← Chapters

မရှိသင့်သော ဓားလှုပ်ရှားမှုများ

Vol. 76 Ch. 4.649

မရှိသင့်သော ဓားလှုပ်ရှားမှုများ

Vol. 76 Ch. 4.649

လုရွှမ် အံ့အားသင့်စွာ ခေါင်းကို လှည့်ကြည့်လိုက်ရာ ထျန်းရှား၏ ခန္ဓာကိုယ် တုန်တုန်ယင်ယင် ဖြစ်​နေကာ မျက်ရည်စီးကြောင်း နှစ်ကြောင်းကလည်း အမှန်တကယ် ထွက်ကျလာတာကို တွေ့လိုက်ရသည်။

လူတိုင်း အံ့ဩသွားကြသည်။ ဒီထျန်းရှားက အလွန်အစွမ်းထက်လှရာ သူမရဲ့ စိတ်ဓာတ်က မမာကျောဘဲ နေပါ့မလဲ။ အခုက ဘယ်လို ဖြစ်သွားရတာလဲ။

“အစ်မ မင်း?”

ဟိုင်ရှင်းရဲ့ သူမခန္ဓာကိုယ်ကို ဂရုတစိုက်နဲ့ တွန်း​ကြည့်လိုက်သည်။

ထျန်းရှားရဲ့ မျက်နှာပေါ်က ကြွက်သားတွေဟာ သိသိသာသာ တုန်လှုပ်သွားပြီး မျက်ရည်တွေကို ပြင်းပြင်းထန်ထန် သုတ်ပစ်လိုက်သည်။ ရုတ်တရက် သူမရဲ့ ရက်စက်တဲ့ လူသတ် ရောင်ဝါက လူတိုင်းကို တုန်လှုပ်သွားစေခဲ့ပြန်၏။

“မင်းတို့ကံကောင်း ချင်နေသေးတယ်ဆိုရင် ဒီနေ့ အဖြစ်အပျက်ကို တခြားသူ မသိစေနဲ့... မဟုတ်ရင်တော့ ငါ မင်းတို့ကို သတ်မှာ... မဟုတ်ဘူး ငါတစ္ဆေ ဖြစ်သွားရင်တောင် တစ်ယောက်မှ မလွတ်မြောက်စေရဘူး..”

ဘယ်သူကမှ စကားမပြောပေ။ ထျန်းရှား ဟစ်အော်ပြီး လုရွှမ်ကို ကြည့်လိုက်တော့ လုရွှမ် သူမကို အနည်းငယ် ခေါင်းညိတ်ပြတာကို မြင်လိုက်ရ၏။

“ငါနားလည်တယ်”

ထျန်းရှားရဲ့ ခန္ဓာကိုယ် တုန်လှုပ်နေဆဲ ဖြစ်ပြီး ခြေလှမ်းတစ်ဝက်ဖြင့် နောက်ပြန်ဆုတ်ကာ သွားများကို အံကြိတ်လျက် ဘာမှ မပြောတော့ပေ။

ထျန်းရှား ငိုနေချိန်တွင် လုရွှမ်သည် သူမ မျက်လုံးများထဲက သူမကိုယ်သူမသာမက အခြားသူများအတွက်ပါ တွယ်တာမှုအရိပ်အယောင်ကို တွေ့လိုက်ရသည်။ အပြင်မှ သူမကို စိတ်ပူနေသောသူ တစ်ယောက်ရှိနေတာ ထင်ရှား​ပေသည်။

“အားလုံး ထွက်သွားကြရအောင်”

လုရွှမ် တစ်ချက် အော်လိုက်ပြီး သစ်သားဓားကို ထုတ်ကာ ဓားစွမ်းအင်ဖြင့် ခုတ်ထစ်လိုက်ရာ ကျောက်နံရံကို ထိမှန်သည်။

လူတိုင်း အံ့ဩသွားသည်။ ဒါက ဘာလဲ? ကျောက်နံရံတွေကို ဖောက်ထုတ်ပြီး ထွက်လမ်းကို ရှာချင်​နေတာလား။

တစ်ချက် ကြည့်လိုက်ပြီးနောက် လုရွှမ်သည် နောက်ထပ် ဓားစွမ်းအင် နှစ်ချောင်းကို ထပ်မံ ထုတ်ပစ်လိုက်သည်။ ထိုအချိန်တွင် ကောင်းကင်အောင်ခြင်းဂိုဏ်းက လူတွေအားလုံး လုရွှမ် အသုံးပြုသော ဓားသိုင်းများသည် ကျောက်နံရံပေါ်က ဓားသိုင်းများ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဓားစွမ်းအင်က ဆက်ပြီး ကျောက်နံရံကို ထပ်ခါထပ်ခါ တိုက်ခိုက်နေသည်။ လုရွှမ် ဓားတစ်ချောင်းကို ထပ်ခါတလဲလဲ လှုပ်ရှားနေချိန် တစ်စုံတစ်ယောက်မှ ရေတွက်နေပြီး စုစုပေါင်း ဓားခုနစ်ချောင်းကို အသုံးပြုခဲ့သည်။

လုရွှမ် လှည့်ကြည့်လိုက်စဥ် သူ့မျက်နှာမှာ ရွှင်ပျတဲ့ အရိပ်အမြွက်မျိုး ထွက်ပေါ်လာသည်။

“ငါ့ရဲ့ ခန့်မှန်းချက်က မှန်တယ်.... ကျောက်နံရံပေါ်က ဓားသိုင်းတွေက ဒီကျောက်နံရံကို ချိုးဖျက်ဖို့ သော့ချက်ဖြစ်မယ်”

အားလုံးက ရွှင်မြူးသွားသည်။

“ဒါဆို ကျောက်နံရံပေါ်က ဓားသိုင်းတွေကို လှုပ်ရှားနေရင် ဒီကျောက်နံရံကို ချိုးဖျက်ပြီး ထွက်သွားနိုင်မှာလား”

“မပြောတတ်ဘူး ဒါပေမဲ့ ပထမအကြိမ်တုန်းက ဒီကျောက်နံရံက တုံ့ပြန်လိုက်တယ်။ မင်းတို့ ကြားလိုက်လားတော့ မသိဘူး ဒီဓားသိုင်းကို ငါသုံးလိုက်တာနဲ့ တော်တော်ကို ရှင်းရှင်းလင်းလင်း ခံစားရတယ်... အဲဒါက ကျမ်းဂန်ရွတ်တဲ့ အသံတွေလိုမျိုးပဲ…”

လူတိုင်း၏ ဗလာကျင်းနေသော မျက်နှာများကို ကြည့်လိုက်တော့ လုရွှမ် သူတို့ ဘာမှ မကြားရကြောင်း သိလိုက်သည်။

“ငါကြားလိုက်တယ်!”

ထျန်းရှားက ရုတ်တရက် ထအော်သည်။ လုရွှမ် ခေါင်းညိတ်ပြပြီး သူမကို ပြုံးပြလိုက်သည်။

“ဒါက ကောင်းလျှို မင်းကို ခိုးဝင်တိုက်ခိုက်ချင်နေတဲ့ အကြောင်းအရင်း ဖြစ်နိုင်တယ်”

ထျန်းရှား ခေါင်းညိတ်ပြပြီး ကျမ်းချက်များကို ကြားပြီးနောက် သူမ နားလည်သွားသည်။

အကြောင်းပြချက်က အရမ်းရိုးရှင်းပါ၏။ သူမ ငယ်ငယ်ကရခဲ့တဲ့ စိမ်းပြာနဂါးရဲ့ သွေးတစ်စက်ကြောင့်ပါပဲ။ လုရွှမ်လည်း သူမ ခန္ဓာကိုယ်ထဲတွင် စိမ်းပြာနဂါးရဲ့ နှလုံးကဲ့သို့ အစွမ်းထက်သည့် အရာတစ်ခု ရှိ​​နေသောကြောင့် ကျောက်နံရံထဲက အသံကို သဘာဝအတိုင်း ပို၍ရှင်းလင်းစွာ ကြားနိုင်သောကြောင့် သဘောပေါက်သွားခဲ့သည်။

သူမဆီပ အော်ဟစ်သံ ထွက်ပေါ်လာသောအခါ လုရွှမ် ထျန်းရှား ခန္ဓာကိုယ်မှ ပြင်းထန်သော စိမ်းပြာနဂါးရဲ့ ရောင်ဝါကို ခံစားလိုက်ရသည်။

ထျန်းရှား ကြားလိုက်ရလို့ အနည်းငယ် စက်ဆုပ်သွားပေမယ့် လူတိုင်းကတော့ ဝမ်းသာနေသလို ခံစားလိုက်ရသည်။ လုရွှမ်ရဲ့ စွမ်းအားတွေက တကာ်ကို အံ့အားသင့်စရာ ကောင်းကြောင်း သက်သေပြသွားခဲ့​ပြီ။

“သွားကြရအောင်!”

အချိန်တွေက ကုန်သွားတာကို မသိလိုက်ခင်မှာ နှစ်ဝက်ကျော်သွားပြီ။

လုရွှမ်နှင့် သူ့အဖွဲ့သည် စင်္ကြံလမ်းတွင် ပြေးလွှားနေကြဆဲ ဖြစ်ပြီး ကျောက်နံရံဆေးရေး ပန်းချီများကို ရှာဖွေ၍ ၎င်းတို့အပေါ်မှ ဓားသိုင်းများကို လေ့ကျင့်နေကြသည်။

ဓားသွား လှုပ်ရှားမှုများက ပို၍ပို၍ ခက်ခဲလာသည်။ လုရွှမ် ဓားလမ်းစဥ်ကို နားလည်သည့်တိုင် ဓားသွားရွေ့လျားမှု များစွာသည် ဓားသွားများကို အတူတကွ ချိတ်ဆက်နိုင်စေရန် ယခင်လှုပ်ရှားမှုများနဲ့ ဆက်နွယ်နေဖို့ လိုအပ်သည်။

ရလဒ်အနေနဲ့ အခက်အခဲက သဘာဝအတိုင်း တိုးလာတော့သည်။ ဒါပေမဲ့ ဒီလှုပ်ရှားမှု​တွေကို မကျွမ်းကျင်ဘဲနဲ့ ဓားသွားလှုပ်ရှားမှုကို မှတ်မိချင်တယ် ဆိုရင်တော့ လုံးဝ မလုပ်နိုင်​လောက်ဘူး။

ထို့ကြောင့် အချိန်အများစုတွင် လူတိုင်းသည် ဓားသွား လှုပ်ရှားခြင်း၏ မှန်ကန်သော အစီအစဥ်ကို ရှာဖွေရန် ဖြစ်လာခဲ့သည်။

ထိုအချိန်မှစ၍ လုရွှမ်သည် ဆယ်နှစ်ခုမြောက် ဓားလှုပ်ရှားမှုအထိ ကျွမ်းကျင်လာသော်လည်း ဤဓားသိုင်း လှုပ်ရှားမှုကို သူပိုသိလာချိန်မှာတော့ သူ့နှလုံးသားထဲတွင် အံ့သြတုန်လှုပ်ဖွယ် အငွေ့အသက်ကို ခံစားလာရသည်။

ဒါက ဤကမ္ဘာပေါ်တွင် တည်ရှိနေသင့်သော ဓားသိုင်းပညာတစ်ခု မဖြစ်နိုင်ပေ။ ဓားသိုင်းကွက်ရဲ့ စွမ်းအားက ပြင်းထန်လွန်းလှသည်။ တစ်ချက်လှုပ်ရုံဖြင့် ကမ္ဘာကြီးကိုပင် တုန်လှုပ်သွား​စေလေသည်။

လုရွှမ်မှာ ဆယ်နှစ်ခုမြောက် ဓားလှုပ်ရှားမှုကို နားလည်သော်လည်း သူ အမှန်တကယ် အသုံးပြုနိုင်သည့် လှုပ်ရှားမှုက ရှစ်ခုသာ ရှိသေး၏။

တခြားသူတွေက ပိုဆိုးလေသည်။ နတ်သမီးထျန်းယင်က သာမန်ဓားသိုင်း စွမ်းရည်ပဲရှိပြီး ဆဋ္ဌမဓားအထိသာ ကျွမ်းကျင်သည်။ ထျန်းချွမ်တောင်ထွတ်ရဲ့ အတွင်းစည်း တပည့် ထန်တုံး နှင့် ထျန်းရွှမ်တောင်ထွတ်က တပည့် ဟဲ့ယန်တို့သည် သတ္တမမြောက်ဓားကိုသာ နားလည်ခဲ့ကြသည်။

ကျန့်ကျောက်က ထျန်းရှူးတောင်ထွတ်က ဆရာတူ အစ်ကိုကြီး ဖြစ်သည်။ သူ၏ခွန်အားမှာ အနည်းငယ် ညံ့နေသော်လည်း ပျင်းရိနေသောကြောင့် အဋ္ဌမမြောက်ဓားကိုသာ ကျွမ်းကျင်ခဲ့သည်။

ထျန်းရှောင်းနဲ့ ထျန်းလင်တို့ကတော့ ဓားပညာတွင် ထူးကဲသော အရည်အချင်းများ ရှိကြသည်။ မဟာသူတော်စင် ပြီးပြည့်စုံသော နယ်ပယ်နှင့် အတူ အဋ္ဌမမြောက်ဓားကိုလည်း နားလည်ကြသည်။

နောက်ဆုံး ပင်လယ်သားရဲ သုံးကောင်တွင်လည်း ထူးကဲသော ခွန်အားနှင့် ထူးကဲသော စွမ်းရည်များ ရှိကြသေး၏။ ဟိုင်ရှင်းနဲ့ ဖြူကောင်တို့သည် ဆယ်ခုမြောက်ဓားကို နားလည်ခဲ့ပြီး ထျန်းရှားက ၁၁ခုမြောက် ဓားကိုပင် နားလည်သွားခဲ့သည်။

အဋ္ဌမမြောက်ဓားမှစ၍ လူတိုင်းသည် ပေါင်းစုထားသည့် ဓားရည်ရွယ်ချက်ကို အသုံးမပြုနိုင်တော့ပေ။ ဓားစွမ်းအင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လေထုအလယ်ကို ထုတ်လွှတ်လိုက်ဖို့က ဓားလမ်းစဥ်အပေါ် နားလည်မှု လွန်ကဲဖို့ လိုအပ်လေရာ ထျန်းရှာကတောင် ဒါကို မလုပ်နိုင်တော့ပေ။

လုရွှမ်သည် ရွှေဒြပ်စင်နတ်ပုတီးစေ့၏ အကူအညီဖြင့် နဝမမြောက်ဓားကို အသုံးပြုနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းကို မလုပ်ဆောင်နိုင်ခဲ့ပေ။

ဓားပညာကို သူပိုနားလည်လာလေ ဓားလမ်းစဥ်အတွက် ဉာဏ်အလင်း ပိုရလေပါပဲ။

ဤဓားသိုင်းမှာ မမျှော်လင့်ထားတဲ့ အရာများ မဖြစ်ပေါ်လာပါက ဓား၁၂ချောင်း ရှိနိုင်သည်။ နတ်မီးနယ်ပယ်အထိ ရောက်ဖူးသူများသာ ဓားကိုးချောင်းအထိ ထိန်းချုပ်နိုင်လိမ့်မည်။

ယခု ဓား၉ ချောင်းသည် သာမန်လူများနှင့် စစ်မှန်သော ဓားသမား ပါရမီရှင်များကို ခွဲခြားသိမြင်နိုင်သော တံခါးခုံတစ်ခုသာ ဖြစ်​တော့သည်။

သူ၏ လက်ရှိနားလည်မှု အဆင့်ဖြင့် သူသည် ဓားကိုးချောင်းကို ကျော်ဖြတ်ကာ ထျန်းရှားက သူ့ထက် ဓားနှစ်ချောင်းကို ကျော်ဖြတ်နိုင်ခဲ့သည်။ သူမသည် သဘာဝအတိုင်း ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည်။ သူမ အမည်နှင့် အမှန်တကယ် ထိုက်တန်သည့် ပင်လယ်သားရဲများထဲက မျိုးဆက်သစ်လေး ဖြစ်ပေ၏။

ဖြူကောင်နှင့် ဟိုင်ရှင်းတို့သည် ပင်လယ်သားရဲများကြားတွင် ထိပ်တန်း ပါရမီရှင်များ ဖြစ်ထိုက်သော်လည်း ထျန်းရှားထက်တော့ အနည်းငယ်သာ နိမ့်​သေးသည်။

သို့သော်လည်း ထျန်းရှောင်းနဲ့ ထျန်းလင်တို့သည် လုရွှမ်ကိုတော့ အံ့အားသင့်နေကြပြန်၏။ သူမတို့သည် မဟာသူတော်စင် ပြီးပြည့်စုံသော သခင်များ ဖြစ်ကြသည်။ သူမတို့ ကောင်းကင်ဘုံသခင် နယ်ပယ်ကို ရာထူးတိုးမြှင့်လိုက်သည်နှင့် အနည်းဆုံး နဝမမြောက်ဓားကို နားလည်နိုင်မှာပဲ ဖြစ်သည်။

ဆယ်ခုမြောက်ဓားကို နားလည်နိုင်လျှင် ဟိုင်ရှင်းနဲ့ ဖြူကောင်တို့ထက် မနိမ့်သော ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်ပြီး သူ၏အလားအလာသည် မျှော်လင့်ထိုက်သည်။

ဒါက နားလည်မှုသက်သက်ပါပဲ။ ဒါ့အပြင် စာရွက်ပေါ်မှာ ပြောနေသလိုပဲမလို့ ခွန်အားကို တကယ် တိုးတက်ချင်တယ် ဆိုရင် ဒီဓားသွားကို လုံးလုံးထိန်းချုပ်ထားနိုင်ဖို့ လိုပါ၏။ ဒါမှမဟုတ်ရင် ဓားသမားက ဓားကို မထိန်းချုပ်နိုင်ဘဲ ဓားရဲ့ ဓားကျွန် ဖြစ်သွားနိုင်သည်။

ဝမ့်ရှန်းကမ္ဘာမှာ ဒီလိုကိစ္စမျိုးက တစ်ခါမှ မဖြစ်ဖူးတာတော့ မဟုတ်ပါဘူး။ လူတိုင်း နားလည်ထားတာက နားလည်မှုက အရည်အချင်း ဖြစ်ကာ ထိန်းချုပ်မှုက စွမ်းရည်ဖြစ်သည်။

“ငါတို့ ဆက်ပြီးရှာဖွေနေစရာ မလို​တော့ဘူး... နောက်ထပ် ဓားရွေ့လျားမှု​တွေက ငါတို့နားလည်နိုင်တဲ့ အဆင့်ကို ကျော်လွန်သွားပြီ။ ငါ့ခန့်မှန်းချက်သာ မှန်ရင် ကိုးခုမြောက် ဓားကို ပြီးပြည့်စုံအောင် လေ့ကျင့်ပြီးမှ ပျက်စီးသွားတဲ့ ကျောက်နံရံကို ဖြတ်ကျော်နိုင်မှာ”

ထျန်းရှား လုံးဝ ယုံကြည်မှု မရှိတော့ပေ။ ထိုဓားသိုင်း၏ အဓိပ္ပာယ် အစစ်အမှန်ကို သူမနားလည်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသော်လည်း မသုံးနိုင်ပေ။ ပြင်းပြင်းထန်ထန် သုံးလိုက်ရင် သွေးတွေ ဆူပွက်လာပြီး အတွင်းဒဏ်ရာတွေ ခံစားရလိမ့်မည်။

ပိုကြောက်စရာကောင်းတာက သူမနှလုံးနဲ့ အတွင်းစိတ်ထဲမှာ နာကျင်ကိုက်ခဲမှုတွေ ကွဲလုမတတ် ဖြစ်နေသည်။

ရုတ်တရက် ရင်တုန်သွားတာကြောင့် နှလုံးခုန်သံကို ကိုယ်တိုင် ပြန်ကြားလိုက်ရရာ သူမ တိတ်တဆိတ် စိတ်ဆိုးသွား​တော့သည်။ နောက်တဖန် အတင်း မကြိုးစားရဲတော့ပေ။

ဒါက ဘာဖြစ်သွားတာလဲ?

သို့သော် လုရွှမ်သည် သစ်သားဓားကို တစ်ဆတ်ဆတ် တုန်နေသော အသံဖြင့် ဆွဲထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ ပရှေ့ရှိ စင်္ကြံကို လေးနက်စွာ ကြည့်လျက် လူတိုင်းရှေ့မှာ ရပ်နေလေသည်။

All Chapters