အခန်း (၇၉၁)
Vol. 53 Ch. 791
ဤအချိန်တွင် လောချင်းချွမ်က လျှောက်လှမ်းလာပြီးရှစ်ဖုန့်ကိုပြောလိုက်သည်။
“သခင်လေးဖုန့်.. ဒေသကြီးအချင်းချင်းနေရာကူးပြောင်းအစီအရင်က အသက်သွင်းလို့ရနေပါပြီ.. ကျွန်တော်တို့တွေ မိနစ်သုံးဆယ်နေရင် အနောက်ပိုင်းဒေသကြီးဆီကိုနေရာကူးပြောင်းလို့ရပါတော့မယ်”
“အရမ်းကောင်းတယ်”
ရှစ်ဖုန့်ကအနည်းငယ်ခေါင်းညိမ့်လိုက်သည်။
လောချင်းချွမ်ကလည်းရှစ်ဖုန့်အားသခင်လေး
၏ခေါ်ဝေါ်သုံးနှုန်းလိုက်၏။ လောချင်းချွမ်၏ လေးစားမှုအပြည့်ရှိသောဆက်ဆံပုံမှ လောလုံတစ်ယောက် ဤလူငယ်မှာ ထိုလူ၏တရားမဝင်သားဖြစ်ကြောင်းပိုသေချာသွားသည်။
ထို့နောက်လောလုံကပြောသည်။
“ သခင်လေးဖုန့်ပြန်လာပြီဆိုမှတော့ နေရာကူးပြောင်းအစီအရင်ကိုသွားပြီးတော့ စောင့်ကြတာပေါ့”
“အင်း.သွားစို့”
ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။
သို့သော် ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးနောက် ရုတ်တရက်မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်ထဲသို့ကြည့်လိုက်သည်။
စွမ်းအားကြီးစွမ်းအင်တစ်ခု နေဝင်ဆည်းဆာမြိုအပေါ်မှ ကျဆင်းလာသည်ကိုရှစ်ဖုန့်အာရုံခံမိသည်။ ကောင်းကင်ထဲရှိဟင်းလင်းပြင်ပင်စွမ်းအင်အတက်အကျများဖြစ်သွား၏။
ထို့နောက် လောလုံနှင့်လောချင်းချွမ်တို့ကလည်း မှောင်မိုက်သောကောင်းကင်ထဲရှိ အပြောင်းအလဲများကိုအာရုံခံမိလိုက်သည်။
“ဘယ်သူလဲ. ငါ့ရဲ့နေဝင်ဆည်းဆာမြို့ကိုဘယ်သူလာတာလဲ”
ဤအချိန်တွင် လောလုံကကောင်းကင်ထဲသို့အော်
ပြောလိုက်သည်။
“တော်ဝင်အမိန့်ပြန်တမ်းရောက်ရှိလာတယ်”
ဤအချိန်တွင် အရှိန်အဝါကြီးမားသောအော်သံတစ်ခုက မှောင်မိုက်သောကောင်းကင်ထဲမှ
ထွက်ပေါ်လာသည်။
“တော်ဝင်အမိန့်ပြန်တမ်းလား”
ရှစ်ဖုန့်ကမျက်မှောင်ကြုတ်လိုက်ပြီး ရေရွတ်လိုက်သည်။ ထို့နောက်သူကသွားပေါ်အောင်
အေးစက်စွာပြုံးလိုက်၏။
“တော်ဝင်အမိန့်ပြန်တမ်း”
လောလုံကလည်းမျက်မှောင်ကြုတ်လိုက်သည်။ မြောက်ပိုင်းဒေသကြီးအတွင်း ၌ ပိုင်ကျန်း မင်းဆက်သည်သာလျှင် တော်ဝင်အမိန့်ပြန်တမ်းအားခေါ်နိုင်သည်ဖြစ်သည်။ လောမိသားစု၏ဘိုးဘေးရှိစဉ်ကတည်းက ပိုင်ကျန်းမင်းဆက်က တော်ဝင်အမိန့်ပြန်တမ်းအားထုတ်ပြန်ရန် မျိုးဆက်များစွာတိုင် နေဝင်ဆည်းဆာမြို့သို့ရောက်မလာသည်မှကြာခဲ့ပြီဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် နေဝင်ဆည်းဆာမြို့က ပိုင်ကျန်းမင်းဆက်အား ဂရုမစိုက်တော့သည်မှာကြာပြီဖြစ်သောကြောင့်ဖြစ်၏။
အရှိန်အဝါရှိသောအသံတစ်ခုထွက်ပေါ်လာသကဲ့သို့ ဧရာမဝဲကြီးတစ်ခုကလည်း ကောင်းကင်ထဲ၌ပေါ်လာသည်။ ဝဲအတွင်း၌ပုံရိပ်များစွာအားခပ်ရေးရေးမြင်တွေ့ရ၏။
ဧရာမဝဲကြီးက ဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်သွားသကဲ့သို့ ပုံရိပ်များကတစ်ခုပြီးတစ်ခုပေါ်လာသည်။
မှောင်မိုက်သော ကောင်းကင်ယံထဲတွင် ရေခဲရောင်ချပ်ဝတ်နှင့်ရာပေါင်းများစွာသော ပိုင်ကျန်းမင်းဆက်၏တော်ဝင်စစ်သည်များ
ကဝင့်ကြွားစွာရပ်နေကြသည်။တော်ဝင်စစ်တပ်၏ ရှေ့တွင်ရွှေရောင်တိုက်ပွဲဝင်ချပ်ဝတ်နှင့်သက်လတ်ပို်ငးအရွယ်လူတစ်ယောက်ရပ်နေသည်။ သူက အောက်ရှိနေဝင်ဆည်းဆာမြို့ထံသို့ ခန့်ညားသောအသွင်ဖြင့်ငုံ့ကြည့်နေသည်။
“ပိုင်ကျန်းမင်းဆက်ရဲ့စစ်သူကြီး ထို့ပါဝေ့”
လောလုံကမျက်မှောင်ကြုတ်ပြီးတီးတိုး
ရေရွတ်လိုက်သည်။
ပိုင်ကျန်းမင်းဆက်က တော်ဝင်အမိန့်ပြန်တမ်းအားထုတ်ပြန်ရန်
တကယ်ကြီး စစ်သူကြီးထို့ပါဝေ့ကို စေလွှတ်ခဲ့သည်။ ဘာတွေ များဖြစ်ပျက်နေပါသနည်း။
လောလုံသူ့ဖာသာသူတွေးလိုက်သည်။
လေထဲ၌ စစ်သူကြီးထို့ပါဝေ့က သူ၏ဘယ်လက်ကိုနောက်သို့ပစ်ထားကာ ညာလက်က တော်ဝင်အမိန့်ပြန်တမ်းကိုကိုင်ထားသည်။ သူက နေဝင်ဆည်းဆာမြို့ရှိ ရပ်ကာခေါင်းများအားမော့ထားကြသောလူများကိုငုံ့ကြည့်လိုက်သည်။ သူက နေဝင်ဆည်းဆာမြို့အရှင်သခင်ကို လက်ညှိုးထိုးညွှန်ပြီး အော်ငေါက်လိုက်သည်။
“ ငါဒီကို အရှင်မင်းတရားကြီးရဲ့ တော်ဝင်အမိန့်ပြန်တမ်းနဲ့လာခဲ့တာ လောလုံ.. ဒူးထောက်စမ်း”
“ဒူးထောက်ရမယ်”
ထိုစကားများအားကြားသောအခါတွင် လောလုံ၏နှုတ်ခမ်းထောင့်ကတွန့်ကွေးသွားည်။ သူကအထင်သေးသောအပြုံးတစ်ခုပေါ်လာပြီးပြောလိုက်၏။
“စစ်သူကြီးထို့ပါဝေ့ မင်းကအရမ်းကိုစွမ်းအားကြီးလို့ ငါ့ဒူးတွေက မာတောင့်နေပြီး ဘယ်လိုဒူးထောက်ရမယ်ဆိုတာကိုငါမသိတော့ဘူး. အကယ်၍မင်းတစ်ခုခုပြောစရာရှိတယ်ဆိုရင်တိုက်ရိုက်ပဲ ပြောလိုက်..ငါလောလုံကို အဓိပ္ပါယ်မရှိတာတွေလာပြီးပြောမနေနဲ့”
လောလုံ၏ စကားများအားကြားပြီးနောက် ထို့ပါဝေ့၏မျက်နှာက ရုတ်ခြည်း အေးစက်မှုအဖြစ်ပြောင်းလဲသွားပြီး သူကအေးစက်စွာပြောလိုက်သည်။
“ကောင်းတယ်..အရမ်းကောင်းတယ်.. နေဝင်ဆည်းဆာမြို့ရဲ့ကြီးမြတ်တဲ့အရှင်သခင် လောလုံ”
နောက်ဆုံးစကားနှစ်ခွန်းအားပြောချိန်တွင် ထို့ပါဝေ့ကခက်ထန်စွာပြောလိုက်ပြီး ၎င်းက လောလုံဒူးထောက်သည်မထောက်သည်ကို ထပ်မံစိတ်ဝင်စားနေခြင်းမရှိတော့ပေ။ သူက တော်ဝင်အမိန့်ပြန်တမ်းကိုဖွင့်လိုက်ပြီး ကျယ်လောင်စွာဖတ်ရှုလိုက်သည်။
“ကောင်းကင်ဘုံရဲ့ဆန္ဒကို လေးစားလိုက်နာခြင်းအလို့ငှာ ဧကရာဇ်မင်းတရားကြီးရဲ့ အမိန့်ပြန်တမ်း… ငါကိုယ်တော်ရဲ့မြောက်ပိုင်းဒေသကြီးအတွင်းမှာ စွမ်းအားကြီးမားပြီး ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရုတ်တရက်ပေါ်လာပြီး ကမ္ဘာကြီးကို ဒုက္ခပေးနေတယ်.. ငါကိုယ်တော်ရဲ့မြောက်ပိုင်းဒေသကြီးထဲက ထျန်းကြွယ်မြို့.. ဝူဟမ်မြို့..ထျန်းလုံမြို့တို့အပါအဝင် မြို့ပေါင်းဆယ့်တစ်မြို့ဟာနတ်ဆိုးရဲ့ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး သတ်ဖြတ်ခံရတဲ့ ပြည်သူပြည်သားအရေအတွက်ဟာ ဆယ်သန်အထိကိုရောက်ရှိခဲ့ပြီးဖြစ်တယ်.. ဒီနတ်ဆိုး ကို အပြီးတိုင်သုတ်သင်ပစ်ကြရမယ်”
“စစ်သူကြီးထို့ပါဝေ့ကို နတ်ဆိုးအနိုင်ယူဖို့ စစ်သူကြီးအဖြစ် ခန့်အပ်တာဝန်ပေးတယ်. နတ်ဆိုးကို အမြစ်ဖြတ်ချေမှုန်းသုတ်သင်ခြင်းမပြုလုပ်ခင် သင့်အနေနဲ့ ငါကိုယ်တော်ရဲ့မြောက်ပိုင်းဒေသကြီးထဲက မည်သည့်စစ်တပ်အင်အားကိုမဆို စေလွှတ်ပိုင်ခွင့်ရှိတယ်.. မြောက်ပိုင်းဒေသကြီးက မည်သည့်အင်အားစု မဆို ငါကိုယ်တော်ရဲ့အမိန့်ကို မနာခံခြင်းမရှိစေရ လို့ ငါကိုယ်တော်ဒီအမိန့်ပြန်တမ်းကိုထုတ်ပြန်လိုက်တယ်”
ထို့ပါဝေ့က တော်ဝင်အမိန့်ပြန်တမ်းအားဖတ်ရှုပြီးသည့်နောက် နောက်ထပ်တစ်ကြိမ်သူ့အောက်ရှိလောလုံအား ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်၏။
“လောလုံအရှင်မင်းတရားကြီးရဲ့အမိန့်ပြန်တမ်းကိုမင်း ရှင်းရှင်းလင်းလင်းကြားလား…မင်းငါ့ကိုထပ်ပြီး ဖတ်ပြစေချင်သေးလား..တစ်ခုခုကိုမင်းနား
မလည်ဖြစ်နိုင်တာကြောင့်မလို့ ငါမင်းကိုရှင်းပြမယ်”
လောလုံမှာ တော်ဝင်အမိန့်ပြန်တမ်းနှင့်ထို့ပါဝေ့၏ စကားများအားနားထောင်ပြီးသည့်နောက် သူ၏စိတ်ထဲမှသရော်လိုက်သည်။ လွန်ခဲ့သောသုံးနှစ်ကမှ ထီးနန်းကိုဆက်ခံခဲ့သည့်မြောက်ပိုင်းဒေသကြီး၏ပိုင်ကျန်းမင်းဆက်မှ ဤဧကရာဇ်မင်းလေးက တစ်ခုခုကြီးမားတာကိုထပ်မံလုပ်နေသည်လော။
အရူးနတ်ဆိုးကို ချေမှုန်းသုတ်သင်ခြင်းကိုအသုံးပြုပြီး နိုင်ငံတစ်ခုလုံးကစစ်တပ်အားလုံးကိုထို့ပါဝေ့အမိန့်နှင့်စုစည်းချင်သည်လော။
သတ္တိကကြီးမားသောသတ္တိဖြစ်သော်လည်း ကြီးမားသောသတ္တိရှိရုံနှင့်မလုံလောက်ပေ။အလားတူလိုက်လျောညီထွေသော ခွန်အားစွမ်းပကားလည်းရှိဖို့လိုသေး
သည်ဖြစ်သည်။
ထိုသို့သာမဟုတ်ပါက ယင်းမှာလူထု၏ဒေါသအားနှိုးဆော်လိုက်သလိုဖြစ်စေလိမ့်မည်ဖြစ်၏။
“ဟီးဟီး..အကယ်၍ အင်အားစုအလားလုံသာပေါင်းစည်းပြီးခုံရုံးကနေထွက်လိုက်ရင် မင်းတို့ပိုင်ကျန်းမင်းဆက်ရဲ့ ပျက်ကိန်းလမ်းကိုပိုမြန်စေတာပဲရှိမှာ”
ဘေး၌ရပ်နေသောရှစ်ဖုန့်မှာ ထို့ပါဝေအစောပိုင်းကဖတ်ပြသော တော်ဝင်အမိန့်ပြန်တမ်းအား နားထောင်ပြီးနောက် တွေးတောနေသည်။
“အဲ့မကောင်းဆိုးဝါးကြောင့်မြို့ပေါင်းဆယ့်တစ်မြို့တောင် အစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရတာလား”
ဤအချိန်တွင်ထို့ပါဝေ့၏ အသံက ထပ်မံထွက်ပေါ်လာသည်။
“လောလုံ.. ဒီစစ်သူကြီးကအရှင်မင်းတရားကြီးဆီကနေ နတ်ဆိုး ကို သုတ်သင်ဖို့ အမိန့်ရထားတယ်.. အခုငါမင်းရဲ့နေဝင်ဆည်းဆာမြို့ကို စစ်သားတွေစေလွှတ်ဖို့အတွက်လာတာပဲ.. မင်းဒီစစ်သူကြီးကို စစ်သည်တစ်သိန်းမြန်မြန်စေလွှတ်ပေးရမယ်.. ဒီစစ်သူကြီးအနေနဲ့ ဧကရာဇ်နယ်ပယ်ကရှေ့ဆောင်သုံးဦးကိုလည်းလိုအပ်တယ်”
ထို့ပါဝေ့၏ အသံအားကြားရသောအခါတွင် လောလုံ၏မျက်နှာထက်ကလှောင်ပြုံးကပို၍ပို၍ ပီပြင်လာပြီး အေးစက်စွာပြောလိုက်သည်။
“စစ်သည်တစ်သိန်း.. ဧကရာဇ်နယ်ပယ်ရှေ့ဆောင်သုံးဦး.ဟမ့်. ထို့ပါဝေ့ မင်းကတကယ်ကို အလိုရမက်ကြီးတာပဲ”
“ငါ့ရဲ့နေဝင်ဆည်းဆာမြို့က အမြဲတမ်း ငြိမ်းချမ်းမှုကိုတောင့်တပြီး အမြဲတမ်းအစဉ်အလာကို ထိန်းသိမ်းတယ်. ဒီမြို့မှာပုံမှန်မြို့နဲ့ဂိတ်ကိုစောင့်ကြပ်နေကြဖြစ်တဲ့ အသက်ကြီးပြီးအားနည်းတဲ့ စစ်သည်ထောင်ဂဏန်းအနည်းငယ်ပဲ
စုစည်းထားတယ်.. အကယ်၍မင်းစစ်သည်စုဆောင်းချင်တာဆိုရင် အခြားနေရာကိုပဲသွားလိုက်”
“စွမ်းဆောင်နိုင်စွမ်းမဲ့တဲ့ အသက်ကြီးပြီးအားနည်းတဲ့စစ်သည်
ထောင်ဂဏန်း”
ထို့ပါဝေ့အံကိုတင်းတင်းကြိတ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“လောလုံ ငါမင်းဆီကနေစစ်သည်တစ်သိန်းတောင်းတယ်ဆိုတာ မင်းရဲ့နေဝင်ဆည်းဆာမြို့ကကောင်းကောင်းမွန်မွန်လည်ပတ်နေတယ်ဆိုတာကိုသိလို့ပဲ… တစ်သိန်းမပြောနဲ့ ငါးသိန်းဒါမှမဟုတ်. တစ်သန်းဆိုရင်တောင် မင်းရဲ့နေဝင်ဆည်းဆာမြို့က ထောက်ပံ့နိုင်တယ်”
“ဘာလဲ နေဝင်ဆည်းဆာမြို့ကလောလုံ မင်းက အမိန့်ကိုမနာခံတာလား.လောလုံမင်းအာဏာဖီဆန်ပုန်ကန်ချင်လို့လား”
“ဟားဟား..ဟားဟားဟား”
လောလုံကရုတ်တရက်ရယ်မောပြီးပြောလိုက်သည်။
“ငါ့ရဲ့နေဝင်ဆည်းဆာမြို့မှာ အားနည်းပြီး အိုမင်းတဲ့ စစ်သည်ထောင်ဂဏန်းပြရှိတယ်..မင်းငါ့ကိုအတင်းအကျပ်ထပ်ပြီးထုပ်ပေးဖို့တောင်းဆိုရင်
တောင်ငါသေချာပေါက်အဲ့တာကိုလုပ်နိုင်မှာမဟုတ်ဘူး.အကယ်၍မင်းထို့ပါဝေ့က ငါလောလုံကို အမိန့်မနာခံသူ အာဏာဖီဆန်သူအဖြစ်အသေရဖျက်ရင်လည်း ငါအဲ့တာကိုမလုပ်နိုင်ဘူး”
လောလုံထံမှတိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်ခုက ခပ်ရေးရေးမြင့်တက်လာပြီးဖြစ်သည်။
“ကောင်းတယ်..အရမ်းကောင်းတယ်. ဒီစစ်သူကြီးက မင်းလိုအာဏာဖီဆန်သူတစ်ယောက်ကို စကားပြောပြီးအချိန်မဖြုန်းတော့ဘူး. အမိန့်ကိုမနာခံတဲ့သူမှန်သူမျှ ချက်ချင်းသုတ်သင်ခံရမယ်.. “
နောက်ဆုံးစကားအားပြောသောအခါတွင် ပိုင်ကျန်းမင်းဆက်မှထို့ပါဝေ့က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ထို့ပါဝေ့အော်ဟစ်ပြီးနောက်ချက်ချင်း အားကောင်းပြီး တောက်ပသောရွှေရောင်အလင်းတစ်ခုက ရုတ်ခြည်း မှောင်မိုက်သောညကောင်းကင်ယံထဲမှကျဆင်းလာသည်။ ရွှေရောင်အလင်းမှာ ရွှေရောင်နဂါးတစ်ကောင်ဆင်းသက်လာသကဲ့သို့ဖြစ်ပြီး နဂါးတစ်ကောင်၏ဟိန်းသံခပ်သဲ့သဲ့
ကိုပါကြားရသည်။
“ဒါ..ဒါက”
ညကောင်းကင်ယံထဲမှရွှေရောင်အလင်းအား ရုတ်ခြည်းမြင်လိုက်ရသောအခါတွင် ရှစ်ဖုန့်ကမျက်မှောင်ကြုတ်သွားပြီး သူ့ဖာသာသူတွေးလိုက်သည်။
“ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်တုံးက ပိုင်ကျန်းမင်းဆက်တည်ထောင်သူ ဧကရာဇ်က မြောက်ပိုင်းဒေသကြီးတစ်ခုလုံးကို ပေါင်းစည်းပြီးတဲ့နောက်ထျန်းဟန်တိုက်ကြီးတစ်ခုလုံးကအဂ္ဂရိတ်သန့်စင်ဆရာသခင်တွေကို စုစည်းပြီး ပြုလုပ်ခဲ့တဲ့ အဆင့်ကိုး ဧကရာဇ်နယ်ပယ်အထွတ်အထိပ်ဆန်းကြယ်လက်နက် ဖြစ်တဲ့ ရှန့်ဖုန်းထျန်းလုံ ရွှေနဂါးဓားများဖြစ်နိုင်မလား”
]
“ကောလဟာလတွေအရ ရှန့်ဖုန်းထျန်းလုံ ရွှေနဂါးဓားက အဆင့်တစ်ဆယ် နတ်ဘုရားသတ္ထုဖြစ်တဲ့ ကောင်းကင်ဘုံရွှေကိုပန်းပဲထုပြုလုပ်ထားပြီး လက်နက်စိတ်ဝိညာဉ်အဖြစ် ရွှေနဂါးတစ်ကောင်ရဲ့ ဝိညာဉ်ကို ဆီးလ်ခတ်ထားတာတဲ့.. အဲ့တာကအဆင့်တစ်ဆယ်နတ်ဘုရားလက်နက်ဖြစ်ဖို့ ခြေတစ်လှမ်းစာပဲလိုတော့တယ်”