← Chapters

အခန်းတွင်းတိုက်ပွဲ

Vol. 76 Ch. 4.646

အခန်းတွင်းတိုက်ပွဲ

Vol. 76 Ch. 4.646

အချိန်အတော်ကြာ စေ့စေ့ကြည့်ပြီးနောက် နှစ်ယောက်သား သေလုမြောပါး ရန်ဖြစ်နေကြသည်။ အသက်ရှုသံကို ခံစားရကြည့်လိုက်ရင် နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက် သတ်ပစ်ချင်နေပုံပေါ်​လေသည်။

တစ်ကောင်က တော်တော် ကြည့်ကောင်းပြီး နောက်တစ်ကောင်ကတော့ အရမ်းကြမ်းနေသည်။ အဲဒီလူတွေက ပင်လယ်သားရဲ​တွေပဲ ဆိုတာ သေချာသိရဖို့ သူတို့ရောင်ဝါကိုတောင် ခံစားနေစရာ မလိုဘူး။ ပင်လယ်သားရဲ နှစ်ကောင်စလုံးသည် အလွန်အစွမ်းထက်ပြီး သူ့ကိုတိုက်ခိုက်ရန် ခွန်အားရှိသော်လည်း ၎င်းတို့အနက် ဘယ်သူ့ကိုမှ ကောင်းကင်အောင်ခြင်းဂိုဏ်းက မယှဉ်နိုင်လောက်ချေ။

အခြေအနေကို အကဲဖြတ်ပြီးနောက် လုရွှမ်သည် လှည့်၍ ထျန်းရှားအား လက်ဝှေ့ယမ်းကာ သူ့ထံသို့ ရှေ့တိုးလာရန် အချက်ပြလိုက်သည်။

“မင်းလူက ဘယ်ဟာလဲ?”

ကောင်းလျှိုနဲ့ ထျန်းရှားတို့အဖွဲ့ ကွဲထွက်သွားသောကြောင့် သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် မဟာမိတ်တွေ မဟုတ်မှန်း သိသာသွား​ပြီ။ ကိုယ့်ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေဖြစ်လေသည်။

ထျန်းယင်နဲ့ အဖွဲ့၏ အင်အားမှာ အလွန်နည်းနေသေးပြီး ၎င်းတို့၏ အန္တရာယ်ကို ခံနိုင်ရည်နိုင်တဲ့အထိ မလုံလောက်သေးချေ။

ဒီလိုအကြပ်အတည်းမှာ ဘေးကင်းစွာနဲ့ လွတ်မြောက်ချင်ရင်တော့ အကောင်းဆုံး နည်းလမ်းက လူတွေကို တတ်နိုင်သမျှ လွတ်မြောက်အောင် ဦးဆောင်ပြီး စည်းရုံးနိုင်တဲ့သူတွေ စည်းရုံးထားဖို့ပါပဲ။

ရိုးရိုးသားသား ပြောရလျှင် ကောင်းလျှို ထျန်းရှားကို အဘယ်ကြောင့် ခိုးဝင် လုပ်ကြံခဲ့လဲ ဆိုတာတော့ သူ မသိနိုင်သေးပေ။ ဒါ အရူးတောင် အကြောင်းပြချက် တစ်ခုရှိတယ်ဆိုတာ သိသည်။

အဲဒါက ဘာဖြစ်နိုင်မလဲ။

ဒီနေရာနဲ့ ပတ်သက်ပြီး သိထားသမျှက ကောင်းလျှိုရဲ့ ပါးစပ်ထဲကနေ ထွက်ကျလာတာ သိသာပါတယ်။ သူက ပို​တောင် သိထားလောက်သေးကာ မပြောပြချင်လို့ပဲ ဖြစ်မည်။

ထျန်းရှား ထူးခြားသော စွမ်းရည်ရှိသော ပင်လယ်သားရဲ တစ်ကောင်ဖြစ်သော်လည်း လုရွှမ်ကဲ့သို့ လှည့်ကွက်များစွာကို မဖန်တီးနိုင်ချေ။ ခဏလေးအတွင်းမှာ သူအရမ်း တွေးနေပြီဆိုတာ သူမ သိသွားခဲ့သလို သူမရဲ့ မျက်လုံးတွေက ဒေါသအရမ်းထွက်ကာ မီးငွေ့​တွေပါ ထွက်လာပါတော့သည်။

သူမသည် အမြဲတမ်း ကြီးကျယ်ခမ်းနားပြီး ဆိုးရွားသော ဒေါသကို ပိုင်ဆိုင်ထားသူဖြစ်သည်။ လုရွှမ်၏ အတင်းကျမ်းကျိန်ဆိုခြင်းကို ခံခဲ့ရခြင်းက သူမကို စိတ်မချမ်းသာစေခဲ့ပေ။ သို့သော် သူသည် ကျိန်ဆိုချက်ကြောင့် လုရွှမ်နဲ့ ကောင်းကင်အောင်ခြင်း ဂိုဏ်းသားတွေ အပေါ် ဒေါသကို မပုံချနိုင်ပေ။

ဤအခိုက်တွင် ကောင်းလျှိုရဲ့ ငယ်သားကို တွေ့ရသောအခါ လုရွှမ် သူမကို မတားတော့တာကြောင့် ချက်ချင်းပင် ရှေ့သို့ ပြေးသွားခဲ့သည်။

‘နင့်ရဲ့ သခင်က ငါ့ကို တိတ်တဆိတ် တိုက်ခိုက်ခဲ့တယ်... ဒါတောင် နင်က ငါ့လက်အောက် ငယ်သားတွေကို သေဖို့ ကြံစည်နေသေးတယ်ပေါ့ သွားသေလိုက်စမ်း!’

“ဖြူကောင်... သေလိုက်စမ်း!!”

ကျယ်လောင်သော အော်သံနှင့်အတူ ထျန်းရှားသည် သူ့ဓားရှည်ကို ဆွဲထုတ်ပြီး တစ်ဖက်လူရဲ့ ခေါင်းကို လွှဲခုတ်လိုက်​​တော့သည်။

သူနှင့်တိုက်ခိုက်သော လူသည် ထျန်းရှား ပြေးထွက်လာတာကို မြင်သော် အံ့အားသင့်စွာ ကြည့်ရင်း ဖြူကောင်ရဲ့လမ်းကို ပိတ်ဆို့ရန် အမြန်ပြေးလာခဲ့သည်။

ရုပ်ဆိုးသော အကြည့်ဖြင့် အဝေးသို့ ခုန်ဆင်းနေသော လူကို မြင်လိုက်ရတော့ လုရွှမ်လည်း ထိုလူက ကောင်းလျှို လက်အောက်က လူဖြစ်ပြီး ဖြူကောင်ဟုခေါ်ကြောင်း နားလည်လိုက်သည်။ နောက်ကွယ်မှ အင်အားသည် တစ်ဖက်လူ၏ ဦးခေါင်းထက်ဝက်ထက် အနည်းငယ် ပိုပြင်းထန်မှုနှင့် သွေးဆာမှုအရ တစ်ဖက်ကို ရိုးရိုးရှင်းရှင်း ထက်မြက်စေသည်။

လုရွှမ် သူတို့ကိစ္စကို ကြည့်ရင်း နားမလည်နိုင်စွာ ရယ်မောနေခဲ့သည်။ ၎င်းသည် ယောက်ျားနှင့် မိန်းမကြားက ရွေးချယ်မှု ဖြစ်နိုင်သည်။

……

လုရွှမ်နဲ့ ထျန်းရှားသည် အသက်ရှုကြပ်ကာ စိတ်ဓာတ်ကျနေသော လူနှစ်ယောက်ကို လုံးဝ ဂရုမစိုက်ပေ။

ထိုအချိန်တွင် ထို​သူသည် ထျန်းရှား၏ အသွင်အပြင်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် ထိတ်လန့်သွားကာ ကျယ်လောင်စွာ အော်မိသွား​လေသည်။ သူသည် သူ၏လက်ထဲတွင် ရှိသော ပုဆိန်ကြီးနှစ်ချောင်းကို ပြိုင်ဘက်ဆီသို့ အပြေးအလွှား သွားကာ တိုက်ခိုက်ရင်း ထွက်ပြေးရန် ကြိုးစားသည်။

ဖြူကောင်မှာ ထျန်းရှား ဘယ်လောက် သန်မာကြောင်း ကောင်းကောင်းသိသည်။ ကောင်းလျှိုက ဘယ်လောက်ပဲ တန်ခိုးကြီးသည်ဖြစ်စေ ထျန်းရှားလို သုံးယောက်ဆို သူ့အတွက် ပြိုင်ဘက် မဟုတ်နိုင်​တော့ပေ။

ဖြူကောင်နဲ့ အသေခံ တိုက်ခိုက်တဲ့လူက ကဲ့ရဲ့ပြီး လမ်းထဲက ထွက်သွားပေးသည်။ တစ်ဖက်လူက အစ်မကြီးရဲ့ တိုက်ခိုက်မှုကနေ လွတ်မြောက်နိုင်မယ်လို့ တကယ် ထင်နေတာလားဟု တွေးရင်း အေးစက်စွာ ရယ်လိုက်သည်။

ထျန်းရှားက လှောင်ရယ်၍ နောက်ထပ် ဓားတစ်ချောင်းကို ပစ်ခတ်လိုက်သည်။ ၎င်းသည် ကျောက်ထွင်းနံရံပေါ်မှ သင်ယူခဲ့သော စတုတ္ထမြောက် ဓားသိုင့းဖြစ်သည်။ ဓားစွမ်းအင်များ ဖြာထွက်လာပြီး လေပြင်းများ လှုပ်ခတ်လာကာ ပြင်းထန်သော လူသတ်ချင်သည့် ရည်ရွယ်ချက်များကို ဖြူကောင်ဆီသို့ ထိုးချလိုက်လေသည်။

ဒီနေရာက သော့ခတ်ထားတဲ့ လှောင်အိမ်မလို့ လွတ်မြောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

ဖြူကောင်လည်း ထိုအချက်ကို ရှင်းရှင်းလင်းလင်း ခံစားမိပါသည်။ ဤဓားစွမ်းအင်သည် ထူးဆန်း သွက်လက်ပြီး သူ့နှလုံးသားနှင့် ဝိညာဉ်ကို တိုက်ရိုက် ညွှန်ပြ၍ သတ်ပစ်ချင်နေသည်။ သူက လှည့်ကြည့်လိုက်ရင်း ပုဆိန်ကြီးနှစ်ချောင်းကို မြင့်မြင့်တင်လိုက်ကာ ဓားစွမ်းအင်ကို ပြင်းပြင်းထန်ထန် ခုခံလိုက်သည်။

ပင်လယ်သားရဲများသည် မွေးရာပါ ရက်စက်ကြမ်းကြုတ်သည်။ လူသားအဖြစ်သို့ ပြောင်းလဲနိုင်သော်လည်း ၎င်းတို့သည် လူသားများထက် များစွာပို၍ ကြမ်းတမ်းဆဲ ဖြစ်သည်။ ဖြူကောင်သည် ၎င်းတို့၏ ကြမ်းတမ်းသော သဘာဝနှင့် သွေးဆာသော သဘာဝကြောင့် ပင်လယ်မျိုးနွယ်များ အထဲရှိ လူငယ်မျိုးဆက်များ ကြားတွင် ကျော်ကြား​ပေ​သည်။

မလွတ်မြောက်နိုင်ဘူး ဆိုမှတော့ တိုက်ပွဲဝင်ရတော့မှာပေါ့။

သူ့မျက်လုံးများသည် သွေးဆာမှုများဖြင့် ပြည့်နေပြီး ပုဆိန်နှစ်ချောင်းကို ကိုင်ဆောင်ကာ ပြန်လည် တိုက်ခိုက်လိုက်သည်။

အသံနှစ်သံနှင့်အတူ ဓားစွမ်းအင် နှစ်ခုသည် သူ့ပုဆိန်ကြီးကို ဗုံးကြဲချလိုက်ကာ ပျောက်ကွယ်သွားတာကြောင့် ဖြူကောင်၏ ခန္ဓာကိုယ်သည် ဝုန်းကနဲ တုန်လှုပ်သွားပြီး ဟိန်းဟောက်နေချိန်တွင် တစ်ဆက်တည်း ထျန်းရှားဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။

သူ့မျက်လုံးတွေက သွေးရောင်​တွေ နီရဲနေပြီး မည်းမှောင်နေတဲ့ မျက်နှာပေါ်က ကြွက်သားတွေကလည်း တွန့်လိမ်နေသည်။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပိုမြင့်လာစဥ် သူ့ပါးစပ်ထောင့်မှ အစွယ်နှစ်ချောင်းတောင် ပေါက်ထွက်ပြီး လူနှင့် သရဲတစ္ဆေကြားက သတ္တဝါလို အလွန်ကြောက်စရာကောင်းလာသည်။

ဝှစ်!

ဖြူကောင်က ရှေ့ကိုပြေးထွက်လာပြီး သူမကို ပုဆိန်နဲ့ လွှဲခုတ်လိုက်သည်။

ပုဆိန်နှစ်ခုလုံးသည် လူတစ်ယောက် အရွယ်အစားခန့်ရှိပြီး သွေးနီရောင် အလင်း အနည်းငယ်က မည်းမှောင်နေသည့် အရောင်များ ရောနှောနေရာ မရေမတွက်နိုင်သော လူသားများနှင့် သားရဲများ သူ့ပုဆိန်အောက်တွင် သေဆုံးခဲ့ကြဖူးတာ ထင်ရှား​ပေသည်။ ဒါ့အပြင် ပုဆိန်သည် တခြားသူများ ထင်ထားတာထက် ပိုမိုလေးလံနေသေးသည်။

ဖြူကောင်ရဲ့ အရှိန်အဝါက ပို၍ ထူးခြားလာသည်။ သို့သော် ထျန်းရှား၏ မျက်နှာတွင်တော့ လှောင်ပြောင်နေသည့် အပြုံးတစ်ပွင့် ရှိနေ၏။ သူမက ဖြူကောင်ကို မျက်စိထဲ လုံးဝမထည့်တာ သိသာသည်။ အလွန်ကျဉ်းမြောင်းသော အနေအထားထဲ၌ပင် သူမ၏ရုပ်သွင် အလွန်သွက်လက်စွာ ပြေးထွက်သွားကာ တစ်ဖက်က ပုဆိန်စွမ်းအင်ကို ဓားစွမ်းအင်နှစ်ခုဖြင့် ဖျက်စီးပစ်လိုက်သည်။

ဖြူကောင်ခမျာ တုန်လှုပ်ချောက်ချား​​​နေသော ခြေလှမ်းနှစ်လှမ်းကို ဆက်တိုက် ဆုတ်ရင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူ့ခန္ဓာကိုယ်က ​သွေး​တွေကလည်း ထွက်​လာပြီး သွေးစီးကြောင်းများ စီးဆင်းသွားသည်။

ထျန်းရှားကို ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်သည်။ နောက်ဆုံး သတိပြန်ရလာတော့ သူ့ခန္ဓာကိုယ်က ပုံမှန် အရွယ်အစားအတိုင်း ပြန်​ဖြစ်သွားပြီး အစွယ်တွေလည်း ပျောက်သွားသည်။ သူ့မျက်လုံးများက ကြောက်ရွံ့မှုအပြည့်နှင့် ထျန်းရှားအား ကြောက်လန့်တကြား ကြည့်နေသည်။

“ဦးနှောက်မဲ့ ငမိုက်သား!! နင့်ရဲ့ ကြောက်စရာကောင်းတဲ့ လှည့်ကွက်တွေက ငါ့ကို ကြောက်သွားစေမယ်လို့များ ထင်​နေလား?”

ထျန်းရှား ကျိန်ဆဲပြီး ဖြူကောင်ကို ခပ်ပြင်းပြင်း ကန်ထုတ်လိုက်သည်။ ဖြူကောင်မှာ နာကျင်သွားတာကြောင့် အော်ဟစ်လိုက်ပေမယ့် မလှုပ်ရဲတော့ပေ။

ပင်လယ်သားရဲများ ကမ္ဘာတွင် အထက်အောက် အယူအဆသည် သူ့တို့နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့တာ ကြာပါပြီ။

တိုက်ပွဲတစ်ခုမှာ ရှုံးသွားရင် အကျဉ်းသားပဲ။ အသက်ရှင်ချင်ရင် ရိုးသားပြီး နာခံမှုရှိပုံ ဖမ်းထားရမယ်။ ဒါပေမဲ့ သေချင်တယ် ဆိုရင်တော် ဒါက တခြားကိစ္စပါပဲ။ သူ့ရဲ့ ထျန်းရှားအပေါ် နားလည်မှုအရဆိုရင် ဤအမျိုးသမီးသည် ကောင်းလျှို နောက်ကွယ်မှ မျိုးနွယ်စုသခင်၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုပြီး သူ့ကိုသေချာပေါက် သတ်ပစ်ရဲသည်။

ဒီလို အရူးတစ်ယောက်ကို ကောင်းလျှို တိတ်တဆိတ် တိုက်ခိုက်ဝံ့ပေမယ့် သူကတော့ မလုပ်ရဲဘူးလေ။

အရင်က ဖြူကောင်ကို တိုက်ဖူးတဲ့လူက လာလာပြီး ဖြူကောင်ကို နောက်တစ်ကြိမ် ကန်ထုတ်လိုက်ပြန်၏။ ဖြူကောင်မှာ ရုတ်တရက် အနိုင်ကျင့်ခံနေတဲ့ သားရဲတစ်ကောင် ဖြစ်သွားသည်။

ဖြူကောင်သည် ဒေါသတကြီး ​ပြန်စိုက်ကြည့်သော်လည်း ထျန်းရှား၏ အဆိပ်ပြင်းသော အကြည့်အောက်တွင် သူ့ဒေါသကို ထိန်းထားရုံသာ တတ်နိုင်ခဲ့သည်။

“အစ်မကြီး အဆင်​​ပြေလား”

ထိုလူက စိတ်​လှုပ်​ရှားစွာဖြင့်​ ​အော်​လိုက်​သည်​။ ထိုအခိုက် ထျန်းရှားရဲ့မျက်နှာက တော်တော်တိုးတက်လာပြီး သူမက ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့ ဟိုင်ရှင်း...”

ဟိုင်ရှင်းရဲ့ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားကာ တိတ်ဆိတ်စွာ ထွက်လာသော လုရွှမ်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် လက်ဖဝါးကို ဝေ့ယမ်း၍ ချွန်ထက်သော လက်ငါးချောင်းက လက်သည်းရှည်များအဖြစ် ပြောင်းလဲသွားသည်။ ပြင်းထန်သော ရောင်ဝါတစ်ခု သူ့ခန္ဓာကိုယ်မှ ပြေးထွက်လာစဥ် လုရွှမ်အား တိုက်ခိုက်လိုက်သည်။

လုရွှမ် သူ့လက်ချောင်းကို ပွတ်ဆွဲလိုက်သည်နှင့် ဓားစွမ်းအင်က ပြေးထွက်သွား၏။

ဓားစွမ်းအင်သည် သေးငယ်စွာ တောက်ပနေသော်လည်း ၎င်းသည် ရိုင်းစိုင်းသော အရိပ်အယောင်ကို သယ်ဆောင်ထားကာ ဓားအရှိန်အဝါကို ထိန်းထားနိုင်ခဲ့သည်။ ဤသိုင်းကွက်သည် နံရံမှ လုရွှမ် သင်ယူခဲ့သော ဓားလှုပ်ရှားမှုပဲ ဖြစ်သည်။

ဟိုင်ရှင်းရဲ့ စိတ်နှလုံးက ချက်ချင်းပင် လေးနက်လာသည်။ သူ လှုပ်ရှားလိုက်တဲ့ အရှန်အဝါမျိုးက ကောင်းလျှိုမှာ မရှိပေ။

သူလည်းပဲ ကျန်းထျန်းချိုင်ကို အကြာကြီး သဘောကျနေခဲ့တာ။ မဟာသူတော်စင် ပထမအဆင့်က လူတစ်ယောက် ထွက်လာတာကို သူမြင်တော့ လူတွေကို အန္တရာယ် မပေးဘဲ မနေနိုင်တော့ဘူး။ ယခုတော့ ဒီလူက ကျန်းထျန်းချိုင် ဆိုတာ သူသိသွားပြီ။

All Chapters