အခန်း (၇၈၈)
Vol. 53 Ch. 788
ရှစ်ဖုန့်က ခံ့ညားသောအသွင်ရှိသော နေဝင်ဆည်းဆာမြို့အရှင်သခင်လောလုံအား လှမ်းကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်ကအေးစက်သော
အပြုံးတစ်ခုအဖြစ်တွန့်ကွေးသွားသည်။
ယခင်တုံးက သူ နေဝင်ဆည်းဆာမြို့သို့ရောက်ရှိလာသောအခါတွင် လောလုံက နေဝင်ဆည်းဆာမြို့၏အမှုထမ်းအရာရှိများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများကိုဦးဆောင်ပြီး ၎င်းတို့၏ခေါင်းများကိုငုံ့ကာ သူ့အားလေးစားမှုအပြည့်ဖြင့်နှုတ်ဆက်ကြ
ရသည်ဖြစ်သည်။
ထိုအချိန်က သူနေဝင်ဆည်းဆာမြို့၌နေထိုင်ခဲ့စဉ်အချိန်
တွင်လောလုံက သူစိတ်ကျေနပ်စေရန်အလို့ငှာ အိပ်ယာထက်၌ ခစားအလုပ်အကျွေးပြုရန်အတွက်၎င်း
၏စွဲမက်ဖွယ်ကောင်းသော ဇနီးဖြစ်သူကိုပင် သူ့အတွက်စီစဉ်ပေးခဲ့သည်။ သို့သော် သူက လက်ကိုတစ်ချက်ဝေ့ယမ်းပြီးသူမအားဖယ်ထုတ်ခဲ့သည်။
ဤအချိန်တွင် နေဝင်ဆည်းဆာမြို့၏အရှင်သခင်ဖြစ်သူလောလုံ၌ ခံ့ညားသော အမူအယာတစ်ခုရှိနေသည်။ သူ့၌သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ပြည့်နှက်နေပြီး ရှစ်ဖုန့်နှင့်အခြာသူများကိုစိုက်ကြည့်နေ၏။ သူကအေးစက်စွာအော်ပြောလိုက်သည်။
“ မင်းတို့ကဘယ်သူတွေလဲ. မင်းတို့တွေကဘယ်လိုတောင်ငါ့ရဲ့
နေဝင်ဆည်းဆာမြို့ကို အပြစ်ရှာရဲတာလဲ”
“တိုက်..တိုက်…တိုက်..တိုက်”
ရာကျော်သောရွှေရောင်ချပ်ဝတ်စစ်သည်များမှာ ခမ်းနားသော အရှင်သခင်ဖြစ်သူရောက်ရှိလာသည်ကိုတွေ့ရပြီး ရွှေရောင်ချပ်ဝတ်စစ်နတ်ဘုရားတစ်ပါးကဲ့သို့အသွင်ရှိသည့်ထည်ဝါသောသောပုံရိပ်အား မြင်တွေ့လိုက်ရသောအခါတွင် ၎င်းတို့၏လက်နက်များကိုမြှောက်ပြီး “တိုက်” ဟူသောစကားလုံးအား တစ်ယောက်ပြီးတစ်ယောက်အော်ပြောကြသည်။
ရွှေရောင်ချပ်ဝတ်စစ်သည်များ၏ တိုက်ပွဲဝင်စိတ်ဆန္ဒက ၎င်းတို့၏အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။
“မင်းတို့ကသေချင်နေတာပဲ. မြို့အရှင်သခင် ကျွန်တော်မျိုးကိုသွားပြီးတော့ ဒီလူနှစ်ယောက်ရဲ့ခေါင်းကိုလိမ်ချိုးယူခွင့်ပြုပါ. ကျွန်တော်မျိုး ဒီမြွေလူသားမျိုးနွယ်ကကောင်မလေး
ကိုဖမ်းဆီးပြီးတော့ သူမကိုအရှင့်အတွက်လက်ဆောင်အဖြစ်ဆက်သပါ့မယ်”
ဤအချိန်တွင် နေဝင်ဆည်းဆာမြို့၏ စစ်သူကြီးဖြစ်သူဝေ့ကျန်းယွမ်က ရှစ်ဖုန့်၏အခြားသူနှစ်ယောက်တို့အားကြည့်၍ အေးစက်သောအပြုံးနှင့် လောလုံကို ပြောလိုက်သည်။
“ဟမ့်”
ဤအချိန်တွင် လောချင်းချွမ်က ရှေ့သို့ထပ်မံထွက်လာပြီး လောလုံနှင့် ရာနှင့်ချီသော နေဝင်ဆည်းဆာမြို့မှလူများကိုရင်ဆိုင်လိုက်သည်။ သူကအထင်းသေးမှုအပြည့်ဖြင့်နှာမှုတ်လိုက်ပြီး သူ၏မျက်နှာထက်တွင်လှောင်ပြုံးတစ်ခု
ပေါ်လာကာ အေးစက်စွာပြောလိုက်သည်။
“နေဝင်ဆည်းဆာမြို့အရှင်သခင်လောလုံ တယ်လဲ ခံ့ညားထည်ဝါတဲ့အသွင်ပြင်နဲ့ ကျတ်သရေတွေရှိနေပါကောလား”
လောချင်းချွမ်အားမြင်လိုက်ရသောအခါတွင် လောလုံ၏မျက်လုံးတို့ကျည်းမြောင်းသွားည်။ သူက ရုတ်တရက်ဤလူအား တစ်နည်းနည်းနှင့်ရင်းနှီးနေသလိုခံစား
လိုက်ရသည်။
“ရဲတင်းလိုက်တာ”
“ရိုင်းလိုက်တာ”
“မင်းတော့သေချင်နေတာပဲ”
လောချင်းချွမ်၏ လှောင်ပြောင်သံ ပျောက်ကွယ်သွားသောအခါတွင် နေဝင်ဆည်းဆာမြို့ဘက်မှ အော်ဟစ်ကြိမ်းဝါးသံများထပ်မံထွက်
ပေါ်လာသည်။
“ဟမ့်”
လောချင်းချွမ်က အထင်သေးမှုအပြည့်ဖြင့်နှာမှုတ်လိုက်သည်။
“ဘာလို့လဲ. မင်းတို့လိုကောင်တွေကများ ငါနဲ့သေသွားတဲ့ငါ့ဆရာယိုမင်ကို နှိမ့်ချက်ကြည့်လို့ရမယ်လို့ တကယ်ထင်နေကြတာလား.. ဒါပေမဲ့ မင်းတို့ဆန္ဒအတိုင်းဖြစ်လာတော့မှာမဟုတ်ဘူး. သူကထျန်းဟန်တိုက်ကြီးပေါ်ကိုပြန်လာပြီ”
“ယိုမင်”
“ငါ့ရဲ့ဆရာ ယိုမင်ဟုတ်လား”
“သူက သူ့ဆရာယိုမင်လို့ပြောခဲ့တယ်. ယိုမင်.. ငါဘာလို့ဒါကိုအရမ်းရင်းနီးနေတာလဲ.. အား. အဲ့တာသူပဲ. အဲ့တာသူပဲဟ.. ငရဲဘုံကိုးခုဧကရာဇ်”
လောချင်းချွမ် ထိုသို့ပြောပြီးပြီးချင်း နေဝင်ဆည်းဆာမြို့၏ အမှုထမ်းများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများမှာအံ့အားသင့်စွာဖြင့်အလန့်တကြားအော်ပြောလိုက်ကြသည်။
များစွာသောလူများမှာ ထိုအချိန်တုံးက နေဝင်ဆည်းဆာမြို့သို့ လာခဲ့သော နတ်ဘုရားကဲသို့ပုံရိပ်ကို မှတ်မိကြသည်ဖြစ်သည်။
“အလယ်ပိုင်းဒေသကြီးက ကံတရားဧကရာဇ်က ငရဲဘုံကိုးခု ဧကရာဇ် ပြန်လည်မွေးဖွားလာပြီလို့ပြောခဲ့တာ
ကိုငါကြားခဲ့တယ်.. ဖြစ်နိုင်တာ..ဖြစ်နိုင်တာ အဲ့တာကအမှန်ပဲလား”
နောက်ထပ်လူတစ်ယောက်က အံ့အားသင့်စွာရေရွတ်ပြောဆိုလိုက်သည်။
“ယို..ယိုမင်။.”
သတ်ဖြတ်ချင်စိတ်တို့ဖြင့်ပြည့်နှက်နေသော လောလုံ၏အမူအယာပင် လောချင်းချွမ်၏ စကားများအားကြားပြီးနောက် အနည်းငယ်ပြောင်းလဲသွားသည်။
ထိုစွမ်းအားကြီးသောသူမှာ ကောင်းကင်အောက်၌ တစ်ယောက်တည်းရှိသောနံပါတ်တစ်ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ငရဲဘုံကိုးခုဧကရာဇ် ယိုမင်ပင်ဖြစ်သည်။
“မင်း.မင်းက..”
လောလုံက လောချင်းချွမ်၏ရင်းနှီးလှသောမျက်နှာ
ကိုစိုက်ကြည့်နေသည်။ ရုတ်ခြည်း သူ၏စိတ်ထဲ၌ နေဝင်ဆည်းဆာမြို့သို့ ငရဲဘုံကိုးခုဧကရာဇ်၏နောက်မှလိုက်လာသည့် ငယ်ရွယ်သောမျက်နှာတစ်ခုပေါ်လာသည်။
“မင်းက သေခြင်းမဲ့တောင်တန်းက လောချင်းချွမ်ပဲ”
လောလုံမှာနောက်ဆုံးတွင် လောချင်းချွမ်၏သက်လတ်ပိုင်းအရွယ်မျက်နှာနှင့် ငယ်ရွယ်သောမျက်နှာကိုပေါင်းစပ်မိပြီး အံ့အားသင့်စွာပြောဆိုလိုက်သည်။
“လောချင်းချွမ်.. သေခြင်းမဲ့တောင်တန်းကလောချင်းချွမ်.. သူက ငရဲဘုံကိုးခု ဧကရာဇ်ရဲ့ တပည့်ခုနှစ်ယောက်ထဲကတစ်ယောက်ပဲ”
“သူကတကယ်ကြီး ငရဲဘုံကိုးခု ဧကရာဇ်ရဲ့တပည့် လောချင်းချွမ်ပဲ”
နေဝင်ဆည်းဆာမြို့မှလူများ၏မျက်နှာများကသိသိသာသာပြောင်းလဲသွားသည်။
လောချင်းချွမ်က လောလုံ၏ ပါးစပ်ကိုအသုံးပြု၍ သူ၏ သရုပ်မှန်ကိုကြေညာခဲ့သည်။ ထို့နောက် သတ်ဖြတ်ခြင်းအော်ရာကမှေးမှိန်
ပျောက်ကွယ်သွားသည်။
အစက နေဝင်ဆည်းဆာမြို့အရှင်သခင်မှာ
လောချင်းချွမ်အား အလေးအနက်မထားခဲ့ပေ။ သို့သော် လွန်ခဲ့သောအချိန်အချို့က အလယ်ပိုင်းဒေသကြီးရှိ ကံတရားဧကရာဇ်ကိုယ်တိုင်က ငရဲဘုံကိုးခု ဧကရာဇ် ယိုမင် ကမ္ယာပေါ်သို့ပြန်လာပြီဟု ပြောခဲ့သည်ဖြစ်သည်။
သူလောချင်းချွမ်ကငရဲဘုံကိုးခု ဧကရာဇ်၏တပည့်ဖြစ်၏။
လောချင်းချွမ်ကစကားပြောရန်အချိန်
ကျလာပြီကိုမြင်သောအခါတွင်
ထပ်မံပြောလိုက်သည်။
“ငါလောချင်းချွမ်က ငါ့ရဲ့ဆရာဆီကနေ အနောက်ပိုင်းဒေသကြီးကိုသွားဖို့အတွက် အမိန့်ကိုလက်ခံရရှိခဲ့တယ်.. ငါကနေဝင်ဆည်းဆာမြို့ကို အထူးတလယ် ကိုယ်တိုင်ကိုယ်ကျလာပြီး ဒေသကြီးအချင်းချင်းနေရာကူးပြောင်းအစီအရင်ကိုလာငှားတာဖြစ်တယ်”
ထိုသို့ပြောပြီးနောက် လောချင်းချွမ်၏ အကြည့်က လောလုံ၏မျက်နှာပေါ်သို့ထပ်မံစူးစိုက်လိုက်ပြီး လောလုံမျက်နှာပေါ်ရှိပြောင်းလဲမှုတို့အားအကဲခတ်နေသည်။
လောချင်းချွမ်၏ စကားများအားကြားပြီးနောက် လောလုံမှာ ထပ်မံတုန့်ဆိုင်းနေရဲခြင်းမရှိဘဲ ချက်ချင်းပင်ပြောလိုက်သည်။
“ ဒါက ငရဲဘုံကိုးခု ဧကရာဇ်အရှင်ရဲ့ အမိန့်ဖြစ်နေတာကြောင့် ကျုပ်လောလုံ သေချာပေါက်နာခံမှာပါ”
ဤအကြိမ်တွင် လောလုံ၏ အသံက ယခင်ကကဲ့သို့အေးစက်ပြီ သတ်ဖြတ်ချင်စိတ်များပါဝင်မနေတော့ပေ။ ထိုအစား လေးစားမှုအပြည့်ဖြင့်ဖြစ်သည်။
နေဝင်ဆည်းဆာမြို့၏အခြားသောသူများမှာလည်း ၎င်းနှင့်ပက်သက်ပြီးများစွာတွေးနေခြင်းမရှိပေ။ အားလုံးထက်သူတို့၏မြို့အရှင်သခင်ဖြစ်သူ လောလုံကိုယ်တိုင်က ငရဲဘုံကိုးခု ဧကရာဇ်အရှင်၏အမိန့်များကို ပြန်လည်တုန့်ပြန်သည်ဖြစ်သည်။
သူတို့အနေဖြင့်ယခင်က ရွှေရောင်ချပ်ဝတ်စစ်သည်တင်ပြသည်
ကိုကြားခဲ့သည်ဖြစ်သည်။ အကယ်၍ လောလုံသာ နာရီဝက်အတွင်းပေါ်မလာပါက နေဝင်ဆည်းဆာမြို့ထပ်ပြီးရှိနေစရာမလိုတော့ဘူး ဟု ဆို၏။
ထိုအချိန်က သူတို့အနေဖြင့် အရမ်းမောက်မာပြီး အကန့်သတ်မဲ့ကာ နေဝင်ဆည်းဆာမြို့အားသူတို့၏မျက်လုံးအတွင်း ထည့်မထားသော ၎င်းတို့ကို ခက်ထန်ကြမ်းကြုတ်စွာဖြင့်ဆဲဆိုပြောခဲ့သည်။
သို့သော်အကယ်၍ ထိုလူသာတကယ်ပဲနေဝင်ဆည်းဆာမြို့ဆီသို့လာခဲ့လျှင် အကယ်၍ နတ်ဘုရားကဲ့သို့ထိုလူသာ ဒေါသထွက်သွားခဲ့လျှင် နေဝင်ဆည်းဆာမြို့မှာ တကယ်ပဲတည်ရှိနေမှုမှပျောက်ကွယ်သွား
ရလိမ့်မည်ဖြစ်သည်။
ဤအချိန်တွင်လောချင်းချွမ်၏ အသံက ထပ်မံထွက်ပေါ်လာသည်။ သူကလောလုံကိုပြောလိုက်သည်။
“ကျုပ်ဆရာက ကျုပ်တို့ကို အနောက်ပိုင်းဒေသကြီးကိုတက်နိုင်သမျှအမြန်ဆုံးသွားစေချင်နေတယ်.. ဒေသကြီးအချင်းချင်းနေရာကူးပြောင်းအစီအရင်ကို အခုချက်ချင်းပဲ အသက်သွင်းလိုက်ပါ”
“အင်း..ချက်ချင်းပဲ ပြင်လိုက်ပါ့မယ်”
လောချင်းချွမ်၏စကားများအားထပ်မံကြား
ပြီးနောက် လောလုံက လျှင်မြန်စွာတုန့်ပြန်လိုက်သည်။
ထို့နောက်သူကသူ့နောက်ရှိလူများကိုပြောလိုက်၏။
“ဒေသကြီးအချင်းချင်းနေရာကူးပြောင်းအစီအရင်ကို အခုချက်ချင်း ပြင်ဆင်ကြစမ်း. အနောက်ပိုင်းဒေသကြီးကို တည်နေရာဆုံမှတ်တွေ ပြင်ဆင်ကြ”
“ဟုတ်ကဲ့”
ဒေသကြီးအချင်းချင်းနေရာကူးပြောင်း
အစီအရင်အား ဦးဆောင်သောဗိုလ်ချုပ်တစ်ဦးက လျှင်မြန်စွာတုန့်ပြန်လိုက်သည်။ ထို့နောက် သူက မြို့အရှင်သခင်အိမ်တော်အောက်သို့ ဆင်းသက်သွားပြီး ဒေသကြီးအချင်းချင်းနေရာကူးပြောင်း
အစီအရင်အားအသက်သွင်းရန်ပြင်ဆင်လိုက်သည်။
ထို့နောက်လောလုံက သူ၏ခေါင်းကိုလှည့်လိုက်ပြီး လောချင်းချွမ်ကိုပြောလိုက်၏။
“ညီလေးလော.. မင်းကိုကျုပ်မတွေ့ရတာတောင် တော်တော်ကြာပြီပဲ”
“ညီလေးလော တို့တွေနောက်ဆုံးတွေ့ခဲ့တဲ့အချိန်က
တောင်တော်တော်လေးကြာခဲ့ပြီမို့ ကျုပ် ညီလေးကိုမမှတ်မိဘူနီးပါးဖြစ်သွားရတယ်.. ဒေသကြီးအချင်းချင်းနေရာကူပြောင်းအစီအရင်ကို အသက်သွင်းဖို့အတွက်က အချိန်အချို့တော့ယူရလိမ့်မယ်. အခု ကျေးဇူးပြုပြီး ကျုပ်နောက်ကနေ မြို့အရှင်အိမ်တော်ကိုလိုက်လာပြီး ကျုပ်ကို အိမ်ရှင်တစ်ယောက်ကလုပ်ဆောင်ရမဲ့အပိုင်းတွေကိုလုပ်ခွင့်ပြုပါ”
“ကောင်းပြီ”
လောချင်းချွမ်က ခေါင်းညိမ့်ပြီးတုန့်ပြန်လိုက်သည်။
“ဒါဆိုကျေးဇူးပြုပြီး”
လောချင်းချွမ်က သဘောတူသည်အားတွေ့ရသောအခါတွင် လောလုံက လောချင်းချွမ်နောက်ရှိ ရှစ်ဖုန့်နှင့်ဇီယာတို့အား ကြည့်လိုက်ပြီး လက်ဟန်ခြေဟန်ဖြင့်ဖိတ်ခေါ်လိုက်သည်။
ဤအချိန်တွင် ရှစ်ဖုန့်၏အသံကလောချင်းချွမ်၏နောက်မှ
ထွက်ပေါ်လာသည်။
“ ဒေသကြီးအချင်းချင်းနေရာကူးပြောင်း
အစီအရင်ကိုအသက်သွင်းဖို့အတွက် အချိန်ခြောက်နာရီလောက်ယူရလိမ့်မယ်. ဒီလိုဆိုရင်ရောဘယ်လိုလဲ. မင်းက မြို့အရှင်သခင်အိမ်တော်ကိုလိုက်သွားပြီး ဒီသခင်လေးကဒီကောင်မလေးနဲ့အတူလိုက်ပြီး နေဝင်ဆည်းဆာမြို့ကို လျှောက်ပတ်လိုက်အုံးမယ်. ခြောက်နာရီအတွင်းဒီသခင်လေးပြန်လာခဲ့မယ်”
“ကောင်းပြီ”
လောချင်းချွမ်က သူ၏ခေါင်းကို လှည့်လိုက်ပြီး ရှစ်ဖုန့်အား အနည်းငယ်ခေါင်းညိမ့်ပြလိုက်သည်။
ထို့နောက် ရှစ်ဖုန့်က ဇီယာကိုခေါ်ဆောင်ပြီး အောက်ရှိနေဝင်ဆည်းဆာမြို့ထဲသို့ဆင်းသွား၏။
“သူကတကယ့်ကို ကောင်းကင်ဘုံရဲ့ဂုဏ်ယူရတဲ့သားတော်တစ်ယောက်ပဲ.. ဒီလိုမျိုးအသက်ငယ်ငယ်လေးနဲ့ ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်ထဲကို
တကယ်ပဲဝင်ရောက်နေတယ်.. ညီလေးလော.ဒီအရွယ်နဲ့မလိုက်အောင်
ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်လေးက ဘယ်သူများလဲ”
ရှစ်ဖုန့်ဆင်းသက်သွားသည်ကိုမြင်သောအခါတွင် လောလုံက လာချင်းချွမ်ကိုမေးလိုက်သည်။
“ဒီအရွယ်နဲ့မလိုက်အောင်ထူးချွန်တဲ့
ပါရမီရှင်ဆိုတာက မင်းဆိုတဲ့လောလုံဖင်တုန်အောင်ကြောက်ပြီးတော့ ငါတို့သုံးယောက်ကိုဒေသကြီးအချင်းချင်းနေရာကူးပြောင်းအစီအရင်ကို သုံးခွင့်ပြုရတဲ့သူလေ”
လောချင်းချွမ်ကစိတ်ထဲမှလှောင်ပြောင်
ကာပြောလိုက်သည်။