အခန်း (၇၉၅)
Vol. 53 Ch. 795
ညကောင်းကင်ယံထဲတွင် ရှစ်ဖုန့်က သူ၏ လက်အားဆန့်ထုတ်လိုက်ပြီး ပြန်လည်ပျံသန်းလာသော ငွေရောင်တံစဉ်ကို ဖမ်းလိုက်သည်။
ဤအချိန်တွင် ဆန်းကြယ်သောငွေရောင်တံစဉ်၏ စွမ်းအားကလည်းကုန်ခမ်းသွားပြီဖြစ်သည်။ ငွေရောင်အလင်းတစ်ချက်ဖျက်ခနဲ
လင်းလက်သွားပြီး ၎င်းက ငွေရောင်တံစဉ်အမှတ်အသားတစ်ခုအဖြစ်ပြန်လည်ပြောင်းလဲသွားသည်။
ထို့နောက် ရှစ်ဖုန့်၏ ဝန်းကျင်၌ရှိနေသောယင်အလောင်း
ကောင်အုပ်ကြီး၌လည်း သွေးနီရောင်အလင်းတို့လင်းလက်လာသည်။
ယင်အလောင်းကောင်စစ်တပ်မှာ အလောင်းတစ်သောင်းအစီအရင်အဖြစ်ဖွဲ့စည်းခဲ့ပြီး ၎င်း၏ စွမ်းအားများမှာလည်း ငွေရောင်တံစဉ်ကြောင့်ကုန်ခမ်းသွားပြီဖြစ်သည်။ ၎င်းတို့ကိုအပြင်မှဆက်ပြီးထားခြင်းက
အသုံးမဝင်ပေ။ ထို့ကြောင့်ရှစ်ဖုန့်က ၎င်းတို့အားသွေးကျောက်ပြားနေရာလွတ်အတွင်းသို့စုပ်ယူခဲ့ခြင်းဖြစ်သည်။
“ရှစ်ဖုန့်မင်းရဲ့ယွမ်ချီက ကုန်ခမ်းသွားပြီး မင်းရဲ့သေခြင်းတရားကရောက်လာပြီ”
ရှေ့ရှိညကောင်းကင်ယံထဲတွင် ယန်ကျုံးက ခက်ထန်စွာပြောလိုက်သည်။ ထို့နောက်ယန်ကျုံးက တီးတိုးပြောလိုက်၏။
“အခုက ဆရာ့အပေါ်မှာပဲမူတည်တော့တယ်”
“စိတ်မပူပါနဲ့”
ထို့နောက်အိုမင်းသောအသံတစ်ခု၏
တုန့်ပြန်မှုထွက်ပေါ်လာပြီး ညကောင်းကင်ယံထဲ၌ပဲ့တင်ထပ်သွားသည်။
ရုတ်ခြည်းယန်ကျုံး၏ ကိုယ်မှ အဖြူရောင်အရိပ်တစ်ခုမြင့်တက်ထွက်
ပေါ်လာသည်။ ၎င်းမှာ အဖြူရောင်ဝတ်ရုံ၊အဖြူရောင်ဆံပင်၊ အဖြူရောင်မုတ်ဆိတ်မွှေးနှင့်အဘိုးအို
တစ်ဦးအသွင်ရှိပြီး အံ့ဖွယ်ထူးကဲသာလွန်သောအသွင်ကိုဆောင်နေ၏။ အဖြူရောင်ဘီးလူးကြီး တစ်ကောင်ကဲ့သို့ ၎င်း၏ကြီးမားသော ကိုယ်က ပုံရိပ်ယောင်ကဲ့သို့ဖြစ်နေကာ လက်တွေ့နှင့်ကင်းကွာနေသည်။
“ဧကရာဇ်နယ်ပယ် တစ္ဆေတစ်ကောင်”
အဖြူရောင်အရိပ်ပေါ်ပေါ်လာချင်း ရှစ်ဖုန့်ကအေးစက်သာမျက်လုံးတို့နှင့်
ပြောလိုက်သည်။
လွန်ခဲ့သောတစ်နှစ်ခွဲခန့်တုံးက သူ နတ်ဆိုးသားရဲတောင်တန်းရှိ မီးတောက်နယ်မြေအတွင်းမှ မီးတောင်တစ်ခုတွင် ယန်ကျုံးနှင့်တွေ့ခဲ့သည်။ သူတို့တိုက်ခိုက်ကြသောအခါတွင် ယန်ကျုံး၌သူနှင့်အတူ ဝိညာဉ်အကြွင်းအကျန်တစ်ခုရှိနေသည်ကိုသိခဲ့ရ၏။ ယန်ကျုံးကကြီးထွားလာသကဲ့သို့ ဝိညာဉ်အကြွင်းအကျန်ကလည်း ဧကရာဇ်နယ်ပယ်သို့ရောက်ရှိလာလိမ့်မည်ဟု ရှစ်ဖုန့်မမျှော်လင့်ထားခဲ့ပေ။
“ငရဲဘုံ ကိုးခု အဆက်အနွယ်က အမှိုက်ကောင်.. လွန်ခဲ့တဲ့နှစ်တွေတုံးက ငါဟာ မင်းတို့ငရဲဘုံကိုးခု အဆက်အနွယ်က သူတောင်းစားတွေဖြစ်တဲ့လင်ယဲ့ဖုန်းနဲ့ ချင်ယူဖန်းတို့ကြောင့်သေခဲ့ရတယ်..ဒီနေ့ငါက ငါ့ရဲ့တပည့်ကို အရှက်ခွဲတဲ့မင်းလိုသူတောင်းစားလေးကို
သတ်ပစ်ပြီးရင် နောက်ပိုင်းကြမင်းတို့ ငရဲဘုံကိုးခု အဆက်အနွယ်က သူတောင်းစားတွေအားလုံးကိုအမြစ်ဖျက်သုတ်သင်ပစ်မယ်”
အဖြူရောင်အရိပ်ကပေါ်ပေါ်လာခြင်းဒေါသတကြီးအော်ဟစ်လိုက်သည်။ထို့နောက်၎င်းက ညာလက်ကို မြှောက်လိုက်ပြီး လက်သီးအဖြစ်ဆုပ်လိုက်သည်။ ဧရာမအဖြူရောင်လက်ဝါးရိပ်ကြီးတစ်ခုအားရှစ်ဖုန့်ထံသို့ပစ်သွင်းလိုက်၏။
တစ္ဆေအဘိုး၏ စကားများအားကြားရသောအခါတွင် ရှစ်ဖုန့်၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။ သူကအေးစက်သောအပြုံးတစ်ခုကိုပြသပြီး ပြောလိုက်၏။
“ဒီတစ္ဆေအိုကြီးက လင်ယဲ့ဖုန်းနဲ့ချင်ယူဖန်းတို့သတ်တာကိုတကယ်ခံခဲ့ရမယ်လို့ငါမထင်ထားခဲ့ဘူး”
ထို့နောက်ရှစ်ဖုန့်က အောက်သို့ ပြင်းထန်စွာကျဆင်းလာသည့် လက်သီး အားကြည့်ရင်း အေးစက်စွာအော်ပြောလိုက်သည်။
“သက်ကျားအိုကြီးခင်ဗျားက ဒီသခင်လေးရဲ့တပည့်နှစ်ယောက်ကြောင့်အသတ်ခံခဲ့ရတယ်.. ခင်ဗျားရဲ့ ဝိညာဉ်ထွက်ပြေးလွတ်မြောက်လာနိုင်တာ
ကိုပဲကျေးဇူးတင်နေသင့်တာ. ဒါပေမဲ့ ဒီသခင်လေးရဲ့နေရာကိုလာပြီးတော့ အသေခံမယ်လို့ မမျှော်လင့်ထားမိဘူး. ဒီသခင်လေးကလည်း ခင်ဗျားရဲ့ဆန္ဒကိုဖြည့်ဆီးပေးပြီး ခင်ဗျားရဲ့ဝိညာဉ်ကို ဖျက်ဆီးပေးရတာပေါ့”
စကားပြောနေရင်းရှစ်ဖုန့်က သူ၏ ညာလက်သီးကိုမြှောက်လိုက်ပြီး ဧရာမအဖြူရောင်လက်သီးကြီးထံသို့ထိုးလိုက်သည်။
“မင်းဘာပြောတာလဲ.. မင်းရဲ့တပည့်နှစ်ယောက်”
ရှစ်ဖုန့်၏ စကားများအားကြားရသောအခါတွင် အဘိုးအို၏အေးစက်မောက်မာသောအမူအယာက ရုတ်တရက်ပြောင်းလဲသွားသည်။
“လင်ယဲ့ဖုန်းနဲ့ချင်ယူဖန်းက သူ့ရဲ့တပည့်တွေလား.. ဒါ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.. ဒီနှစ်ယောက်လုံးက ငရဲဘုံကိုးခုဧကရာဇ် ယိုမင်ရဲ့တပည့်တွေဆိုတာကိုလူတိုင်းသိကြတာပဲ”
ရှစ်ဖုန့်၏ စကားတို့အားကြားသောအခါတွင်ယန်ကျုံးပင်တုန်လှုပ်အံ့အားသင့်သွားသည်။
သို့သော် ဤအချိန်တွင် ရှစ်ဖုန့်၏သာမန်ဆန်လှသောလက်သီးက အိမ်တစ်လုံးကဲ့သို့ကြီးမားသော ဧကရာမအဖြူရောင်လက်သီးကြီးနှင့်ထိပ်
တိုက်တွေ့သွားသည်။
“ဝုန်း”
လက်သီးနှစ်ခုကပစ်ဆောင့်မိသကဲ့သို့ ပြင်းထန်သောပေါက်ကွဲမြည်ဟိန်းသံတစ်ခုလည်းထွက်ပေါ်လာသည်။
“ဒါ.ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..သူ့ရဲမူလစွမ်းအင်ကကုန်ခမ်းသွားပြီဟာ.. ဘယ်လိုဖြစ်ပြီးဒီလိုမျိုးစွမ်းအားကြီး
တဲ့တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်နိုင်နေသေးတာလဲ…ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”
လက်သီးနှစ်ခုပစ်ဆောင့်လိုက်သောအခိုက်အတန့်တွင် အဘိုးအို၏မျက်နှာထက်၌ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။
ထို့နောက်တွင်အဖြူရောင်လက်သီးရိပ်ကြီးမှာ ရှစ်ဖုန့်၏လက်သီးကြောင့်ဘာမှကျန်ရစ်ခြင်း
မရှိသည်အထိ အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။
“ဟမ့်. တစ္ဆေအိုကြီး. အကယ်၍ ခင်ဗျားက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ္ဆေတစ်ကောင်ဆိုရင် ဒီသခင်လေး စိုးရိမ်မိအုံးမယ်.. ဒါပေမဲ့ ခင်ဗျားကကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်တစ္ဆေတစ်ကောင်ပဲ. ဒီသခင်လေးရှေ့မှာ ဘယ်လိုတောင်လာမောက်မာနေရဲတာလဲ”
အဘိုးအို၏ လက်သီးအားဘာမှကျန်ရစ်ခြင်းမရှိသည်အထိ ပြုလုပ်ပြီးနောက် ရှစ်ဖုန့်၏ နောက်ထပ်အေးစက်သောအော်သံတစ်ခုထွက်ပေါ်လာသည်။ သူ ၏ကိုယ်၌အဖြူရောင်အလင်းတစ်ခုလင်း
လက်လာပြီး တောင်ငယ်လေးတစ်လုံးစာအရွယ်အစား
ရှိသည့်အဘိုးအို၏ဦးခေါင်းရှိရာ ထောင့်ချိုးသို့ ထိုးတက်သွားသည်။
“ကာယခန္ဓာစွမ်းအား. ခုဏကစွမ်းအားကြီး လက်သီးချက်က တကယ်ကြီး ကာယ်ခန္ဓာရဲ့စွမ်းအားအပေါ်မှီခိုတာပဲ.. ကောလဟာလတွေအရ ငရဲဘုံကိုးခု ဧကရာဇ် က သိုင်းနယ်ပယ်၊ ကာယခန္ဓာနဲ့ ဝိညာဉ်တို့ကို တစ်ချိန်တည်းမှာ ကျင့်ကြံတယ်တဲ့.. ဒါက..ဖြစ်နိုင်တာ ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်ရဲ့ နမည်ကျော်အံ့ဖွယ်ခန္ဓာဖြစ်တဲ့ ငရဲဘုံကိုးခု အမှောင်ခန္ဓာလား”
သူ့ထံသို့ပျံသန်းလာနေသော အဖြူရောင်ပုံရိပ်အားကြည့်ရင်းအဘိုးအို၏ ဖြူဖျော့သောမျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။
“တစ္ဆေအိုကြီး. ခင်ဗျားကတော်တော်လေးကိုသိတာပဲၑ
ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သကဲ့သို့ နီးကပ်သည်ထက်နီးကပ်လာသော တစ္ဆေအိုကြီး၏ ဖြူဖျော့သောမျက်နှာကိုအေးစက်စွာ
စိုက်ကြည့်လိုက်သည်။
“ငရဲဘုံကိုးခု ဧကရာဇ်ယိုမင်. ဒီလိုကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ပါရမီမျိုးနဲ့ ဖြစ်နိုင်တာမင်းကတကယ်ပဲ နမည်ကျော် ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်လား”
အဘိုးအိုက အံ့အားသင့်စွာဖြင့်ထပ်မံကျယ်လောင်စွာ
ပြောလိုက်သည်။ သို့သော် သူ၏ ဘယ်လက်ကတော့ရပ်တန့်ခြင်းမရှိပေ။ ရုတ်ခြည်းလက်ဝါးတစ်ခုအဖြစ်ဖွဲ့စည်းလိုက်ပြီး ပြင်းထန်သောတစ္ဆေမီးတောက်တစ်ခု
ဟုန်းခနဲထွက်ပေါ်လာသည်။ ယင်ကောင်တစ်ကောင်အားလှမ်းရိုက်သကဲ့သို့ ရှစ်ဖုန့်ထံသို့ရုတ်တရက်လှမ်းရိုက်လိုက်သည်။
“ခေါင်းမာပြီးခုခံနေတာပဲ.. ဟမ်”
ရှစ်ဖုန့် ၏ နှုတ်ခမ်းထောင့်ကတွန့်ကွေးသွားပြီး တစ္ဆေအိုကြီး၏ မီးတောက်လက်ဝါးအား အထင်သေးမှုအပြည့်ဖြင့် သရော်လိုက်သည်။ နောက်ဆက်တွဲအနေဖြင့် ရှစ်ဖုန့်က နောက်ထပ်လက်သီးတစ်လုံးအား ဖြူဖျော့သော မီးတောက်လက်ဝါးထံသို့ ပစ်သွင်းလိုက်သည်။
“ဝုန်း”
လက်သီးနှင့်မီးတောက်လက်ဝါးတို့ကြားထဲမှ နောက်ထပ်ပြင်းထန်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။
“အား”
ထို့နောက် အိုမင်းပြီး အက်ရှရှနိုင်သော နာကျင်မှုအပြည့်ဖြင့်အော်သံတစ်ခုထွက်
ပေါ်လာသည်။ အဘိုးအို၏ ကြမ်းကြုတ်ပုံရသော မီးတောက်လက်ဝါးမှာသူ၏လက်သီးချက်ကဲ့သို့ပင် ရှစ်ဖုန့်ကြောင့်ဘာမှကျန်ရစ်ခြင်းမရှိတော့ပေ။အဘိုးအို၏ ဝိညာဉ်ခန္ဓာမှာ ထိခိုက်မှုများစွာဖြစ်သွားခဲ့သည်။
မီးတောက်လက်ဝါးအားဖျက်ဆီးပြီးနောက်ရှစ်ဖုန့်ကပျံသန်းနေမှုအားရပ်တန့်ခြင်းမရှိပေ။ထို့နောက်သူက တစ္ဆေအိုကြီး၏ ဧရာမမျက်နှာကြီးရှေ့သို့ရောက်လာပြီးတစ္ဆေအိုကြီး၏မျက်ခုံးနှစ်ခုကြားထဲသို့ လက်သီးတစ်လုံးထပ်မံပစ်သွင်းလိုက်သည်။
“ဝုန်း”
“အား”
ပေါက်ကွဲသံနှင့်အတူ နာကျင်မှုအပြည့်ဖြင့်အော်ဟစ်သံကလည်း ညကောင်းကင်ယံထဲ၌ထပ်မံပဲ့တင်ထွက်
ပေါ်လာသည်။
“ဆရာ..ဒါက.ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
အောက်ရှိယန်ကျုံးမှာ ခေါင်းကိုမော့ပြီး ရှစ်ဖုန့်၏အဆက်မပြတ်တိုက်ခိုက်ခံနေရာသော ဆရာဖြစ်သူ ၏ ဝိညာဉ်ကို ကြည့်နေသည်။ နာကျင်စွာအော်ဟစ်သောအသံအားကြားရသောအခါတွင် ယန်ကျုံးတစ်ယောက်ကူကယ်ရာမှုများ နောင်တတရားများဖြင့်ပြည့်နှက်နေသည်။
“ငါ့အမှားပဲ..အားလုံးကငါ့အမှားပဲ. ငါကငါ့ရဲ့ဆရာကို ပါဝင်ပက်သက်ငြိစွန်းစေမိတာ”
“ဝုန်း.ဝုန်း..ဝုန်း..ဝုန်း. ဝုန်း”
ရှစ်ဖုန့်၏ ပြင်းထန်သောလက်သီးချက်တို့က တစ်ခုပြီးတစ်ခုလိုက်ပါလာပြီး ဧရာမဖြူဖျော့သောမျက်နှာကြီးအားအဆက်မပြတ်တိုက်ခိုက်နေသည်။ အဖြူရောင်အရိပ်မှာ ညလေနှင့်အတူ လုံးဝလွင့်ပျယ်သွားနိုင်သကဲ့သို့ မှေးမှိန်သည်ထက်မှေးမှိန်လာသည်။
ရှစ်ဖုန့်ကအားနည်းသည်ထက်အားနည်းလာသော ဝိညာဉ်အား အေးစက်စွာကြည့်လိုက်သည်။ အချိန်ကြလာသည်ကိုတွေ့သောအခါတွင် သူကအေးစက်စွာအော်ပြောလိုက်သည်။
“ဝိညာဉ် ဝါးမျိုးခြင်း”
“အား”
ဧရာမ အားနည်းနေသော အဖြူရောင်ဝိညာဉ်မှာ ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားအောက်တွင်ရုတ်ခြည်း နာကျင်စွာဖြင့်ထပ်မံအော်ဟစ်လိုက်သည်။ ဧရာမအဖြူရောင်အရိပ်ကြီးမှာ စတင်လှည်ပတ်လာပြီး မျက်စိတစ်မှိတ်အတွင်း ဧရာမအဖြူရောင်ဝဲကြီးတစ်ခုအဖြစ်ပြောင်း
လဲသွားသည်။
“ဆရာ….ဆရာ”
ယန်ကျုံးမှာ မယုံကြည်နိုင်မှုများပြည့်နှက်စွာဖြင့်ကောင်းကင်ထဲသို့ တွေတွေကြီးကြည့်နေသည်။
သူကသူ၏ဆရာဖြစ်သူနှင့်တစ်နှစ်ခွဲ နေ့နေ့ညညအတူတူရှိခဲ့သည်ဖြစ်သည်။ ၎င်းကသူ့အား သိုင်းပညာများနှင့် တာအိုနည်းစနည်းများကိုသင်ကြားပြသပေးခဲ့သည်။ ဆရာတစ်ယောက်ဖြစ်သလို သူ့အတွက်အဖေတစ်ယောက်လည်းဖြစ်၏။ ၎င်းကသူ့အတွက်တကယ့်အဖေအရင်းတစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။ သူ၏ သိုင်းပညာများအားလုံးနှင့်တာအိုနည်း
စနစ်များအားလုံးကို သူ့အားလက်ဆင့်ကမ်းအမွေပေးခဲ့သည်ဖြစ်၏။
“ဆရာ…..”
ယန်ကျုံးက ရှိသမျှအသားကုန်အသံအက်သည်အထိတိုင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။