← Chapters

အခန်း (၇၉၀)

Vol. 53 Ch. 790

အခန်း (၇၉၀)

Vol. 53 Ch. 790

“ငရဲဘုံကိုးခု ဓားပညာရပ် နတ်ဆိုး သတ်ဖြတ်ခြင်းကောင်းကင်ဓား”

ဒေါသတကြီးအော်ဟစ်သောအသံတစ်ခုက အနောက်ပိုင်းဒေသကြီးအတွင်းမော်ကြွား

ဓားအိမ်တော်၏ ကောင်းကင်ယံထက်၌ထွက်ပေါ်လာသည်။

လွန်ခဲ့သောနှစ်နာရီခန့်က မိုးကောင်းကင်မှာကြည်လင်ပြီး အကန့်သတ်မဲ့သောမိုးကုတ်စက်ဝိုင်းတစ်ခုရှိ

သည်ဖြစ်သည်။ ယခု အခါတွင်ကောင်းကင်ထဲ၌ အနက်ရောင်နက်ဆိုးတိမ်တိုက်များနှင့် နတ်ဆိုးအော်ရာများပြည့်နှက်နေသည်။ နတ်ဆိုးတိမ်တိုက်များကြားထဲတွင် ပုံရိပ်များကိုဝိုးတိုးဝါးတားမြင်ရသည်ဖြစ်၏။

အချို့သောပုံရိပ်များက ဦးခေါင်းများက သားရဲဦးခေါင်းများဖြစ်ကာ ခန္ဓာကိုယ်များကလူသားပုံစရှိကြသည်။ အချို့ကတော့ လူသားဦးခေါင်းနှင့်သားရဲကိုယ်များရှိကြ၏။ အချို့ကအကြေးခွံများဖုံးလွှမ်းနေပြီး အခြားသူများကတော့ နတ်ဆိုးသားရဲအသွင်များဖြစ်ကြသည်။၎င်းတို့က ကောင်းကင်ထဲတွင်အော်ဟစ်နေကြ၏။

နတ်ဆိုးတိမ်တိုက်များအတွင်းမှ သိပ်သည်းများပြားလှသောပုံရိပ်များမှာ ရှင်းလင်းစွာပင် မွန်းစတားမျိုးနွယ်စုမှပုံရိပ်များဖြစ်ကြသည်။ နတ်ဆိုးတိမ်တိုက်များအတွင်းရှိပုံရိပ်များအား

အကဲဖြတ်ရသလောက် အနည်းဆုံး၎င်းတို့စုစုပေါင်းတစ်သိန်းခန့်ရှိသည်ဖြစ်သည်။

ခက်ထန်သောကြုံးဝါးသံနှင့်နတ်ဆိုးသတ်ဖြတ်ခြင်း ကောင်းကင်ဘုံဓားနောက်သို့လိုက်ပါ၍ အောက်ရှိတလိပ်လိပ်ထနေသောနတ်ဆိုးတိမ်တိုက်များမှာ ရုတ်ခြည်းပြင်းထန်သောစွမ်းအင်အကျများဖြစ်လာသည်။ဘီလူကြီးတစ်ကောင်က စွမ်းအားကြီးမားသောအားအင်တစ်ခုကိုအသုံး

ပြုကာ အာကာသဟင်းလင်းပြင်အား ဆုတ်ဖြဲပစ်လိုက်သကဲ့သို့ ဧရာမအနက်ရောင်အာကာသအက်ကွဲကြောင်းကြီးတစ်ခုထွက်ပေါ်လာသည်။

အနက်ရောင် အက်ကွဲကြောင်းကြီးမှာ ကြီးမားသည်ထက်ကြီးမားလာသည်။ ယင်းမှာ ဧရာမသားရဲကြီးတစ်ကောင်က ၎င်း၏ မှောင်မိုက်သောအစာလုပ်ကို ဖွင့်ဟပြီး အထက်ရှိ နတ်ဆိုးသားရဲတိမ်တိုက်များအားကိုက်ဖို့

ကြိုးစားနေသကဲ့သို့ပင်ဖြစ်သည်။

ဟင်းလင်းပြင်က အစိတ်စိတ်အမွှာမွှာဆုတ်ပြဲသွားပြီး နတ်ဆိုးသားရဲများ၏ ခန္ဓာကိုယ်များကလည်း အပိုင်းပိုင်းဆုတ်ပျက်သက်ကုန်သည်။

ခရမ်းရောင်၊မီးခိုးရောင်၊ အဝါရောင်နှင့် ရွှေရောင်အသီးသီးကိုကိုယ်စားပြုသောများ

စွာသောအရောင်များ၏ သွေးများကလည်း ကောင်းကင်ထဲမှမိုးကဲ့သို့ရွာသွန်းလာ၏။

မော်ကြွားဓားအိမ်တော်၏ အထက်တွင် သောင်းနှင့် ချီသောပုံရိပ်များက ဝင့်ကြွားစွာရပ်နေကြသည်။ ၎င်းတို့တစ်ယောက်ချင်းစီတိုင်းက ခန္ဓာကိုယ်များကို ဓားရှည်များကဲ့သို့မတ်မတ်ရပ်ထားပြီး ရောက်ရှိလာသော ရန်သူများကိုကြိုဆိုရန် ကောင်းကင်ထဲသို့ကြည့်လိုက်သည်။

ဤလူပေါင်းသောင်းချီ၏ရှေ့တွင် လူငယ်တစ်ယောက်ကရပ်နေသည်။ သူ၏မျက်နှာက အေးစက်နေပြီးကောင်းကင်ထဲသို့ကြည့်နေ၏။ သူကထိုနေရာ၌ရပ်နေပြီး ကောင်းကင်ထဲသို့စူးဖောက်ဖြတ်သန်းဝင်

ရောက်သော ဓားရှည်တစ်ချောင်းကဲ့သို့ အော်ရာတစ်ခုကို ပေးစွမ်းနေသည်။

ဤလူမှာ မော်ကြွားဓားအိမ်တော်၏အရှင်သခင်ဖြစ်သူ ယွမ်ရီမုန့်ပင်ဖြစ်သည်။ သူက မိုးကောင်းကင်အောက်၌အသန်မာဆုံးသူတစ်ယောက်ဖြစ်သော ငရဲဘုံကိုးခု ဧရာဇ် ယိုမင် ၏ ခြောက်ယောက်မြောက်တပည့်တစ်ဦးဖြစ်သည်။

ဟင်းလင်းပြင်အား အပိုင်းပိုင်းဆုတ်ပြဲသွားစေသော နတ်ဆိုးသတ်ဖြတ်ခြင်း ကောင်းကင်ဘုံဓားမှာ သူထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ငရဲဘုံကိုးခု နတ်ဆိုးသတ်ဖြတ်ခြင်း ကောင်းကင်ဘုံဓားမှာ ကောလဟာလများအရ ငရဲဘုံကိုးခု ဧကရာဇ်ဖန်တီးခဲ့သော ငရဲဘုံကိုးခု ဓားပညာရပ်များထဲမှ အန္တိမလှုပ်ရှားမှုတစ်ခုဖြစ်သည်။

ကောလဟာလများအရ ထိုလှုပ်ရှားမှုအား ငရဲဘုံကိုးခုဧကရာဇ်အရှင်က မွန်းစတားဧကရာဇ်ကို သတ်ဖြတ်စဉ် ဆင်ခြားနားလည်သဘောပေါက်သည်ဟုဆိုသည်။ဤလှုပ်ရှား အား မွန်းစတားဧကရာဇ် အား ထျန်းယောင်တောင်ပေါ်၌ သတ်ဖြတ်စဉ်က အသုံး ပြုခဲ့ခြင်းဖြစ်သည်။

ဤအချိန်တွင် ယွမ်ရီမုန့်၏နောက်၌ရပ်နေသောလူငယ်က စိုးရိမ်စွာဖြင့်မေးလိုက်သည်။

“အကိုကြီး ဘာလို့ မွန်းစတား မျိုးနွယ်စု စစ်တပ်က ကျွန်တော်တို့ မော်ကြွားဓားအိမ်တော်ကို ကျူးကျော်တာလဲဆိုတာကို မေးလို့ရမလား”

ဤလူမှာ ယွမ်ရီမုန့်၏ သွေးသားတော်စပ်သူ ညီအကိုရင်း ဖြစ်သည့် ယွမ်ရီခွန်ပင်ဖြစ်သည်။

ယွမ်ရီမုန့် မော်ကြွားဓားအိမ်တော်၏ အရှင်သခင်ဖြစ်လာပြီးနောက် ယွမ်ရီခွန်က အိမ်တော်၏ ပထမအကြီးအကဲဖြစ်လာသည်။

“ဟမ့်”

ယွမ်ရီမုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

“အဲ့အချိန်တုံး ကငါတို့ရဲ့ဆရာ ငရဲဘုံကိုးခုဧကရာဇ်အရှင်က သူတို့ရဲ့မွန်းစတားဧကရာဇ် ကို ထျန်းယောင်တောင်ပေါ်မှာ သတ်ပစ်ခဲ့တယ်.. အခု ဒီဆန်ကုန်မြေလေးတွေက ငါတို့မော်ကြွားဓားအိမ်တော်ကို ကျူးကျော်လာရဲမှတော့ သူတို့အကုန်လုံးကို ရှင်းထုတ်ပစ်တာပေါ့”

“ဟမ့်..ယိုမင်.. ဘာကိုကြီးမြတ်တဲ့ဆရာလဲ”

ဤအချိန်တွင် ငိုကြွေးအော်ဟစ်သံများပဲ့တင်ထပ်နေဆဲဖြစ်သော ဟင်းလင်းပြင်ထဲမှ အေးစက်သောနှာမှုတ်သံတစ်ချက်ထွက်ပေါ်လာည်။ ရုတ်ခြည်း အနက်ရောင်အာကာသအက်ကွဲကြောင်းအဖြစ်တိုက်ခိုက်ခံရသော နတ်ဆိုးတိမ်တိုက်များမှ တလက်လက်တောက်ပနေသော ရွှေရောင်အလင်းတစ်ခု လင်းလက်ထွက်ပေါ်လာသည်။

“ဟမ်”

ရွှေရောင်အလင်းအားမြင်လိုက်ရသောအခါတွင် ယွမ်ရီမုန့်၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားသည်။ ရွှေရောင်အလင်းအောက်၌ ဧရာမအာကာသအက်ကွဲကြောင်းကြီးမှာ

လျှင်မြန်စွာပိတ်သွား၏။

ငရဲဘုံကိုးခု ဓားပညာရပ် နတ်ဆိုးသတ်ဖြတ်ခြင်း ကောင်းကင်ဘုံဓားမှာ တကယ်ကြီးရွှေရောင်အလင်း၏ ချိုးဖျက်ခြင်းကိုခံလိုက်ရသည်။

ထို့နောက်ချက်ချင်း ကောင်းကင်ထဲ၌လင်းလက်နေသော

ရွှေရောင်အလင်းအတွင်း၌ ရွှေရောင်ပုံရိပ်တစ်ခုက ခပ်ရေးရေးထွက်ပေါ်လာပြီး အေးစက်သောနှာမှုတ်သံကထပ်မံထွက်လာပြန်သည်။

“ယိုမင်.. လူသားမျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့ဧကရာဇ် က လွန်ခဲ့တဲ့နှစ်ဆယ့်ငါးနှစ်က မွန်းစတားဧကရာဇ်ကိုသတ်ပစ်ခဲ့တယ်…ဒီနေ့ငါ နတ်ဆိုးသားရဲတွေရဲ့ ဧကရာဇ်ငယ်က ထျန်းယောင်တောင်ကနေထွက်လာပြီးထျန်းဟန်တိုက်ကြီးကိုသိမ်းပိုက်ဖို့အတွက် စစ်သည်တစ်သိန်းကိုဦးဆောင်လာပြီ”

“ငရဲဘုံကိုးခုဧကရာဇ်ကသေသွားပြီ.ဒီတော့ ငါက ငရဲဘုံကိုးခုဧကရာဇ်နဲ့ဆက်နွယ်နေတဲ့သူ

တွေအကုန်လုံးကို အရင်သတ်မယ်. ငါမင်းတိုရဲ့ခေါင်းကိုဖြတ်ပြီးတော့ ကောင်းကင်ဘုံက ငါ့ရဲမွန်းစတားဧကရာဇ်အတွက် ပူဇော်ပသမယ်”

“ဟမ့်”

နှာမှုတ်သံအားကြားပြီးနောက် ယွမ်ရီမုန့်ကလည်း အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

“မင်းရဲ့ အသုံးမကျနုံချာတဲ့ စစ်တပ်နဲ့ ငရဲဘုံကိုးခုဧကရာဇ်ရဲ့ တပည့်တွေကို သတ်နိုင်မယ်ထင်နေတာလား..

အိမ်မက်မက်နေတာပဲ”

“မင်းဒီကိုရောက်လာမှတော့ မင်းဘယ်တော့မှ မော်ကြွားဓားအိမ်တော်ကနေ ပြန်ထွက်မသွားရတော့ဘူး”

“ဓားတစ်သောင်း. ထွင်းဖောက်ခြင်းနှလုံးသား”

ယွမ်ရီမုန့်ကအော်ကလိုက်ကာသူ၏

ညာလက်အားဓားလက်ချောင်း

အသွင်ဖွဲ့စည်းလိုက်ပြီး ကောင်းကင်ထဲသို့ထိုးညွှန်လိုက်သည်။

ဟင်းလင်းပြင်ထဲတွင် သိပ်သည်းထူထပ်များပြားလှသော ဓားချီပေါင်းတစ်သောင်းပေ်လာပြီး အားလုံးက ကောင်းကင်ထဲ၌တလိပ်လိပ်ထနေသော နတ်ဆိုးတိမ်တိုက်များဆီသို့ ဦးတည်ပျံသန်းသွားကာ မွန်းစတားမျိုးနွယ်စု စစ်တပ်၏ စစ်သည်တစ်သိန်းအား သတ်ဖြတ်တော့သည်။

“မော်ကြွားဓားအိမ်တော်ကလူတွေ ငါ့ရဲ့အမိန့်ကိုနားထောင်ကြ ဓားတစ်သောင်းအစီအရင်ကို ခင်ကျင်းကြ မော်ကြွားဓားအိမ်တော်ကိုကျူးကျော်လာတဲ့ လူသားဖြစ်စေ ..မွန်းစတားဖြစ်စေ နတ်ဆိုးဖြစ်စေ ဘယ်သူ့ကိုမဆို သတ်ပစ်ကကြ”

ဤအချိန်တွင် ပထမအကြီးအကဲ ယွမ်ရီခွန်ကလည်း အော်ပြောလိုက်သည်။

သူ၏အသံကကောင်းကင်ထဲ၌ပဲ့တင်ထပ်နေသည်။

“သတ်..”

“သတ်”

“သတ်ကြ”

“သတ်”

မော်ကြွားဓားအိမ်တော်၏ ကျင့်ကြံသူပေါင်းတစ်သောင်းကလည်း ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။ မော်ကြွားဓားအိမ်တော်မှ ကျင့်ကြံသူပေါင်းတစ်သောင်း၏ ခန္ဓာကိုယ်များမှ စွမ်းအားကြီးပြီး ထည်ဝါသော ဓားစွမ်းအင်များ တလိပ်လိပ်ထွက်ပေါ်လာပြီး အပေါ်သို့ထိုးတက်သွားသည်။

“တိုက်”

“တိုက်ကြ”

“တိုက်”

“တိုက်”

နတ်ဆိုးတိမ်တိုက်တို့အတွင်းရှိ စစ်ချီသံက ကောင်းကင်ကိုပင်လှုပ်ခတ်စေ၏။ထို့နောက် ပြန်းထန်သောတိုက်ခိုက်မှုများကျဆင်းလာသည်။ ဟင်းလင်းပြင်မှာ လှုပ်ခါနေပြီး ကမ္ဘာကြီးက ပရမ်းပတာဖြစ်နေသည်။ စစ်ပွဲကစတင်ပြီဖြစ်၏။

ကောင်းကင်ကမှောင်မိုက်လာသကဲ့သို့ ရှစ်ဖုန့်ကလည်း မြွေလူသားမလေး ဇီယာနှင့်အတူ မြို့အရှင်သခင်၏အိမ်တော်သို့ ပြန်လာသည်။

အကြောင်းပြချက်အချို့ကြောင့် နေ့လည်ခင်းကရှစ်ဖုန့်မှာတစ်ခုခုဖြစ်ပျက်သွားသကဲ့သို့စိတ်မသက်မသာဖြစ်မှုကိုခံစားခဲ့ရသည်။

“ဘာတွေဖြစ်နေတာလဲ.. ငါ့ရဲ့ သိုင်းနယ်ပယ်ဝမ်းတွင်းအသိစိတ်ပင်ကိုယ်ဗီဇက စိုးရိမ်ပူပန်မှုခံစားရအောင်လုပ်နေတယ်.. တကယ်ပဲတစ်ခုခုဖြစ်နေတာများလား”

လမ်းလျှောက်နေရင်းရှစ်ဖုန့်ကမျက်မှောင်ကြုတ်၍ သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။

“မော်ကြွားဓားအိမ်တော်.. အဲ့သက်ကြားအိုကြီးထျန်းယုံက မော်ကြွားဓားအိမ်တော်ဒုက္ခရောက်နေ

ပြီလို့ပြောခဲ့ပြီး ငါ့ရဲ့ ဝမ်းတွင်းအသိစိတ်ပင်ကိုယ်ဗီဇကလည်း စိုးရိမ်ပူပန်မှုကိုဖြစ်နေစေတယ်…မော်ကြွားဓားအိမ်တော်မှာကပ်ဘေးက ကျလာပြီးတာများဖြစ်နိုင်မလား”

ဤရက်များအတွင်းရှစ်ဖုန့်စိုးရိမ်ပူပန်မှုအဖြစ်ဆုံးက အဘိုးအိုထျန်းယုံသူ့အတွက်ချန်ထားခဲ့သောစကားများပင်ဖြစ်သည်။

“ငါအချိန်မှီရောက်နိုင်ပါစေလို့ပဲမျှော်လင့်တယ်”

ရှစ်ဖုန့်က သူ့ကိုယ်သူထပ်မံပြောလိုက်သည်။

“ဘာဖြစ်လို့လဲ အကိုကြီးရှစ်ဖုန့်.. ဘာလို့အကိုကြီးစိတ်ထဲမှာတစ်ခုခုရှိနေတယ်လို့ညီမခံစားနေရတာလဲ. “

ရှစ်ဖုန့်၏ဘေးမှလျှောက်လှမ်းနေသောဇီယာက လည်း ရှစ်ဖုန့်တစ်ခုခုဖြစ်နေသည်ကိုသတိထားမိသည်ဖြစ်သည်။ သူမက အစောပိုင်းကတည်းက မျက်မှောင်ကြုတ်နေသည်ဖြစ်၏။

“ဘာမှမဟုတ်ပါဘူး”

ဇီယာ၏စကားတို့အားကြားသောအခါတွင် ရှစ်ဖုန့်က သူ၏ နက်ရှိုင်းသောအတွေးတို့မှ ပြန်လည်သတိဝင်လာပြီး ဇီယာကိုပြောလိုက်သည်။

“အိုး.အဲ့လိုလား”

ဇီယာကညင်သာစွာပြန်ပြောလိုက်သည်။

သိပ်မကြာခင်နန်းတော်တစ်ခုကဲ့သို့ ပုံစံရှိသည့်နေဝင်ဆည်းဆာမြို့၏ခမ်းနားသောမြို့အရှင်သခင်အိမ်တော်က ရှစ်ဖုန့်နှင့်ဇီယာတို့၏ရှေ့၌ပေါ်လာသည်။

ရှစ်ဖုန့်ထိုနေရာ၌စောင့်ဆိုင်းနေသောလောချင်းချွမ်နှင့် သူ့ဘေး၌ရှိနေသည့်နေဝင်ဆည်းဆာမြို့အရှင်သခင်လောလုံတို့ကိုတွေ့လိုက်ရသည်။

“သခင်လေးဖုန့်.သခင်လေးပြန်လာပြီပဲ”

လောလုံမှာလျှောက်လှမ်းပြန်လာသော

လူငယ်အားမြင်တွေ့လိုက်ရသောအခါတွင် ပြုံး၍ခေါင်းညိမ့်လိုက်သည်။ ရှစ်ဖုန့်အား လောချင်းချွမ်ကမည်ကဲ့သို့ခေါ်ဝေါ်သုံးနှုန်းသည်ကိုသူသင်ယူထားပြီးဖြစ်၏။ ရှစ်ဖုန့်အားစကားပြောသောအချိန်တွင်

ဩဇာရှိသောနေဝင်ဆည်းဆာမြို့အရှင်သခင်၌ လေးစားမှုအပြည့်ရှိသောမျက်နှာတစ်ခုရှိနေသည်။

အားလုံးထက်သူက ဤလူငယ်မှာထိုလူ၏တရားမဝင်သားအဖြစ်မှတ်ယူထးသည်ဖြစ်သည်။

သို့သော်သူသာဤလူငယ်ကထိုလူဖြစ်သည်

ကိုသိသွားခဲ့မည်ဆိုလျှင် လောလုံ၌မည်ကဲ့သို့အမူအယာမျိုးဖြစ်နေမည်နည်း။

သို့သော် ယနေ့သူ၏လေးစားမှုအတွက်တစ်နေ့တွင်လောလုံတစ်ယောက်ဝမ်းမြောက်ဝမ်းသာဖြစ်ရမည်ဟုယုံကြည်သည်။

All Chapters