အခန်း (၇၉၃)
Vol. 53 Ch. 793
ထျန်းဟန်တိုက်ကြီး၏ အနောက်ပိုင်းဒေသကြီး၌ဖြစ်သည်။
တောက်ပသောလမင်းကြီးက အမှောင်ထု ခပ်မြင့်မြင့်၌တွဲလဲခိုနေပြီး ညကောင်းကင်ယံအား ငြိမ်သက်အေးချမ်းမှုကိုပေးစွမ်းနေ၏။
ရုတ်ခြည်း ညကောင်းကင်ယံထဲမှ ဧရာမရွှေရောင်အလင်းတိုင်ကြီး
တစ်ခုသက်ဆင်းလာသည်။
ထို့နောက် ညကောင်းကင်ယံထဲ၌ အေးစက်သောအသံတစ်ခုကထွက်ပေါ်လာသည်။
“ဒီသခင်လေးမပေါ်လာခင် ဘယ်လိုတောင်ဒီသခင်လေးကိုတိုက်ခိုက်ရဲတာလဲ..ဒီညမင်းသေရမယ်”
ညကောင်းကင်ယံအတွင်းမှ ရွှေရောင်အလင်းတိုင်က လျှင်မြန်စွာမှေးမှိန်ပျောက်ကွယ်သွားပြီး ပုံရိပ်လေးခုက ဖြည်းဖြည်းချင်းပေါ်လာသည်။
၎င်းတို့ထဲမှသုံးယောက်မှာ ရှစ်ဖုန့်၊လောချင်းချွမ်နှင့်ဇီယာတို့ဖြစ်သည်။ အနက်ရောင်ဝတ်ရုံနှင့်လူငယ်တစ်ဦး
လည်းထိုနေရာ၌ရှိနေသည်ဖြစ်၏။
“ချင်းချွမ် ဇီယာကိုကာကွယ်ထား”
ရှစ်ဖုန့်ကထပ်မံအေးစက်စွာ
အော်ပြောလိုက်သည်။
“ဟုတ်ကဲ့”
လောချင်းချွမ်က တုန့်ပြန်လိုက်ပြီး ဇီယာ၏ဘေးသို့လျှင်မြန်စွာသွားလိုက်သည်။ ရှစ်ဖုန့်မှာ အနက်ရောင်ဝတ်ရုံလူငယ်နှင့် ပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီးဖြစ်သည်။
“ဘန်း.ဘန်း.ဘန်း..ဘန်း.ဘန်း”
ရှစ်ဖုန့်က သူ၏လက်သီးအားအကြိမ်တစ်ရာလောက်ထိုးထုတ်လိုက်သည်။ ညကောင်းကင်ယံထဲတွင် အဖြူရောင်လက်သီးရိပ်များပေါ်လာပြီး လူငယ်ထံသို့ တစ်ဟုန်ထိုးဝင်ရောက်သွားသည်။
“ရှစ်ဖုန့်. ဒီည အရာအားလုံးအတွက် တစ်ကြိမ်ထပ်ပြီး စာရင်းရှင်းကြစို့..ငါယန်ကျုံးကမင်းလို ပြိုင်ဘက်ကင်းပါရမီရှင်ကို အဆုံးသတ်ပေးပါရစေ ငါအထွတ်အထိပ်ကိုရောက်ရှိဖို့အတွက် မင်းငါ့ရဲ့အရိုးစုတစ်ခုဖြစ်လာပေးပါ”
ရှစ်ဖုန့်၏လက်သီးရိပ်များအားရင်ဆိုင်ရင်း အနက်ရောင်ဝတ်ရုံအတွင်းမှလူငယ်မျက်နှာထက်တွင် သရော်ပြုံးတစ်ခုရှိနေသည်။ ဤလူမှာအရှေ့ပိုင်းဒေသကြီးအတွင်းရှိ ယွင်လိုင်အင်ပါယာမှ ရှစ်ဖုန့်နှင့်အကြိမ်များစွာရန်သူဖြစ်ခဲ့သော ပါရမီရှင်ယန်ကျုံးပင်ဖြစ်သည်။
ရုတ်ခြည်း ယန်ကျုံး၏ ညာလက်သီးမှ ပြင်းထန်သော အစိမ်းရောင်မီးတောက်တစ်ခုပေါက်ကွဲ
ထွက်လာပြီး ညာလက်သီးမှ အပြာရောင်မီးတောက်တစ်ခုပေါက်ကွဲ
ထွက်လာသည်။ သူ၏လက်သီးတို့အားဝှေ့ယမ်းလိုက်သကဲ့သို့ သူ့ထံသို့ရှစ်ဖုန့်ပို့လွှတ်လိုက်သောရာနှင့်
ချီသည့်လက်သီးရိပ်များမှာ ရုတ်ခြည်းဖျက်ဆီးခံလိုက်ရသည်။
“ပြီးတော့ ငါယန်ကျုံးက မင်းရဲ့ဆန်းကြယ်ပြီးစွမ်းအားကြီးတဲ့ ရွှမ်းလက်နက်တွေနဲ့ မင်းရဲ့ အဆင့်ကိုး ကောင်းကင်မီးတောက်ကိုယူမယ်.. “
ရှစ်ဖုန့်၏အဖြူရောင်လက်သီးရိပ်များအား ဖျက်ဆီးလိုက်ပြီးနောက် ယန်ကျုံးက ထပ်မံအေးစက်စွာအော်ပြောလိုက်သည်။
စကားပြောပြီးပြီးချင်း ယန်ကျုံး၏ရှေ့တွင်နောက်ထပ်မီးလုံးသုံးခုထပ်မံပေါ်လာသည်။ ၎င်းတို့က လိမ္မော်ရောင်၊အနက်ရောင်နှင့်ခရမ်းရောင်တို့အသီးသီးဖြစ်ကြသည်။ ယန်ကျုံး၏ လက်တို့မှမီးတောက်နှစ်ခုနှင့်အတူတကွ
ပေါင်းစည်း၍ ယန်ကျုံးက မတူညီသောမီးတောက်ငါးခုအား ပြသလာသည်။
တောက်လောင်နေသောမီးတောက်တစ်ခုစီတိုင်းက အားကောင်းပြီးပြင်းထန်သောအော်ရာတစ်ခုစီကိုထုတ်လွှတ်နေသည်။
“အဆင့်ကိုးမြေကမ္ဘာအဆင့်မီးတောက်ငါးခု.. ကောင်းတယ်..အရမ်းကောင်းတယ်. ဒီသခင်လေးအတွက် ခွန်အားအဆင့်သစ်တစ်ခုကိုရောက်ဖို့
အတွက်လုံလောက်တယ်.”
ရှစ်ဖုန့်ကမီးတောက်ငါးခုအားအာရုံခံမိပြီး သရော်လိုက်သည်။ ကောင်းကင်မီးတောက်က ဤမီးတောက်ငါးခုအား ဝါးမျိုနိုင်သည်နှင့် သေချာပေါက် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။
တစ်ချိန်တည်းတွင် ရှစ်ဖုန့်၏ညာလက်ထဲ၌ သွေးသောက်ဓားပေါ်လာသည်။ ရှစ်ဖုန့်ကအော်ပြောလိုက်သည်။
“ငရဲဘုံကိုးခု သတ္တမမြောက်ဓားပုံစံ လခြမ်းကွေးခုတ်ပိုင်းချက်”
သွေးသောက်ဓားအား ဘယ်မှညာသို့ ခုတ်ပိုင်းလိုက်သည်။ သွေးသောက်ဓား၏အောက်တွင် လခြမ်းကွေးသဏ္ဍန်အဖြူရောင်
ဓားချီတစ်ခုပေါ်လာပြီး ထို့နောက်တွင် ၎င်းကယန်ကျုံးအားရုတ်တရက်
ခုတ်ပိုင်းလိုက်သည်။
အဖြူရောင်လခြမ်းကွေးသဏ္ဍန်ဓားချီသွားရာနေရာတိုင်းတွင် ၎င်းက လခြမ်းကွေးသဏ္ဍန်အရိပ်များကို နောက်၌ များစွာချန်ရစ်ထားခဲ့သည်။ ဟင်းလင်းပြင်းတစ်ခုလုံးကလည်း၎င်းနှင့်အတူပြင်းထန်စွာအုံကြွနေသည်။
“ဒီစွမ်းအားက.ကောင်းတယ်”
လခြမ်းကွေးသဏ္ဍန်ခုတ်ပိုင်းချက်အား ရင်ဆိုင်ရင်း ယန်ကျုံး၏ မျက်နှာကလုံးဝကြောက်လန့်ခြင်းမရှိပေ။ ထိုအစား ထပ်မံသရော်လိုက်ပြီး ပြောလိုက်သည်။
“ အခုမင်းကငါယန်ကျုံးရဲ့ပြိုင်
ဘက်ဖြစ်ဖို့ထိုက်တန်တယ်.. ငါယန်ကျုံးကမင်းကို ကံကြမ္မာရန်ဘက်အဖြစ်မှတ်ယူထားတာအချည်းအနှီးမဖြစ်ဘူးပဲ… အမြွှာမီးတောက်ခုတ်ပိုင်းချက်”
ယန်ကျုံးက လှောင်ပြောင်လိုက်ရင်း သူ၏လက်နှစ်ဖက်ကိုအတူတကွရိုက်ချလိုက်သည် ။အပြာရောင်နှင့်အစိမ်းရောင်မီးတောက်နှစ်ခုက အတူတကွ ပေါင်းစည်းသွားပြီး ရုတ်ခြည်း ခြစ်ခြစ်တောက်ပူသောအပူတစ်ခုကိုထုတ်လွှတ်နေသည့် တလက်လက်တောက်ပနေသော အပြာရောင်နှင့်အစိမ်းရောင်မီးတောက်ဓားသွားတစ်ခုအဖြစ်ပြောင်းလဲသွားသည်။
ထို့နောက်တွင် ၎င်းက ရှစ်ဖုန့်၏လခြမ်းကွေးသဏ္ဍန်ဓား
ထံသို့ပြင်းထန်စွာခုတ်ပိုင်းလိုက်သည်။
“ဝုန်း”
ညကောင်းကင်ယံထဲတွင်ပြင်းထန်သော မြည်ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။ ယန်ကျုံးမီးတော်ဓား၏ အဆက်မပြတ်ပေါက်ကွဲတိုက်ခိုက်
မှုအောက်တွင် ရှစ်ဖုန့်၏လခြမ်းကွေးဓားမှာ ရုတ်ခြည်းဖျက်ဆီးခံလိုက်ရသည်။
သို့သော် ယန်ကျုံး ၏မီးတောက်ဓားကလည်း လခြမ်းကွေးသဏ္ဍန်ဓား၏စွမ်းအားအောက်တွင် အနိုင်ယူခံလိုက်ရသည်။ ယန်ကျုံး၏ ပုံရိပ်က လှုပ်ခါယိမ်းထိုးနေပြီး နောက်သို့လွင့်ထွက်သွားသည်။
“မင်းကဒီသခင်လေးရဲ့ကံကြမ္မာရန်
ဘက်ဖြစ်ဖို့မထိုက်တန်ဘူး”
ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်
လှောင်လိုက်ပြီး ယန်ကျုံးလွင့်ထွက်သွားသည်အားစောင့်ကြည့်နေသည်။ ရုတ်ခြည်း သူ၏သွေးသောက်ဓားကိုမြှောက်လိုက်ကာ အော်ပြောလိုက်သည်။
“ငရဲဘုံခုတ်ပိုင်းချက်”
ရှစ်ဖုန့်ကအော်ပြောနေသကဲ့သို့ ညကောင်းကင်ယံထဲတွင် ဧရာမအဖြူရောင်ဓားချီတစ်ခုပေါ်လာပြီး ယန်ကျုံး၏အနက်ရောင်ပုံရိပ်အားလွှမ်း
ခြုံသွားသည်။ ထို့နောက်တွင် ရှစ်ဖုန့်၏လှုပ်ရှားမှုနောက်သို့လိုက်ပါ၍ နောက်သို့လွင့်ပျံနေဆဲဖြစ်သောယန်ကျုံးထံသို့ အဖြူရောင်ဓားချီတစ်ခုကရုတ်ခြည်း
ခုတ်ပိုင်းကျရောက်လာသည်။
ယခုရှစ်ဖုန့်ကကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦးဖြစ်နေပြီဖြစ်သောကြောင့် ငရဲဘုံခုတ်ပိုင်းချက်က ယခင်ကနှင့်များစွာကွာခြားသွားပြီဖြစ်သည်။ ခုတ်ပိုင်းချက်၌ ကောင်းကင်ကိုပင်ခွဲခြမ်းပြီး အရာအားလုံးအားဖျက်ဆီးပစ်နိုင်သောစွမ်းအားတို့ပါရှိသည်ဖြစ်၏။
“မီးတောက်သုံးခု ခုတ်ပိုင်းချက်”
ငရဲဘုံခုတ်ပိုင်းချက်ထွက်ပေါ်လာပြီးပြီးချင်း နောက်သို့လွင့်ပျံနေဆဲဖြစ်သောယန်ကျုံး၏ပုံရိပ်က ရုတ်တရက်ရပ်တန့်လာသည်။ နောက်တစ်ကြိမ်ထပ်မံ၍ အပြာရောင်နှင့်အစိမ်းရောင်မီးတောက်များက သူ၏လက်တို့မှထွက်ပေါ်လာသည်။ သူ၏ရှေ့၌လွင့်မျောနေသောလိမ္မော်
ရောင်မီးတောက်ကလည်း ယန်ကျုံး၏လက်အတွင်းသို့ရွှတ်ခနဲ
ဝင်ရောက်သွားသည်။
မီးတောက်သုံးခုက လျှင်မြန်စွာပေါင်းစည်းသွားသည်။ ယန်ကျုံး၏လက်တို့မှမီးတောက်သုံးခုဓားတစ်ခုပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်းက အားကောင်းပြင်းထန်ပြီး ယခင်ကထက်ပိုပူသော အပူကိုထုတ်လွှတ်နေသည်။
“ချိုးဖျက်စမ်း”
ယန်ကျုံးကအော်ပြောလိုက်သည်။ သူကရုတ်ခြည်းလက်နှစ်ဖက်လုံးဖြင့်ခုတ်ပို်ငးလိုက်၏။ အရောင်သုံးမျိုး မီးတောက်ဓားက သူ့ထံသို့လာနေသောအဖြူရောင်ဓား
ထံသို့ခုတ်ပိုင်းလိုက်သည်။
“ဝုန်း”
ညကောင်းကင်ယံထဲ၌နောက်ထပ်မြည်ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။ သားရဲရိုင်းတစ်ကောင်ကဲ့သို့ပြင်း
ထန်သောစွမ်းအင်များက ညကောင်းကင်ယံထဲတွင် ဖရိုဖရဲပြန့်ကျဲကုန်သည်။
ယန်ကျုံး၏မီးတောက်သုံးခုခုတ်ပိုင်းချက်က ငရဲဘုံခုတ်ပိုင်းချက်ကို ချိုးဖျက်ခဲ့သ်ည။ ယန်ကျုံး၏ပုံရိပ်က ပြင်းထန်သောစွမ်းအင်များ၏အလယ်၌ရှိနေ၏။ သူ၏ဆံပင်ရှည်နှင့် အနက်ရောင်ဝတ်ရုံတို့က လေထဲ၌တဖျပ်ဖျပ်လူးလွန့်နေသည်။
ယန်ကျုံးမှာသူ၏ခန္ဓာကိုယ်အားတိုက်ခိုက်
နေသောပြင်းထန်သည့်စွမ်းအင်များကိုခံစား
ရပုံမပေါ်ပေ။ သူက ရှေ့ရှိရှစ်ဖုန့်အား အေးစက်စွာကြည့်နေပြီးအေးစက်စွာ
အော်ပြောလိုက်သည်။
“ရှစ်ဖုန့်. မင်းရဲခွန်အားအကုန်သုံးပြီးငါနဲ့တိုက်စမ်း.. မင်းရဲ့အကောင်းဆုံးပုံစံမဟုတ်သေးဘူးဆိုတာကိုငါသိတယ်.. မင်းရဲ့ခွန်အားက ဒီလောက်အကန့်အသတ်ပဲဟုတ်ဘူး.. ငါ ယန်ကျုံးလည်းအတူတူပဲ.. လာစမ်းပါ. နောက်ဆုံးတိုက်ချက်တစ်ခုနဲ့ ယဉ်ပြိုင်ကြတာပေါ့”
ယန်ကျုံးကနောက်ဆုံးစကားအားပြောသောအခါတွင်ကြုံးဝါးလိုက်သည်။ သူကြုံးဝါးလိုက်သကဲ့သို့ မှေးမှိန်ပျောက်ကွယ်သွားသော မီးတောက်သုံးခု သူ၏ရှေ့၌ပြန်ပေါ်လာသည်။ မြေမီးတောက်ငါးခုက သူ၏ရှေ့တွင်ကြယ်ငါးပွင့် ဖွဲ့စည်းပုံအဖြစ်ပုံပေါ်နေသည်။
“ဟားဟား”
ယန်ကျုံး၏ စကားများအားကြားသောအခါတွင် ရှစ်ဖုန့်ကရယ်မောပြီး ပြောလိုက်သည်။
“မင်းကမကြာခင်သေချင်တာလား.. အကယ်၍ မင်းဖြစ်နိုင်သမျှအမြန်ဆုံးသေချင်တယ်ဆိုရင် ဒီသခင်လေးမင်းရဲ့ဆန္ဒကိုအခုဖြည့်ဆည်းပေးမယ်”
စကားပြောနေရင်း ရှစ်ဖုန့်၏စိတ်ကလှုပ်ရှားသွားသည်။ ရုတ်ခြည်း ရှစ်ဖုန့်၏ဝန်းကျင်၌သွေးနီရောင်အလင်းများ ဖျက်ခနဲလင်းလက်လာသည်။
“ဂါး..ဂါး..ဂါး..ဂါး..ဂါး”
ညကောင်းကင်ယံထဲတွင် ခက်ထန်သောသားရဲများကဲ့သို့အသံများက ညကောင်းကင်ယံထဲ၌ပဲ့တင်ထပ်လာသည်။
ရှစ်ဖုန့်က ယင်အလောင်းကောင်စစ်တပ်ကို ထုတ်လွှတ်လိုက်သည်။ ၎င်းတို့ထဲမှယင်မှင်ကဲ့သို့မည်းနက်သော ယင်အလောင်းကောင်တစ်ကောင်က လွန်စွာအားကောင်းသောအော်ရာတစ်ခု
ကိုထုတ်လွှတ်နေသည်။ ၎င်းမှာတီရှာဖြစ်သည်။
“ဒါက. တစ္ဆေတွေလား”
လောချင်းချွမ်ကာကွယ်မှုနောက်၌ရှိနေသာ ဇီယာကလူသားအသွင်ရှိသော်လည်းထိုသို့မဟုတ်သည့် သတ္တဝါများအား မြင်တွေ့လိုက်ရသည်။ သူမကအလျှင်အမြန်အံ့အားသင့်စွာ
ပြောလိုက်သည်။
ယင်အလောင်းကောင်စစ်တပ်ထဲမှအချို့သောယင်အလောင်းကောင်များက ခြေလက်အင်္ဂါများပျောက်ဆုံးနေခြင်းသို့မဟုတ် ကြမ်းကြုတ်ခက်ထန်မှုတို့ဖြစ်နေသည်။
“ဒီတစ္ဆေတွေက အကိုကြီးရှစ်ဖုန့်နဲ့ ငါလွန်ခဲ့တဲ့တစ်နှစ်လောက်က ကြုံတွေ့ခဲ့တဲ့ ဟာတွေထက် အများကြီးပိုကြောက်ဖို့ကောင်းတယ်”