အခန်း (၇၈၉)
Vol. 53 Ch. 789
နေဝင်ဆည်းဆာမြို့အရှင်သခင်အိမ်တော်၏ ကောင်းကင်ထက်တွင် နေဝင်ဆည်းဆာမြို့၏အရှင်သခင်ဖြစ်သူလောလုံက ပါရီမီရှင်လူငယ်မှာမည်သူဖြစ်သည်ကို လောချင်းချွမ်ကိုမေးလိုက်သည်။
လောချင်းချွမ်က လောလုံအား စိတ်ထဲမှလှောင်ပြောင်ပြီး ပြေလိုက်၏။
“ဒီပုဂ္ဂိုလ်ရဲ့နောက်ခံအကြောင်းနဲ့ပက်သက်ပြီး ကျုပ်အများကြီးပြောဖို့မသင့်တော်ပေမဲ့ ကျုပ်တို့တွေသူ့ကို လေးစားမှုအပြည့်ရှိဖို့လိုတယ်”
“တို့တွေသူ့ကို လေးစားမှုအပြည့်ရှိဖို့လိုတယ်..”
လောချင်းချွမ်၏ စကားများအားကြားသောအခါတွင် လောလုံက သူ၏စိတ်ထဲမှအံ့အားသင့်စွာပြောဆိုလိုက်သည်။ လောချင်းချွမ်၏အဆိုအရ ငရဲဘုံကိုးခု ဧကရာဇ်အရှင်၏တပည့်ဖြစ်သော သူသည်ပင်လျှင်၎င်းကို လေးလေးစားစားဆက်ဆံရသည်ဟုဆို၏။
“ဖြစ်နိုင်တာ. ဖြစ်နိုင်တာ. ဒီပုဂ္ဂိုလ်က ဧကရာဇ်အရှင်ရဲ့ တရားမဝင်သားများလား”
“အဲ့လိုဖြစ်လောက်တယ်..အဲ့လိုပဲဖြစ်
လောက်တယ်. မဟုတ်ရင် ဘယ်လိုလုပ်ပြီးကောင်းကင်ဘုံကရွှေးချယ်ထားတဲ့ ဒီလိုမျိုးထူးခြားအံ့ဖွယ်ကောင်းတဲ့
ကလေးတစ်ယောက်ရှိနေမှာလဲ. သူက အဆင့်ဆယ့်ခြောက်ဆယ့်ခုနှစ်နှစ်ပဲရှိသေးတာကို ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်တစ်
ယောက်ဖြစ်နေပြီးပြီ”
“ဒါကသေချာပေါက် ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့တည်ရှိမှုတစ်ခုပဲ.. ဧကရာဇ်အရှင်ရဲ့မျိုးဆက်သွေးတစ်ခုတည်းကသာ ဒီလိုမျိုး မွန်းစတားတစ်ကောင်ကို မွေးထုတ်ပေးနိုင်တာ”
လောလုံမှာ သူ၏နှလုံးသားအတွင်းမှတစိမ့်စိမ့်ချင်ချိန်တွေးရင်း လောချင်းချွမ်အား မြို့ရှင်သခင်အိမ်တော်သို့ ဦးဆောင်ခေါ်လာသည်။
ပုံရိပ်နှစ်ခုက မြို့အရှင်သခင်အိမ်တော်မှာပျောက်ကွယ်
သွားပြီးသည့်နောက် ဟင်းလင်းပြင်ထဲ၌ကျန်ရှိနေဆဲဖြစ်သော နေဝင်ဆည်းဆာမြို့၏ အမှုထမ်းများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများက အကြည်များဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံးက မြို့အရှင်သခင်၏အိမ်တော်အတွင်းဆင်းသက်လိုက်ပြီး ၎င်းတို့၏ တာဝန်များအားထမ်းဆောင်ရန်ထွက်ခွာ
သွားကြသည်။
ဒေသကြီးအချင်းချင်းနေရာကူးပြောင်း
အစီအရင်အား အသက်သွင်းရန်အတွက် အချိန်ခြောက်နာရီကြာမြင့်မည်ဖြစ်သောကြောင့် ရှစ်ဖုန့်က မြွေလူသားမလေးဇီယာအား နေဝင်ဆည်းဆာမြို့သို့ခေါ်ဆောင်လာပြီး လူစည်ကားလှသောမြို့ပတ်ဝန်းကျင်တစ်လျှောက်အေးအေးလူလူလှည့်ပတ်လျှောက်သွားနေသည်။
ယခင်ကကဲ့သို့ပင် ဤလှပသောမြွေလူသားမလေးရောက်ရှိလာမှုနှင့်အတူ မတူညီသောအကြည့်များစွာမှာ ဆွဲဆောင်ခံလိုက်ရသည်။ သို့သော် ဖြူစင်အပြစ်ကင်းသော ကောင်မလေးမှာ ထိုလူများအားလုံးဝအာရုံစိုက်ခြင်းမရှိပေ။ သူမကိုယ်သူမသာဂရုစိုက်ပြီး လူစည်ကားသောလမ်းမများနှင့် မြင့်မားပြီးခမ်းနားသော အဆောက်အဦးများကို ကြည့်နေသည်။
ဤအချိန်တွင် ဇီယာမှာ သူမ၏အကြည့်တို့အား လမ်းမဘေးနှစ်ဖက်ရှိ အဆောက်အဦးများထံမှ ဖယ်ခွာလိုက်သည်။ သူမကခေါင်းကိုလှည့်လိုက်ပြီး ရှစ်ဖုန့်အားစိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်။ သူမကမေးလိုက်သည်။
“အကိုကြီးရှစ်ဖုန့် ဘာလို့အကိုကြီးတို့လူသားမျိုးနွယ်က မြို့က အရမ်းလှရတာလဲ.ညီမတို့မြွေလူသား
နယ်မြေမှာက ဒီအတိုင်းရိုးရိုးလေးပဲ”
“အဲ့တာကဘာလို့ဆိုရင် လူသားမျိုးနွယ်က ဗိသုကာပညာနဲ့ ခမ်းနားမှုနောက် လေ့လာလိုက်စားတဲ့နေရာမှာ တော်ကြတယ်လေ.. ဒါပေမဲ့မင်းတို့ မြွေလူသား မျိုးနွယ်ကတော့အဲ့ဘက်မှာမတော်ကြဘူး. ပိုပြီးအရေးကြီးတာက မင်းတို့မြွေလူသားမျိုးနွယ်က ကန္တရာထဲမှပဲ ရှင်သန်နေထိုင်ကြပြီး ပြင်ပကမ္ဘာနဲ့ထိတွေ့မှုတော်တော်လေးရှားတယ်.. ပင်ကိုယ်အားဖြင့် ပြင်ပကမ္ဘာကဘယ်လိုမျိုးလဲဆိုတာကို မင်းတို့တွေမသိကြဘူး”
ရှစ်ဖုန့်ကပြောလိုက်သည်။
“အိုး.အဲ့လိုပဲဖြစ်မဲ့ပုံပဲ”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ဇီယာက စိတ်ရှုပ်ထွေးသောအမူအယာဖြင့်ခေါင်းညိမ့်လိုက်သည်။ သူမကဆက်ပြော၏။
“ဒါပေမဲ့ ညီမတို့ မျိုးနွယ်တွေက လူသားမျိုးနွယ်ကို သဘောမကျဘူး. ညီမတို့နှလုံးသားထဲမှာ လူသားမျိုးနွယ်ဆိုတာက တစ်ခြားကမ္ဘာကမျိုးနွယ်တစ်ခုပဲ. သူတို့က စိမ့်ဝင်ကူးစက်တတ်တယ်.. ဉာဏ်နီဉာဏ်နက်များကလိမ်ကျတတ်တယ်.. စက်ဆုပ်ဖို့လည်းကောင်းတယ်. အကယ်၍သူတို့သာညီမတို့ကိုတွေ့ရင် ညီမတို့ကိုနာကျင်အောင်လုပ်ကြလိမ့်မယ်”
“ဒါပေမဲ့အကိုကြီးရှစ်ဖုန့် အကိုကြီးကတော့ သူတို့ပြောနေတဲ့လူသားမျိုးနွယ်ဆို
တာတွေနဲ့လုံးဝကိုကွဲပြားတယ်”
“ငါလား”
ဇီယာ ၏စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကပြုံးပြီးပြောလိုက်သည်။
“ ဘာလို့ဆို တို့တွေက သူငယ်ချင်းတွေလေ. တို့တွေက မြွေလူသားမျိုးနွယ်ကဖြစ်စေ လူသားမျိုးနွယ်ကဖြစ်စေ သူငယ်ချင်းဆိုတာတွေရဲ့ကြားထဲမှာ ဘာမျိုးနွယ်ခွဲခြားမှုမှမရှိဘူး”
“အကယ်၍ တစ်ယောက်ယောက်က ငါ့ကိုထိခိုက်အောင်လုပ်ရဲရင်. ငါ့သူငယ်ချင်းတွေ ဒါမှမဟုတ် ငါမိသားစုကိုထိခိုက်အောင်လုပ်ရဲရင် သူတို့ကဘယ်သူပဲဖြစ်နေပါစေ ငါသူတို့ကို ဖျက်ဆီးပစ်မှာ”
“သူငယ်ချင်း”
ဇီယာက ရှစ်ဖုန့်၏ “သူငယ်ချင်း”ဟူသောစကားလုံးအား ထပ်ရေရွတ်လိုက်သည်။ ရုတ်ခြည်း သူက လှပဖြူစင်သော အပြုံးတစ်ခုကိုပြသကာ ရှစ်ဖုန့်ထံကြည့်လိုက်သည်။ ထို့နောက်သူမက ပြုံးကာပြောလိုက်သည်။
“ညီမလဲ အကိုကြီးရှစ်ဖုန့်နဲ့ သူငယ်ချင်းဖြစ်ရတာကိုသဘောကျတယ်”
ဖြူစင်အပြစ်ကင်းပြီး လှပသောအပြုံးနှင့်ကောင်မလေးအားကြည့်ရင်း ရှစ်ဖုန့်သည်လည်းသူမ၏ သက်ရောက်မှုကိုခံရကာ နှလုံးသားအောက်ခြေမှလာသောအ
ပြုံးနှင့်ပြုံးလိုက်သည်။
“သကြားသီးချောင်းတွေ..သကြားသီးချောင်းတွေ”
ဤအချိန်တွင် သူတို့၏ရှေ့ဘက်မှ လာသောအသံတစ်ခုက ရုတ်တရက်ဇီယာ၏ အာရုံကိုစွဲဆောင်သွားသည်။
ရှစ်ဖုန့်ကလည်း ကောင်မလေး၏ အကြည့်က သူတို့ရှေ့ရှိ သကြားသီးရောင်းသည်ထံသို ရုတ်ခြည်းပြောင်းရွှေ့သွားသည်ကို သတိပြုမိလိုက်သည်။
ရှစ်ဖုန့်ကထပ်မံပြုံးလိုက်သည်။ လွန်ခဲ့သောနှစ်ရက်က ကံကြမ္မာမြို့တွင် ရှစ်ဖုန့်က လောချင်းချွမ်အား သကြားသီးချောင်းသည်ဆီမှာ ဒါဇင်နှင့်ချီဝယ်ရန်ပြောခဲ့သည်။ သို့သော် ဤကောင်မလေးအတွက် ၎င်းတို့အားလုံးအားအကုန်စားရန်အ
ချိန်သိပ်မယူလိုက်ရပေ။
“မင်းထပ်ပြီးလိုချင်သေးလို့လား”
ရှစ်ဖုန့်ကဇီယာကိုညင်သာစွာမေးလိုက်သည်။
ရှစ်ဖုန့်၏အသံအားကြားပြီးနောက် နောက်ဆုံးတွင် ကောင်မလေးကသူမ၏ခေါင်းအားဆန္ဒရှိစွာလှည့်လိုက်ပြီး ရှစ်ဖုန့်ထံသို့ကြည့်လိုက်သည်။ သူမက ရှစ်ဖုန့်ထံသို့ ထပ်မံ ကို့ရိုးကားရားလေးပြုံးပြလိုက်၏။
“ငါ့ကိုဒီကနေစောင့်နေ”
ရှစ်ဖုန့်က ဇီယာကိုပြောလိုက်သည်။
“အကို..အကိုကြီးရှစ်ဖုန့်. သတိထားအုံးနော်”
ဇီယာမှာလွန်ခဲ့သောနှစ်ရက်ခန့်က ကံကြမ္မာမြို့တော်အတွင်း သကြားသီးရောင်းသောအဘွားအို
တစ်ယောက်ရှိခဲ့သည်ကိုလည်းမှတ်မိနေဆဲဖြစ်သည်။ သူမက စွမ်းအားကြီး လူသားမျိုးနွယ်ကျင့်ကြံသူတစ်ဦးအဖြစ်ပြောင်းလဲသွားပြီး အကိုကြီးရှစ်ဖုန့်နှင့်တိုက်ခိုက်ခဲ့သည်ဖြစ်သည်။
ထိုအချိန်ကတည်းမှဇီယာမှာ အရသာရှိသောသကြားသီးချောင်းတို့အားရောင်းချသည့်သူတိုင်းက လူသားမျိုးနွယ်မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်ဟု ခံစားရ၏။
“ငါအဆင်ပြေပါတယ်”
ရှစ်ဖုန့်က သူ၏ခေါင်းအားအနည်းငယ်ခါယမ်းကာ ပြောလိုက်သည်။
သူ့အနေဖြင့်သူမက သတ်ဖြတ်သူတစ်ဦးဟုတ်မဟုတ်ကို ပင်ကိုယ်အားအဖြင့်အာရုံခံနိုင်သည်ဖြစ်သည်။ ဘယ်လောက်ပဲသူမကိုယ်သူမဖုံးကွယ်ထားပါစေ သူ၏ရှေ့၌တော့ဖုံးကွယ်နိုင်လိမ့်မည်မဟုတ်ပေ။
သူ၏ရှေ့၌ရှိနေသောတစ်ယောက်မှာ အသက်ရှင်နေထိုင်ရပ်တည်ရေးအတွက်နေ့တစ်ဒူဝပြေးလွှားရောင်းချနေရသောသာမန် လူတစ်ဦးသာဖြစ်သည်။
ရှစ်ဖုန့်က သကြားသီးချောင်းရောင်းချသော သက်လတ်ပိုင်းအရွယ်လူထံသို့လျှောက်လှမ်းသွားလိုက်သည်။ ဇီယာမှာရှစ်ဖုန့်၏ နောက်ကျောအား စိတ်လှုပ်ရှားပူပန်စွာဖြင့်ကြည့်နေဆဲဖြစ်၏။
သူမ၏နှလုံးသားထဲ၌ အကိုကြီးရှစ်ဖုန့် အဆင်ပြေစေရန်ဆုတောင်းနေမိသည်။ အကယ်၍များအကိုကြီးရှစ်ဖုန့်၌တစ်ခုခုဖြစ်လာခဲ့လျှင် သူမ၏လက်ကျန်ဘဝတစ်လျှောက်လုံး
နောင်တများဖြင့်နေရလိမ့်မည်ဖြစ်၏။
ဇီယာမှာ သူမကိုယ်သူမပင်လောဘကြီးမိမှုအတွက်
အပြစ်တင်မိသည်။ အကယ်၍များသူမသာ သကြားသီးချောင်းကိုအစားလိုခဲ့လျှင်
ဘယ်လိုလုပ်ပြီးအကိုကြီးရှစ်ဖုန့်၌……………….
“အားယား. ငါဘယ်လိုအဓိပ္ပါယ်မရှိတာတွေလျှောက်
တွေးနေတာလဲ.. ဘယ်လိုလုပ်ပြီးအကိုကြီးရှစ်ဖုန့်က ဒုက္ခရောက်ရမှာလဲ”
ဇီယာကသူမ၏ခေါင်းလေးအားပြင်းထန်စွာခါယမ်းလိုက်သည်။
သို့သော် ရှစ်ဖုန့်သကြားသီးချောင်းများအားကိုင်ပြီး သူမထံသို့လျှောက်လှမ်းပြန်လာမှသာ ဇီယာတစ်ယောက် ဖြည်းဖြည်းချင်း စိတ်သက်သာရာရသွားသည်။
ရှစ်ဖုန့်က မြွေလူသားမလေးထံသို့ လျှောက်လာပြီး သကြားသီးချောင်းတို့အားညွှန်ပြကာ အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
“စားလိုက်”
“အကိုကြီးရှစ်ဖုန့်”
မျှော်လင့်မထားစွာဖြင့် ဇီယာ၏မျက်နှာထက်တွင် ပျော်ရွှင်သောအပြုံးတစ်ခုကိုရှစ်ဖုန့်မမြင်တွေ့ရပေ။ ထိုအစား သူမကအနည်းငယ်စိုးရိမ်ပူပန်သည့်ပုံဖြင့် သူ့ကိုခေါ်လိုက်သည်။
သူမ၏ စိတ်ထဲ၌တစ်ခုခုဖြစ်နေပုံရသည်။
“ဘာဖြစ်လို့လဲ”
ရှစ်ဖုန့်ကမေးလိုက်သည်။
“မင်းအိမ်နဲ့ဝေးနေတာတော်တော်ကြာပြီမို့ အိမ်ကိုလွမ်းနေတာလား”
“မဟုတ်ပါဘူး”
ဇီယာက သူမ၏ခေါင်းလေးကိုခါယမ်းပြီး ရှစ်ဖုန့်အားလေးနက်သောမျက်နှာထား
ဖြင့်ပြောလိုက်သည်။
“နောက်ကြရင် ဒီလိုမျိုးအန္တရာယ်များတဲ့ အရာတွေကိုမလုပ်ပါနဲ့”
“နောက်ကြရင် အကိုကြီး ဒီလိုမျိုး အန္တရာယ်များတဲ့အရာတွေကိုမလုပ်တာ
ပိုကောင်းမယ်. နောက်ဆုံးတစ်ခေါက်တွေ့ခဲ့တဲ့သူက
တော်တော်လေးအားကောင်းတယ်. သူမက အဆုံးသတ်မှာ အကိုကြီးကိုမယှဉ်နိုင်ခဲ့ဘူးဆိုပေမဲ့ ဘယ်သူသိနိုင်မှာလဲ နောက်တစ်ကြိမ်ကြရင် ညီမတို့တွေ နောက်ထပ်သကြားသီးချောင်းရောင်းတဲ့ကျွမ်းကျင်သူတစ်ဦးနဲ့တွေ့နိုင်တာပဲဟာ”
“အန္တရာယ်များတဲ့အရာ.. နောက်ထပ်သကြားသီးချောင်းရောင်းသူ”
ဇီယာ၏စကားတို့အား ကြားရသောအခါတွင် ရှစ်ဖုန့်အသံကျယ်ကျယ်ရယ်မိလုနီးပါး
ဖြစ်သွားသည်။
သူမအနေဖြင့်သကြားသီးချောင်းရောင်းသူအားလုံးက လူသားကျွမ်းကျင်သူများဟု တွေးပြီး ၎င်းတို့က သကြားသီးချောင်းဝယ်သူများကိုတိုက်ခိုက်သည်ဟု ထင်နေခြင်းများဖြစ်နိုင်မည်လော။
သို့သော်အဆုံးသတ်တွင်ရှစ်ဖုန့်မရယ်ခဲ့ပေ။ သူက အတွေ့အကြုံနုနယ်ရိုးစင်းသောကောင်မလေးကို ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ပုံမှန်အားဖြင့် သကြားသီးချောင်းရောင်းသူတွေက လူတွေကို မတိုက်ခိုက်ဘူး. ရော့ စား”
စကားပြောရင်းရှစ်ဖုန့်က သကြားသီးချောင်းတစ်ချောင်းကို
ယူကာဇီယာကိုပေးလိုက်သည်။
ဇီယာက၎င်းအားယူလိုက်၏။
“ကျေးဇူးတင်ပါတယ်.. အကိုကြီးရှစ်ဖုန့်”
သူမ၏ပါးစပ်လေးအားဖွင့်ဟပြီး ညင်သစွာတစ်ချက်ကိုက်လိုက်သည်။
“အင်း.. အရမ်းကိုချိုပြီး အရသာရှိလိုက်တာ”