← Chapters

အခန်း (၇၉၂)

Vol. 53 Ch. 792

အခန်း (၇၉၂)

Vol. 53 Ch. 792

“ရှန့်ဖုန်းထျန်းလုံ ရွှေနဂါးဓား”

ညကောင်းကင်ယံထဲမှ နဂါးတစ်ကောင်ပုံသဏ္ဍန်ရွှေရောင်အလင်း

တစ်ခုကျဆင်းလာပြီး ရွှေရောင်နဂါးဟိန်းသံတစ်ခုထွက်ပေါ်လာ

သောအခါတွင် လောလုံ၏အမူအယာက ပြောင်းလဲသွားပြီး အံ့အားသင့်စွာပြောလိုက်သည်။

“ ရှန့်ဖုန်းထျန်းလုံ ရွှေနဂါးဓား”

“ရှန့်ဖုန်းထျန်းလုံရွှေနဂါးဓားက အချိန်တော်တော်ကြာကြကတည်းက ပျောက်ဆုံးနေခဲ့တာမဟုတ်ဘူးလား….. ဘာလို့ကမ္ဘာကြီးပေါ်မှာပြန်ပေါ်လာတာလဲ”

ညကောင်းကင်ယံထဲမှ ရွှေရောင်နဂါးဓားကဆင်းသက်လာသကဲ့သို့ စစ်သူကြီးထို့ပါဝေ့ကလည်း လောလုံ၏အမူအယာအားအေးစက်စွာ

ဖြင့်ကြည့်နေသည်။

လုံလော၏မျက်နှာထက်မှအံ့အားသင့်နေမှုအားမြင်တွေ့လိုက်ရသောအခါတွင် သူ၏နှလုံးသားထဲမှ ပူပင်ကြောင့်ကြမဲ့သောခံစားချက်တစ်ခုမြင့်

တက်ထွက်ပေါ်လာသည်။ သူကအေးစက်စွာထပ်မံအော်ပြောလိုက်သည်။

“ ရှန့်ဖုန်းထျန်းလုံရွှေနဂါးဓားနဲ့အရင်သတ်ပြီးနောက်မှတင်ပြမယ်.. မင်းလောလုံက ဧကရာဇ်မင်းတရားကြီးရဲ့ဆန္ဒကို မနာခံပဲ အာဏာဖီဆန်ချင်တဲ့နှလုံးသားရှိနေမှတော့ ဒီစစ်သူကြီးက မင်းကိုအရင်ဆုံးသတ်ပစ်ပြီးမှပဲ ဧကရာဇ်မင်းတရားကြီးကိုတင်ပြတော့မယ်”

ဤအချိန်တွင်ထို့ပါဝေ့့၏ မျက်နှာ၌ မောက်မာမှုများဖြင့်ပြည့်နက်နေသည်။ သူ၏ညာလက်ထဲမှတော်ဝင်အမိန့်ပြန်တမ်းအား အဝေးသို့ဖယ်ထားပြီးဖြစ်ပြီး သူ၏ ညာလက်အားဓားလက်ချောင်းအသွင်ပြုလုပ်ထားသည်။ သူကအောက်သို့ထိုးညွှန်လိုက်၏။

ညကောင်းကင်ယံထဲတွင် နဂါးပုံသဏ္ဍန် ရွှေရောင်အလင်းက မြို့အရှင်သခင်၏အိမ်တော်ထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့်ကျဆင်းလာပြီးဖြစ်သည်။ ရွှေရောင်အလင်းက ပိန်းပေါက်အောင်နက်မှောင်နေသော ကမ္ဘာအား ၎င်း၏အရောင်ဖြစ်သော ရွှေရောင်တို့ဖြင့် စွန်းထင်းစေပြီးဖြစ်သည်။

“ဝုန်း..ဝုန်း.ဝုန်း”

ကမ္ဘာကြီးကစတင်လှုပ်ခါလာသည်။

ရှန့်ဖုန်းထျန်းလုံရွှေနဂါးဓား၏အောက်တွင် နေဝင်ဆည်းဆာမြို့အတွင်းရှိမရေတွက်နိုင်သောလူများ၏ အမူအယာများက ကြီးစွာပြောင်းလဲကုန်သည်။ မရေတွက်နိုင်သောလူများ၏ ကိုယ်များက ထိန်းချုပ်၍မရဘဲစတင်တုန်ယင်လာပြီး ကမ္ဘာကြီး၏အဆုံးသတ်သို့ရောက်ရှိလာသကဲ့သို့ပင်ဖြစ်သည်။

“ဟားဟား. လောလုံ. ရှန့်ဖုန်းထျန်းလုံရွှေနဂါးဓားရဲ့အောက်မှာ မင်းဘယ်လောက်မောက်မာနိုင်မလဲဆိုတာ

ကိုကြည့်ကြသေးတာပေါ့”

ထို့ပါဝေ့က ရှန့်ဖုန်းထျန်းလုံရွှေနဂါးဓား၏ အံ့ချီးဖွယ်ကောင်းမှုကို ငှားယူပြီး မောက်မာစွာဖြင့်ရယ်မောလိုက်သည်။

“ဟမ့်”

ဤအချိန်တွင် လောလုံ၏ မိုးချုန်းသံကဲ့သို့သော နှာခေါင်းရှုံ့သံတစ်ခုထွက်ပေါ်လာသည်။ သူ ၏နှာခေါင်းရှုံ့သံဥ ကောင်းကင်နှင့်မြေပြင်တစ်ခွင့်ပဲ့တင်ထပ်သွားပြီး သူကအေးစက်စွာပြောလိုက်သည်။

“ ထို့ပါဝေ့ မင်းက ကြယ်ခုနှစ်ပွင့် ဧကရာဇ်နယ်ပယ်တစ်ယောက်ပဲ .. အကယ်၍ မင်းမှာ ရှန့်ဖုန်းထျန်းလုံရွှေနဂါးဓားရှိနေရင်တောင် မင်းစွမ်းအားဘယ်လောက်အထိထုတ်နိုင်လဲဆိုတာကိုငါကြည့်ချင်သေးတယ်”

ထို့သို့ပြောပြီးနောက် လောလုံက သူ၏ခေါင်းကိုလှည့်လိုက်ပြီး ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ကိုပြောလိုက်သည်။

“သခင်လေးဖုန့်.. ညီအကိုလော. ဒေသကြီးအချင်းချင်းနေရာကူးပြောင်းအစီအရင်ကို အခုလောက်ဆို အသုံးပြုလို့ရလောက်ပြီ.. အခုတော့ ကျုပ်မှာနေဝင်ဆည်းဆာမြို့ရဲ့ကိစ္စကိုကိုင်တွယ်ဖို့ရှိသေးပြီး သင့်တင်လျောက်ပတ်စွာနဲ့ မင်းတို့ကို ဧည့်မခံနိုင်တော့ဘူး. မင်းတို့အရင်သွားနှင့်လိုက်ကြပါ. အကယ်၍ ဧကရာဇ်အရှင်နဲ့တွေ့ခဲ့ရင်.. ကျေးဇူးပြုပြီးကျုပ်ကသူ့ကိုနှုတ်ခွန်းဆက်သကြောင်းကိုပြောပေးပါ”

“ကောင်းပြီ. ဆက်လုပ်ပါ”

ရှစ်ဖုန့်ကခေါင်းညိမ့်ပြီး ပြောလိုက်သည်။

“နှုတ်ဆက်ပါတယ်..”

လောချင်းချွမ်ကလည်းပြောလိုက်သည်။

ဤကိစ္စမှာ နေဝင်ဆည်းဆာမြို့နှင့်ပိုင်ကျန်းမင်းဆက်တို့ကြားထဲက ကိစ္စဖြစ်သည်။ သူတို့အနေဖြင့်ဝင်မပက်သက်လိုပေ။ ထိုထက်ပိုသည်ကား ရှစ်ဖုန့်မှာ ဤနေ့နေ့လည်ခင်းကတည်းက ဂနာမငြိမ်ဖြစ်နေသည်။ သူ့အနေဖြင့် အနောက်ပိုင်းဒေသကြီးသို့သွားကာ မော်ကြွားဓားအိမ်တော်ရှိရာသို့ ဖြစ်နိုင်သမျှ အမြန်ဆုံးသွားရမည်ဖြစ်သည်။

“သွားစို့”

ရှစ်ဖုန့်ကခေါင်းလှည့်ပြီး ဇီယာကိုပြောသည်။

“အင်း”

ဇီယာကလည်းကောင်းကင်မှ အကြည့်ကိုဖယ်လိုက်ပြီးရှစ်ဖုန့်ကိုခေါင်းညိမ့်ပြ

လိုက်သည်။

ထို့နောက်တွင် ရှစ်ဖုန့်နှင့် အခြားနှစ်ယောက်မှာ လှုပ်ရှားလိုက်ကြပြီး မြို့အရှင်အိမ်တော်သို့ပျံသန်းထွက်ခွာကာ ပြင်ပရှိစစ်မြေပြင်အား ထပ်မံအာရုံစိုက်ခြင်းမရှိကြတော့ပေ။

“နေဝင်ဆည်းဆာနတ်ဘုရားလေး”

ဤအချိန်တွင် လောလုံ၏ညာလက်၌ ရွှေရောင်လေးတစ်လက်ပေါ်လာသည်။ ရွှေရောင်လေးမှာ ပေါ်လာပြီးပြီးချင်း လောလုံ၏ လက်ထဲ၌ ဆက်လိုက်တုန်ယင်နေသည်။

“နေဝင်ဆည်းဆာနတ်ဘုရားမြှား”

ထို့နောက်တွင် ရှေးဟောင်းဒဏ္ဍာရီလာသားရဲတစ်ကောင်ဖြစ်သော ခြေထောက်သုံးချောင်းရွှေရောင်ကျီးကန်းကဲ့သို့ပုံစံရှိသည့် မြှားတစ်ချောင်းက လောလုံ၏ ဘယ်လက်ထဲ၌ပေါ်လာသည်။

“ရွှီး”

ဧရာမငှက်ကြီးတစ်ကောင်ကဲ့သို့ ညည်းသံတစ်ခုက ထွက်ပေါ်လာသည်။

နေဝင်ဆည်းဆာနတ်ဘုရားလေးနှင့်မြှားက ကျဆင်းလာသော ရှန်းဖုန်းထျန်းလုံရွှေနဂါးဓားကိုချိန်ရွယ်ထားသည်။ လောလုံကနေဝင်ဆည်းဆာနတ်ဘုရားလေး၏ လေးကြိုးကိုဆွဲလိုက်သည်။ ဤအချိန်တွင်လေးနှင့်မြှားက နေကဲ့သို့တောက်ပသောအလင်းရောင်တစ်ခုကို

ထုတ်လွှတ်နေပြီး လောလုံ၏လက်ထဲ၌ နေအသေးစားလေးတစ်စင်းပေါ်လာကဲ့သို့

ပင်ဖြစ်သည်။

“ချိုးဖျက်စမ်း”

နောက်ဆုံးတွင် ကြုံးဝါးသံတစ်ခုထွက်ပေါ်လာသည်။

“ဘန်း” ဟူသောအသံတစ်ခုနှင့်အတူ မြှားကလေးညှို့မှထွက်ခွာသွားပြီး ကောင်းကင်ထဲသို့ နေတစ်စင်းကဲ့သို့ပစ်ဝင်သွားသည်။

“နေဝင်ဆည်းဆာမြို့က စစ်သည်အားလုံး ငါ့အမိန့်ကိုနာခံကြ.. တိုက်ကြ”

“တိုက်ခိုက်ကြ”

“တိုက်ခိုက်ကြ”

“တိုက်ခိုက်ကြ”

“တိုက်ခိုက်ကြ”

စွမ်းအားကြီးတိုက်ပွဲဝင်စိတ်ဆန္ဒလှိုင်းများနှင့် အော်ရာတို့က နေဝင်ဆည်းဆာမြို့မှမြင့်တက်ထွက်ပေါ်လာသည်။

“စစ်သည်တို့ ငါ့ရဲ့အမိန့်ကိုနားထောင်ကြ .. ဒီနေ့ ငါတို့တွေအာဏာဖီဆန်ပုန်ကန်သူတွေနဲ့ နေဝင်ဆည်းဆာမြို့ကို ဖျက်ဆီးပစ်ကြမယ်.. အာဏာဖီဆန်ပုန်ကန်သူတွေနဲ့ လောလုံကိုသတ်ကြ”

“တိုက်ခိုက်ကြ”

“တိုက်ခိုက်ကြ”

“တိုက်ခိုက်ကြ”

“တိုက်ခိုက်ကြ”

ရွှေရောင်အလင်းနှင့်နေအလင်းရောင်တို့၏ ထွန်းလင်းမှုအောက်တွင် နေ့အချိန်ကဲ့သို့ တိုက်ပွဲအော်သံများကိုကြားရသည်ဖြစ်သည်။

ကောင်းကင်ထဲတွင် ဧရာမဝဲကြီးများစတင်ပေါ်လာပြီး သိပ်သည်းများပြားလှသောပုံရိပ်များစွာ ဝဲများအတွင်းမှပေါ်လာသည်။

ထို့ပါဝေ့၏အမိန့်အောက်တွင် ပိုင်ကျန်းမင်းဆက်၏ စစ်သည်များက နေဝင်ဆည်းဆာမြို့ပေါ်အဆက်မပြတ်ဆင်းသက်လာပြီး မြို့ကောင်းကင်ယံထက်၌ပေါ်လာကြသည်။ ပိုင်ကျန်းမင်းဆက်မှာလည်းဤတစ်ကြိမ်ပြင်ဆင်မှုတို့လုပ်ခဲ့ပုံပေါ်သည်။

နေဝင်ဆည်းဆာဆာမြို့အတွင်း၌ကြီးကျယ်သောတိုက်ပွဲကြီးတစ်ခုပေါ်လာတော့မည်ဖြစ်သည်။

ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့က မြို့အရှင်သခင်အိမ်တော်သို့အဆက်မပြတ်

ပျံသန်းနေကြသည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”

ပြင်ပရှိညကောင်းကင်ယံထဲတွင် ပေါက်ကွဲသံများနှင့် တိုက်ပွဲအော်ဟစ်သံလှိုင်းများထွက်ပေါ်နေသည်။ မြေပြင်မှာ ပြင်းထန်စွာစတင်တုန်ခါလာသော်လည်း သူတို့ဂရုစိုက်ခြင်းမရှိပေ။

သိပ်မကြာလိုက်ခင် ကျယ်ပြောလှသောရွှေရောင် ကွပ်လပ်တစ်ခုဆီသို့သူတို့အပြင်းဦးတည်လိုက်သည်။ ရွှေရောင်ကွပ်လပ်၏အလယ်တွင် ကြီးမားသော ရွှေရောင်ပလ္လင်ကြီးတစ်ခုက သူတို့၏မျက်လုံးရှေ့၌ပေါ်လာသည်။

ရွှေရောင် ပလ္လင်ဝန်းကျင်တွင် နေဝင်ဆည်းဆာမြို့ ၏ ရွှေရောင်ချပ်ဝတ်စစ်သည် ဆယ့်သုံးယောက်ခန့်ရပ်နကာ ပလ္လင်ကိုစောင့်ကြပ်နေကြသော်လည်း ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့ရောက်ရှိလာသောအခါတွင် တပ်မှူးတစ်ဦးက ကြိုဆိုလိုက်ပြီးပြောလိုက်သည်။

“အရှင်တို့ နေရာကူးပြောင်းအစီအရင်ကို အသက်သွင်းပြီးပါပြီ.. အနောက်ပိုင်းဒေသကြီးဆီကိုသွားရမဲ့တည်နေရာဆုံမှတ်တွေကိုလည်း ချိန်ညှိပြီးပါပြီ.. အခုပဲ ချက်ချင်း နေရာကူးပြောင်းလို့ရပါပြီ”

“ကောင်းပြီး”

လောချင်းချွမ်ကခေါင်းညိမ့်လိုက်ပြီး ရွှေရောင်ချပ်ဝတ်စစ်သည်ခေါင်းဆောင်ကို

ပြောလိုက်သည်။

“အခုပဲ အသက်သွင်းပြိီး အနောက်ပိုင်းဒေသကြီးဆီကိုသွားကြစို့”

“ဟုတ်ကဲ့”

ရွှေရောင်ချပ်ဝတ်စစ်သည်က ပြန်တုန့်ပြန်လိုက်ပြီးနောက် လှည့်လိုက်ကာ သူ့နောက်ရှိ ရွှေရောင်ချပ်ဝတ်စစ်သည်ဆယ့်နှစ်ယောက်ကိုပြောလိုက်သည်။

“နေရာကူးပြောင်းအစီအရင်ကို အသက်သွင်းကြ”

“ဟုတ်”

ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့မှာ ပျံသန်းနေမှုအားရပ်တန့်ခြင်းမရှိဘဲကြီးမားသောပလ္လင်ကြီးဆီသို့ တိုက်ရိုက်ပင်သွားလိုက်သည်။ မကြာခင် ပလ္လင်၏ထိပ်၌ သူတို့ ပျံသန်းလိုက်၏။

ဖားလောင်းကဲ့သိုသောရွှေရောင်ရုန်းမျာက ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့၏ ဝန်းကျင်တွင် တဖျပ်ဖျပ်ရစ်ဝဲနေသည်။ ရွှေရောင်ပလ္လင်ကလည်း ရွှေရောင်အလင်းတို့စတင်လင်းလက်လာပြီး တောက်ပသည်ထက်တောက်ပလာသည်။

ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့ကလည်းစောင့်ဆိုင်းနေ၏။

ထို့နောက်တွင် တောက်ပပြီးအားကောင်းသော ရွှေရောင်အလင်းတစ်ခုက ရုတ်ခြည်း ရွှေရောင်ပလ္လင်မှထိုးတက်သွားပြီး ဧရာမရွှေရောင်အလင်းတန်းကြီးတစ်ခု

အဖြစ်ပြောင်းလဲကာ ကောင်းကင်ထဲသို့တစ်ဟုန်ထိုး ထိုးတက်သွားသည်။

သို့သော်ဤအချိန်တွင် အနက်ရောင်ပုံရိပ်တစ်ခုက ကောင်းကင်ထဲမှရုတ်တရက်ကျဆင်းလာပြီး ရွှေရောင်အလင်းတိုင်ထဲသို့ ချက်ချင်းကျဆင်းသွားသည်။

“ဘယ်သူလဲကွ.. နေရာကူးပြောင်းအလင်းထဲကို ဘယ်လိုတောင်ခိုးဝင်ရဲတာလဲ”

အောက်၌စောင့်ကြပ်နေသောရွှေရောင်ချပ်ဝတ်တပ်မှူးမှာ ဆင်းသက်လာသောနက်ရောင်ပုံရိပ်အား

ရုတ်ခြည်းမြင်တွေ့လိုက်ရသောအခါတွင် ကောင်းကင်ထဲသို့အော်ပြောလိုက်သည်။

သို့သော်ဤအချိန်တွင်ရွှေရောင်အလင်းတိုင်ကက ကောင်းကင်ထဲသို့ထိုးတက်နေခဲ့ပြီးဖြစ်ပြီး သူတို့၏မြင်ကွင်းမှရုတ်ခြည်းပျောက်ကွယ်

သွားသည်။ သူတို့၎င်းအားတားချင်သော်လည်း အရမ်းနောက်ကျသွားပြီဖြစ်သည်။

ဤအချိန်တွင် ရွှေရောင်ချပ်ဝတ်စစ်သည်တစ်ဦးက လှည့်လိုက်ပြီးတပ်မှူးကိုမေးလိုက်သည်။

“ကျုပ်တို့ဘာလုပ်သင့်လဲတပ်မှူး. ခုဏက အနက်ရောင်အရိပ်က ရွှေရောင်အလင်းတိုင်ထဲကို အတင်းတိုးဝင်သွားပြီး အဲ့လူတွေကို ဒုက္ခပေးလောက်တယ်”

ကောင်းကင်ထဲသို့ ခေတ္တကြာအောင်စိုက်ကြည့်ပြီးနောက် ရွှေရောင်ချပ်ဝတ်တပ်မှူးက သူ၏ခေါင်းကိုဖြည်းဖြည်းချင်းငုံ့လိုက်ပြီး သူ့အားစကားပြောသောသူကို ကြည့်လိုက်သည်။

“ထားလိုက်ပါ.. ငါတို့ကသူတို့ကို အနောက်ပိုင်းဒေသကြီးဆီကိုပဲပို့ပေးရမှာ. သူတို့သေတာရှင်တာကတော့ ငါတို့အလုပ်မဟုတ်ဘူး. မှတ်ထား ခုဏကဟာကိုငါတို့မမြင်ခဲ့သလိုပဲဟန်ဆောင်ရမယ်.. အကယ်၍ များ မြို့အရှင်သခင်သာသိသွားရင် ဖြစ်လာမဲ့အကျိုးဆက်ကိုမင်းတို့သိပါတယ်”

“နားလည်ပါပြီ”

အခြားသော ရွှေရောင်ချပ်ဝတ်စစ်သည်ဆယ့်နှစ်ယောက်တို့က ပြိုင်တူ တုန့်ပြန်လိုက်ကြသည်။

“ငါတို့တွေ အဲ့လူသုံးယောက်ကို အနောက်ပိုင်းဒေသကြီးဆီကိုပို့ပေးခဲ့တယ်. အရာအားလုံးလဲ အောင်မြင်ခဲ့တယ်. ဘာမတော်တဆထိခိုက်မှုမှမဖြစ်ခဲ့ဘူး”

All Chapters