်.အကယ်၍ အရှင်သာ နာရီဝက်အတွင်းပေါ်မလာခဲ့ရင် ကျွန်တော်မျိုးတို့ရဲ့နေဝင်ဆည်းဆာမြို့

ထပ်ပြီးရှိနေစရာမလိုတော့ပါဘူးတဲ့”

“ဘာ”

“ဘာ”

“ဘာ”

ညီလာခံသဘင်ခန်းမအတွင်းတွင် လွန်စွာတုန်လှုပ်အံ့အားသင့်သော အာမေဋိတ်သံများနှင့် ဒေါသတကြီးအော်သံများထွက်ပေါ်လာသည်။

“အဲ့တာဘယ်သူလဲ.. ဘယ်သူကအဲ့လောက်အရမ်းမောက်မာနေတာလဲ.. သူတို့ကို သတ်ပစ်ဖို့အတွက်ငါ့ကိုစောင့်နေစမ်း”

ညီလာခံသဘင်ခန်းမအတွင်းမှ ဒေါသတကြီး ပေါက်ကွဲအော်ဟစ်သံတစ်ခုထွက်လာသည်။

ဤလူမှာ ရှေ့ဆုံး၌ရပ်နေသော နေဝင်ဆည်းဆာမြို့၏ စစ်သူကြီး ဝေ့ကျန်းယွမ်ပင်ဖြစ်သည်။ ကောလဟာလများအရ ဝေ့ကျန်းယွမ်မှာ နေဝင်ဆည်းဆာမြို့၌ ဒုတိယအသန်မာဆုံးသူဖြစ်သည်.

သူ၏ သိုင်းတာအို ကျင့်ကြံမှုနယ်ပယ်က ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေပြီဖြစ်၏။

“ငါတို့တွေ့ဒီလူတွေကို အပေါင်အလတ်ဖျက်ပြီး သူတို့ရဲ့အလောင်းတွေကိုမြို့တံတိုင်းမှာ

ချိတ်ဆွဲထားရမယ်”

ရုတ်ခြည်းညီလာခံသဘင်ခန်းမအတွင်း ကြမ်းကြုတ်ခက်ထန်သောအော်သံလှိုင်းများထွက်ပေါ်လာသည်။

စစ်သူကြီးထံမှစကားအားကြားလိုက်ရသောအခါတွင် ၎င်းတို့အားလုံး စိတ်လှုပ်ရှားတက်ကြွသွားကြသည်။ နေဝင်ဆည်းဆာမြို့အတွင်း၌မည်သူကမှ ဤကဲ့သို့ သောကိစ္စတစ်ခုကို မလုပ်ခဲ့ဘူးပေ။

“ကောင်းတယ်..အရမ်းကောင်းတယ်”

ဤအချိန်တွင် ချီလင်ပလ္လင်ပေါ်၌ ထိုင်နေသော လောလုံကလည်းသရော်ပြုံးပြုံးပြီး အေးစက်စွာပြောလိုက်သည်။

“ငါ့ရဲ့နေဝင်ဆည်းဆာမြို့ကို ထပ်ပြီးရှိနေစရာမလိုဘူးလို့ ပြောတာဘယ်သူတွေလဲဆိုတာကို ငါကြည့်ချင်သေးတယ်”

စကားပြောနေရင်း လောလုံ၏ပုံရိပ်က ရုတ်ခြည်း သူ၏ပလ္လင်ထက်မှထရပ်လိုက်သည်။ သူ၏နောက်ရှိရွှေရောင်ချီလင်တစ်ကောင်ပုံရေးထိုးထားသော အနီရောင်ဝတ်ရုံက လေမတိုက်ပါဘဲ တဖျပ်ဖျပ်လူးလွန့်နေ၏။

“တိုက်”

“တိုက်”

“တိုက်”

“တိုက်”

ရုတ်ခြည်း ညီလာခံသဘင်ခန်းမတစ်ခုလုံး၌ အော်ဟစ်သံများ၊တိုက်ပွဲစိတ်ဆန္ဒများ၊

သတ်ဖြင်းခြင်းစိတ်ဆန္ဒများဖြင့်ပြည့်နှက်သွားသည်။

ထို့နောက်ချက်ချင်း လောလုံ၏ကိုယ်မှ မျက်စိကျိန်းလောက်စရာကောင်းသောရွှေရောင်အလင်းတစ်ခုထွက်ပေါ်လာသည်။လူအုပ်ကြီး

ကသူ့အားကြည့်လိုက်သောအခါတွင်ယင်းမှာ သူ့အနေဖြင့် ရွှေရောင်နဂါးတစ်ကောင်အဖြစ်ပြောင်း

လဲသွားသကဲ့သို့ပင်ဖြစ်သည်။ သူက ညီလာခံသဘင်ခန်း၏ခေါင်မိုးအား တိုက်ရိုက်ပင် ချိုးဖောက်ကာ ထိုးတက်သွားသည်။ ညီလာခံခန်းမတစ်ခုလုံး ပြင်းထန်သောတုန်ခါမှုတိုနှင့်စတင်

လှုပ်ခါလာသည်။

လောလုံက ရှေ့ကချီတက်သွားသည်ကိုတွေ့ရသောအခါတွင် တော်ဝင်ကောင်စီ၏ အမှုထမ်းများနှင့်စစ်ဘက်ဆိုင်ရာအရာ

ရှိများကလည်း သူ၏နောက်မှလိုက်ပါလာကြသည်။ ၎င်းတို့အားလုံးကအလင်းတန်းများအဖြစ်သို့ပြောင်းလဲသွားပြီး ချီတက်လာကြသည်။

မြို့အရှင်သခင်၏ အိမ်တော်အထက်တွင် ရှစ်ဖုန့်နှင့်အခြားသူနှစ်ယောက်တို့က လေထဲ၌ဝင့်ကြွားစွာရပ်နေဆဲဖြစ်သည်။ဤအချိန်တွင် သူတို့အနေဖြင့် မြို့အရှင်အိမ်တော်အထက်သို့တလိပ်လိပ်ထိုးတက်လာသော တိုက်ပွဲစိတ်ဆန္ဒနှင့် စွမ်းအားကြီးအော်ရာများကို အာရုံခံမိပြီးဖြစ်သည်။

“လောလုံ ဒေါသထွက်နေတဲ့ပုံပဲ”

လောချင်းချွမ်က အောက်ဘက်ရှိ တုန်ခါနေသော မြို့အရှင်အိမ်တော်ကို ငုံ့ကြည်၍ ရှစ်ဖုန့်အားသရော်ပြောပြောလိုက်သည်။

ရှစ်ဖုန်ကလည်းမြို့အရှင်သခင်အိမ်တော်ထံသို ငုံ့ကြည့်နေသည်။ အားအကောင်းဆုံးအော်ရာက အပေါ်သို့ထိုးတက်လာသည်ကို အာရုံခံမိပြီး သူကပြောလိုက်သည်။

“သူ့ကိုနောက်ဆုံးတစ်ခေါက်တွေ့ခဲ့ရတာတောင် နှစ်တွေတော်တော်လေးကြာခဲ့ပြီ.ဒီငတိက ကြယ်ရှစ်ပွင့် ဧကရာဇ်နယ်ပယ်အထွတ်အထိပ်ကိုတောင်ရောက်ရှိနေပြီပဲ.. သူက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်

ယောက်ဖြစ်လာဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်”

“ခြေတစ်လှမ်းစာသာဆိုပေမဲ့.. ကွာခြားချက်ကတော့ မိုးကောင်းကင်နဲ့မြေကြီးလိုပါပဲ”

လောချင်းချွမ်က ခံစားချက်များဖြင့်သက်ပြင်းချလိုက်သည်။ သူက ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်နှင့် ကြယ်ကိုပွင့်ဧကရာဇ်နယ်ပယ်ကြားက ကွာခြားချက်ကို လုံးဝကိုယ်တိုင်မခံစားဖူးသော်လည်း သူ့ဘေးမှလူထံမှတော့မြင်တွေ့ဖူးသည်ဖြစ်သည်။

ထိုအချိန်တုံးက ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်ရှစ်ယောက်နှင့် ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်တို့ကသူ့အားစိန်ခေါ်ခဲ့သည်။ အဆုံးသတ်တွင် ဤလူကိုးယောက်လုံး သူ၏ ထိတ်လန့်ဖွယ်ကောင်းသော ခွန်အား စွမ်းပကားအောက်၌ သေသွားကြရသည်ဖြစ်သည်။

“ဘန်း”

ကျယ်လောင်သောပေါက်ကွဲသံတစ်ခုနှင့်အတူ မြို့အရှင်သခင်အိမ်တော်၏ ခေါင်မိုးမှ ဒေါသမာန်ဟုန်ပေါက်ကွဲနေသော စွမ်းအား၏အောက်တွင် အစိတ်စိတ်အမွှာမွှာလွင့်စင်ထွက်ကုန်သည်။

ထို့နောက်လိုက်ပါ၍ လေထဲ၌ပြည့်နှက်နေသော အခိုးအငွေ့များဖုန်မှုန့်များကြားထဲမှ မျက်စိတ်ကျိန်းလောက်စရာကောင်းသောရွှေရောင်နဂါးတစ်ကောင်က တစ်ဟုန်ထိုးထွက်ပေါ်လာသည်။

နဂါးတစ်ကောင်၏ ဟိန်းသံကိုပါခပ်ရေးရေးကြားရ၏။

“လောလုံ”

လောချင်းချွမ်၏ အကြည့်က ရွှေရောင်နဂါးပုံရိပ်ပေါ်သို့ကျရောက်သွား၏။ သူ၏ အမူအယာက ရုတ်ခြည်းလေးနက်မှုအဖြစ်ပြောင်းလဲသွားသည်။

ရှစ်ဖုန့်အတွက်မူ သူကတော့ပြောင်းလဲမှုရှိရှိနေဆဲပင်ဖြစ်သည်။

“အကိုကြီးရှစ်ဖုန့်.. ဒီလူကအရမ်းအားကောင်းတယ်”

ရှစ်ဖုန့်၏ဘေးရှိ မြွေလူသားမလေးဇီယာမှာ ရှစ်ဖုန့်ကို ထိတ်လန့်စွာဖြင့်ပြောလိုက်သည်။ သူမ၏ ကိုယ်က ထိုအော်ရာအောက်တွင် တမင်မလုပ်ယူရပါဘဲ တုန်ယင်နေပြီး နောက်သို့ဆုတ်လိုက်သည်။

ရှစ်ဖုန့်ကလည်း သူ့ဘေးရှိကောင်မလေး၏ အခြေအနေကို သတိပြုမိသည်ဖြစ်သည်။ သူကခေါင်းကိုလှည့်လိုက်ပြီး သူမအားနှစ်သိမ့်လိုက်သည်။

“မစိုးရိမ်နဲ့.. သူမင်းကို နာကျင်အောင်မလုပ်ဘူး. မင်းကိုနာကျင်အောင်လည်းလုပ်ရဲမှာမဟုတ်ဘူး”

စကားပြောရင်း ရှစ်ဖုန့်က ဇီယာ၏ဝန်းကျင်တွင်မမြင်နိုင်သော အတားအဆီးတစ်ခုကို ပြုလုပ်ပေးလိုက်ပြီး လောလုံ၏ စွမ်းအားကြီးအော်ရာကိုတားဆီးလိုက်သည်။

ဇီယာမှာဘာကြောင့်မှန်းမသိသော်လည်း ရုတ်တရက် များစွာပိုမိုကောင်းမွန်သွားသလိုခံစားလိုက်ရ၏။

ယင်းကသူမအကိုကြီးရှစ်ဖုန့်၏ စကားအားနားထောင်သောကြောင့်ဖြစ်ကောင်းဖြစ်နိုင်သလို သူမအကိုကြီးရှစ်ဖုန့်က ဘေး၌ရှိနေသောကြောင့်လည်းဖြစ်

ကောင်းဖြစ်နိုင်သည်။

သူမသာဤလူငယ်နှင့်ရှိနေသ၍ သူမ၏နှလုံးသားအတွင်း ဖော်ပြ၍မရနိုင်လောက်သော စိတ်ချလုံခြုံရမှုကို ဇီယာခံစားရသည်ဖြစ်သည်။

လောလုံကောင်းကင်ထဲသို့ထိုးတက်လာပြီးနောက် များစွာသောပုံရိပ်များကလည်းအောက်ရှိ မြို့အရှင်သခင်၏ အိမ်တော်မှကောင်းကင်ထဲသို့ထိုးတက်လာသည်။ အားလုံးက

လောလုံ၏နောက်သို့ရောက်ရှိလာကြသည်။

ထို့နောက် လောလုံ၏ ပုံရိပ်က စတင်ကိုယ်ထင်ပြလာပြီး

ရွှေရောင်နတ်ဘုရားတစ်ပါးကဲ့သို့ ရွှေရောင်ချီလင်တိုက်ပွဲဝင်ချပ်ဝတ်အား ဝင်ဆင်ထားသည့် ခံ့ညားထည်ဝါသော ရွှေရောင်ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။

တစ်ဟုန်ထိုးဦးတည်လာကြသောရာကျော်သည့် လူများမှာ သူတို့၏ပုံရိပ်များက လောလုံ၏နောက်၌တစ်ယောက်ပြီး

တစ်ယောက်ပေါ်လာသည်။ ရုတ်ခြည်း ဟင်းလင်းပြင်တစ်ခုလုံး၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့် ၎င်းတို့၏မွန်းစတားဆန်သော တိုက်ပွဲဝင် စိတ်ဆန္ဒတို့ ပြည့်နှက်လာသည်။

သတ်ဖြတ်ချင်စိတ်တို့ပြည့်နှက်နေသောအကြည့်များက ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့ ၏ထံ တိုက်ရိုက် ကျဆင်းလာသည်။

“နေဝင်ဆည်းဆာမြို့အရှင်သခင်လောလုံ”

ရှစ်ဖုန့်က လူအုပ်ရှေ့၌ရပ်နေသောရွှေရောင်ချပ်ဝတ်နှင့်လောလုံအားကြည့်၍ သရော်ပြုံးပြုံးလိုက်သည်။

“ဒီနေ့ နေဝင်ဆည်းဆာမြို့အရှင်သခင်ကတယ်လဲ ထည်ဝါနေပါလား”

All Chapters